Zawgyi

ဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ အႏုပညာေလာကတြင္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ႏႈိင္းယွဥ္ျမင့္မိုရ္ပဲ ျဖစ္ပါတယ္။

သူမကေတာ့ အႏုပညာလႈပ္ရွားမႈမ်ားသာမကဘဲ အျခားစီးပြားေရးလုပ္ငန္းမ်ားကိုပါ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။

အေရးႀကဳံတဲ့အခါတိုင္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးခဲ့တဲ့ သူမကို ပရိသတ္ေတြက အရင္ကထက္ ပိုၿပီး ခ်စ္ခင္အားေပးေနၾကတာ ျဖစ္ပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံထားရသူေတြ လူေထာင္ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။ ႏႈိင္းယွဥ္ကလည္း

ႏိုင္ငံေတာ္ အတိုင္ပင္ခံအမတ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္တကြ ဖမ္းဆီးထိန္းသိမ္းခံထားရသူေတြကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ သူမရဲ႕

လူမႈကြန္ယက္မ်ားမွတစ္ဆင့္ ေတာင္းဆိုေပးေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမ အၿမဲမက္ေလ့ရွိတဲ့ အိမ္မက္ေတြကို ပရိသတ္ေတြအား ျပန္လည္ေဝမွ်ေပးေနသူ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ႏႈိင္းယွဥ္ရဲ႕Facebook အေကာင့္တြင္ အေမစုနဲ႔ပတ္သက္ၿပီး အိမ္မက္ထဲတြင္ မက္ခဲ့တဲ့အေၾကာင္းအား

ပရိသတ္ေတြကို ျပန္လည္ေဝမွ်ေပးလာတာ ျဖစ္ပါတယ္။ ” အေမ အိပ္မက္ထဲမွာသမီးကို ဖက္ထားၿပီး နမ္းရႈံ႕ေနတာ လူအမ်ားႀကီးေရွ႕မွာ

ရွက္ေတာင္ရွက္တယ္…အေမနမ္းရႈံ႕တာကိုမဟုတ္ဘူး လူေတြၾကည့္ေနတာကို ရွက္တာ…အဝါေရာင္ရွန္သား အပြင့္႐ိုက္ေလးရယ္ပါတိတ္ထမီေလးရယ္

ေတာ္ေတာ္လွေနတယ္။ တက္ႂကြဖ်တ္လတ္ေနတာပဲ….အေမက်န္းမာပါေစ🙏” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

ႏႈိင္းယွဥ္မက္တဲ့ အိမ္မက္ေတြဟာ အၿမဲလိုလို မွန္ေလ့ရွိတာ ျဖစ္ပါတယ္။ သမၼတႀကီး ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံအမတ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္

အျခားဖမ္းဆီးထိန္းသိမ္းခံထားရသူေတြအားလုံး အျမန္ဆုံးလြတ္ေျမာက္ၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Nhying Shin’s Facebook Account

Unicode

ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကတွင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူကတော့ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ပဲ ဖြစ်ပါတယ်။

သူမကတော့ အနုပညာလှုပ်ရှားမှုများသာမကဘဲ အခြားစီးပွားရေးလုပ်ငန်းများကိုပါ အောင်မြင်အောင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ သူမကို ပရိသတ်တွေက အရင်ကထက် ပိုပြီး ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ လူထောင်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ နှိုင်းယှဉ်ကလည်း

နိုင်ငံတော် အတိုင်ပင်ခံအမတ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သူမရဲ့

လူမှုကွန်ယက်များမှတစ်ဆင့် တောင်းဆိုပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမ အမြဲမက်လေ့ရှိတဲ့ အိမ်မက်တွေကို ပရိသတ်တွေအား ပြန်လည်ဝေမျှပေးနေသူ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း နှိုင်းယှဉ်ရဲ့Facebook အကောင့်တွင် အမေစုနဲ့ပတ်သက်ပြီး အိမ်မက်ထဲတွင် မက်ခဲ့တဲ့အကြောင်းအား

ပရိသတ်တွေကို ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။ ” အမေ အိပ်မက်ထဲမှာသမီးကို ဖက်ထားပြီး နမ်းရှုံ့နေတာ လူအများကြီးရှေ့မှာ

ရှက်တောင်ရှက်တယ်…အမေနမ်းရှုံ့တာကိုမဟုတ်ဘူး လူတွေကြည့်နေတာကို ရှက်တာ…အဝါရောင်ရှန်သား အပွင့်ရိုက်လေးရယ်ပါတိတ်ထမီလေးရယ်

တော်တော်လှနေတယ်။ တက်ကြွဖျတ်လတ်နေတာပဲ….အမေကျန်းမာပါစေ🙏” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

နှိုင်းယှဉ်မက်တဲ့ အိမ်မက်တွေဟာ အမြဲလိုလို မှန်လေ့ရှိတာ ဖြစ်ပါတယ်။ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံအမတ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်

အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nhying Shin’s Facebook Account