Zawgyi

၁၂.၅.၂၀၂၁ မွာ ဆရာမႀကီး ေဒါက္တာခ်ိဳယုမြန္ကို ဘားအံအက်ဥ္းေထာင္မွာ အလုပ္နဲ႔ ေထာင္ဒါဏ္ ၂ ႏွစ္ခ်မွတ္လိုက္ပါၿပီ။

ယုံၾကည္ရာအတြက္ အဆုံးစြန္းတိုင္ ကိုယ္က်ိဳးမငဲ့ဘဲ ေလွ်ာက္လွမ္းခဲ့တဲ့အတြက္ ေလးစားဂုဏ္ယူရပါတယ္ခင္ဗ်။

၄ ႏွစ္တာကာလအတြင္း ကြၽန္ေတာ္သိေသာ အစိုးရနည္းပညာအထက္တန္းေက်ာင္း ဘားအံေက်ာင္းအုပ္ဆရာမႀကီး ေဒါက္တာခ်ိဳယုမြန္သည္

ကရင္ျပည္နယ္အတြင္း ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဒသတြင္းရွိ လူငယ္လူ႐ြယ္မ်ား အလုပ္အကိုင္ရရွိေရး သက္ေမြးပညာရပ္မ်ား သင္ယူခြင့္ရရွိေရး

အမ်ားျပည္သူအက်ိဳးျပဳမည့္ လူငယ္လူ႐ြယ္မ်ား၏ ပညာရည္ျမင့္မားေရးအတြက္ မ်ားစြာေသာအခ်ိန္မ်ားအသုံးျပဳၿပီး

စြမ္းစြမ္းတမံ ေဆာင္႐ြက္ေနသူ နည္းပညာသက္ေမြးပညာက႑တြင္ အစိုးရနည္းပညာအထက္တန္းေက်ာင္းဘားအံအျပင္

အသစ္ထပ္မံဖြင့္လွစ္သင္ၾကားမည့္ အစိုးရနည္းပညာ အထက္တန္းေက်ာင္း သံေတာင္ႀကီး

အစိုးရစက္မႈလက္မႈသိပၸံ ဘားအံ၊ အစိုးရစက္မႈလက္မႈသိပၸံ ေကာ့ကရိတ္ တည္ေဆာက္ေရးလုပ္ငန္းမ်ားအား တာဝန္ခံေဆာင္႐ြက္ေနသူ

မသန္ေသာ္လည္းစြမ္းသူမ်ား၊ ပညာေရးလမ္းေၾကာင္းေပၚမွလမ္းလြဲေနသူလူငယ္မ်ားသာမက တိုင္းရင္းသား ထိန္းခ်ဳပ္နယ္ေျမအတြင္ းရွိလူငယ္မ်ားပါမက်န္

လက္လွမ္းမွီေသာ သက္ေမြးပညာရပ္ကို သင္ယူခြင့္ရရွိေအာင္ေဆာင္႐ြက္ေပးသူ၊

လူငယ္လူ႐ြယ္မ်ား၏ ပညာရည္ျမင့္မားေရးအတြက္အစိုးရအဖြဲ႕အစည္းမ်ား NGO, INGO မ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္ေနသူ

လိုအပ္ခ်က္ေၾကာင့္ ကရင္ျပည္နယ္အတြင္းရွိ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ဘားအံ)ႏွင့္ မြန္ျပည္နယ္အတြင္းရွိ

အစိုးရစက္မႈလက္မႈသိပၸံ (ေမာ္လၿမိဳင္)တြင္ ေက်ာင္းအုပ္ႀကီးတာဝန္အားပူးတြဲတာဝန္ထမ္းေဆာင္ခဲ့သူ ေဒသတြင္းရွိအမ်ိဳးသမီးမ်ားအတြက္လည္း

ပညာေရးစီးပြားေရး လူမႈေရးပါမက်န္ အသင္းအဖြဲ႕မ်ားဆက္စပ္ေနေသာ အသိပညာရွင္ အတတ္ပညာရွင္မ်ားႏွင့္အတူ အားသြန္ခြန္စိုက္

တက္ႂကြလႈပ္ရွားသူ ဒါနအရာမွာလည္း လက္မေႏွးဘဲ အၿမဲပါရမီျဖည့္ေနသူ မီးခိုးတိတ္စက္႐ုံလို ေဟာ္တယ္ႏွင့္ခရီးသြားလုပ္ငန္းေတြ

ေဒသထြက္ကုန္ေတြ၊ ႐ိုးရာအစားအစာေတအတြက္လည္း အခြင့္အလမ္းေတြ ႀကိဳးပမ္းေဖာ္ထုတ္ေပးေနသူ

အမ်ိဳးမ်ိဳးအေထြေထြေသာလုပ္ငန္းတာဝန္ေတြၾကားမွာ မိသားစုအတြက္လည္း မလစ္ဟင္းရေအာင္ အခ်ိန္ေပးဖို႔မေမ့ေလ်ာ့သူ

မတရားေခၚေဆာင္ဖို႔ႀကိဳးစားေနၾကခ်ိန္မွာေတာင္ အၿပဳံးမပ်က္ အလွျပင္လိုက္ဖို႔မေမ့တဲ့တည္ၿငိမ္သူ၊

၅.၂.၂၀၂၁ ေဒါက္တာခ်ိဳယုမြန္ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ဘားအံ) CDMကိစၥႏွင့္ ေမးျမန္းရန္ေခၚေဆာင္ရာမွ

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ၅၀၅(ခ)ျဖင့္ မတရားအမႈဖြင့္ကာ တရားစြဲခံရမႈျဖစ္စဥ္

အစိုးရနည္းပညာအထက္တန္းေက်ာင္း ဘားအံေက်ာင္းဝင္းအတြင္းသို႔ ညေန ၂:၅၆ နာရီအခ်ိန္တြင္

ဘားအံၿမိဳ႕မရဲစခန္းမွ ေရွ႕ေျပးယာဥ္ ၁ စီး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ဦးတင္ထြန္းေအာင္ဦးဆာင္လာေသာ ရဲတပ္ဖြဲ႕ဝင္စီးနင္းလာေသာယာဥ္ ၂ စီး

ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေဇထက္ေအာင္ လိုက္ပါလာေသာယာဥ္ ၁ စီး

ရပ္ ေက်းအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္မိရပ္ဖမ်ားလိုက္ပါလာေသာယာဥ္ ၂ စီး စုစုေပါင္းယာဥ္ ၆ စီးပါလွ်က္ေက်ာင္းအုပ္ႀကီးေနအိမ္သို႔ ေရာက္ရွိလာပါသည္။

အေၾကာင္းမွာ ၅.၂.၂၀၂၁ ရက္ေန႔ နံနက္ပိုင္းတြင္ အစိုရနည်းပညာအထက္တန္းေက်ာင္း ဘားအံေက်ာင္းဝင္းအတြင္းျပဳလုပ္ေသာ

ဖဲႀကိဳးနီလႈပ္ရွားမႈႏွင့္ပတ္သက္၍ ကရင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးေစာျမင့္ဦးမွ ေတြ႕ဆုံေမးျမန္းလိုပါသျဖင့္ ျပည္နယ္႐ုံးသို႔ အသာတၾကည္လိုက္ပါေပးရန္ျဖစ္ၿပီး

အေၾကာင္းအရာအေသးစိတ္ကို ေျပာျပပါရန္ ေက်ာင္းအုပ္ဆရာမႀကီး ေဒါက္တာခ်ိဳယုမြန္မွ ေမးျမန္းလည္း တိက်ရွင္းလင္းေသာ အေျဖေပးႏိုင္ျခင္း မရွိခဲ့ပါ။

ျပည္သူ႔ဝန္ထမ္းျဖစ္ေသ ာေဒါက္တာခ်ိဳယုမြန္မွ ျပည္သူ႔လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးအား အဓိကထားေဆာင္႐ြက္ေနေသာ

အဖြဲ႕အစည္းျဖစ္သည့္ ရဲတပ္ဖြဲ႕အား ေလးစားယုံၾကည္စြာျဖင့္ ညေန ၃း၂၅ နာရီအခ်ိန္တြင္ လာေရာက္ေခၚေဆာင္ေသာ ရဲတပ္ဖြဲ႕ဝင္စီးနင္းရာ

ယာဥ္ေပၚလိုက္ပါ၍ ေက်ာင္းမွဆရာ ၄ ဦးမိသားစုဝင္ ၁ ဦးမွာ ေက်ာင္းကားျဖင့္လိုက္ပါလွ်က္ စုစုေပါင္းယာဥ္ ၇ စီးျဖင့္ေတြ႕ဆုံရန္ ေက်ာင္းမွထြက္ခြာခဲ့ပါသည္။

ထိုသို႔ေခၚေဆာင္သြားရာတြင္ ကရင္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးေစာျမင့္ဦးႏွင့္ ေတြ႕ဆုံရန္မဟုတ္ဘဲ

ၿမိဳ႕မရဲစခန္းအတြင္းသို႔ ေခၚေဆာင္ထိန္းသိမ္းထားၿပီး ဘားအံၿမိဳ႕မရဲ႕စခန္းမွ စခန္းမႉးဦးေဆာင္လွ်က္ ရဲ ကားျဖင့္ ၿမိဳ႕နယ္တရား႐ုံးသို႔

ညေန ၄:၄၅ မိနစ္အခ်ိန္တြင္ ထပ္မံပို႔ေဆာင္ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွ တရားလိုျပဳလုပ္ကာ ပုဒ္မ၅၀၅(ခ) ႏိုင္ငံေတာ္

အၾကည္ညိဳပ်က္ေစမႈျဖင့္ရီမန္ရယူကာ ဘားအံၿမိဳ႕အက်ဥ္းေထာင္တြင္ ထိန္းသိမ္းခ်ဳပ္ေႏွာင္ထားခဲ့ျခင္းျဖစ္ပါသည္။

ျပည္နယ္အက်ိဳးအမ်ားအက်ိဳး လူငယ္မ်ားအက်ိဳး ကိုအားသြန္ခြန္စိုက္ပံ့ပိုးေဆာင္႐ြက္ေနသူအားပုဒ္မ ၅၀၅(ခ) ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္

တရားမွ်တမႈကိုလစ္လ်ဴရႈကာ တရားစြဲဆိုသူမ်ား၏ စီမံအုပ္ခ်ဳပ္မႈကို သံသယျဖစ္႐ုံမွ်မက ျပင္းစြာရႈတ္ခ်အပ္ပါသည္။

၁၇.၂.၂၀၂၁ ပထမအႀကိမ္႐ုံးခ်ိန္းကို ႐ုံးထုတ္ျခင္းမရွိဘဲ video conferencingျဖင့္ျပဳလုပ္ခဲ့သည္။

ေရွ႕ေနျဖင့္ေတြ႕ခြင့္မရ ဒုတိယအႀကိမ္႐ုံးခ်ိန္းကို ၃.၃.၂၀၂၁ တြင္ထပ္မံခ်ိန္းဆိုခဲ့သည္။

၃.၃.၂၀၂၁ ဒုတိယအႀကိမ္႐ုံးခ်ိန္းကိုလည္း ႐ုံးထုတ္ျခင္းမရွိဘဲ video conferencing တြင္ ေရွ႕ေနျဖင့္ေတြခြင့္ရၿပီး တတိယအႀကိမ္႐ုံးခ်ိန္းကို ၁၆.၃.၂၀၂၁တြင္ထပ္မံခ်ိန္းဆိုခဲ့သည္။

၁၆.၃.၂၀၂၁ တြင္တတိယအႀကိမ္ေျမာက္႐ုံးခ်ိန္းကို ေတာင္ကေလးအက်ဥ္းေထာင္၌ယာယီတရား႐ုံးျပင္ဆင္ကာ႐ုံးထုတ္ခဲ့ပါသည္

၃၀.၃.၂၀၂၁ တြင္ စတုတၳအႀကိမ္ေျမာက္႐ုံးခ်ိန္းကို ေတာင္ကေလးအက်ဥ္းေထာင္ ယာယီတရား႐ုံး၌ ႐ုံးထုတ္ခဲ့ပါသည္။

၇.၄.၂၀၂၁ တြင္ပၪၥမအႀကိမ္ေျမာက္႐ုံးခ်ိန္းကို ေတာင္ကေလးအက်ဥ္းေထာင္ယာယီတရား႐ုံး၌ ႐ုံးထုတ္ခဲ့ပါသည္။

၂၀.၄.၂၀၂၁ တြင္ ဆ႒မေျမာက္႐ုံးခ်ိန္းကို ေတာင္ကေလးအက်ဥ္းေထာင္ယာယီတရား႐ုံး၌ ႐ုံးထုတ္ခဲ့ပါသည္။

၂၆.၄ ၂၀၂၁ တြင္ သတၱမအႀကိမ္ေျမာက္႐ုံးခ်ိန္းကို ေတာင္ကေလးအက်ဥ္းေထာင္ ယာယီတရား႐ုံး၌႐ုံးထုတ္ခဲ့ပါသည္။

၅.၅.၂၀၂၁ တြင္ အ႒မအႀကိမ္ေျမာက္႐ုံးခ်ိန္းကို ေတာင္ကေလးအက်ဥ္းေထာင္ယာယီတရား႐ုံး၌႐ုံးထုတ္ခဲ့ပါသည္။

၁၂.၅.၂၀၂၁ နဝမအႀကိမ္ေျမာက္႐ုံးခ်ိန္းကို ေတာင္ကေလးအက်ဥ္းေထာင္ယာယီတရား႐ုံး၌႐ုံးထုတ္ပါသည္။

တရားစြဲဆိုထားေသာ ပုဒ္မ၅၀၅(ခ)ျဖင့္ စစ္ေဆးကာ စီရင္ခ်က္အမိန႔္ခ်မွတ္ပါသည္။

ဆရာမႀကီး ေဒါက္တာခ်ိဳယုမြန္ကို ဘားအံအက်ဥ္းေထာင္မွာ အလုပ္နဲ႔ ေထာင္ဒါဏ္ ၂ ႏွစ္ခ်မွတ္လိုက္ပါၿပီ။

Credit Ma

Unicode

၁၂.၅.၂၀၂၁ မှာ ဆရာမကြီး ဒေါက်တာချိုယုမွန်ကို ဘားအံအကျဉ်းထောင်မှာ အလုပ်နဲ့ ထောင်ဒါဏ် ၂ နှစ်ချမှတ်လိုက်ပါပြီ။

ယုံကြည်ရာအတွက် အဆုံးစွန်းတိုင် ကိုယ်ကျိုးမငဲ့ဘဲ လျှောက်လှမ်းခဲ့တဲ့အတွက် လေးစားဂုဏ်ယူရပါတယ်ခင်ဗျ။

၄ နှစ်တာကာလအတွင်း ကျွန်တော်သိသော အစိုးရနည်းပညာအထက်တန်းကျောင်း ဘားအံကျောင်းအုပ်ဆရာမကြီး ဒေါက်တာချိုယုမွန်သည်

ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိရေး သက်မွေးပညာရပ်များ သင်ယူခွင့်ရရှိရေး

အများပြည်သူအကျိုးပြုမည့် လူငယ်လူရွယ်များ၏ ပညာရည်မြင့်မားရေးအတွက် များစွာသောအချိန်များအသုံးပြုပြီး

စွမ်းစွမ်းတမံ ဆောင်ရွက်နေသူ နည်းပညာသက်မွေးပညာကဏ္ဍတွင် အစိုးရနည်းပညာအထက်တန်းကျောင်းဘားအံအပြင်

အသစ်ထပ်မံဖွင့်လှစ်သင်ကြားမည့် အစိုးရနည်းပညာ အထက်တန်းကျောင်း သံတောင်ကြီး

အစိုးရစက်မှုလက်မှုသိပ္ပံ ဘားအံ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကော့ကရိတ် တည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ခံဆောင်ရွက်နေသူ

မသန်သော်လည်းစွမ်းသူများ၊ ပညာရေးလမ်းကြောင်းပေါ်မှလမ်းလွဲနေသူလူငယ်များသာမက တိုင်းရင်းသား ထိန်းချုပ်နယ်မြေအတွင် းရှိလူငယ်များပါမကျန်

လက်လှမ်းမှီသော သက်မွေးပညာရပ်ကို သင်ယူခွင့်ရရှိအောင်ဆောင်ရွက်ပေးသူ၊

လူငယ်လူရွယ်များ၏ ပညာရည်မြင့်မားရေးအတွက်အစိုးရအဖွဲ့အစည်းများ NGO, INGO များနှင့်ပူးပေါင်းဆောင်ရွက်နေသူ

လိုအပ်ချက်ကြောင့် ကရင်ပြည်နယ်အတွင်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)နှင့် မွန်ပြည်နယ်အတွင်းရှိ

အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)တွင် ကျောင်းအုပ်ကြီးတာဝန်အားပူးတွဲတာဝန်ထမ်းဆောင်ခဲ့သူ ဒေသတွင်းရှိအမျိုးသမီးများအတွက်လည်း

ပညာရေးစီးပွားရေး လူမှုရေးပါမကျန် အသင်းအဖွဲ့များဆက်စပ်နေသော အသိပညာရှင် အတတ်ပညာရှင်များနှင့်အတူ အားသွန်ခွန်စိုက်

တက်ကြွလှုပ်ရှားသူ ဒါနအရာမှာလည်း လက်မနှေးဘဲ အမြဲပါရမီဖြည့်နေသူ မီးခိုးတိတ်စက်ရုံလို ဟော်တယ်နှင့်ခရီးသွားလုပ်ငန်းတွေ

ဒေသထွက်ကုန်တွေ၊ ရိုးရာအစားအစာတေအတွက်လည်း အခွင့်အလမ်းတွေ ကြိုးပမ်းဖော်ထုတ်ပေးနေသူ

အမျိုးမျိုးအထွေထွေသောလုပ်ငန်းတာဝန်တွေကြားမှာ မိသားစုအတွက်လည်း မလစ်ဟင်းရအောင် အချိန်ပေးဖို့မမေ့လျော့သူ

မတရားခေါ်ဆောင်ဖို့ကြိုးစားနေကြချိန်မှာတောင် အပြုံးမပျက် အလှပြင်လိုက်ဖို့မမေ့တဲ့တည်ငြိမ်သူ၊

၅.၂.၂၀၂၁ ဒေါက်တာချိုယုမွန် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) CDMကိစ္စနှင့် မေးမြန်းရန်ခေါ်ဆောင်ရာမှ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)ဖြင့် မတရားအမှုဖွင့်ကာ တရားစွဲခံရမှုဖြစ်စဉ်

အစိုးရနည်းပညာအထက်တန်းကျောင်း ဘားအံကျောင်းဝင်းအတွင်းသို့ ညနေ ၂:၅၆ နာရီအချိန်တွင်

ဘားအံမြို့မရဲစခန်းမှ ရှေ့ပြေးယာဉ် ၁ စီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးတင်ထွန်းအောင်ဦးဆာင်လာသော ရဲတပ်ဖွဲ့ဝင်စီးနင်းလာသောယာဉ် ၂ စီး

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင် လိုက်ပါလာသောယာဉ် ၁ စီး

ရပ် ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများလိုက်ပါလာသောယာဉ် ၂ စီး စုစုပေါင်းယာဉ် ၆ စီးပါလျှက်ကျောင်းအုပ်ကြီးနေအိမ်သို့ ရောက်ရှိလာပါသည်။

အကြောင်းမှာ ၅.၂.၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် အစိုရနညျးပညာအထက်တန်းကျောင်း ဘားအံကျောင်းဝင်းအတွင်းပြုလုပ်သော

ဖဲကြိုးနီလှုပ်ရှားမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးမှ တွေ့ဆုံမေးမြန်းလိုပါသဖြင့် ပြည်နယ်ရုံးသို့ အသာတကြည်လိုက်ပါပေးရန်ဖြစ်ပြီး

အကြောင်းအရာအသေးစိတ်ကို ပြောပြပါရန် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာချိုယုမွန်မှ မေးမြန်းလည်း တိကျရှင်းလင်းသော အဖြေပေးနိုင်ခြင်း မရှိခဲ့ပါ။

ပြည်သူ့ဝန်ထမ်းဖြစ်သေ ာဒေါက်တာချိုယုမွန်မှ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအား အဓိကထားဆောင်ရွက်နေသော

အဖွဲ့အစည်းဖြစ်သည့် ရဲတပ်ဖွဲ့အား လေးစားယုံကြည်စွာဖြင့် ညနေ ၃း၂၅ နာရီအချိန်တွင် လာရောက်ခေါ်ဆောင်သော ရဲတပ်ဖွဲ့ဝင်စီးနင်းရာ

ယာဉ်ပေါ်လိုက်ပါ၍ ကျောင်းမှဆရာ ၄ ဦးမိသားစုဝင် ၁ ဦးမှာ ကျောင်းကားဖြင့်လိုက်ပါလျှက် စုစုပေါင်းယာဉ် ၇ စီးဖြင့်တွေ့ဆုံရန် ကျောင်းမှထွက်ခွာခဲ့ပါသည်။

ထိုသို့ခေါ်ဆောင်သွားရာတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် တွေ့ဆုံရန်မဟုတ်ဘဲ

မြို့မရဲစခန်းအတွင်းသို့ ခေါ်ဆောင်ထိန်းသိမ်းထားပြီး ဘားအံမြို့မရဲ့စခန်းမှ စခန်းမှူးဦးဆောင်လျှက် ရဲ ကားဖြင့် မြို့နယ်တရားရုံးသို့

ညနေ ၄:၄၅ မိနစ်အချိန်တွင် ထပ်မံပို့ဆောင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ ပုဒ်မ၅၀၅(ခ) နိုင်ငံတော်

အကြည်ညိုပျက်စေမှုဖြင့်ရီမန်ရယူကာ ဘားအံမြို့အကျဉ်းထောင်တွင် ထိန်းသိမ်းချုပ်နှောင်ထားခဲ့ခြင်းဖြစ်ပါသည်။

ပြည်နယ်အကျိုးအများအကျိုး လူငယ်များအကျိုး ကိုအားသွန်ခွန်စိုက်ပံ့ပိုးဆောင်ရွက်နေသူအားပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်

တရားမျှတမှုကိုလစ်လျူရှုကာ တရားစွဲဆိုသူများ၏ စီမံအုပ်ချုပ်မှုကို သံသယဖြစ်ရုံမျှမက ပြင်းစွာရှုတ်ချအပ်ပါသည်။

၁၇.၂.၂၀၂၁ ပထမအကြိမ်ရုံးချိန်းကို ရုံးထုတ်ခြင်းမရှိဘဲ video conferencingဖြင့်ပြုလုပ်ခဲ့သည်။

ရှေ့နေဖြင့်တွေ့ခွင့်မရ ဒုတိယအကြိမ်ရုံးချိန်းကို ၃.၃.၂၀၂၁ တွင်ထပ်မံချိန်းဆိုခဲ့သည်။

၃.၃.၂၀၂၁ ဒုတိယအကြိမ်ရုံးချိန်းကိုလည်း ရုံးထုတ်ခြင်းမရှိဘဲ video conferencing တွင် ရှေ့နေဖြင့်တွေခွင့်ရပြီး တတိယအကြိမ်ရုံးချိန်းကို ၁၆.၃.၂၀၂၁တွင်ထပ်မံချိန်းဆိုခဲ့သည်။

၁၆.၃.၂၀၂၁ တွင်တတိယအကြိမ်မြောက်ရုံးချိန်းကို တောင်ကလေးအကျဉ်းထောင်၌ယာယီတရားရုံးပြင်ဆင်ကာရုံးထုတ်ခဲ့ပါသည်

၃၀.၃.၂၀၂၁ တွင် စတုတ္ထအကြိမ်မြောက်ရုံးချိန်းကို တောင်ကလေးအကျဉ်းထောင် ယာယီတရားရုံး၌ ရုံးထုတ်ခဲ့ပါသည်။

၇.၄.၂၀၂၁ တွင်ပဉ္စမအကြိမ်မြောက်ရုံးချိန်းကို တောင်ကလေးအကျဉ်းထောင်ယာယီတရားရုံး၌ ရုံးထုတ်ခဲ့ပါသည်။

၂၀.၄.၂၀၂၁ တွင် ဆဋ္ဌမမြောက်ရုံးချိန်းကို တောင်ကလေးအကျဉ်းထောင်ယာယီတရားရုံး၌ ရုံးထုတ်ခဲ့ပါသည်။

၂၆.၄ ၂၀၂၁ တွင် သတ္တမအကြိမ်မြောက်ရုံးချိန်းကို တောင်ကလေးအကျဉ်းထောင် ယာယီတရားရုံး၌ရုံးထုတ်ခဲ့ပါသည်။

၅.၅.၂၀၂၁ တွင် အဋ္ဌမအကြိမ်မြောက်ရုံးချိန်းကို တောင်ကလေးအကျဉ်းထောင်ယာယီတရားရုံး၌ရုံးထုတ်ခဲ့ပါသည်။

၁၂.၅.၂၀၂၁ နဝမအကြိမ်မြောက်ရုံးချိန်းကို တောင်ကလေးအကျဉ်းထောင်ယာယီတရားရုံး၌ရုံးထုတ်ပါသည်။

တရားစွဲဆိုထားသော ပုဒ်မ၅၀၅(ခ)ဖြင့် စစ်ဆေးကာ စီရင်ချက်အမိန့်ချမှတ်ပါသည်။

ဆရာမကြီး ဒေါက်တာချိုယုမွန်ကို ဘားအံအကျဉ်းထောင်မှာ အလုပ်နဲ့ ထောင်ဒါဏ် ၂ နှစ်ချမှတ်လိုက်ပါပြီ။

Credit Ma