Zawgyi

ကမာၻ႔တန္ဖိုးအနည္းဆုံး ေငြေၾကးမ်ား

လူ အေတာ္မ်ားမ်ားက အေမရိကန္ ေဒၚလာ၊ ဆြစ္ဖရန္၊ ၿဗိတိသွ်ေပါင္၊ ယူ႐ိုေငြေၾကး စသျဖင့္ တန္ဖိုးျမင့္မားၿပီး ခိုင္မာတဲ့ ေငြေၾကးစနစ္ေတြကို သိၾကပါတယ္။

အဲဒီေငြေၾကးစနစ္ေတြက သူတို႔ကို ထုတ္လုပ္သုံးစြဲတဲ့ ႏိုင္ငံေတြကဲ့သို႔ပဲ ကမာၻ႔ကုန္သြယ္မႈေလာကမွာ ၾသဇာအာဏာ ရွိၾကတဲ့ ေငြေၾကးစနစ္ေတြပဲ ျဖစ္ပါတယ္။

တန္ဖိုးရွိၿပီး အခိုင္မာဆုံးေသာ ေငြေၾကးစနစ္ေတြ နည္းတူ တန္ဖိုးအနည္းဆုံး ေငြေၾကးစနစ္ေတြလည္း ကမာၻေပၚမွာ ရွိပါေသးတယ္။

ဒါေပမယ့္ ႏိုင္ငံအလိုက္ စီးပြားေရး အေျခအေနေတြက ေျပာင္းလဲမႈ အလြန္ လ်င္ျမန္တဲ့ အတြက္ေၾကာင့္ တန္ဖိုး အနည္းဆုံး ေငြေၾကးစနစ္ကို

သတ္မွတ္ရာမွာ ခက္ခဲမႈ အနည္းငယ္ ရွိပါတယ္။ ႏိုင္ငံ၏ စီးပြားေရး က်ဆင္းျခင္းေၾကာင့္ ေငြေၾကးတန္ဖိုးေတြ ေလ်ာ့နည္းလာတာပဲ ျဖစ္ပါတယ္။

ေငြေၾကးတန္ဖိုး ေလ်ာ့နည္းလာတာနဲ႔အမွ် ဘတ္ဂ်က္လိုေငြျပျခင္း၊ ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္လာျခင္းတို႔ ျဖစ္ေပၚလာပါတယ္။

စစ္မက္ ျဖစ္ပြားျခင္း၊ တစ္ဦးခ်င္း ဝင္ေငြ ေလ်ာ့နည္းလာျခင္း၊ ပို႔ကုန္ေလ်ာ့နည္းလာျခင္း၊ စားသုံးသူမ်ား ဝယ္ယူမႈက်ဆင္းလာျခင္း၊

ျပည္ပေႂကြးမွီ မ်ားျပားလာျခင္း၊ ႏိုင္ငံေရး မတည္ၿငိမ္ျခင္း စတဲ့ အခ်က္ေတြဟာ ေငြေၾကးတန္ဖိုး ေလ်ာ့က်လာျခင္းရဲ႕ အေျခခံ အခ်က္ေတြပဲ ျဖစ္ပါတယ္။

ေငြေၾကးမူဝါဒ မွားယြင္းျခင္းႏွင့္ ဗဟိုဘဏ္စနစ္ ထိန္းခ်ဳပ္မႈေတြေၾကာင့္လည္း ေငြေၾကးတန္ဖိုးေတြ ေလ်ာ့နည္း တတ္ပါတယ္။

အခု ေဖာ္ျပထားတဲ့ စာရင္းထဲမွာပါတဲ့ (၁၀) ႏိုင္ငံကေတာ့ လတ္တေလာ အခ်ိန္မွာ ကမာၻ႔တန္ဖိုး အနည္းဆုံး ေငြေၾကးေတြကို သုံးစြဲေနၾကတဲ့ ႏိုင္ငံေတြပဲ ျဖစ္ပါတယ္။

တန္ဖိုးအနည္းဆုံးကေန စတင္ေဖာ္ျပသြားမွာ ျဖစ္ၿပီး ယင္းေငြေၾကးစနစ္ေတြမွာ အသုံးျပဳေနတဲ့ ေငြေၾကးပမာဏအလိုက္ အေမရိကန္ တစ္ေဒၚလာနဲ႔ ညီမွ်တဲ့

ေငြလဲလွယ္မႈႏႈန္းထားကို ေဖာ္ျပသြားပါမယ္။ (မွတ္ခ်က္။ ေငြေၾကးေဖာင္းပြမႈႏႈန္း အလြန္ျမင့္မားခဲ့တဲ့အတြက္ေၾကာင့္ သုံးစြဲေနတဲ့ ေငြေၾကး

တန္ဖိုးကို ျပန္လည္ သတ္မွတ္ခဲ့ရတဲ့ ႏိုင္ငံမ်ားကိုပါ ယခု စာရင္းအၿပီးမွာ ထပ္မံေဖာ္ျပသြားမွာ ျဖစ္ပါတယ္။)

(၁) အီရန္ႏိုင္ငံသုံး ရီရယ္ ေငြေၾကး ( ၁ ေဒၚလာ = ၃၇၈၂၂ ရီရယ္)

အီရန္-အီရတ္ စစ္ပြဲ၊ အစၥေရးႏိုင္ငံႏွင့္ မသင့္ျမတ္ျခင္း၊ အီရန္အစိုးရ၏ အဏုျမဴလက္နက္ ပိုင္ဆိုင္ရန္ ႀကိဳးစားျခင္းေတြေၾကာင့္ ကမာၻ႔

အင္အားႀကီးႏိုင္ငံမ်ားက အီရန္ႏိုင္ငံအေပၚ ႏိုင္ငံေရးႏွင့္ စီးပြားေရး ပိတ္ဆို႔မႈမ်ား ျပဳလုပ္ထားသည္။ အဆိုပါ ပိတ္ဆို႔မႈမ်ားေၾကာင့္

အီရန္ႏိုင္ငံသည္ ကမာၻ႔သြင္းကုန္ထုတ္ကုန္ ေဈးကြက္အတြင္းသို႔ ဝင္ေရာက္ႏိုင္ျခင္း မရွိဘဲ ႏိုင္ငံ့စီးပြားေရးသည္ အက်ဖက္သို႔ ေရာက္ရွိခဲ့သည္။

ေရနံ ထုတ္လုပ္ တင္ပို႔သည့္ ႏိုင္ငံျဖစ္ေသာ္လည္း ပိတ္ဆို႔မႈမ်ားေၾကာင့္ ေရနံတင္ပို႔ခြင့္ မရရွိခဲ့သျဖင့္ ဘတ္ဂ်က္သုံးစြဲမႈတြင္ လိုေငြ မ်ားစြာ ျပလ်က္ရွိသည္။

ထိုသို႔ စီးပြားေရး မတည္ၿငိမ္ျခင္းမ်ားေၾကာင့္ အီရန္ႏိုင္ငံသုံး ရီရယ္ ေငြေၾကးသည္ ကမာၻ႔တန္ဖိုး အနည္းဆုံး ေငြေၾကး အျဖစ္သို႔ ေရာက္ရွိခဲ့သည္။

၂၀၁၆ ခုႏွစ္တြင္ အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ားသည္ ပိတ္ဆို႔မႈ အခ်ိဳ႕ကို ေျဖေလွ်ာ့ေပးခဲ့ျခင္းေၾကာင့္ အီရန္ ႏိုင္ငံ၏

စီးပြားေရး အေျခအေန အနည္းငယ္ တိုးတက္လာၿပီး ေငြေၾကး ေဖာင္းပြမႈႏႈန္း အနည္းငယ္ တည္ၿငိမ္လာခဲ့သည္။

(၁) ဆာအို တိုမီႏွင့္ ပရင္စီပီကြၽန္းႏိုင္ငံသုံး ဒိုဗရာ ေငြေၾကး (၁ ေဒၚလာ = ၂၂၆၉၁ ဒိုဗရာ)

အာဖရိက အေနာက္ဖက္ေဒသရွိ ကြၽန္း ၂ ကြၽန္းႏွင့္ ဖြဲ႕စည္းထားသည့္ ဆာအိုတိုမီႏွင့္ ပရင္စီပီကြၽန္းႏိုင္ငံသည္ ကိုကိုးေစ့မ်ား၊ ေကာ္ဖီေစ့မ်ားႏွင့္

အုန္းသီးမ်ားကို တင္ပို႔ေရာင္းခ်လ်က္ ရွိေသာ္လည္း တိုင္းျပည္ ၏ စီးပြားေရးကို လုံေလာက္ေသာ အေထာက္အကူ ေပးႏိုင္ျခင္း မရွိေပ။

ေငြေၾကး အလြန္အကြၽံ ေဖာင္းပြမႈကို တားဆီးႏိုင္ရန္အတြက္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ ယခင္ထုတ္ေဝထားသည့္ ေငြေၾကးျဖစ္ေသာ

ဒိုဗရာ ၁ ေထာင္သည္ အသစ္ထုတ္ေဝထားသည့္ ၁ ဒိုဗရာႏွင့္ ညီမွ်သည္ဟု ေၾကျငာခဲ့သည္။ ဆာအိုတီမီကြၽန္းအနီးတြင္ ေရနံတြင္းမ်ား

မၾကာမီက ေတြ႕ရွိထားျခင္းေၾကာင့္ တိုင္းျပည္၏ စီးပြားေရး တိုးတက္လာမည္ဟု ေမွ်ာ္မွန္းရသည္။

(၂) ဘီလာ႐ုစ္ႏိုင္ငံသုံး ႐ူဘယ္ ေငြေၾကး (၁ ေဒၚလာ = ၂၀၈၄၆ ႐ူဘယ္)

ဘီလာ႐ုစ္ႏိုင္ငံ၏ ေငြေၾကး တန္ဖိုး ျပန္လည္ သတ္မွတ္ျခင္းကို ၂၀၁၆ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔တြင္ ျပဳလုပ္ခဲ့သည္။ ၁၉၉၂ ခုႏွစ္တြင္

ဆိုဗီယက္ျပည္ေထာင္စုမွ ခြဲထြက္ခဲ့ေသာ ဘီလာ႐ုစ္ႏိုင္ငံသည္ အခြန္ ျမင့္မားျခင္း၊ ေငြေၾကး ေဖာင္းပြမႈႏႈန္း ျမင့္မားျခင္း၊ ျခစားမႈ မ်ားျပားျခင္းႏွင့္

ႏိုင္ငံေရးဆိုင္ရာ ကန႔္သတ္မႈမ်ား မ်ားျပားလာျခင္း တို႔ေၾကာင့္ ျပည္တြင္းေငြေၾကးသည္ ႏိုင္ငံတကာေငြလဲလွယ္ရာတြင္ တန္ဖိုး ေလ်ာ့ၾကလ်က္ရွိသည္။

(၂) ဗီယက္နမ္ႏိုင္ငံသုံး ေဒါင္ ေငြေၾကး (၁ ေဒၚလာ = ၂၂၈၂၉ ေဒါင္)

ဗီယက္နမ္ႏိုင္ငံသည္ ဗဟိုခ်ဳပ္ကိုင္ စီးပြားေရး စနစ္မွ ေဈးကြက္စီးပြားေရး စနစ္သို႔ ၁၉၉၀ ခုႏွစ္ေက်ာ္တြင္ စတင္ ေျပာင္းလဲခဲ့ေသာ္လည္း ရာႏႈန္းျပည့္

ေအာင္ျမင္မႈ မရရွိေသးေပ။ ယင္းသို႔ စီးပြားေရးေျပာင္းလဲမႈ၏ အက်ိဳး ရလဒ္အေနျဖင့္ ဗီယက္နမ္ ႏိုင္ငံသုံး ေငြေၾကးသည္ အလြန္ ေဖာင္းပြခဲ့ၿပီး

ကမာၻ႔ ဒုတိယ တန္ဖိုး အနည္းဆုံး ေငြေၾကး အျဖစ္သို႔ ေရာက္ရွိခဲ့သည္။ ဗီယက္နမ္အစိုးရသည္ မွန္ကန္သည့္ လမ္းေၾကာင္းကို ဦးတည္လ်က္ ရွိၿပီး

မၾကာမီတြင္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ေငြေၾကးစနစ္ကဲ့သို႔ ခိုင္မာလာမည္ဟု ကြၽမ္းက်င္ ပညာရွင္မ်ားက အခိုင္အမာ ေျပာဆိုထားသည္။

(၃) အင္ဒိုနီးရွားႏိုင္ငံသုံး ႐ူပီး ေငြေၾကး (၁ ေဒၚလာ = ၁၃၇၆၅ ႐ူပီး)

အင္ဒိုနီးရွားႏိုင္ငံသည္ အေရွ႕ေတာင္အာရွေဒသတြင္း၌ ဖြံ႕ၿဖိဳးၿပီး စီးပြားေရး တည္ၿငိမ္ေသာ ႏိုင္ငံတစ္ခု ျဖစ္ေသာ္လည္း ႏိုင္ငံ၏ ေငြေၾကးတန္ဖိုးသည္ အလြန္အမင္း

ေလ်ာ့နည္းလ်က္ ရွိသည္။ အင္ဒိုနီးရွား ႏိုင္ငံ၏ ဥပေဒျပဳ အာဏာပိုင္မ်ားသည္ ေငြေၾကးစနစ္ကို ခိုင္မာလာေစရန္ ေဆာင္႐ြက္လ်က္ ရွိေသာ္လည္း ေအာင္ျမင္မႈ မရရွိေသးေပ။

(၄) ဂီနီႏိုင္ငံသုံး ဖရန႔္ ေငြေၾကး (၁ ေဒၚလာ = ၉၀၃၀ ဖရန႔္)

အာဖရိကေဒသမွာ ရွိၿပီး ကမာၻ႔အဆင္းရဲဆုံး ၁၀ ႏိုင္ငံစာရင္းထဲမွာ ပါဝင္သည့္ ဂီနီႏိုင္ငံသည္ ေငြေၾကး ေဖာင္းပြမႈႏႈန္း ျမင့္မားလာျခင္း၊

ဆင္းရဲမြဲေတမႈ ျမင့္မားလာျခင္းႏွင့္ ႏိုင္ငံေရး မတည္ၿငိမ္မႈမ်ားေၾကာင့္ ေငြေၾကး ေဖာင္းပြမႈႏႈန္း အျမင့္မားဆုံး ႏိုင္ငံ အျဖစ္သို႔ ေရာက္ရွိခဲ့သည္။

ေ႐ႊ၊ အလူမီနီယံ စသည့္ တြင္းထြက္ သယံဇာတမ်ား ေပါႂကြယ္ဝေသာ္လည္း အထက္ပါအခ်က္မ်ားေၾကာင့္

ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံ စာရင္းတြင္ သာမက ကမာၻ႔တန္ဖိုးအနည္းဆုံး ေငြေၾကးမ်ား စာရင္းတြင္ပါ ပါဝင္ခဲ့သည္။

(၅) လာအိုႏိုင္ငံသုံး ကစ္ပ္ ေငြေၾကး (၁ ေဒၚလာ = ၈၂၉၆ ကစ္ပ္)

လာအိုႏိုင္ငံ၏ ေငြေၾကးစနစ္သည္ စတင္ ထုတ္ေဝစဥ္ကတည္းက ႏိုင္ငံတကာ ေငြလဲလွယ္ႏႈန္းတြင္ တန္ဖိုးေလ်ာ့နည္းေနျခင္းျဖစ္ၿပီး

ဤစာရင္းတြင္ ေဖာ္ျပထားသည့္ (၁၀) ႏိုင္ငံအနက္ ေငြေၾကးတန္ဖိုး မေလ်ာ့က်သည့္ တစ္ခုတည္းေသာ ႏိုင္ငံျဖစ္သည္။ ၁၉၅၂ ခုႏွစ္တြင္

စတင္သုံးစြဲခဲ့သည့္ လာအိုႏိုင္ငံ ေငြေၾကးစနစ္သည္ ခိုင္မာလ်က္ရွိၿပီး တန္ဖိုး ျမင့္တက္လာလ်က္ ရွိသည္။

(၆) ဥဇဘက္ကစၥတန္ႏိုင္ငံသုံး ဆုမ္ ေငြေၾကး (၁ ေဒၚလာ = ၈၁၀၇ ဆုမ္)

၁၉၉၄ ခုႏွစ္ ဇူလိုင္လတြင္ ေငြေၾကးေဖာင္းပြမႈႏႈန္းကို ကန႔္သတ္ရန္ ၁၀၀၀ ဆုမ္ႏွင့္ ညီမွ်သည့္ ၁ ဆုမ္ ေငြစကၠဴကို အစိုးရက ႐ိုက္ႏွိပ္ထုတ္ေဝခဲ့သည္။

ေငြေၾကးဆိုင္ရာ မူဝါဒမ်ားကို ေျဖေလွ်ာ့ေပးမႈ၏ ရလဒ္အျဖစ္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလတြင္ အေမရိကန္ေဒၚလာ

တစ္ေဒၚလာသည္ ၈၁၀၀ ဆုမ္ႏွင့္ ညီမွ်သည့္ လဲလွယ္ႏႈန္းထားသို႔ ေရာက္ရွိခဲ့သည္။

(၇) ဆီယာရာ လီယြန္ႏိုင္ငံသုံး လီယြန္ ေငြေၾကး (၁ ေဒၚလာ = ရ၆၂၀ လီယြန္)

အာဖရိကေဒသရွိ ဆီယာရာ လီယြန္ႏိုင္ငံသည္ အလြန္ဆင္းရဲေသာ ႏိုင္ငံ တစ္ခုျဖစ္ၿပီး ႀကဳံေတြ႕ေနရသည့္ ျပႆနာေပါင္းစုံေၾကာင့္

ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္မားေနသည္။ ႏိုင္ငံအတြင္း၌ စစ္မက္ ျဖစ္ပြားေနၿပီး အီဘိုလာ ေရာဂါျဖစ္ပြားမႈလည္း ပ်ံ႕ႏွံ႔လ်က္ ရွိသည္။

(၈) ပါရာေဂြးႏိုင္ငံသုံး ဂူရာနီ ေငြေၾကး (၁ ေဒၚလာ = ၅၅၄၅ ဂူရာနီ)

ပါရာေဂြးႏိုင္ငံသည္ ေတာင္အေမရိကေဒသတြင္ ဒုတိယ အဆင္းရဲဆုံး ႏိုင္ငံ ျဖစ္သည္။ လက္ရွိအခ်ိန္တြင္ ေငြေၾကးေဖာင္းပြမႈ၊ ျခစားမႈ၊

ပညာေရး နိမ့္က်မႈ၊ ဆင္းရဲသား မ်ားျပားလာမႈ၊ အလုပ္လက္မဲ့ႏႈန္း ျမင့္မားလာမႈတို႔ေၾကာင့္ ပါရာေဂြးႏိုင္ငံ၏ စီးပြားေရးသည္ က်ဆင္းလ်က္ ရွိသည္။

ပါရာေဂြးႏိုင္ငံသည္ ဝါဂြမ္းႏွင့္ ပဲပိစပ္မ်ားကို စိုက္ပ်ိဳးတင္ပို႔ေနေသာ္လည္း ေဈးႏႈန္းမ်ား က်ဆင္းမႈေၾကာင့္ အခက္ေတြ႕လ်က္ ရွိေနသည္။

(၉) ကေမာၻဒီးယား ႏိုင္ငံသုံး ရီယယ္ ေငြေၾကး (၁ ေဒၚလာ = ၄၀၀၅ ရီယယ္)

ရီယယ္ေငြေၾကး ကို ၁၉၉၅ ခုႏွစ္တြင္ စတင္ထုတ္လုပ္ခဲ့ၿပီး ယခင္သုံးစြဲခဲ့သည့္ အင္ဒိုခ်ိဳင္းနားေငြေၾကး စနစ္ေနရာတြင္ အစားထိုးသုံးစြဲခဲ့သည္။

ရီယယ္ေငြေၾကး သည္ ႏိုင္ငံျခားေငြ လဲလွယ္ႏႈန္းတြင္ တန္ဖိုး ဆက္လက္ က်ဆင္းလ်က္ရွိၿပီး ေဒသခံမ်ားအၾကားတြင္ လူသုံးမမ်ားသည့္

ေငြေၾကးစနစ္ တစ္ခုျဖစ္သည္။ ကေမာၻဒီးယား ျပည္သူမ်ားသည္ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ား၌ အေမရိကန္ေဒၚလာမ်ားကိုသာ သုံးစြဲလ်က္ ရွိသည္။

(၁၀) ျမန္မာႏိုင္ငံသုံး က်ပ္ ေငြေၾကး (၁ ေဒၚလာ = ၁၃၃၂ က်ပ္)

ျမန္မာႏိုင္ငံ တြင္ သြင္းကုန္ထုတ္ကုန္ လုပ္ငန္းမ်ားလုပ္ကိုင္ရာ၌ ႏိုင္ငံသုံး ေငြေၾကးအသုံးျပဳျခင္းကို တားျမစ္ထားသည္။ ႏိုင္ငံျခားေငြေၾကးသုံးစြဲမႈအေပၚ

ကန႔္သတ္ခ်ဳပ္ခ်ယ္သည့္ စည္းမ်ဥ္းမ်ား ထုတ္ျပန္ထားၿပီး အဆိုပါ စည္းမ်ဥ္း ဥပေဒမ်ားကိုလည္း ၆ လ တစ္ႀကိမ္ခန႔္ ေျပာင္းလဲေလ့ ရွိသည္။

အထက္ပါ စာရင္း တြင္ ေဖာ္ျပထားခ်က္အရ ကမာၻ႔ တန္ဖိုးအနည္းဆုံး ေငြေၾကးမ်ားကို အသုံးျပဳေနသည့္ ႏိုင္ငံမ်ားတြင္

အာဆီယံ ၅ ႏိုင္ငံ ပါဝင္ေနေၾကာင္း ေတြ႕ရွိရသည္။ ေငြေၾကးေဖာင္းပြမႈႏႈန္း အလြန္ျမင့္မားေသာေၾကာင့္ ေငြေၾကးတန္ဖိုး ျပန္လည္ သတ္မွတ္ခဲ့ရသည့္ ႏိုင္ငံမ်ားကို ဆက္လက္ ေဖာ္ျပသြားပါမည္။

Writer_Htoo2 Lay ( Daily Hot News )

Unicode

ကမ္ဘာ့တန်ဖိုးအနည်းဆုံး ငွေကြေးများ

လူ အတော်များများက အမေရိကန် ဒေါ်လာ၊ ဆွစ်ဖရန်၊ ဗြိတိသျှပေါင်၊ ယူရိုငွေကြေး စသဖြင့် တန်ဖိုးမြင့်မားပြီး ခိုင်မာတဲ့ ငွေကြေးစနစ်တွေကို သိကြပါတယ်။

အဲဒီငွေကြေးစနစ်တွေက သူတို့ကို ထုတ်လုပ်သုံးစွဲတဲ့ နိုင်ငံတွေကဲ့သို့ပဲ ကမ္ဘာ့ကုန်သွယ်မှုလောကမှာ သြဇာအာဏာ ရှိကြတဲ့ ငွေကြေးစနစ်တွေပဲ ဖြစ်ပါတယ်။

တန်ဖိုးရှိပြီး အခိုင်မာဆုံးသော ငွေကြေးစနစ်တွေ နည်းတူ တန်ဖိုးအနည်းဆုံး ငွေကြေးစနစ်တွေလည်း ကမ္ဘာပေါ်မှာ ရှိပါသေးတယ်။

ဒါပေမယ့် နိုင်ငံအလိုက် စီးပွားရေး အခြေအနေတွေက ပြောင်းလဲမှု အလွန် လျင်မြန်တဲ့ အတွက်ကြောင့် တန်ဖိုး အနည်းဆုံး ငွေကြေးစနစ်ကို

သတ်မှတ်ရာမှာ ခက်ခဲမှု အနည်းငယ် ရှိပါတယ်။ နိုင်ငံ၏ စီးပွားရေး ကျဆင်းခြင်းကြောင့် ငွေကြေးတန်ဖိုးတွေ လျော့နည်းလာတာပဲ ဖြစ်ပါတယ်။

ငွေကြေးတန်ဖိုး လျော့နည်းလာတာနဲ့အမျှ ဘတ်ဂျက်လိုငွေပြခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်လာပါတယ်။

စစ်မက် ဖြစ်ပွားခြင်း၊ တစ်ဦးချင်း ဝင်ငွေ လျော့နည်းလာခြင်း၊ ပို့ကုန်လျော့နည်းလာခြင်း၊ စားသုံးသူများ ဝယ်ယူမှုကျဆင်းလာခြင်း၊

ပြည်ပကြွေးမှီ များပြားလာခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်း စတဲ့ အချက်တွေဟာ ငွေကြေးတန်ဖိုး လျော့ကျလာခြင်းရဲ့ အခြေခံ အချက်တွေပဲ ဖြစ်ပါတယ်။

ငွေကြေးမူဝါဒ မှားယွင်းခြင်းနှင့် ဗဟိုဘဏ်စနစ် ထိန်းချုပ်မှုတွေကြောင့်လည်း ငွေကြေးတန်ဖိုးတွေ လျော့နည်း တတ်ပါတယ်။

အခု ဖော်ပြထားတဲ့ စာရင်းထဲမှာပါတဲ့ (၁၀) နိုင်ငံကတော့ လတ်တလော အချိန်မှာ ကမ္ဘာ့တန်ဖိုး အနည်းဆုံး ငွေကြေးတွေကို သုံးစွဲနေကြတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

တန်ဖိုးအနည်းဆုံးကနေ စတင်ဖော်ပြသွားမှာ ဖြစ်ပြီး ယင်းငွေကြေးစနစ်တွေမှာ အသုံးပြုနေတဲ့ ငွေကြေးပမာဏအလိုက် အမေရိကန် တစ်ဒေါ်လာနဲ့ ညီမျှတဲ့

ငွေလဲလှယ်မှုနှုန်းထားကို ဖော်ပြသွားပါမယ်။ (မှတ်ချက်။ ငွေကြေးဖောင်းပွမှုနှုန်း အလွန်မြင့်မားခဲ့တဲ့အတွက်ကြောင့် သုံးစွဲနေတဲ့ ငွေကြေး

တန်ဖိုးကို ပြန်လည် သတ်မှတ်ခဲ့ရတဲ့ နိုင်ငံများကိုပါ ယခု စာရင်းအပြီးမှာ ထပ်မံဖော်ပြသွားမှာ ဖြစ်ပါတယ်။)

(၁) အီရန်နိုင်ငံသုံး ရီရယ် ငွေကြေး ( ၁ ဒေါ်လာ = ၃၇၈၂၂ ရီရယ်)

အီရန်-အီရတ် စစ်ပွဲ၊ အစ္စရေးနိုင်ငံနှင့် မသင့်မြတ်ခြင်း၊ အီရန်အစိုးရ၏ အဏုမြူလက်နက် ပိုင်ဆိုင်ရန် ကြိုးစားခြင်းတွေကြောင့် ကမ္ဘာ့

အင်အားကြီးနိုင်ငံများက အီရန်နိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။ အဆိုပါ ပိတ်ဆို့မှုများကြောင့်

အီရန်နိုင်ငံသည် ကမ္ဘာ့သွင်းကုန်ထုတ်ကုန် ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ နိုင်ငံ့စီးပွားရေးသည် အကျဖက်သို့ ရောက်ရှိခဲ့သည်။

ရေနံ ထုတ်လုပ် တင်ပို့သည့် နိုင်ငံဖြစ်သော်လည်း ပိတ်ဆို့မှုများကြောင့် ရေနံတင်ပို့ခွင့် မရရှိခဲ့သဖြင့် ဘတ်ဂျက်သုံးစွဲမှုတွင် လိုငွေ များစွာ ပြလျက်ရှိသည်။

ထိုသို့ စီးပွားရေး မတည်ငြိမ်ခြင်းများကြောင့် အီရန်နိုင်ငံသုံး ရီရယ် ငွေကြေးသည် ကမ္ဘာ့တန်ဖိုး အနည်းဆုံး ငွေကြေး အဖြစ်သို့ ရောက်ရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့် အီရန် နိုင်ငံ၏

စီးပွားရေး အခြေအနေ အနည်းငယ် တိုးတက်လာပြီး ငွေကြေး ဖောင်းပွမှုနှုန်း အနည်းငယ် တည်ငြိမ်လာခဲ့သည်။

(၁) ဆာအို တိုမီနှင့် ပရင်စီပီကျွန်းနိုင်ငံသုံး ဒိုဗရာ ငွေကြေး (၁ ဒေါ်လာ = ၂၂၆၉၁ ဒိုဗရာ)

အာဖရိက အနောက်ဖက်ဒေသရှိ ကျွန်း ၂ ကျွန်းနှင့် ဖွဲ့စည်းထားသည့် ဆာအိုတိုမီနှင့် ပရင်စီပီကျွန်းနိုင်ငံသည် ကိုကိုးစေ့များ၊ ကော်ဖီစေ့များနှင့်

အုန်းသီးများကို တင်ပို့ရောင်းချလျက် ရှိသော်လည်း တိုင်းပြည် ၏ စီးပွားရေးကို လုံလောက်သော အထောက်အကူ ပေးနိုင်ခြင်း မရှိပေ။

ငွေကြေး အလွန်အကျွံ ဖောင်းပွမှုကို တားဆီးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ယခင်ထုတ်ဝေထားသည့် ငွေကြေးဖြစ်သော

ဒိုဗရာ ၁ ထောင်သည် အသစ်ထုတ်ဝေထားသည့် ၁ ဒိုဗရာနှင့် ညီမျှသည်ဟု ကြေငြာခဲ့သည်။ ဆာအိုတီမီကျွန်းအနီးတွင် ရေနံတွင်းများ

မကြာမီက တွေ့ရှိထားခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေး တိုးတက်လာမည်ဟု မျှော်မှန်းရသည်။

(၂) ဘီလာရုစ်နိုင်ငံသုံး ရူဘယ် ငွေကြေး (၁ ဒေါ်လာ = ၂၀၈၄၆ ရူဘယ်)

ဘီလာရုစ်နိုင်ငံ၏ ငွေကြေး တန်ဖိုး ပြန်လည် သတ်မှတ်ခြင်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင်

ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သော ဘီလာရုစ်နိုင်ငံသည် အခွန် မြင့်မားခြင်း၊ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားခြင်း၊ ခြစားမှု များပြားခြင်းနှင့်

နိုင်ငံရေးဆိုင်ရာ ကန့်သတ်မှုများ များပြားလာခြင်း တို့ကြောင့် ပြည်တွင်းငွေကြေးသည် နိုင်ငံတကာငွေလဲလှယ်ရာတွင် တန်ဖိုး လျော့ကြလျက်ရှိသည်။

(၂) ဗီယက်နမ်နိုင်ငံသုံး ဒေါင် ငွေကြေး (၁ ဒေါ်လာ = ၂၂၈၂၉ ဒေါင်)

ဗီယက်နမ်နိုင်ငံသည် ဗဟိုချုပ်ကိုင် စီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ၁၉၉၀ ခုနှစ်ကျော်တွင် စတင် ပြောင်းလဲခဲ့သော်လည်း ရာနှုန်းပြည့်

အောင်မြင်မှု မရရှိသေးပေ။ ယင်းသို့ စီးပွားရေးပြောင်းလဲမှု၏ အကျိုး ရလဒ်အနေဖြင့် ဗီယက်နမ် နိုင်ငံသုံး ငွေကြေးသည် အလွန် ဖောင်းပွခဲ့ပြီး

ကမ္ဘာ့ ဒုတိယ တန်ဖိုး အနည်းဆုံး ငွေကြေး အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဗီယက်နမ်အစိုးရသည် မှန်ကန်သည့် လမ်းကြောင်းကို ဦးတည်လျက် ရှိပြီး

မကြာမီတွင် အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးစနစ်ကဲ့သို့ ခိုင်မာလာမည်ဟု ကျွမ်းကျင် ပညာရှင်များက အခိုင်အမာ ပြောဆိုထားသည်။

(၃) အင်ဒိုနီးရှားနိုင်ငံသုံး ရူပီး ငွေကြေး (၁ ဒေါ်လာ = ၁၃၇၆၅ ရူပီး)

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း၌ ဖွံ့ဖြိုးပြီး စီးပွားရေး တည်ငြိမ်သော နိုင်ငံတစ်ခု ဖြစ်သော်လည်း နိုင်ငံ၏ ငွေကြေးတန်ဖိုးသည် အလွန်အမင်း

လျော့နည်းလျက် ရှိသည်။ အင်ဒိုနီးရှား နိုင်ငံ၏ ဥပဒေပြု အာဏာပိုင်များသည် ငွေကြေးစနစ်ကို ခိုင်မာလာစေရန် ဆောင်ရွက်လျက် ရှိသော်လည်း အောင်မြင်မှု မရရှိသေးပေ။

(၄) ဂီနီနိုင်ငံသုံး ဖရန့် ငွေကြေး (၁ ဒေါ်လာ = ၉၀၃၀ ဖရန့်)

အာဖရိကဒေသမှာ ရှိပြီး ကမ္ဘာ့အဆင်းရဲဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်သည့် ဂီနီနိုင်ငံသည် ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားလာခြင်း၊

ဆင်းရဲမွဲတေမှု မြင့်မားလာခြင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ငွေကြေး ဖောင်းပွမှုနှုန်း အမြင့်မားဆုံး နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။

ရွှေ၊ အလူမီနီယံ စသည့် တွင်းထွက် သယံဇာတများ ပေါကြွယ်ဝသော်လည်း အထက်ပါအချက်များကြောင့်

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ စာရင်းတွင် သာမက ကမ္ဘာ့တန်ဖိုးအနည်းဆုံး ငွေကြေးများ စာရင်းတွင်ပါ ပါဝင်ခဲ့သည်။

(၅) လာအိုနိုင်ငံသုံး ကစ်ပ် ငွေကြေး (၁ ဒေါ်လာ = ၈၂၉၆ ကစ်ပ်)

လာအိုနိုင်ငံ၏ ငွေကြေးစနစ်သည် စတင် ထုတ်ဝေစဉ်ကတည်းက နိုင်ငံတကာ ငွေလဲလှယ်နှုန်းတွင် တန်ဖိုးလျော့နည်းနေခြင်းဖြစ်ပြီး

ဤစာရင်းတွင် ဖော်ပြထားသည့် (၁၀) နိုင်ငံအနက် ငွေကြေးတန်ဖိုး မလျော့ကျသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင်

စတင်သုံးစွဲခဲ့သည့် လာအိုနိုင်ငံ ငွေကြေးစနစ်သည် ခိုင်မာလျက်ရှိပြီး တန်ဖိုး မြင့်တက်လာလျက် ရှိသည်။

(၆) ဥဇဘက်ကစ္စတန်နိုင်ငံသုံး ဆုမ် ငွေကြေး (၁ ဒေါ်လာ = ၈၁၀၇ ဆုမ်)

၁၉၉၄ ခုနှစ် ဇူလိုင်လတွင် ငွေကြေးဖောင်းပွမှုနှုန်းကို ကန့်သတ်ရန် ၁၀၀၀ ဆုမ်နှင့် ညီမျှသည့် ၁ ဆုမ် ငွေစက္ကူကို အစိုးရက ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ငွေကြေးဆိုင်ရာ မူဝါဒများကို ဖြေလျှော့ပေးမှု၏ ရလဒ်အဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာသည် ၈၁၀၀ ဆုမ်နှင့် ညီမျှသည့် လဲလှယ်နှုန်းထားသို့ ရောက်ရှိခဲ့သည်။

(၇) ဆီယာရာ လီယွန်နိုင်ငံသုံး လီယွန် ငွေကြေး (၁ ဒေါ်လာ = ရ၆၂၀ လီယွန်)

အာဖရိကဒေသရှိ ဆီယာရာ လီယွန်နိုင်ငံသည် အလွန်ဆင်းရဲသော နိုင်ငံ တစ်ခုဖြစ်ပြီး ကြုံတွေ့နေရသည့် ပြဿနာပေါင်းစုံကြောင့်

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေသည်။ နိုင်ငံအတွင်း၌ စစ်မက် ဖြစ်ပွားနေပြီး အီဘိုလာ ရောဂါဖြစ်ပွားမှုလည်း ပျံ့နှံ့လျက် ရှိသည်။

(၈) ပါရာဂွေးနိုင်ငံသုံး ဂူရာနီ ငွေကြေး (၁ ဒေါ်လာ = ၅၅၄၅ ဂူရာနီ)

ပါရာဂွေးနိုင်ငံသည် တောင်အမေရိကဒေသတွင် ဒုတိယ အဆင်းရဲဆုံး နိုင်ငံ ဖြစ်သည်။ လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှု၊ ခြစားမှု၊

ပညာရေး နိမ့်ကျမှု၊ ဆင်းရဲသား များပြားလာမှု၊ အလုပ်လက်မဲ့နှုန်း မြင့်မားလာမှုတို့ကြောင့် ပါရာဂွေးနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလျက် ရှိသည်။

ပါရာဂွေးနိုင်ငံသည် ဝါဂွမ်းနှင့် ပဲပိစပ်များကို စိုက်ပျိုးတင်ပို့နေသော်လည်း ဈေးနှုန်းများ ကျဆင်းမှုကြောင့် အခက်တွေ့လျက် ရှိနေသည်။

(၉) ကမ္ဘောဒီးယား နိုင်ငံသုံး ရီယယ် ငွေကြေး (၁ ဒေါ်လာ = ၄၀၀၅ ရီယယ်)

ရီယယ်ငွေကြေး ကို ၁၉၉၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခင်သုံးစွဲခဲ့သည့် အင်ဒိုချိုင်းနားငွေကြေး စနစ်နေရာတွင် အစားထိုးသုံးစွဲခဲ့သည်။

ရီယယ်ငွေကြေး သည် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် တန်ဖိုး ဆက်လက် ကျဆင်းလျက်ရှိပြီး ဒေသခံများအကြားတွင် လူသုံးမများသည့်

ငွေကြေးစနစ် တစ်ခုဖြစ်သည်။ ကမ္ဘောဒီးယား ပြည်သူများသည် နေ့စဉ်လုပ်ငန်းဆောင်တာများ၌ အမေရိကန်ဒေါ်လာများကိုသာ သုံးစွဲလျက် ရှိသည်။

(၁၀) မြန်မာနိုင်ငံသုံး ကျပ် ငွေကြေး (၁ ဒေါ်လာ = ၁၃၃၂ ကျပ်)

မြန်မာနိုင်ငံ တွင် သွင်းကုန်ထုတ်ကုန် လုပ်ငန်းများလုပ်ကိုင်ရာ၌ နိုင်ငံသုံး ငွေကြေးအသုံးပြုခြင်းကို တားမြစ်ထားသည်။ နိုင်ငံခြားငွေကြေးသုံးစွဲမှုအပေါ်

ကန့်သတ်ချုပ်ချယ်သည့် စည်းမျဉ်းများ ထုတ်ပြန်ထားပြီး အဆိုပါ စည်းမျဉ်း ဥပဒေများကိုလည်း ၆ လ တစ်ကြိမ်ခန့် ပြောင်းလဲလေ့ ရှိသည်။

အထက်ပါ စာရင်း တွင် ဖော်ပြထားချက်အရ ကမ္ဘာ့ တန်ဖိုးအနည်းဆုံး ငွေကြေးများကို အသုံးပြုနေသည့် နိုင်ငံများတွင်

အာဆီယံ ၅ နိုင်ငံ ပါဝင်နေကြောင်း တွေ့ရှိရသည်။ ငွေကြေးဖောင်းပွမှုနှုန်း အလွန်မြင့်မားသောကြောင့် ငွေကြေးတန်ဖိုး ပြန်လည် သတ်မှတ်ခဲ့ရသည့် နိုင်ငံများကို ဆက်လက် ဖော်ပြသွားပါမည်။

Writer_Htoo2 Lay ( Daily Hot News )