အိမ်တွင် သိန်း (၂၀ဝ) ထက်အပိုထားပါက အရေးယူခံရမည် ဆိုခြင်းမှာ နားလည်မှု လွှဲမှားခြင်းသာဖြစ်ဟု ဗဟိုဘဏ် ဒုဥက္ကဌပြော

Zawgyi

အိမ္တြင္ သိန္း (၂၀ဝ) ထက္အပိုထားပါက ဥပေဒႏွင့္အညီ

အေရးယူခံရမည္ဆိုသည့္ သတင္းသည္ နားလည္မႈ လႊဲ

မွားျခင္းသာျဖစ္ေၾကာင္း ဗဟိုဘဏ္ ဒုဥကၠဌ ဦးဝင္းေသာ္က

NPNews သို႔ ေမလ (၁၁) ရက္ ညေနပိုင္းတြင္ ေျပာသည္။

အိမ္တြင္ သိန္း (၂၀ဝ) ထက္အပိုထားပါက အေရးယူျခင္းခံရမည္

ဆိုသည့္သတင္းမ်ားသည္ ေမလ (၁၁) ရက္ နံနက္ပိုင္းမွ

စတင္၍ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ယင္း

သတင္းမွာ ျပည္သူမ်ား နားလည္မႈ လြဲမွားျခင္းသာ

ျဖစ္သည္ဟု ဦးဝင္းေသာ္က NPNews ကို အတည္ျပဳခဲ့ျခင္း

လည္းျဖစ္သည္။

“ ကြၽန္ေတာ္ေျပာတဲ့အထဲမွာ အဲ့ဒီေငြပမာဏ ထက္ေက်ာ္ရင္

အေရးယူမယ္ဆိုတာ တစ္ခြန္းမွ မပါဘူး။ ကြၽန္ေတာ္ေျပာ

တာသည္ ေငြေၾကးအလုံးအရင္းနဲ႔ ဘဏ္ကိုမအပ္ပဲနဲ႔ အိမ္မွာ

ပမာဏ အမ်ားႀကီးထားတယ္။ ထားၿပီးေတာ့ Account

Transfer လုပ္တာကို (၅) ရာခိုင္ႏႈန္း (၁၀) ရာခိုင္ႏႈန္း

ေတြယူၿပီး

ေငြေၾကးကို အေရာင္းအဝယ္လုပ္ေနတယ္။ ဒီေငြေၾကး

အေရာင္းအဝယ္လုပ္တဲ့အမႈက တစ္မႈျဖစ္ၿပီးေတာ့

Banking System ထဲမွာ သြားရမယ့္ဟာကို

Banking System နဲ႔ မသြားပဲနဲ႔ အျမတ္ထုတ္ေနတဲ့

သေဘာသည္ ႏိုင္ငံေတာ္စီးပြားေရးတည္ၿငိမ္မႈကို ပံ့ပိုးေနတဲ့

Banking System ကို ေၾကာခိုင္းတဲ့အတြက္ အေရးယူမယ္

ဆိုရတယ္။

ေငြေၾကးကို ရာခိုင္ႏႈန္းနဲ႔ ယူၿပီးလုပ္တဲ့သူေတြကို အေရးယူမယ္။

အဲ့လိုပဲေျပာလိုက္တာ။ ကြၽန္ေတာ္ေျပာတဲ့ ဟာသည္ ႏိုင္ငံေတာ္

စီးပြားေရးအတြက္ အေႏွာင့္အယွက္ျဖစ္ေအာင္ ဝိုင္းလုပ္ေနတဲ့

အတြက္ Banking System မွာ ဘာပဲေျပာေျပာ အေႏွာ

င့္အယွက္ျဖစ္ေနတာေပါ့ေနာ္။

အဲ့ဒီအေႏွာင့္အယွက္သည္ ဘယ္သူ႔ကိုသြား ခံစားရလဲဆိုေတာ့

ျပည္သူလူထူကိုသြားခံစားရတယ္။ ျပည္သူလူထုက တန္းေတြစီရ

ဒုကၡေရာက္ရျဖစ္ေနတာသည္ ဘဏ္စနစ္က ပုံမွန္ေငြေၾကး

လည္ပတ္မႈ မျဖစ္လို႔ပဲ။

အဲ့တာကို လည္ပတ္ေစခ်င္လို႔ ဘဏ္စနစ္ထဲျပန္လာၿပီး

ေဆာင္႐ြက္ပါလို႔ ဖိတ္ေခၚတာပါ။ မ႐ိုးသားတဲ့လူေတြကို အေရးယူ

မွာလို႔ ေျပာတာျဖစ္ပါတယ္” ဟု ဦးဝင္းေသာ္ကေျပာသည္။

အိမ္တြင္ ေငြအထုပ္လိုက္အထည္လိုက္ ထားသူသည္ ႏိုင္ငံေတာ္

စီးပြါးေရးတည္ၿငိမ္မႈကို ပ်က္စီးေအာင္လုပ္သည့္အမႈႏွင့္

ျငႇိသည္ဟု ျပည္သူမ်ားက နားလည္မႈ လြဲမွားကာ စိုးရိမ္

ပူပန္မႈမ်ား ရွိခဲ့သည့္အတြက္ ဗဟိုဘဏ္ဒုဥကၠဌက

ယခုကဲ့သို႔ျပန္လည္ရွင္းျပခဲ့ျခင္းလည္းျဖစ္သည္။

Source & Photo Credit: ဇြဲျပည့္ (NPNews)

Credit: NP News-Myanmar

Unicode

အိမ်တွင် သိန်း (၂၀ဝ) ထက်အပိုထားပါက ဥပဒေနှင့်အညီ

အရေးယူခံရမည်ဆိုသည့် သတင်းသည် နားလည်မှု လွှဲ

မှားခြင်းသာဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က

NPNews သို့ မေလ (၁၁) ရက် ညနေပိုင်းတွင် ပြောသည်။

အိမ်တွင် သိန်း (၂၀ဝ) ထက်အပိုထားပါက အရေးယူခြင်းခံရမည်

ဆိုသည့်သတင်းများသည် မေလ (၁၁) ရက် နံနက်ပိုင်းမှ

စတင်၍ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်း

သတင်းမှာ ပြည်သူများ နားလည်မှု လွဲမှားခြင်းသာ

ဖြစ်သည်ဟု ဦးဝင်းသော်က NPNews ကို အတည်ပြုခဲ့ခြင်း

လည်းဖြစ်သည်။

“ ကျွန်တော်ပြောတဲ့အထဲမှာ အဲ့ဒီငွေပမာဏ ထက်ကျော်ရင်

အရေးယူမယ်ဆိုတာ တစ်ခွန်းမှ မပါဘူး။ ကျွန်တော်ပြော

တာသည် ငွေကြေးအလုံးအရင်းနဲ့ ဘဏ်ကိုမအပ်ပဲနဲ့ အိမ်မှာ

ပမာဏ အများကြီးထားတယ်။ ထားပြီးတော့ Account

Transfer လုပ်တာကို (၅) ရာခိုင်နှုန်း (၁၀) ရာခိုင်နှုန်း

တွေယူပြီး

ငွေကြေးကို အရောင်းအဝယ်လုပ်နေတယ်။ ဒီငွေကြေး

အရောင်းအဝယ်လုပ်တဲ့အမှုက တစ်မှုဖြစ်ပြီးတော့

Banking System ထဲမှာ သွားရမယ့်ဟာကို

Banking System နဲ့ မသွားပဲနဲ့ အမြတ်ထုတ်နေတဲ့

သဘောသည် နိုင်ငံတော်စီးပွားရေးတည်ငြိမ်မှုကို ပံ့ပိုးနေတဲ့

Banking System ကို ကြောခိုင်းတဲ့အတွက် အရေးယူမယ်

ဆိုရတယ်။

ငွေကြေးကို ရာခိုင်နှုန်းနဲ့ ယူပြီးလုပ်တဲ့သူတွေကို အရေးယူမယ်။

အဲ့လိုပဲပြောလိုက်တာ။ ကျွန်တော်ပြောတဲ့ ဟာသည် နိုင်ငံတော်

စီးပွားရေးအတွက် အနှောင့်အယှက်ဖြစ်အောင် ဝိုင်းလုပ်နေတဲ့

အတွက် Banking System မှာ ဘာပဲပြောပြော အနှော

င့်အယှက်ဖြစ်နေတာပေါ့နော်။

အဲ့ဒီအနှောင့်အယှက်သည် ဘယ်သူ့ကိုသွား ခံစားရလဲဆိုတော့

ပြည်သူလူထူကိုသွားခံစားရတယ်။ ပြည်သူလူထုက တန်းတွေစီရ

ဒုက္ခရောက်ရဖြစ်နေတာသည် ဘဏ်စနစ်က ပုံမှန်ငွေကြေး

လည်ပတ်မှု မဖြစ်လို့ပဲ။

အဲ့တာကို လည်ပတ်စေချင်လို့ ဘဏ်စနစ်ထဲပြန်လာပြီး

ဆောင်ရွက်ပါလို့ ဖိတ်ခေါ်တာပါ။ မရိုးသားတဲ့လူတွေကို အရေးယူ

မှာလို့ ပြောတာဖြစ်ပါတယ်” ဟု ဦးဝင်းသော်ကပြောသည်။

အိမ်တွင် ငွေအထုပ်လိုက်အထည်လိုက် ထားသူသည် နိုင်ငံတော်

စီးပွါးရေးတည်ငြိမ်မှုကို ပျက်စီးအောင်လုပ်သည့်အမှုနှင့်

ငြှိသည်ဟု ပြည်သူများက နားလည်မှု လွဲမှားကာ စိုးရိမ်

ပူပန်မှုများ ရှိခဲ့သည့်အတွက် ဗဟိုဘဏ်ဒုဥက္ကဌက

ယခုကဲ့သို့ပြန်လည်ရှင်းပြခဲ့ခြင်းလည်းဖြစ်သည်။

Source & Photo Credit: ဇွဲပြည့် (NPNews)

Credit: NP News-Myanmar