Zawgyi

ဟားခါးၿမိဳ႕တြင္ ေဒသခံမ်ားဘက္က ဖမ္းဆီးထားသည့္ ယာဥ္ထိန္းရဲ အပါအ ဝင္ အဖမ္းခံရသူ ၄ ဦးႏွင့္ ဆႏၵျပသျဖင့္ အဖမ္းခံရသူမ်ားၾကား

ယေန႔တြင္ လဲ လွယ္ႏိုင္ေရး ေဒသခံမ်ားဘက္က ေစာင့္ဆိုင္းလ်က္ရွိေၾကာင္း သိရသည္။ဟားခါးၿမိဳ႕တြင္ ယေန႔ ရက္ပိုင္းအတြင္း

ဖမ္းဆီးခဲ့သည့္ ယာဥ္ထိန္း ရဲတပ္ဖြဲ႕ မွ ျပည္နယ္ ရဲမႉး ဦးစိုးလြင္၊ ဒုရဲမႉး ဦးစိုးဝင္း သန္း၊ ဒုရဲအုပ္ ဦးဆုန္းကီးႏွင့္

အရပ္သား ဦးစိုင္းထြန္းတို႔ကို ဒလန္ဆိုသည့္ ေခါင္းစဥ္ေအာက္တြင္ ေဒသခံမ်ားဘက္က ထိန္းသိမ္းထားသည္။“ယာဥ္ထိန္းရဲေတြကို

ဖမ္းထားတာလည္း ဟုတ္တယ္။ ဒီေန႔ ည ၈ နာရီမွ က်ေနာ္တို႔လူေတြ လြတ္မလာဘူးဆိုရင္ တခုခု လုပ္မယ့္သေဘာ ရွိတယ္။

မေန႔ကလည္း ဟားခါးမွာ ဆႏၵျပတာ က်ေနာ္တို႔ လူေတြ အဖမ္းခံရတယ္။ ႏွစ္ေယာက္ေပါ့။ အခု အခ်ဳပ္ထဲမွာ။ ေကာင္ေလးေတြက ၁၆ ႏွစ္ေတာင္ မျပည့္ေသးဘူး။

ကေလးေတြပဲ ရွိေသးတယ္။ လႊတ္ေပးပါဆိုတာ မရဘူး”ဟု ဟားခါးေဒသခံတဦးက ေျပာသည္။ ထို႔ျပင္ အဖမ္းခံရစဥ္အတြင္း ေသဆုံးသြားသူ တဦးရွိၿပီး

အေလာင္းျပန္မေပးဘဲ ကိုဗစ္ေရာဂါပိုး ေတြ႕ ရွိသည္ဆိုေသာ အ ေၾကာင္းျပခ်က္ျဖင့္ စစ္ေကာင္စီဘက္က ေျမျမဳပ္လိုက္ေၾကာင္းလည္း သိရသည္။

“သူ႔နာမည္က ျမန္မာလို ေျပာရင္ေတာ့ ကိုၾကယ္လင္းေပါ့။ အသက္က ၅၀ ေက်ာ္ေလာက္ ရွိၿပီ။ သူက အ႐ူး။ ကေလး ႏွစ္ ေယာက္ ရွိတယ္။

ဒါေပမယ့္ စိတ္ေဖာက္သြားေတာ့ တေယာက္ထဲ ေတာထဲမွာ ေနတာ။ အဲဒါကို ဖမ္းသြားတာ”ဟု ေဒသ ခံတဦးက ေျပာသည္။

ၿပီးခဲ့သည့္ ေမလ ၁၂ ရက္ေန႔က ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္၊ ႏွီယာလြန္ေက်း႐ြာရွိ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳး ေရးပါတီ

တဦးျဖစ္သူ U Phir Maung ကို စစ္တပ္ကို သတင္းေပးသျဖင့္ သြားေရာက္ လုပ္ႀကံခဲ့ေသာ္လည္း မ ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

“သူ႔ကို ဒလန္မလုပ္ဖို႔ မလုပ္ခင္ကတည္းက သတိေပးထားၿပီးသား။ ႀကံ့ခိုင္ေရးပါတီဝင္ျဖစ္လို႔ လုပ္တာ မဟုတ္ဘူး။ ဒလန္ လုပ္ေနလို႔ လုပ္ရတာ။

အေသသြားသတ္တာ။ ေသနတ္အရင္ေဖာက္လိုက္လို႔ လြတ္သြားတာ။ အိမ္ကေတာ့ ေတာ္ေတာ္ ပ်က္စီးသြားတယ္”ဟု ေဒသခံတဦးက ေျပာသည္။

ယင္းေပါက္ကြဲမႈေၾကာင့္ U Phir Maung မွာ ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး ေဆးကုသမႈ ခံယူေနရသည္။

ဖမ္းဆီးထားသူမ်ားကို လႊတ္မေပးပါက စစ္ဆင္တိုက္ခိုက္မႈမ်ား ျပဳလုပ္သြားမည္ဟု ေၾကညာထားသည့္အတိုင္း ခ်င္းေဒသ

ကာကြယ္ေရးတပ္(ဟားခါး)က ေမလ ၃ ရက္ေန႔က စတင္းၿပီး စစ္ေကာင္စီ လက္နက္ကိုင္တပ္မ်ားကို တူမီးေသနတ္မ်ားျဖင့္ စတင္ တိုက္ခိုက္ခံသည္။

Unicode

ဟားခါးမြို့တွင် ဒေသခံများဘက်က ဖမ်းဆီးထားသည့် ယာဉ်ထိန်းရဲ အပါအ ဝင် အဖမ်းခံရသူ ၄ ဦးနှင့် ဆန္ဒပြသဖြင့် အဖမ်းခံရသူများကြား

ယနေ့တွင် လဲ လှယ်နိုင်ရေး ဒေသခံများဘက်က စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ဟားခါးမြို့တွင် ယနေ့ ရက်ပိုင်းအတွင်း

ဖမ်းဆီးခဲ့သည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှ ပြည်နယ် ရဲမှူး ဦးစိုးလွင်၊ ဒုရဲမှူး ဦးစိုးဝင်း သန်း၊ ဒုရဲအုပ် ဦးဆုန်းကီးနှင့်

အရပ်သား ဦးစိုင်းထွန်းတို့ကို ဒလန်ဆိုသည့် ခေါင်းစဉ်အောက်တွင် ဒေသခံများဘက်က ထိန်းသိမ်းထားသည်။“ယာဉ်ထိန်းရဲတွေကို

ဖမ်းထားတာလည်း ဟုတ်တယ်။ ဒီနေ့ ည ၈ နာရီမှ ကျနော်တို့လူတွေ လွတ်မလာဘူးဆိုရင် တခုခု လုပ်မယ့်သဘော ရှိတယ်။

မနေ့ကလည်း ဟားခါးမှာ ဆန္ဒပြတာ ကျနော်တို့ လူတွေ အဖမ်းခံရတယ်။ နှစ်ယောက်ပေါ့။ အခု အချုပ်ထဲမှာ။ ကောင်လေးတွေက ၁၆ နှစ်တောင် မပြည့်သေးဘူး။

ကလေးတွေပဲ ရှိသေးတယ်။ လွှတ်ပေးပါဆိုတာ မရဘူး”ဟု ဟားခါးဒေသခံတဦးက ပြောသည်။ ထို့ပြင် အဖမ်းခံရစဉ်အတွင်း သေဆုံးသွားသူ တဦးရှိပြီး

အလောင်းပြန်မပေးဘဲ ကိုဗစ်ရောဂါပိုး တွေ့ ရှိသည်ဆိုသော အ ကြောင်းပြချက်ဖြင့် စစ်ကောင်စီဘက်က မြေမြုပ်လိုက်ကြောင်းလည်း သိရသည်။

“သူ့နာမည်က မြန်မာလို ပြောရင်တော့ ကိုကြယ်လင်းပေါ့။ အသက်က ၅၀ ကျော်လောက် ရှိပြီ။ သူက အရူး။ ကလေး နှစ် ယောက် ရှိတယ်။

ဒါပေမယ့် စိတ်ဖောက်သွားတော့ တယောက်ထဲ တောထဲမှာ နေတာ။ အဲဒါကို ဖမ်းသွားတာ”ဟု ဒေသ ခံတဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီယာလွန်ကျေးရွာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုး ရေးပါတီ

တဦးဖြစ်သူ U Phir Maung ကို စစ်တပ်ကို သတင်းပေးသဖြင့် သွားရောက် လုပ်ကြံခဲ့သော်လည်း မ အောင်မြင်ခဲ့ကြောင်း သိရသည်။

“သူ့ကို ဒလန်မလုပ်ဖို့ မလုပ်ခင်ကတည်းက သတိပေးထားပြီးသား။ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်လို့ လုပ်တာ မဟုတ်ဘူး။ ဒလန် လုပ်နေလို့ လုပ်ရတာ။

အသေသွားသတ်တာ။ သေနတ်အရင်ဖောက်လိုက်လို့ လွတ်သွားတာ။ အိမ်ကတော့ တော်တော် ပျက်စီးသွားတယ်”ဟု ဒေသခံတဦးက ပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် U Phir Maung မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်။

ဖမ်းဆီးထားသူများကို လွှတ်မပေးပါက စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည့်အတိုင်း ချင်းဒေသ

ကာကွယ်ရေးတပ်(ဟားခါး)က မေလ ၃ ရက်နေ့က စတင်းပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်များကို တူမီးသေနတ်များဖြင့် စတင် တိုက်ခိုက်ခံသည်။