Zawgyi

ေဝဠဳေက်ာ္ကေတာ့ လက္ရွိ အေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ ခုလို ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမွန္တကယ္

စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြ အတြက္ အေျခခံ စားေသာက္ ကုန္ေတြ ေပးေဝလႉဒါန္းၿပီး တတ္ႏိုင္သေလာက္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။

သူကိုယ္တိုင္လည္း ေဖာင္ေဒးရွင္းတစ္ခု တည္ေထာင္ထားၿပီး အဖြဲ႕သားမ်ားနဲ႔အတူ လိုအပ္တဲ့ ေနရာမ်ားကို ကိုယ္တိုင္ သြားေရာက္ ေလ့လာကာ ကူညီလႉဒါန္းေပးေနတာေတြကို

ျမင္ေတြ႕ရတာလည္း ၾကည္ႏူးစရာ ေကာင္းလြန္းလွပါတယ္ေနာ္။ ဒီလို အနစ္နာခံကာ သူတစ္ပါးအေပၚ ကူညီတတ္တာေတြေၾကာင့္ ပရိသတ္ေတြက ေလးစားဂုဏ္ယူေနၾကတာပါ။

ေမလ (၁၅) ရက္ေန႔မွာဆိုလည္း ကုန္ေဈးတန္းလမ္းမွာ မီးေလာင္မႈတစ္ခု ျဖစ္ပြားခဲ့ရာ မီးၿငိမ္းသတ္ေနတဲ့ မီးသတ္ ရဲေဘာ္ေတြကို လိုအပ္တဲ့ေဆးဝါးမ်ား

ကူညီလုပ္ေဆာင္ေပးခဲ့တာကိုေတြ႕ရပါတယ္။ လိုအပ္တိုင္း ကိုယ္တိုင္အေရာက္သြားကာ ကူညီလုပ္ေဆာင္ေပးေနတဲ့ ေဝဠဳေက်ာ္ရဲ႕ စိတ္ထားေလးကေတာ့

တကယ္ကို မြန္ျမတ္လွ ပါတယ္။ပရိသတ္ႀကီးအတြက္ ေဝဠဳေက်ာ္ရဲ႕ ပုံေတြ ေဝမွ်ေပးလိုက္ပါတယ္။

Credit– Cele Zone

Unicode

ဝေဠုကျော်ကတော့ လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ်

စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက် ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပြီး အဖွဲ့သားများနဲ့အတူ လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ ကူညီလှူဒါန်းပေးနေတာတွေကို

မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။ ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့် ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။

မေလ (၁၅) ရက်နေ့မှာဆိုလည်း ကုန်ဈေးတန်းလမ်းမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ်နေတဲ့ မီးသတ် ရဲဘော်တွေကို လိုအပ်တဲ့ဆေးဝါးများ

ကူညီလုပ်ဆောင်ပေးခဲ့တာကိုတွေ့ရပါတယ်။ လိုအပ်တိုင်း ကိုယ်တိုင်အရောက်သွားကာ ကူညီလုပ်ဆောင်ပေးနေတဲ့ ဝေဠုကျော်ရဲ့ စိတ်ထားလေးကတော့

တကယ်ကို မွန်မြတ်လှ ပါတယ်။ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ ပုံတွေ ဝေမျှပေးလိုက်ပါတယ်။

Credit– Cele Zone