Zawgyi

အေျခခံပညာသင္႐ိုးၫႊန္းတန္းေတြမွာ စစ္ကြၽန္ပညာေရးမပါရွိေၾကာင္း အာဏာသိမ္းစစ္ေကာင္စီ အၾကမ္းဖက္အဖြဲ႕ရဲ႕ ေျပာခြင့္ရသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက

ေမလ ၁၅ ရက္ ဒီကေန႔မြန္းလြဲပိုင္းက ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွ ေျပာၾကားလိုက္ပါတယ္။ အေျခခံပညာသင္႐ိုးၫႊန္းတန္း မူလတန္းအဆင့္

ေကဂ်ီသူငယ္တန္းဖတ္စာပါ သူငယ္ခ်င္း ၊ ပင္လုံ၊ တာဝန္ကိုယ္စီ ဆိုတဲ့ကဗ်ာေတြကို ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ရည္ၫႊန္းဖတ္ျပေျပာသြားၿပီး အလယ္တန္းအဆင့္

သတၱမတန္းမွာ သင္ၾကားရတဲ့ အခြင့္အေရးနဲ႔တာဝန္သင္ခန္းစာ၊ သင္႐ိုးသစ္ Grade 11 ေဘာဂေဗဒ သင္ခန္းစာေတြကိုလည္း ကိုးကား ေျပာဆိုသြားပါတယ္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက “ကမာၻမွာ အုပ္ခ်ဳပ္သူအစိုးရကို မေက်နပ္လို႔ ပညာေရး ကိုတိုက္ခိုက္တယ္ဆိုတာ မရွိခဲ့ပါဘူး။ ပညာေရးနဲ႔ ပတ္သက္လို႔

ပိတ္ပင္တားဆီးတာေတြ၊ သင္ၾကားေရးနဲ႔ ပတ္သက္လို႔ CDM လုပ္တာေတြဟာ တိုင္းဖ်က္ျပည္ဖ်က္လုပ္ငန္းေတြပဲျဖစ္တယ္လို႔ က်ေနာ္ေျပာလိုပါတယ္။

ဒီေနရာမွာ ဆူပူအၾကမ္းဖက္သမားမ်ားလႈံ႕ေဆာ္ေနတဲ့ လက္ကိုင္စကားကေတာ့ စစ္ကြၽန္ပညာေရးပဲျဖစ္ပါတယ္၊ ဘယ္အခ်က္အလက္ေတြ ဘယ္သင္ခန္းစာေတြ

ဘယ္ပို႔ခ်က္ခ်က္ေတြကို ရည္ၫႊန္းၿပီး စစ္ကြၽန္ပညာေရးလို႔ စြပ္စြဲတာလဲ။ ရွိရင္ ေထာက္ျပဖို႔ က်ေနာ္ေျပာလိုပါတယ္” လို႔ေျပာပါတယ္။ ဒို႔တာဝန္၊ ဖက္ဒရယ္စနစ္နဲ႔

တာဝန္ယူတာဝန္ခံမႈဆိုတာဘာလဲဆိုတာကို သူငယ္တန္းကေလး ေတြကအစသင္ေပးေနေၾကာင္းနဲ႔ စစ္ေကာင္စီအေနနဲ႔ အရင္အစိုးရေတြလက္ထက္က ခ်မွတ္ခဲ့တဲ့

အမ်ိဳးသားပညာေရး မူဝါဒေတြအတိုင္း လိုက္နာက်င့္သုံးသင္ၾကားေပးေနတာလို႔လည္း ရွင္းလင္း ေျပာၾကားသြားပါတယ္။ လာမယ့္ ဇြန္လ ၅ ရက္ အေျခခံ

ပညာေက်ာင္းေတြျပန္ဖြင့္တဲ့အခါ ေက်ာင္းသားေတြနဲ႔ ဆရာေတြရဲ႕ လုံၿခဳံေရးအတြက္ ရဲနဲ႔ စစ္တပ္အျပင္ အရပ္ဘက္လုံၿခဳံေရးအဖြဲ႕ေတြကိုပါ အသုံးျပဳသြားမယ္လို႔လည္း

စစ္ေကာင္စီေျပာခြင့္ရသူက ဆိုပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံတဝန္းမွာ စစ္ကြၽန္ပညာေရးဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြကို ေက်ာင္းသူ ေက်ာင္းသားေတြ၊

ဆရာေတြနဲ႔ ေက်ာင္းသားမိဘျပည္သူေတြက ျပဳလုပ္ေနၾကတာျဖစ္ၿပီး ပညာေရးဝန္ထမ္းေတြ အမ်ားအျပားကလည္း အာဏာဖီဆန္ CDM လႈပ္ရွားမႈျပဳလုပ္ေနၾကပါတယ္။DVB

Unicode

အခြေခံပညာသင်ရိုးညွှန်းတန်းတွေမှာ စစ်ကျွန်ပညာရေးမပါရှိကြောင်း အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက

မေလ ၁၅ ရက် ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှ ပြောကြားလိုက်ပါတယ်။ အခြေခံပညာသင်ရိုးညွှန်းတန်း မူလတန်းအဆင့်

ကေဂျီသူငယ်တန်းဖတ်စာပါ သူငယ်ချင်း ၊ ပင်လုံ၊ တာဝန်ကိုယ်စီ ဆိုတဲ့ကဗျာတွေကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရည်ညွှန်းဖတ်ပြပြောသွားပြီး အလယ်တန်းအဆင့်

သတ္တမတန်းမှာ သင်ကြားရတဲ့ အခွင့်အရေးနဲ့တာဝန်သင်ခန်းစာ၊ သင်ရိုးသစ် Grade 11 ဘောဂဗေဒ သင်ခန်းစာတွေကိုလည်း ကိုးကား ပြောဆိုသွားပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကမ္ဘာမှာ အုပ်ချုပ်သူအစိုးရကို မကျေနပ်လို့ ပညာရေး ကိုတိုက်ခိုက်တယ်ဆိုတာ မရှိခဲ့ပါဘူး။ ပညာရေးနဲ့ ပတ်သက်လို့

ပိတ်ပင်တားဆီးတာတွေ၊ သင်ကြားရေးနဲ့ ပတ်သက်လို့ CDM လုပ်တာတွေဟာ တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းတွေပဲဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။

ဒီနေရာမှာ ဆူပူအကြမ်းဖက်သမားများလှုံ့ဆော်နေတဲ့ လက်ကိုင်စကားကတော့ စစ်ကျွန်ပညာရေးပဲဖြစ်ပါတယ်၊ ဘယ်အချက်အလက်တွေ ဘယ်သင်ခန်းစာတွေ

ဘယ်ပို့ချက်ချက်တွေကို ရည်ညွှန်းပြီး စစ်ကျွန်ပညာရေးလို့ စွပ်စွဲတာလဲ။ ရှိရင် ထောက်ပြဖို့ ကျနော်ပြောလိုပါတယ်” လို့ပြောပါတယ်။ ဒို့တာဝန်၊ ဖက်ဒရယ်စနစ်နဲ့

တာဝန်ယူတာဝန်ခံမှုဆိုတာဘာလဲဆိုတာကို သူငယ်တန်းကလေး တွေကအစသင်ပေးနေကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ အရင်အစိုးရတွေလက်ထက်က ချမှတ်ခဲ့တဲ့

အမျိုးသားပညာရေး မူဝါဒတွေအတိုင်း လိုက်နာကျင့်သုံးသင်ကြားပေးနေတာလို့လည်း ရှင်းလင်း ပြောကြားသွားပါတယ်။ လာမယ့် ဇွန်လ ၅ ရက် အခြေခံ

ပညာကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ လုံခြုံရေးအတွက် ရဲနဲ့ စစ်တပ်အပြင် အရပ်ဘက်လုံခြုံရေးအဖွဲ့တွေကိုပါ အသုံးပြုသွားမယ်လို့လည်း

စစ်ကောင်စီပြောခွင့်ရသူက ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ကျောင်းသူ ကျောင်းသားတွေ၊

ဆရာတွေနဲ့ ကျောင်းသားမိဘပြည်သူတွေက ပြုလုပ်နေကြတာဖြစ်ပြီး ပညာရေးဝန်ထမ်းတွေ အများအပြားကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုပြုလုပ်နေကြပါတယ်။DVB