Zawgyi

အိမ္ေထာင္ျပဳတယ္ဆိုတာအ႐ြယ္ေရာက္ၿပီးတဲ့သူတိုင္းေ႐ြးခ်ယ္ႏိုင္တဲ့ ဘဝရဲ႕အစိတ္အပိုင္းထဲကအရာတစ္ခုဆိုေပမယ့္ဘဝတစ္ခုလုံးနဲ႔ သက္ဆိုင္ေနတဲ့အရာမို႔

လြယ္လြယ္နဲ႔ဆုံးျဖတ္ခ်က္ခ်သင့္တဲ့အရာမ်ိဳးေတာ့မဟုတ္ပါဘူး။ဒီေန႔လိုတိုးတက္မႈေတြ၊မယုံၾကည္စရာမ်ားတာေတြနဲ႔ခက္ခဲ႐ုန္းကန္ရတဲ့ေခတ္ႀကီးထဲမွာ

ပိုလို႔ေတာင္လြယ္လြယ္မေတြးသင့္ပါဘူး။ အထူးသျဖင့္အသက္(၂၅)ႏွစ္မတိုင္ခင္အိမ္ေထာင္မျပဳျဖစ္ရင္ကိုယ့္အတြက္ပိုၿပီးေကာင္းတယ္လို႔ဆိုႏိုင္ပါတယ္။

၂၅ ႏွစ္မတိုင္ခင္မွာ အိမ္ေထာင္ျပဳဖို႔လုံးဝမစဥ္းစားသင့္ဘူးဆိုတာကိုဒီအခ်က္ေတြၾကည့္ရင္သိသာပါတယ္။

လူငယ္ဘဝကိုစြန္႔လႊတ္ရမယ္

လူငယ္ဘဝဆိုတာအခ်ိန္အမ်ားႀကီးရေနတာမ်ိဳး မဟုတ္ပါဘူး။လူငယ္ဘဝမွာအသက္ႀကီးရင္ျပန္မရႏိုင္မယ့္အခ်ိန္အနည္းငယ္ျဖစ္ပါတယ္။သူငယ္ခ်င္းေတြနဲ႔စိတ္ရွိတိုင္းဆုံလို႔ရတာ၊

အခြင့္အလမ္းေတြအမ်ားႀကီးရွာေဖြၿပီးေ႐ြးခ်ယ္ခြင့္ရေနတာ၊ကေလးဆန္ဆန္ေနလို႔ရတာ၊စသျဖင့္ေကာင္းမြန္တဲ့အခ်ိန္ေတြနဲ႔အခြင့္အေရးေတြအမ်ားႀကီးရေနေစတဲ့အခ်ိန္တစ္ခုပါ။

၂၅ႏွစ္မတိုင္ခင္မွာအိမ္ေထာင္ျပဳရင္ေတာ့ဒီလိုအခြင့္အေရးေကာင္းေတြကိုတျခားေသာလူငယ္ေတြလိုရမွာမဟုတ္

ေတာ့ဘဲကိုယ့္ရဲ႕လူငယ္ဘဝကိုအိမ္ေထာင္သည္ဘဝအျဖစ္ေျပာင္းလဲလိုက္ရေတာ့မွာပါ။

တိုးတက္လမ္းကိုေႏွာင့္ေႏွးေစတယ္

ဘဝကိုတိုးတက္ေအာင္လုပ္လို႔ရတဲ့အေကာင္းဆုံးအသက္အ႐ြယ္ကေတာ့အသက္၂၅ႏွစ္မတိုင္ခင္ပဲျဖစ္ပါတယ္။ပူပန္မႈေတြကိုကိုယ့္အတြက္ကလြဲရင္

ဘာမွသိပ္မရွိတဲ့ဒီအ႐ြယ္ကကိုယ့္ဘဝအတြက္ လိုအပ္တဲ့ပညာရပ္ေတြကိုသင္ယူလို႔ရၿပီးကိုယ့္အတြက္ေရာက္လာတဲ့ အခြင့္အေရးေတြကိုေႏွာင့္ေႏွး

စရာမလိုဘဲဖမ္းဆုပ္ႏိုင္တဲ့ အ႐ြယ္ေကာင္းလည္းျဖစ္ပါတယ္။အိမ္ေထာင္ျပဳထားတဲ့လူငယ္ကေတာ့ဒီလိုအရာေတြကိုရဖို႔အခက္ခဲႀကီးခက္ခဲေနပါလိမ့္မယ္။

အိမ္ေထာင္ေရးအဆင္မေျပတာမ်ိဳး ႀကဳံရႏိုင္တယ္

တစ္ဘဝလုံးအတူလက္တြဲရမယ့္အိမ္ေထာင္ဖက္ကိုေ႐ြးခ်ယ္ဖို႔ဆိုရင္ အခ်ိန္ေတြလိုအပ္ပါတယ္။အသက္၂၀ေက်ာ္ကာလမွာကိုယ္ခ်စ္ရတဲ့သူေတြ႕ရင္ေတာင္

ကိုယ္နဲ႔လိုက္ဖက္တဲ့အိမ္ေထာင္ဖက္ဟုတ္၊မဟုတ္ေစာင့္ၾကည့္ဖို႔လိုအပ္ပါတယ္။ဘာမွအကဲမျဖတ္ဘဲငယ္ငယ္႐ြယ္႐ြယ္နဲ႔ဆုံးျဖတ္လိုက္တဲ့အိမ္ေထာင္ေရးက

ကိုယ္မထင္ထားသလိုအိမ္ေထာင္ေရးအခက္အခဲေတြႀကဳံလာရႏိုင္ပါတယ္။လူခ်င္းအဆင္မေျပတာမ်ိဳး၊ ကြာရွင္းဖို႔အတြက္ႀကဳံလာရ

တာမ်ိဳးအျပင္ကေလးရတာေၾကာင့္အခက္အခဲေတြ႕ရတာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။

အလုပ္မွာခက္ခဲမယ္

လူလြတ္တစ္ေယာက္အလုပ္လုပ္ရတာမ်ိဳးနဲ႔အိမ္ေထာင္သည္တစ္ေယာက္ အလုပ္လုပ္ရတာမတူပါဘူး။အိမ္ေထာင္မႈတာဝန္ေတြလုပ္ေနရတာမ်ိဳး၊

မလုပ္ရင္လည္းဆက္ဆံေရးမွာမေျပလာတာျဖစ္လာတာမ်ိဳးေတြေၾကာင့္အလုပ္ကိုအိမ္ေထာင္က်တဲ့လူငယ္ေတြကအျပည့္အဝ

အာ႐ုံမစိုက္ႏိုင္သလိုျဖစ္ေနတတ္ပါတယ္။ဒါေၾကာင့္ အသက္၂၅ ႏွစ္ မတိုင္ခင္မွာအိမ္ေထာင္လုံးဝမျပဳေသးတာကပိုၿပီးေကာင္းပါတယ္။

အလုပ္အကိုင္နဲ႔ရည္မွန္းခ်က္ေတြအတည္တက် ျဖစ္တဲ့အခ်ိန္ကပိုၿပီး ကိုယ့္အတြက္အဆင္ေျပမွာျဖစ္ပါတယ္။

ကိုယ္ပိုင္ဘဝမရွိေတာ့ဘူး

လူငယ္တစ္ေယာက္ကကိုယ္ပိုင္ဘဝအျပည့္အဝရွိတယ္လို႔ဆိုလို႔ရပါတယ္။အိမ္ေထာင္သည္ျဖစ္လာရင္ေတာ့မိသားစုအေရးကိုေတြးရၿပီး

အိမ္မႈကိစၥေတြအတြက္ပါစဥ္းစားရေတာ့တာျဖစ္ပါတယ္။ဒါေၾကာင့္ လူငယ္ဘဝမွာအိမ္ေထာင္ျပဳ

လိုက္ရင္လူငယ္ဘဝေပ်ာက္႐ုံတင္မကဘဲကိုယ့္ရဲ႕တစ္ကိုယ္ရည္ဘဝမွာေပ်ာက္သြားႏိုင္ပါတယ္။ Crd… M. M. H

Unicode

အိမ်ထောင်ပြုတယ်ဆိုတာအရွယ်ရောက်ပြီးတဲ့သူတိုင်းရွေးချယ်နိုင်တဲ့ ဘဝရဲ့အစိတ်အပိုင်းထဲကအရာတစ်ခုဆိုပေမယ့်ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့အရာမို့

လွယ်လွယ်နဲ့ဆုံးဖြတ်ချက်ချသင့်တဲ့အရာမျိုးတော့မဟုတ်ပါဘူး။ဒီနေ့လိုတိုးတက်မှုတွေ၊မယုံကြည်စရာများတာတွေနဲ့ခက်ခဲရုန်းကန်ရတဲ့ခေတ်ကြီးထဲမှာ

ပိုလို့တောင်လွယ်လွယ်မတွေးသင့်ပါဘူး။ အထူးသဖြင့်အသက်(၂၅)နှစ်မတိုင်ခင်အိမ်ထောင်မပြုဖြစ်ရင်ကိုယ့်အတွက်ပိုပြီးကောင်းတယ်လို့ဆိုနိုင်ပါတယ်။

၂၅ နှစ်မတိုင်ခင်မှာ အိမ်ထောင်ပြုဖို့လုံးဝမစဉ်းစားသင့်ဘူးဆိုတာကိုဒီအချက်တွေကြည့်ရင်သိသာပါတယ်။

လူငယ်ဘဝကိုစွန့်လွှတ်ရမယ်

လူငယ်ဘဝဆိုတာအချိန်အများကြီးရနေတာမျိုး မဟုတ်ပါဘူး။လူငယ်ဘဝမှာအသက်ကြီးရင်ပြန်မရနိုင်မယ့်အချိန်အနည်းငယ်ဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့စိတ်ရှိတိုင်းဆုံလို့ရတာ၊

အခွင့်အလမ်းတွေအများကြီးရှာဖွေပြီးရွေးချယ်ခွင့်ရနေတာ၊ကလေးဆန်ဆန်နေလို့ရတာ၊စသဖြင့်ကောင်းမွန်တဲ့အချိန်တွေနဲ့အခွင့်အရေးတွေအများကြီးရနေစေတဲ့အချိန်တစ်ခုပါ။

၂၅နှစ်မတိုင်ခင်မှာအိမ်ထောင်ပြုရင်တော့ဒီလိုအခွင့်အရေးကောင်းတွေကိုတခြားသောလူငယ်တွေလိုရမှာမဟုတ်

တော့ဘဲကိုယ့်ရဲ့လူငယ်ဘဝကိုအိမ်ထောင်သည်ဘဝအဖြစ်ပြောင်းလဲလိုက်ရတော့မှာပါ။

တိုးတက်လမ်းကိုနှောင့်နှေးစေတယ်

ဘဝကိုတိုးတက်အောင်လုပ်လို့ရတဲ့အကောင်းဆုံးအသက်အရွယ်ကတော့အသက်၂၅နှစ်မတိုင်ခင်ပဲဖြစ်ပါတယ်။ပူပန်မှုတွေကိုကိုယ့်အတွက်ကလွဲရင်

ဘာမှသိပ်မရှိတဲ့ဒီအရွယ်ကကိုယ့်ဘဝအတွက် လိုအပ်တဲ့ပညာရပ်တွေကိုသင်ယူလို့ရပြီးကိုယ့်အတွက်ရောက်လာတဲ့ အခွင့်အရေးတွေကိုနှောင့်နှေး

စရာမလိုဘဲဖမ်းဆုပ်နိုင်တဲ့ အရွယ်ကောင်းလည်းဖြစ်ပါတယ်။အိမ်ထောင်ပြုထားတဲ့လူငယ်ကတော့ဒီလိုအရာတွေကိုရဖို့အခက်ခဲကြီးခက်ခဲနေပါလိမ့်မယ်။

အိမ်ထောင်ရေးအဆင်မပြေတာမျိုး ကြုံရနိုင်တယ်

တစ်ဘဝလုံးအတူလက်တွဲရမယ့်အိမ်ထောင်ဖက်ကိုရွေးချယ်ဖို့ဆိုရင် အချိန်တွေလိုအပ်ပါတယ်။အသက်၂၀ကျော်ကာလမှာကိုယ်ချစ်ရတဲ့သူတွေ့ရင်တောင်

ကိုယ်နဲ့လိုက်ဖက်တဲ့အိမ်ထောင်ဖက်ဟုတ်၊မဟုတ်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဘာမှအကဲမဖြတ်ဘဲငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးဖြတ်လိုက်တဲ့အိမ်ထောင်ရေးက

ကိုယ်မထင်ထားသလိုအိမ်ထောင်ရေးအခက်အခဲတွေကြုံလာရနိုင်ပါတယ်။လူချင်းအဆင်မပြေတာမျိုး၊ ကွာရှင်းဖို့အတွက်ကြုံလာရ

တာမျိုးအပြင်ကလေးရတာကြောင့်အခက်အခဲတွေ့ရတာမျိုးတွေဖြစ်လာတတ်ပါတယ်။

အလုပ်မှာခက်ခဲမယ်

လူလွတ်တစ်ယောက်အလုပ်လုပ်ရတာမျိုးနဲ့အိမ်ထောင်သည်တစ်ယောက် အလုပ်လုပ်ရတာမတူပါဘူး။အိမ်ထောင်မှုတာဝန်တွေလုပ်နေရတာမျိုး၊

မလုပ်ရင်လည်းဆက်ဆံရေးမှာမပြေလာတာဖြစ်လာတာမျိုးတွေကြောင့်အလုပ်ကိုအိမ်ထောင်ကျတဲ့လူငယ်တွေကအပြည့်အဝ

အာရုံမစိုက်နိုင်သလိုဖြစ်နေတတ်ပါတယ်။ဒါကြောင့် အသက်၂၅ နှစ် မတိုင်ခင်မှာအိမ်ထောင်လုံးဝမပြုသေးတာကပိုပြီးကောင်းပါတယ်။

အလုပ်အကိုင်နဲ့ရည်မှန်းချက်တွေအတည်တကျ ဖြစ်တဲ့အချိန်ကပိုပြီး ကိုယ့်အတွက်အဆင်ပြေမှာဖြစ်ပါတယ်။

ကိုယ်ပိုင်ဘဝမရှိတော့ဘူး

လူငယ်တစ်ယောက်ကကိုယ်ပိုင်ဘဝအပြည့်အဝရှိတယ်လို့ဆိုလို့ရပါတယ်။အိမ်ထောင်သည်ဖြစ်လာရင်တော့မိသားစုအရေးကိုတွေးရပြီး

အိမ်မှုကိစ္စတွေအတွက်ပါစဉ်းစားရတော့တာဖြစ်ပါတယ်။ဒါကြောင့် လူငယ်ဘဝမှာအိမ်ထောင်ပြု

လိုက်ရင်လူငယ်ဘဝပျောက်ရုံတင်မကဘဲကိုယ့်ရဲ့တစ်ကိုယ်ရည်ဘဝမှာပျောက်သွားနိုင်ပါတယ်။ Crd… M. M. H