Zawgyi

ရယ္စရာဟာသျပက္လုံးေတြနဲ႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္

မႈေတြကို အခိုင္အမာရရွိထားတဲ့ လူ႐ႊင္ေတာ္ၿငိမ္းခ်မ္းကေတာ့ သဘင္ေလာကမွာ ေအာင္ျမင္မႈေတြရရွိထားသူပဲ ျဖစ္ပါတယ္။

ဟာသ လူ႐ႊင္ေတာ္တစ္ေယာက္ျဖစ္သလို ဇာတ္ကားေတြလည္း မ်ားစြာ႐ိုက္ကူးထားတဲ့ ၿငိမ္းခ်မ္းကေတာ့ ပရဟိတအလုပ္

ေတြကိုလည္း လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္။ ၿငိမ္းခ်မ္းရဲ႕သမီးေခ်ာျဖစ္တဲ့ ေနျခည္ၿငိမ္းခ်မ္းကေတာ့ လူမွန္းသိ

တတ္စအ႐ြယ္ကတည္းက အေမေခၚစရာမရွိဘဲ အနားမွာအၿမဲရွိေနေပးေနတဲ့ ဖခင္ျဖစ္သူကို ေက်းဇူးတင္စကားဆိုလာပါတယ္။

အေမေခၚစရာမရွိေပမယ့္ အခုခ်ိန္ထိ အေဖေခၚခြင့္ရတာကိုကဘာနဲ႔မွမလဲႏိုင္တဲ့အေၾကာင္းေတြကို အေမမ်ားေန႔မွာ သူမရဲ႕

လူမႈကြန္ယက္ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ေရးသားေျပာျပထားတာ ျဖစ္ပါတယ္။ “အေမမ်ားေန႔ဆိုတာ သိလိုက္ရတဲ့ အခ်ိန္မွာေနာက္က်မွ သိ

လိုက္ရလို႔ စိတ္မေကာင္းျဖစ္သြားတယ္ ေမေမ…လူမွန္းသိထဲကေမေမေခၚစရာမရွိေပမယ့္ ေဖေဖက အၿမဲအနားမွာရွိေန

ေပးခဲ့လို႔ ေက်းဇူးပါေဖေဖ… ေမေမလို႔ေခၚ စရာမရွိေပမယ့္ ေဖေဖလို႔ အခုခ်ိန္ထိ ေခၚေနခြင့္

ရတာကိုက ဘာနဲ႔မွမလဲႏိုင္ပါဘူးေဖေဖ…အသက္ရွည္ရွည္နဲ႔က်န္းက်န္းမာမာ ေနေပးပါေဖေဖ…မရွိေတာ့တဲ့ ေမေမ့ကိုသတိရၿပီး

ရွိေနတဲ့ ေဖေဖနဲ႔ ရန္ခဏခဏျဖစ္ရတာလည္း ေပ်ာ္စရာတခုပါေဖေဖ…ခ်စ္တယ္ ေဖေဖနဲ႔ေမေမ…ေန႔ရက္တိုင္းဟာ အေဖမ်ား

ေန႔နဲ႔ အေမမ်ားေန႔ပါ ေဖေဖနဲ႔ေမေမ…မိဘရဲ႕ေက်းဇူးေတြကိုထာဝရဆပ္ခြင့္ရတဲ့သူ ျဖစ္ရပါေစ..”

ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ သူမရဲ႕ ပို႔စ္ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း သားအဖႏွစ္ေယာက္ရဲ႕ အမွတ္တရေတြ

ကို သေဘာက်ေနၾကသလို အားေပးစကားေတြလည္း ေျပာထားၾက တာ ေတြ႕ရပါတယ္။

Source & Photo Credit: Naychi

Unicode

ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်

မှုတွေကို အခိုင်အမာရရှိထားတဲ့ လူရွှင်တော်ငြိမ်းချမ်းကတော့ သဘင်လောကမှာ အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်။

ဟာသ လူရွှင်တော်တစ်ယောက်ဖြစ်သလို ဇာတ်ကားတွေလည်း များစွာရိုက်ကူးထားတဲ့ ငြိမ်းချမ်းကတော့ ပရဟိတအလုပ်

တွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရဲ့သမီးချောဖြစ်တဲ့ နေခြည်ငြိမ်းချမ်းကတော့ လူမှန်းသိ

တတ်စအရွယ်ကတည်းက အမေခေါ်စရာမရှိဘဲ အနားမှာအမြဲရှိနေပေးနေတဲ့ ဖခင်ဖြစ်သူကို ကျေးဇူးတင်စကားဆိုလာပါတယ်။

အမေခေါ်စရာမရှိပေမယ့် အခုချိန်ထိ အဖေခေါ်ခွင့်ရတာကိုကဘာနဲ့မှမလဲနိုင်တဲ့အကြောင်းတွေကို အမေများနေ့မှာ သူမရဲ့

လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ “အမေများနေ့ဆိုတာ သိလိုက်ရတဲ့ အချိန်မှာနောက်ကျမှ သိ

လိုက်ရလို့ စိတ်မကောင်းဖြစ်သွားတယ် မေမေ…လူမှန်းသိထဲကမေမေခေါ်စရာမရှိပေမယ့် ဖေဖေက အမြဲအနားမှာရှိနေ

ပေးခဲ့လို့ ကျေးဇူးပါဖေဖေ… မေမေလို့ခေါ် စရာမရှိပေမယ့် ဖေဖေလို့ အခုချိန်ထိ ခေါ်နေခွင့်

ရတာကိုက ဘာနဲ့မှမလဲနိုင်ပါဘူးဖေဖေ…အသက်ရှည်ရှည်နဲ့ကျန်းကျန်းမာမာ နေပေးပါဖေဖေ…မရှိတော့တဲ့ မေမေ့ကိုသတိရပြီး

ရှိနေတဲ့ ဖေဖေနဲ့ ရန်ခဏခဏဖြစ်ရတာလည်း ပျော်စရာတခုပါဖေဖေ…ချစ်တယ် ဖေဖေနဲ့မေမေ…နေ့ရက်တိုင်းဟာ အဖေများ

နေ့နဲ့ အမေများနေ့ပါ ဖေဖေနဲ့မေမေ…မိဘရဲ့ကျေးဇူးတွေကိုထာဝရဆပ်ခွင့်ရတဲ့သူ ဖြစ်ရပါစေ..”

ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သူမရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း သားအဖနှစ်ယောက်ရဲ့ အမှတ်တရတွေ

ကို သဘောကျနေကြသလို အားပေးစကားတွေလည်း ပြောထားကြ တာ တွေ့ရပါတယ်။

Source & Photo Credit: Naychi