Zawgyi

အင္ဒိုနီးရွားႏိုင္ငံ၊ အေရွ႕ဂ်ာကာတာရွိ Matraman ၿမိဳ႕မွာ ေနထိုင္တဲ့ အမ်ိဳးသမီးတစ္ဦးဟာ ႏွလုံးသားႏူးညံ့တဲ့ သူခိုးနဲ႔ ဆုံေတြ႕ခဲ့ပါတယ္။

မတ္လ ၃ရက္ေန႔ မွာ F ရဲ႕ ဆိုင္ကယ္ Honda Beat ကို ခိုးယူခံရတဲ့ အေၾကာင္းကို CCTV မွာ ေတြ႕ရွိခဲ့ပါတယ္။

ဗီဒီယိုဖိုင္တစ္ခုမွာ အစပိုင္းကေတာ့ သူခိုးက Kawasaki ကို ခိုးလိုေသာ္လည္း ခိုးလို႔မရတဲ့အတြက္ေၾကာင့္ Honda Beat ကို

ခိုးယူသြားခဲ့တယ္လို႔ Tribun News က ေဖာ္ျပခဲ့ပါတယ္။ F က ေမွ်ာ္လင့္ခ်က္လုံးဝမရွိေတာ့ေပမဲ့လည္း မတ္လ၆ရက္ေန႔မွာ သူမအိမ္ေရွ႕ကို

ေမာ္ေတာ္ဆိုင္ကယ္နဲ႔အတူ စာတစ္ေစာင္ပါခ်န္ထားၿပီး ျပန္လာပို႔ခဲ့ပါတယ္။စာထဲမွာ “ေတာင္းပန္ပါတယ္။သူေဌး ကြၽန္ေတာ္အမွား လုပ္မိပါတယ္”။

ဆိုတဲ့စာေစာင္ျဖစ္ပါတယ္။ Fဟာ သူမအႀကိဳက္ဆုံးဆိုင္ကယ္ကို ျပန္လာပို႔တဲ့အတြက္ေၾကာင့္ စိတ္သက္သာရာရၿပီး အရမ္းေပ်ာ္ခဲ့ပါတယ္။သို႔ေပမဲ့လည္း

သူမရဲ႕အျပာေရာင္ေမာ္ေတာ္ဆိုင္ကယ္ကို စတစ္ကာ အနီေရာင္ကာရံထားေၾကာင္း သူမသတိျပဳမိခဲ့ပါတယ္။

သူခိုးက ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းကို မသိေသးေပမဲ့လည္း မ်ားစြာေသာ အင္တာနက္အသုံးျပဳသူေတြက သူခိုးဟာ သူ႔ကို ရဲေတြ

စစ္ေဆးမွာကို စိုးရိမ္တဲ့အတြက္ေၾကာင့္ ဆိုင္ကယ္ျပန္လာထားတာေနမလို႔ ထင္ျမင္ၾကပါတယ္။

F ဟာ သူမရဲ႕ဆိုင္ကယ္ကို ျပန္လာထားတဲ့အတြက္ေၾကာင့္ အဲ့ဒီသူခိုးကို အရမ္းဘဲေက်းဇူးတင္မိမွာ အမွန္ပါ။

JRose (KB Chimmy)

Unicode

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာကာတာရှိ Matraman မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ နှလုံးသားနူးညံ့တဲ့ သူခိုးနဲ့ ဆုံတွေ့ခဲ့ပါတယ်။

မတ်လ ၃ရက်နေ့ မှာ F ရဲ့ ဆိုင်ကယ် Honda Beat ကို ခိုးယူခံရတဲ့ အကြောင်းကို CCTV မှာ တွေ့ရှိခဲ့ပါတယ်။

ဗီဒီယိုဖိုင်တစ်ခုမှာ အစပိုင်းကတော့ သူခိုးက Kawasaki ကို ခိုးလိုသော်လည်း ခိုးလို့မရတဲ့အတွက်ကြောင့် Honda Beat ကို

ခိုးယူသွားခဲ့တယ်လို့ Tribun News က ဖော်ပြခဲ့ပါတယ်။ F က မျှော်လင့်ချက်လုံးဝမရှိတော့ပေမဲ့လည်း မတ်လ၆ရက်နေ့မှာ သူမအိမ်ရှေ့ကို

မော်တော်ဆိုင်ကယ်နဲ့အတူ စာတစ်စောင်ပါချန်ထားပြီး ပြန်လာပို့ခဲ့ပါတယ်။စာထဲမှာ “တောင်းပန်ပါတယ်။သူဌေး ကျွန်တော်အမှား လုပ်မိပါတယ်”။

ဆိုတဲ့စာစောင်ဖြစ်ပါတယ်။ Fဟာ သူမအကြိုက်ဆုံးဆိုင်ကယ်ကို ပြန်လာပို့တဲ့အတွက်ကြောင့် စိတ်သက်သာရာရပြီး အရမ်းပျော်ခဲ့ပါတယ်။သို့ပေမဲ့လည်း

သူမရဲ့အပြာရောင်မော်တော်ဆိုင်ကယ်ကို စတစ်ကာ အနီရောင်ကာရံထားကြောင်း သူမသတိပြုမိခဲ့ပါတယ်။

သူခိုးက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မသိသေးပေမဲ့လည်း များစွာသော အင်တာနက်အသုံးပြုသူတွေက သူခိုးဟာ သူ့ကို ရဲတွေ

စစ်ဆေးမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဆိုင်ကယ်ပြန်လာထားတာနေမလို့ ထင်မြင်ကြပါတယ်။

F ဟာ သူမရဲ့ဆိုင်ကယ်ကို ပြန်လာထားတဲ့အတွက်ကြောင့် အဲ့ဒီသူခိုးကို အရမ်းဘဲကျေးဇူးတင်မိမှာ အမှန်ပါ။

JRose (KB Chimmy)