Zawgyi

အခုအခ်ိန္မွာ ခက္ခဲမယ္ဆိုတာ သိေပမယ့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ ျပည္သူေတြကို အလုပ္ေပးႏိုင္ေအာင္ သူမႀကိဳးစားေနတဲ့ ေႏြးေႏြးခ်စ္ဖြယ္..

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနမ်ားေၾကာင့္ အဆင္မေျပ မႈေတြ ကို မ်ိဳးစုံ ရင္ဆိုင္ေနရၿပီး စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြမ်ားစြာ ရွိေနၾကတာပါ။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခက္ခဲေနသူမ်ားကို ျပည္သူေတြ အခ်င္းခ်င္းကပဲ ေဖးမကူညီေပးေနတာကို ျမင္ေတြ႕ရသည္မွာ ၾကည္ႏူးစရာ ေကာင္းလြန္းလွပါတယ္။

ဒီလို ကူညီေပးေနတဲ့ သူေတြထဲမွာ အဆိုေတာ္ ေႏြးေႏြးခ်စ္ဖြယ္လည္း ပါဝင္ၿပီး သူမတတ္ႏိုင္တဲ့ အခန္းက႑ကေန တတ္ႏိုင္သေလာက္ ကူညီေပးေနတာကို ေတြ႕ရပါတယ္။

အြန္လိုင္းကေန ေဈးေရာင္းခ်သူေတြကိုလည္း Follower သိန္းခ်ီ မ်ားတဲ့ သူရဲ႕အေကာင့္ကေန အေရာင္းပို႔စ္မ်ားကို အခမဲ့ တင္ေပးကာ ဝယ္ယူသူမ်ားေအာင္ ကူညီ

ေပးခဲ့တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရတဲ့ မိသားစုေတြ အတြက္လည္း အလႉေငြမ်ား ကိုယ္တိုင္ ေကာက္ခံေပးကာ ကူညီေပးေနတာလည္း

ေတြ႕ရပါတယ္။တကယ္ကို စိတ္ထား ျမင့္ျမတ္သူေလးမို႔ ေလးစားမိတာ အမွန္ပါပဲေနာ္။ ဒီေန႔မွာလည္း အလုပ္လက္မဲ့ ျဖစ္သြားတဲ့ ျပည္သူေတြကို အလုပ္ေပးႏိုင္ဖို႔

ႀကိဳးစားေနေၾကာင္း ခက္ခဲမယ္ဆိုတာ သိေပမယ့္လည္း လုပ္ေပးၾကည့္ခ်င္ေၾကာင္းကို ေျပာၾကားလာတာျဖစ္ပါတယ္။ဒါ့အျပင္ အဆင္မေျပတဲ့ လူတိုင္းကို

အားေပးကူညီေနေပမယ့္ သူကိုယ္တိုင္လည္း အဆင္မေျပတဲ့ အေၾကာင္းေတြကိုလည္း ခုလိုရင္ဖြင့္ေျပာၾကားလာပါတယ္။ ” လူတိုင္းကိုၾကည့္လိုက္ စိတ္အေျခအေနေတြ

အစဥ္မေျပၾကေတာ့ဘူး အရင္လို႔ ဘာသာေရးအေၾကာင္းေတြေျပာလိုက္ အားေပးလိုက္ ေဈးေလးေရာင္းလိုက္ လုပ္ေပးခ်င္မိတယ္ ဒီလိုlive တင္ျပန္ရင္လဲ ဟိုထဲဆြဲထည့္

ဒီထဲဆြဲထည့္ ေျပာခံရအုံးမယ္ ေၾကာက္လို႔မဟုတ္ဘူး အကုသိုလ္ကင္းခ်င္တာ ကိုယ္လဲ အရမ္းအစဥ္ေျပေနလားဆိုေတာ့ ေမြးထဲက မခ်မ္းသာလို႔ ႀကိဳးစား႐ုန္းကုန္ရတာပဲ

ေႏြးလဲ အားငယ္တဲ့ အခ်ိန္ေတြရွိတာေပါ့ လူပဲ သို႔ေသာ္ မန္တင္းၿပီးေနတယ့္ငါဟဲ့ဆိုတဲ့စိတ္အရာရာ ခဏသာတည္တယ္ ခဏေလးပ်က္တယ္ စိတ္ကိုမေလွ်ာ့ခ်လိုက္နဲ႔

ဒီခ်ိန္လုံးဝမၿငီးဘူး အဖြားကငယ္ငယ္ထဲကသင္ေပးတဲ့အတိုင္း ကိုယ့္အထက္ကိုယ္မၾကည့္နဲ႔ ကိုယ္ေအာက္ကိုၾကည့္ ဆိုတဲ့ဆုံးမစကားနားစြဲခဲ့လို႔ အားတင္ထားတယ္

စေနေတြကအေက်ာတင္းတာလဲပါတယ္ အားမငယ္ပါနဲ႔ ထပ္ထပ္ေျပာခ်င္တယ္ ႀကဳံလာေတာ့လဲ ရင္ဆိုင္႐ုံေပါ့ လူျဖစ္လာထဲက အေကာင္းအဆိုး အေၾကာင္းအက်ိဳးေတြက

ႀကဳံကိုႀကဳံရမွာ ဘာကို ဝမ္းနည္းၿပီးဘာကိုငိုေႂကြးေနမွာလဲ No par ႐ုပ္အိုတယ္ ႏွလုံးသားကို အာဟာရျဖည့္ပါ စိတ္ခြန္အားျဖစ္ေစမယ့္စာေတြဖတ္ (တရားအတိုေလး)ေတြ မ်ားမ်ားနာပါ

ေႏြးဘက္က လုပ္ေပးႏိုင္တာေတြ အလုပ္လက္မဲ့ျဖစ္သြားတဲ့ မိဘျပည္သူေတြကို အလုပ္ေပးႏိုင္ဖို႔ ေႏြးႀကိဳးစားေနပါတယ္ ခက္ခဲမယ္သိတယ္ လုပ္ေပးၾကည့္ခ်င္တယ္” ဆိုတဲ့

စာေလးကိုေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးရင္း ေႏြးလည္း ဒီထက္မက ကူညီႏိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Source & Photo Credit : Nway Nway Chit Phwal Facebook Account

Unicode

အခုအချိန်မှာ ခက်ခဲမယ်ဆိုတာ သိပေမယ့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို အလုပ်ပေးနိုင်အောင် သူမကြိုးစားနေတဲ့ နွေးနွေးချစ်ဖွယ်..

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် အဆင်မပြေ မှုတွေ ကို မျိုးစုံ ရင်ဆိုင်နေရပြီး စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေများစွာ ရှိနေကြတာပါ။

အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲနေသူများကို ပြည်သူတွေ အချင်းချင်းကပဲ ဖေးမကူညီပေးနေတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာ ကောင်းလွန်းလှပါတယ်။

ဒီလို ကူညီပေးနေတဲ့ သူတွေထဲမှာ အဆိုတော် နွေးနွေးချစ်ဖွယ်လည်း ပါဝင်ပြီး သူမတတ်နိုင်တဲ့ အခန်းကဏ္ဍကနေ တတ်နိုင်သလောက် ကူညီပေးနေတာကို တွေ့ရပါတယ်။

အွန်လိုင်းကနေ ဈေးရောင်းချသူတွေကိုလည်း Follower သိန်းချီ များတဲ့ သူရဲ့အကောင့်ကနေ အရောင်းပို့စ်များကို အခမဲ့ တင်ပေးကာ ဝယ်ယူသူများအောင် ကူညီ

ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ မိသားစုတွေ အတွက်လည်း အလှူငွေများ ကိုယ်တိုင် ကောက်ခံပေးကာ ကူညီပေးနေတာလည်း

တွေ့ရပါတယ်။တကယ်ကို စိတ်ထား မြင့်မြတ်သူလေးမို့ လေးစားမိတာ အမှန်ပါပဲနော်။ ဒီနေ့မှာလည်း အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ပြည်သူတွေကို အလုပ်ပေးနိုင်ဖို့

ကြိုးစားနေကြောင်း ခက်ခဲမယ်ဆိုတာ သိပေမယ့်လည်း လုပ်ပေးကြည့်ချင်ကြောင်းကို ပြောကြားလာတာဖြစ်ပါတယ်။ဒါ့အပြင် အဆင်မပြေတဲ့ လူတိုင်းကို

အားပေးကူညီနေပေမယ့် သူကိုယ်တိုင်လည်း အဆင်မပြေတဲ့ အကြောင်းတွေကိုလည်း ခုလိုရင်ဖွင့်ပြောကြားလာပါတယ်။ ” လူတိုင်းကိုကြည့်လိုက် စိတ်အခြေအနေတွေ

အစဉ်မပြေကြတော့ဘူး အရင်လို့ ဘာသာရေးအကြောင်းတွေပြောလိုက် အားပေးလိုက် ဈေးလေးရောင်းလိုက် လုပ်ပေးချင်မိတယ် ဒီလိုlive တင်ပြန်ရင်လဲ ဟိုထဲဆွဲထည့်

ဒီထဲဆွဲထည့် ပြောခံရအုံးမယ် ကြောက်လို့မဟုတ်ဘူး အကုသိုလ်ကင်းချင်တာ ကိုယ်လဲ အရမ်းအစဉ်ပြေနေလားဆိုတော့ မွေးထဲက မချမ်းသာလို့ ကြိုးစားရုန်းကုန်ရတာပဲ

နွေးလဲ အားငယ်တဲ့ အချိန်တွေရှိတာပေါ့ လူပဲ သို့သော် မန်တင်းပြီးနေတယ့်ငါဟဲ့ဆိုတဲ့စိတ်အရာရာ ခဏသာတည်တယ် ခဏလေးပျက်တယ် စိတ်ကိုမလျှော့ချလိုက်နဲ့

ဒီချိန်လုံးဝမငြီးဘူး အဖွားကငယ်ငယ်ထဲကသင်ပေးတဲ့အတိုင်း ကိုယ့်အထက်ကိုယ်မကြည့်နဲ့ ကိုယ်အောက်ကိုကြည့် ဆိုတဲ့ဆုံးမစကားနားစွဲခဲ့လို့ အားတင်ထားတယ်

စနေတွေကအကျောတင်းတာလဲပါတယ် အားမငယ်ပါနဲ့ ထပ်ထပ်ပြောချင်တယ် ကြုံလာတော့လဲ ရင်ဆိုင်ရုံပေါ့ လူဖြစ်လာထဲက အကောင်းအဆိုး အကြောင်းအကျိုးတွေက

ကြုံကိုကြုံရမှာ ဘာကို ဝမ်းနည်းပြီးဘာကိုငိုကြွေးနေမှာလဲ No par ရုပ်အိုတယ် နှလုံးသားကို အာဟာရဖြည့်ပါ စိတ်ခွန်အားဖြစ်စေမယ့်စာတွေဖတ် (တရားအတိုလေး)တွေ များများနာပါ

နွေးဘက်က လုပ်ပေးနိုင်တာတွေ အလုပ်လက်မဲ့ဖြစ်သွားတဲ့ မိဘပြည်သူတွေကို အလုပ်ပေးနိုင်ဖို့ နွေးကြိုးစားနေပါတယ် ခက်ခဲမယ်သိတယ် လုပ်ပေးကြည့်ချင်တယ်” ဆိုတဲ့

စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း နွေးလည်း ဒီထက်မက ကူညီနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Nway Nway Chit Phwal Facebook Account