Zawgyi















Unicode

သမီးငယ်လေးရဲ့ ပထမဆုံးမွေးနေ့လေးမှာ မိသားစုနဲ့အတူမရှိနေပေးနိုင်လို့ ဝမ်းနည်းတောင်းပန်စကားဆိုရင်း မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဖေဖေ R ဇာနည်..

အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် အဆို တော် တစ်ယောက် ဖြစ်သလို တော်လှန်ရေးတို က်ပွဲ ကြီးမှာလည်း ပြည်သူတွေနဲ့

အတူ ရပ်တည် ကာ ဖေဖော်ဝါရီ လ အစပိုင်း ကထည်းက လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ အင်တိုက် အားတိုက်ပါဝင် ခဲ့သူကတော့ R ဇာနည် ဖြစ် ပါတယ်..။

တ တ်နိုင် သလောက် အကောင်းဆုံး ကြိုးစား ပါဝင်အားဖြည့် ခဲ့တာတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူ ခြင်းခံထားရပြီး လက်ရှိမှာ တော့ လုံ ခြုံရေးအတွက်

ရှောင်တိမ်းရင်း အရေးတော် ပုံ အတွက်လည်း ကြိုးစား တိုက်ပွဲဝင် နေတဲ့ R ဇာနည် ကတော့ မိသားစုနဲ့ ရင်သွေး လေးတွေကိုသတိရလွ မ်းနေတဲ့

အကြောင်း ပြောပြလာပါတ ယ်..။ ဒီကနေ့မှာ ပထမဆုံး တစ်နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ သမီးငယ် မစ်မစ်လေးရဲ့ မွေး နေ့မှာ မိသားစုနဲ့အတူ

မရှိနိုင်လို့ ဝမ်းနည်း စိတ်မကောင်းစွာ တောင်းပန်ရင်း သမီးလေး အတွက် အဝေးကနေပဲ ဆုတောင်း စကားလေး ဆိုလိုက်တာ ဖြစ်ပါတယ်..။

အရမ်း ချစ်ရတဲ့ သမီးလေး မစ်မစ် အတွက် မွေးနေ့ ဆုတောင်း ပေးရင်း အရမ်းလည်း လွမ်းနေတဲ့ အကြောင်းကို လည်း R ဇာနည်က ရေးသား ပြောပြထားပါ သေတယ်။

“Happy Birthday 🎊🎉🎂🎁🎈 သမီးငယ် မစ်မစ်လေး သမီးရဲ ပထမဆုံး တစ်နှစ်ပြည့်မွေးနေ့မှာ ပါပါး သမီးနဲ့ အတူရှိ မနေနိုင်တာsorry ပါနော်

ပါပါးသမီးလေးကို အရမ်းလဲ လွ မ်းတယ် အရမ်းလဲ ချစ်တယ်နော် သမီးလေး မေဘုန်းဇာနည် တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ

ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပြီး ဘာသာ သာသနာအ ကျိုး လူသားအား လုံးအကျိုးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါစေ လို့ ပါပါးဆုတောင်းပေးပါတယ်

l love you Baby လေး ❤️🥰😘 မွချိ.. ” ဆိုပြီး မွေးနေ့ဆုတောင်း စကားလေး ဆိုထားတာပါ..။ သမီးငယ်လေးရဲ့ ပထမဆုံး တစ်နှစ်ပြည့် မွေးနေ့လေးမှာ

မိသားစုနဲ့အတူ မရှိနိုင်လို့ စိတ်မကောင်း ဖြစ်နေတဲ့ Rဇာနည်ကို ပရိသတ်တွေက အားပေးစကား ပြောရင်း မစ်မစ်လေးအ တွက်လည်း မွေးနေ့ဆုတောင်း ပေးထားကြ တာ တွေ့ ရပါတယ်..

သတင်း အရင်းမြစ်: Zarni Myonyunt’s Fb Acc crd