Zawgyi

ကိုယ္ပိုင္အလွတရားတိုင္းဟာတန္ဖိုးရွိေၾကာင္းျပသႏိုင္ဖို႔ ရင္ဘတ္ေပၚက အမာ႐ြတ္ေတြကို မဖုံးကြယ္ဘဲ ရဲရဲဝံ့ဝံ့ေဖာ္ျပခဲ့တဲ့ သူဇာဝင့္လြင္

Miss Universe Myanmar သူဇာဝင့္လြင္ဟာ အလွတရားေရာ အရည္အခ်င္းပါျပည့္စုံသူ တစ္ေယာက္ပါ။ သူမအသက္ (၁၉) ႏွစ္အ႐ြယ္မွာ ရင္သားမွာအဆီႀကိတ္

စတင္ေတြ႕ရွိခဲ့ၿပီး အခ်ိန္မီမခြဲစိတ္ပါက ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ရွိတာေၾကာင့္ အျမန္ခြဲစိတ္ခဲ့ရပါတယ္။ ခြဲစိတ္ထားတဲ့ အမာ႐ြတ္ကေနတဆင့္ အလာ့ဂ်စ္ေတြ

ျဖစ္လာခဲ့ၿပီးေနာက္ အရင္ထက္ပိုႀကီးတဲ့ အမာ႐ြတ္တစ္ခု ျဖစ္သြားခဲ့ပါတယ္။ ေမာ္ဒယ္လုပ္ငန္းေတြစတင္လုပ္ကိုင္တဲ့အခ်ိန္မွာ ဒီအမာ႐ြတ္ကို ေလဆာနဲ႔ဖ်က္ပစ္ဖို႔

လုပ္ခဲ့ေပမယ့္ အေရျပားေပၚကအမာ႐ြတ္တစ္ခုဟာ သူမရဲ႕အရည္အခ်င္းနဲ႔ ႀကိဳးစားမႈေတြကို ရပ္တန႔္ပစ္ႏိုင္မွာ မဟုတ္တာေၾကာင့္ ဖ်က္ပစ္မယ့္ အစီအစဥ္ကို ရပ္တန႔္လိုက္ပါတယ္။

Miss Universe Myanmar အျဖစ္ေ႐ြးခ်ယ္ခံရစဥ္တုန္းကလည္း မိသားစုေတြဂုဏ္ယူရတဲ့သမီးေလး ျဖစ္ခဲ့သလို အမ်ိဳးသမီးေတြအတြက္လည္း အသိပညာေပးႏိုင္တဲ့ Miss

တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ၿပိဳင္ပြဲမဝင္ခင္ေရာ ဝင္ေနစဥ္မွာေရာ အခက္အခဲေတြမ်ိဳးစုံ ေတြ႕ႀကဳံခဲ့ရေပမယ့္ စိတ္ဓာတ္က်မေနဘဲ ျဖစ္လာတဲ့အခက္အခဲေတြအေပၚမွာ

သင္ခန္းစာယူၿပီး အရင္ကထက္ပိုတဲ့ ႀကိဳးစားမႈေတြနဲ႔ အားလုံးရဲ႕ ေရွ႕ကိုအၿပဳံးမပ်က္ထြက္လာခဲ့ပါတယ္။ Miss Universe National Costume ပြဲအတြက္ အဓိက

စီစဥ္ထားတဲ့ဝတ္စုံေရာက္မလာခဲ့ေပမယ့္ ခ်င္း႐ိုးရာဝတ္စုံနဲ႔ ယွဥ္ၿပိဳင္ခဲ့ၿပီး ျမန္မာျပည္အတြက္ ရတဲ့ဖက္က Speak Out လုပ္သြားခဲ့ပါေသးတယ္။

ဒီေန႔မွာလည္း သူမရဲ႕အျပာေရာင္ Bikini ဝတ္စုံေလးနဲ႔ လွရက္လြန္းတဲ့ပုံရိပ္ေတြနဲ႔အတူ အမ်ိဳးသမီးတိုင္းဟာ ကိုယ္ပိုင္အလွတရားရွိေၾကာင္းနဲ႔ ဒီအလွတရားကိုတန္ဖိုးထားဖို႔

လိုေၾကာင္း ေျပာျပခဲ့ပါတယ္။ မတူညီတဲ့ ခႏၶာကိုယ္အခ်ိဳးအစားေတြကို ရႈံ႕ခ်ေနဖို႔မလိုဘဲ ရွိရင္းစြဲအလွတရားကို လက္ခံၿပီးခ်ီးမြန္းေပးဖို႔လိုတယ္လို႔ ဆိုပါတယ္။ သူမကိုယ္တိုင္

လည္း ရင္ဘတ္ကအမာ႐ြတ္ကိုမဖုံးကြယ္ဘဲ ရဲရဲဝံ့ဝံ့ေဖာ္ျပခဲ့ပါတယ္။ ကိုယ္တိုင္ရဲ႕ အေတြ႕အႀကဳံနဲ႔ ယွဥ္ၿပီး အမ်ိဳးသမီးေတြအတြက္

အသိပညာေပးတတ္တဲ့ Miss Universe Myanmar ေလးကို ပြဲစဥ္တစ္ေလွ်ာက္အားေပးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

crd-original

Unicode

ကိုယ်ပိုင်အလှတရားတိုင်းဟာတန်ဖိုးရှိကြောင်းပြသနိုင်ဖို့ ရင်ဘတ်ပေါ်က အမာရွတ်တွေကို မဖုံးကွယ်ဘဲ ရဲရဲဝံ့ဝံ့ဖော်ပြခဲ့တဲ့ သူဇာဝင့်လွင်

Miss Universe Myanmar သူဇာဝင့်လွင်ဟာ အလှတရားရော အရည်အချင်းပါပြည့်စုံသူ တစ်ယောက်ပါ။ သူမအသက် (၁၉) နှစ်အရွယ်မှာ ရင်သားမှာအဆီကြိတ်

စတင်တွေ့ရှိခဲ့ပြီး အချိန်မီမခွဲစိတ်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေရှိတာကြောင့် အမြန်ခွဲစိတ်ခဲ့ရပါတယ်။ ခွဲစိတ်ထားတဲ့ အမာရွတ်ကနေတဆင့် အလာ့ဂျစ်တွေ

ဖြစ်လာခဲ့ပြီးနောက် အရင်ထက်ပိုကြီးတဲ့ အမာရွတ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ မော်ဒယ်လုပ်ငန်းတွေစတင်လုပ်ကိုင်တဲ့အချိန်မှာ ဒီအမာရွတ်ကို လေဆာနဲ့ဖျက်ပစ်ဖို့

လုပ်ခဲ့ပေမယ့် အရေပြားပေါ်ကအမာရွတ်တစ်ခုဟာ သူမရဲ့အရည်အချင်းနဲ့ ကြိုးစားမှုတွေကို ရပ်တန့်ပစ်နိုင်မှာ မဟုတ်တာကြောင့် ဖျက်ပစ်မယ့် အစီအစဉ်ကို ရပ်တန့်လိုက်ပါတယ်။

Miss Universe Myanmar အဖြစ်ရွေးချယ်ခံရစဉ်တုန်းကလည်း မိသားစုတွေဂုဏ်ယူရတဲ့သမီးလေး ဖြစ်ခဲ့သလို အမျိုးသမီးတွေအတွက်လည်း အသိပညာပေးနိုင်တဲ့ Miss

တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမဝင်ခင်ရော ဝင်နေစဉ်မှာရော အခက်အခဲတွေမျိုးစုံ တွေ့ကြုံခဲ့ရပေမယ့် စိတ်ဓာတ်ကျမနေဘဲ ဖြစ်လာတဲ့အခက်အခဲတွေအပေါ်မှာ

သင်ခန်းစာယူပြီး အရင်ကထက်ပိုတဲ့ ကြိုးစားမှုတွေနဲ့ အားလုံးရဲ့ ရှေ့ကိုအပြုံးမပျက်ထွက်လာခဲ့ပါတယ်။ Miss Universe National Costume ပွဲအတွက် အဓိက

စီစဉ်ထားတဲ့ဝတ်စုံရောက်မလာခဲ့ပေမယ့် ချင်းရိုးရာဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပြည်အတွက် ရတဲ့ဖက်က Speak Out လုပ်သွားခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း သူမရဲ့အပြာရောင် Bikini ဝတ်စုံလေးနဲ့ လှရက်လွန်းတဲ့ပုံရိပ်တွေနဲ့အတူ အမျိုးသမီးတိုင်းဟာ ကိုယ်ပိုင်အလှတရားရှိကြောင်းနဲ့ ဒီအလှတရားကိုတန်ဖိုးထားဖို့

လိုကြောင်း ပြောပြခဲ့ပါတယ်။ မတူညီတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ရှုံ့ချနေဖို့မလိုဘဲ ရှိရင်းစွဲအလှတရားကို လက်ခံပြီးချီးမွန်းပေးဖို့လိုတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်

လည်း ရင်ဘတ်ကအမာရွတ်ကိုမဖုံးကွယ်ဘဲ ရဲရဲဝံ့ဝံ့ဖော်ပြခဲ့ပါတယ်။ ကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး အမျိုးသမီးတွေအတွက်

အသိပညာပေးတတ်တဲ့ Miss Universe Myanmar လေးကို ပွဲစဉ်တစ်လျှောက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

crd-original