Zawgyi









Unicode

သို့/ ချစ်ရပါသော သားငယ်၊ သားဖေကြီးတို့ အိမ်‌ လေး ဆီကို ပြန်လာခွင့်မရခဲ့တာ၂၇.၃.၂၀၂၁ နေ့ကတည်းကသားမေကြီး

ကလည်းထမင်းလေးခူးပြီး ထမင်းဝိုင်းမှာ သားငယ် ကြိုက်တတ်တဲ့ဟင်း လေးတွေနဲ့ ခွန့်ကျွေးဖို့စောင့်နေလေရဲ့ သား.ကိုကိုကြီး

ကလည်း သူ့ညီလေး သွားချင်တဲ့နေရာလေးတွေ ပြောချင်တဲ့စကား‌ လေးတွေ နားထောင်ပေးဖို့ စောင့်ကြိုနေတယ်သား

သားညီမငယ်လေးကသူ့ကိုလေးဝယ်ပေးနေကြမုန့်လေးတွေအရုပ်ကလေးတွေမျှော်နေရှာတယ်သားညီမငယ်လေးကသူ့ကိုလေးကျောင်းပို့

နေကြမှို့သူ့စာကြည့်စားပွဲလေးမှာမျှော်နေရှာတယ်သူ့ကိုလေးမျက်စေ့ကွယ်သွားတာလက်ဖြတ်လိုက်ရတာခြေထောက်တွေလမ်းမလျှောက်နိုင်တော့တာခုထိမသိရှာဘူး

သားမွေးထားတဲ့ခွေးလေးဖွေး‌ဖွေးကလည်းအစားကောင်းကောင်းမစားတော့ဘူးတိ/ကုဆရာဝန်နဲ့ပြနေရပြီ။

အထူးသဖြင့်မေ‌ကြီးကဆီချိုရောဂါကြီးနှင့်သမားတော်ကြီးဆေးတွေသားငယ်ပြန်လာမှသောက်မယ်တဲ့

ဖေကြီးအတွက်တော့မပူနဲ့ကွဲပြဲသွားတဲ့နှလုံးသားလည်းအနာမကျက်ချင်ဘူးသားငယ်အပြန်လမ်းကိုထမရည်(ထမင်းရည်) သောက်ပြီးလမ်းရှင်းပေးဖို့ဓားသွေးစောင့်နေတယ်။