Zawgyi
















Crd

Unicode

ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ အင်္ကျီတွေရောင်းချကာ ရရှိသမျှကို အိမ်ထောင်စု (၃၀၀ ) အတွက် လိုအပ်တာတွေ လှူဒါန်းမယ့် ဆောင်းယွန်းစံ

ဆောင်းယွန်းစံကတော့ သရုပ်ဆောင်မော်ဒယ် မင်းသမီးချောလေး တစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ

ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ် ။ (၂၀၁၈) ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ရာကနေ ပရိသတ်တွေပိုသတိထားမိပြီး

အားပေးဝန်းရံသူတွေများပြားလာခဲ့တာပဲဖြစ်ပါတယ် ။

ဒါ့အပြင် လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံတတ်သူလေးမို့ ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။အလှူအတန်းတွေ ဆိုရင်လည်း

ရှေ့ဆုံးကနေ ပါဝင်တတ်တဲ့ ဆောင်းယွန်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက်

အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။

အခုလည်း (၁၉) ရက်နေ့ တောင်ဒဂုံဘက်မှာ လှူဒါန်းမယ့် အလှူလေးအတွက် သူကိုယ်တိုင် ဒီဇိုင်းထွင်ထားတဲ့ အင်္ကျီလေးတွေကို

ရောင်းချကာ ရရှိတဲ့ငွေကို အလှူအတွက် အသုံးပြုမယ့် အကြောင်းလေးကို ခုလိုရေးသားဖော်ပြလာပါတယ်။

” ၁၉ရက်နေ့မှာ တောင်ဒဂုံက ကျုးကျော်တဲ ၃၀၀ ကိုသွားရောက်လှုဒါန်းပါမယ်ရှင့်..အလှူငွေတော့မကောက်ရက်ပါဘူး..

အားလုံးအဆင်မပြေဘူးဆိုတာသိပါတယ်.. ဒါပေမယ့် ဆောင်းတို့ထပ်အများကြီးခက်ခဲနေတဲ့သူတွေရှိပါတယ်။

သူတို့ကိုသွားရောက်လှူဒါန်းမှာပါ..ဆောင်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ အကျီလေးတွေကိုရောင်းပါ့မယ်..S/M/L/XL Price -4500 Boy and Girl Edit

(ခုချိန်မှာဆောင်းအတွက် ဈေးရောင်းဖို့ဆိုတာအရမ်းရှက်ပါတယ်။

အားလဲနာပါတယ်..ဆောင်း မရောင်းရင် ကူညီဖို့အတွကိဆောင်းမှာလဲငွေပိုငွေလျှံအများကြီးမရှိပါဘူး..အလှူလဲ မခံရက်ပါဘူး..အဲ့တာကြောင့် ရောင်းတာပါရှင့်.

နားလည်ပေးပါနော်..) “ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ဆောင်းယွန်းရဲ့ အင်္ကျီလေးတွေကို အားပေးလိုက်ကြဦးနော်။

Crd