Zawgyi

အျပစ္မဲ့တိရိစာၦန္ေလးေတြကို တစ္ကိုယ္ေကာင္းဆန္တဲ့လူေတြက သူတို႔ရဲ႕ေပ်ာ္႐ႊင္တစ္ခုတည္းအတြက္နဲ႔ အလြဲသုံးစားျပဳလုပ္တတ္တဲ့အေၾကာင္းေတြကို

မၾကာခဏၾကားဖူးၾကမွာပါ။Arm ဆိုတဲ့အမ်ိဳးသားဟာ သူ႔ရဲ႕႐ုံးေရွ႕မွာထိုင္ေနတုန္း Bobby လို႔ေခၚတဲ့ေခြးေလးနဲ႔ပထမဆုံးေတြ႕ဆုံခဲ့ၿပီး ဘီစကစ္အနည္းငယ္ေကြၽးခဲ့တဲ့အေၾကာင္း

တခ်ိဳ႕ကို Facebook ပိုစ့္တစ္ခုမွာ မွ်ေဝခဲ့ပါတယ္။အဲ့ဒီေနာက္ပိုင္း Bobby ေလးဟာ မိုး႐ြာသည္ျဖစ္ေစ၊ေနသာသည္ျဖစ္ေစ Arm ႐ုံးအလာကို ေစာင့္ဆိုင္းေနခဲ့ၿပီး

တစ္ေန႔မွာေတာ့ Armဟာ ခ်ဳံပုတ္ထဲမွာ ပါးနပ္တဲ့Bobbyရဲ႕ခ်စ္စဖြယ္ေခြးေပါက္ငါးေကာင္ကို ေတြ႕ရွိခဲ့ရပါတယ္။ကံမေကာင္းစြာနဲ႔ မုန္တိုင္းတစ္ခုေၾကာင့္ သူမရဲ႕ေခြးေပါက္စ

တစ္ေကာင္ ေသဆုံးသြားခဲ့ရၿပီးေနာက္ အလြန္အမင္းစိတ္ပူေနတဲ့Arm ဟာ Bobbyနဲ႔ သူမရဲ႕ေခြးေပါက္ေလးေတြအတြက္ ယာယီခိုလႈံႏိုင္မယ့္ေနရာတစ္ခုကို ဖန္တီးေပးခဲ့ပါတယ္။

အဆိုပါဖန္တီးေပးမႈဟာ သူ႔အတြက္ အရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့အခိုက္အတန႔္ျဖစ္ေၾကာင္းလည္းဝန္ခံထားပါတယ္။အခ်ိန္အတန္ၾကာၿပီးေနာက္ Arm ဟာ Bobbyနဲ႔

သူမရဲ႕ေခြးေပါက္အားလုံးကိုဂ႐ုစိုက္ေပးဖို႔ဆႏၵရွိေနတဲ့မိသားစုကိုေအာင္ျမင္စြာရွာေဖြႏိုင္ခဲ့ၿပီး Bobbyေလးကိုလည္း အထည္တစ္ခုေပးကာ ႏုတ္ဆက္ခဲ့ပါတယ္။Bobby တို႔အတြက္

အိမ္အသစ္တစ္လုံးရွာေပးခဲ့တဲ့အျပင္ Bobbyနဲ႔သူမရဲ႕ေခြးေပါက္ေလးေတြအတြက္ ရန္ပုံေငြစုေဆာင္းႏိုင္ဖို႔ Bobbyအေၾကာင္းကို Arm က စာအုပ္ထုတ္ေဝခဲ့ပါေသးတယ္။

လအနည္းငယ္အၾကာမွာ Armဟာ႐ုပ္ဖ်က္ၿပီး Bobbyတို႔ဆီကို အလည္သြားေတာ့ သူ႔ရဲ႕လွည့္စားဟန္ေဆာင္မႈကို Bobbyက ခ်က္ခ်င္းရိပ္မိကာ သိသြားခဲ့ပါတယ္။

Arm လုပ္ေပးခဲ့တဲ့အၾကင္နာတရားကို အသိအမွတ္ျပဳေပးေနတဲ့ Bobby နဲ႔အ႐ြယ္ေရာက္ေခြးကေလးေတြရဲ႕ပုံကို ေတြ႕ရမွာပါ။Armဟာ Bobbyနဲ႔ေခြးေပါက္ေလးေတြအေပၚ

သူ႔ရဲ႕တာဝန္ဝတၱရားေတြမရွိေတာ့ေပမဲ့လည္း သူ႔မိတ္ေဆြေလးေတြအတြက္ လစဥ္လတိုင္းေထာက္ပံ့ေပးေနမယ္ျဖစ္ေၾကာင္း ကတိေပးေျပာၾကားခဲ့ပါေသးတယ္။Armလို

အျပစ္မဲ့သတၱဝါေလးေတြကိုၾကင္နာတတ္တဲ့လူေတြဟာ ကြၽန္ေတာ္တို႔လူသားေတြရဲ႕ယုံၾကည္မႈေတြကို ျပန္ရဖို႔ထိုက္တန္ေနစၿမဲပါ။Arm နဲ႔ Bobby တို႔အၾကား

သံေယာဇဥ္ေႏွာင္ႀကိဳးဟာ ခင္ဗ်ားတို႔ရဲ႕ႏွလုံးသားကိုေႏြးေထြးေစၿပီး ၂၀၂၀ ျပည့္ႏွစ္မွာ ကြၽန္ေတာ္တို႔လူသားအားလုံးအတြက္ အက်ိဳးရွိေစတဲ့စြမ္းအားတစ္ခု ျဖစ္ေနေစမွာပါ။

Unicode

အပြစ်မဲ့တိရိစ္ဆာန်လေးတွေကို တစ်ကိုယ်ကောင်းဆန်တဲ့လူတွေက သူတို့ရဲ့ပျော်ရွှင်တစ်ခုတည်းအတွက်နဲ့ အလွဲသုံးစားပြုလုပ်တတ်တဲ့အကြောင်းတွေကို

မကြာခဏကြားဖူးကြမှာပါ။Arm ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ရုံးရှေ့မှာထိုင်နေတုန်း Bobby လို့ခေါ်တဲ့ခွေးလေးနဲ့ပထမဆုံးတွေ့ဆုံခဲ့ပြီး ဘီစကစ်အနည်းငယ်ကျွေးခဲ့တဲ့အကြောင်း

တချို့ကို Facebook ပိုစ့်တစ်ခုမှာ မျှဝေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း Bobby လေးဟာ မိုးရွာသည်ဖြစ်စေ၊နေသာသည်ဖြစ်စေ Arm ရုံးအလာကို စောင့်ဆိုင်းနေခဲ့ပြီး

တစ်နေ့မှာတော့ Armဟာ ချုံပုတ်ထဲမှာ ပါးနပ်တဲ့Bobbyရဲ့ချစ်စဖွယ်ခွေးပေါက်ငါးကောင်ကို တွေ့ရှိခဲ့ရပါတယ်။ကံမကောင်းစွာနဲ့ မုန်တိုင်းတစ်ခုကြောင့် သူမရဲ့ခွေးပေါက်စ

တစ်ကောင် သေဆုံးသွားခဲ့ရပြီးနောက် အလွန်အမင်းစိတ်ပူနေတဲ့Arm ဟာ Bobbyနဲ့ သူမရဲ့ခွေးပေါက်လေးတွေအတွက် ယာယီခိုလှုံနိုင်မယ့်နေရာတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

အဆိုပါဖန်တီးပေးမှုဟာ သူ့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့အခိုက်အတန့်ဖြစ်ကြောင်းလည်းဝန်ခံထားပါတယ်။အချိန်အတန်ကြာပြီးနောက် Arm ဟာ Bobbyနဲ့

သူမရဲ့ခွေးပေါက်အားလုံးကိုဂရုစိုက်ပေးဖို့ဆန္ဒရှိနေတဲ့မိသားစုကိုအောင်မြင်စွာရှာဖွေနိုင်ခဲ့ပြီး Bobbyလေးကိုလည်း အထည်တစ်ခုပေးကာ နုတ်ဆက်ခဲ့ပါတယ်။Bobby တို့အတွက်

အိမ်အသစ်တစ်လုံးရှာပေးခဲ့တဲ့အပြင် Bobbyနဲ့သူမရဲ့ခွေးပေါက်လေးတွေအတွက် ရန်ပုံငွေစုဆောင်းနိုင်ဖို့ Bobbyအကြောင်းကို Arm က စာအုပ်ထုတ်ဝေခဲ့ပါသေးတယ်။

လအနည်းငယ်အကြာမှာ Armဟာရုပ်ဖျက်ပြီး Bobbyတို့ဆီကို အလည်သွားတော့ သူ့ရဲ့လှည့်စားဟန်ဆောင်မှုကို Bobbyက ချက်ချင်းရိပ်မိကာ သိသွားခဲ့ပါတယ်။

Arm လုပ်ပေးခဲ့တဲ့အကြင်နာတရားကို အသိအမှတ်ပြုပေးနေတဲ့ Bobby နဲ့အရွယ်ရောက်ခွေးကလေးတွေရဲ့ပုံကို တွေ့ရမှာပါ။Armဟာ Bobbyနဲ့ခွေးပေါက်လေးတွေအပေါ်

သူ့ရဲ့တာဝန်ဝတ္တရားတွေမရှိတော့ပေမဲ့လည်း သူ့မိတ်ဆွေလေးတွေအတွက် လစဉ်လတိုင်းထောက်ပံ့ပေးနေမယ်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါသေးတယ်။Armလို

အပြစ်မဲ့သတ္တဝါလေးတွေကိုကြင်နာတတ်တဲ့လူတွေဟာ ကျွန်တော်တို့လူသားတွေရဲ့ယုံကြည်မှုတွေကို ပြန်ရဖို့ထိုက်တန်နေစမြဲပါ။Arm နဲ့ Bobby တို့အကြား

သံယောဇဉ်နှောင်ကြိုးဟာ ခင်ဗျားတို့ရဲ့နှလုံးသားကိုနွေးထွေးစေပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျွန်တော်တို့လူသားအားလုံးအတွက် အကျိုးရှိစေတဲ့စွမ်းအားတစ်ခု ဖြစ်နေစေမှာပါ။