Zawgyi













crd-original

Unicode

CDMကျောင်းသားလူငယ် တွေအတွက် အချိန်ပိုင်းအလုပ် တွေစီစဉ်ပေးဖို့ ကြိုးစားနေ တဲ့အကြောင်း ပြောပြလာတဲ့ Beauty Blogger Teddy

ပရိတ်သတ်ကြီးရေBeauty By TeddyTeddy ကတော့ မြန်မာပြည်က Beauty Blogger တွေထဲမှ ာအငယ်ဆုံး Blogger တစ်ယောက်ပါ။

ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တာကြောင့် သူ့ကို အားပေးကြသူတွေလည်း များပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ Teddy ဆိုတဲ့ BeautyBlogger ကောင်လေး ရဲ့pageမှာ‌

တော့ follower 180k ကျော်ရှိပါတယ်။သူ့ရဲ့ skincare လုပ်တာတွေ နဲ့make uplooks တွေက တော်တော်လေး မိုက်တာကြောင့် Teddyကလည်း

နာမည်ကြီး Blogger တစ်ယောက် ဖြစ်လာပါတယ်။ Teddy က ငယ်ငယ်ရွယ်ရွယ်နဲ့confidentရှိတာကြောင့်လည်း အခုနောက်ပိုင်းမှာ တော်တော်လေး

လူစိတ်ဝင်စားခံရတဲ့ Blogger တစ်ယောက်ပါ။Teddyဟာဆိုရင် လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူတစ်သားတည်း

အမှန်တရားဘက်ကရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှုမှာတက်တက် ကြွကြွပါဝင်ခဲ့ယုံသာမကစားဝတ်နေရေးအခက်အခဲ

ဖြစ်နေတဲ့ပြည်သူတွေကိုလည်းသူတတ်နိုင်သလောက်လှူဒါန်းထောက်ပံ့ပေးနေ တာကိုလည်းတွေ့ရပါသေးတယ်နော်..။ မနေ့ညကလည်း Teddyရဲ့ လူမှုကွန်ယက်စာမျက်နှာ

တွင် CDMပြုလုပ်ပြီး ကျောင်းမတက်ကြတဲ့ ကျောင်းသားလုငယ်များအတွက် အချိန်ပိုင်းအလုပ်တွေစီစဉ်ပေးနိုင်အောင် ကြိုးစားနေတဲ့အကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။

CDM ကျောင်းသူ ၊ ကျောင်းသားတွေကို Partime Job တွေစီစဉ်ပေးနိုင်အောင် ကြိုးစားပေးပါ့မယ် ခနစောင့်ပေးပါ Teddy အလုပ်ပြန်စတာနဲ့ လူငယ်တွေ နဲ့

အတူအလုပ်လုပ်ချင်ပါတယ် ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ရေးသား လာတာပဲဖြစ်ပါတယ်။ Teddyကိုယ်တိုင်ကလည်း

ဒသမတန်းတက်ရောက်မည့် CDM‌ ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။

crd-original