Zawgyi












Source ; Cele Gabar

Unicode

လွန်ခဲ့သော (၅)လခန့်ကအကြာက မသေခင်သူ့ကို တခေါက်လောက်လာတွေ့ကြပါလို့ ဆိုဖူးတဲ့ ပြည့်သူ့အချစ်တော်ကြီး လူရွှင်တော် ဦးစိန်ရိုး ယနေ့မနက် ကွယ်လွန်..

ပရိတ်သတ်ကြီးရေ….သဘင်လောကမှာလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ဝါရင့်ဟာသလူရွှင်တော်ကြီး ဦးစိန်ရိုးဟာဆိုရင် ဟာသဉာဏ်ရွှင်ပြီး

မရိုးနိုင်တဲ့ပျက်လုံးတွေကြောင့် ပရိတ်သတ်ရဲ့အားပေးမှုကိုအပြည့်အဝရရှိခဲ့တဲ့ လူရွှင်တော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်နော်…။

ပရိတ်သတ်ကိုအမြဲလေးစားတန်ဖိုးထားတဲ့ ဦးစိန်ရိုးက ပရိတ်သတ်တွေအေားပေးလို့ ဦးစိန်ရိုးဆိုတာဖြစ်လာတဲ့အတွက် ပရိတ်သတ်တွေကို

ဘယ်တော့မှမမေ့ဘူး ပရိတ်သတ်တွေက သူ့ရဲ့ကျေးဇူးရှင်တွေလို့အင်တာဗျူးတစ်ခုမှာပြောထားတာကိုလည်း တွေ့ခဲ့ရပါသေးတယ်နော်..။

လူရွှင်တော်လောကမှာခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့အတွက် တပည့်များစွာကိုလည်းမွေးထုတ်ပေးနိုင်ခဲ့တဲ့ တကယ်ကိုအရည်အချင်းပြည့်ဝခဲ့တဲ့

ဟာသလူရွှင်တော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်နော်။ဦးစိန်ရိုးဟာဆိုရင်အကန်တော့ခံသက်ကြီးလူရွှင်တော်တစ်ဦးဖြစ်သလို

လူရွှင်တော်အသင်းရဲ့ နာယကတစ်ဦးလည်းဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ ဟာသလူရွှင်တော်ကြီးဦးစိန်ရိုးက ဒီကနေ့မနက် ၁၀ း၄၅တွင်ကွယ်လွန်သွားကြောင်းကို

သိခဲ့ရတဲ့အတွက် မိသားစုနဲ့ထပ်တူကြွေကွဲဝမ်းနည်းရပါတယ်နော်..။ ကွယ်လွန်ချိန်မှာ အသက် (၈၇)နှစ်ရှိပြီးဖြစ်တဲ့ တန်ဖိုးရှိတဲ့ အနုပညာကြယ်တစ်ပွင့်

ဆုံးရှုံးသွားရတဲ့အတွက်လည်းများစွာစိတ်မကောင်းဖြစ်ရပါတယ်။ဦးစိန်ရိုးတစ်ယောက်ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနဲ့

အနားယူနိုင်ပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်..။

Source ; Cele Gabar