Zawgyi

တိမ္းေရွာင္ေနရတဲ့ကာလမွာ မိခင္ႀကီးကြယ္လြန္သြားတာမို႔ ေနာက္ဆုံးခရီးေတာင္ လိုက္ပါပို႔ေဆာင္ခြင့္မရခဲ့တဲ့ ဒါ႐ိုက္တာ ဏႀကီး..

တိုင္းျပည္အက်ပ္အတည္းကာလေရာက္ေနတဲ့အခ်ိန္မွာ ျပည္သူနဲ႔တစ္သားတည္းရပ္တည္ခဲ့တဲ့ ဒါ႐ိုက္တာဏႀကီးနဲ႔

ပိုင္ၿဖိဳးသုတို႔ဇနီးေမာင္ႏွံဟာ (၅၀၅) (က) နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရၿပီးေနာက္ ေဘးလြတ္ရာကိုတိမ္းေရွာင္ေနခဲ့ပါတယ္။

ရပ္တည္ခ်က္ျပတ္သားသူေတြျဖစ္တာေၾကာင့္ ဘယ္ေနရာပဲေရာက္ေရာက္ ျပည္သူေတြနဲ႔တစ္သားတည္းရွိေနခဲ့ၿပီး ရင္ထဲကဆႏၵေတြကို

ရသေလာက္ထုတ္ေဖာ္ေနဆဲပါပဲ။ ဒီေန႔မွာေတာ့ ပိုင္ၿဖိဳးသုရဲ႕မိခင္ဟာ ဒါ႐ိုက္တာဏႀကီးရဲ႕မိခင္ဆုံးပါးသြားၿပီဆိုတဲ့စိတ္မေကာင္းစရာ

သတင္းတစ္ခုကို သားနဲ႔သမီးကိုေရာ ပရိသတ္ေတြကိုပါ အသိေပးေျပာၾကားခဲ့ပါတယ္။ ဒါ႐ိုက္တာဏႀကီးဟာ မိခင္ျဖစ္သူနဲ႔မေတြ႕ရတာ (၃) လ

ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး အခုဆိုရင္ေတာ့ ဘ ယ္ေတာ့မွျပန္မဆုံႏိုင္ေတာ့တဲ့ သံသရာခရီးကို မိခင္ကထြက္သြားခဲ့ၿပီပဲျဖစ္ပါတယ္။

သားျဖစ္သူအနားမွာမရွိေပမယ့္ ခမည္းခမက္ျဖစ္သူ ပိုင္ၿဖိဳးသုရဲ႕မိခင္က ေစာင့္ေရွာက္ေပးထားခဲ့ပါတယ္။ ေနာက္ဆုံးအခ်ိန္မွာေတာင္သားျဖစ္သူနဲ႔

မေတြ႕လိုက္ရတဲ့မိခင္တစ္ေယာက္ရဲ႕ခံစားခ်က္နဲ႔ မိခင္ရဲ႕ေနာက္ဆုံးအခ်ိန္ကို အနားမွာမရွိေပးႏိုင္လိုက္တဲ့ သားတစ္ေယာက္ရဲ႕ခံစားခ်က္ကေတာ့ တကယ္ကိုျဖည္မဆည္ႏိုင္ေအာင္ပါပဲ။

ဆုံးပါးသြားတဲ့ အန္တီေဒၚတင္တင္ႏြယ္လည္း ေကာင္းရာဘုံဘဝေရာက္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ ခမည္းခမက္ျဖစ္သူနဲ႔ သားမက္ျဖစ္သူအတြက္

စိတ္မေကာင္းရတဲ့အေၾကာင္းကို ” (၂၀၂၁) ခုႏွစ္ကေတာ့ ေမွ်ာ္လင့္မထားတဲ့ဝမ္းနည္းစရာ‌အျဖစ္အပ်က္ေတြနဲ႔ျပည့္‌ႏွက္ေနပါတယ္။ ( ေမလ ၈ရက္) ညက

က်မရဲ႕ခမည္းခမက္ သားကိုဏႀကီးရဲ႕ေက်းဇူးရွင္မိခင္ႀကီး အစ္မေဒၚတင္တင္ႏြယ္ ဘဝတစ္ပါးကိုကူးေျပာင္းသြားခဲ့ပါတယ္။ သနားစရာေကာင္းတဲ့သားအမိ

မေတြ႕ၾကရတာ (၃) လရွိခဲ့ၿပီ းအခုေတာ့တစ္သက္တာျပန္မေတြ႕ႏိုင္ေတာ့တဲ့သံသရာခရီးရွည္ႀကီးကိုအစ္မႀကီးထြက္ခြာသြားခဲ့ပါၿပီ။ သားတို႔သမီးတို႔အေနနဲ႔ မိခင္ /

ေယာကၡမရဲ႕ ေနာက္ဆုံးခရီးကိုလိုက္ပါပို႔ေဆာင္ႏိုင္ခြင့္မရွိတဲ့အတြက္ယူႀကဳံးမရျဖစ္မိပါတယ္။ သားေရ ဝဋ္ေႂကြးရွိခဲ့ရင္လည္းဒီမွ်နဲ႔ေၾကပါေစ။

အစ္မေရ စိတ္ေျဖာင့္‌ေျဖာင့္နဲ႔ ျမင့္ျမတ္တဲ့ဘုံမွာ စံျမန္းပါေတာ့ေနာ္။ ” ဆိုၿပီး ပိုင္ၿဖိဳးသုရဲ႕မိခင္က လူမႈကြန္ယက္မွာ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။

crd

Unicode

တိမ်းရှောင်နေရတဲ့ကာလမှာ မိခင်ကြီးကွယ်လွန်သွားတာမို့ နောက်ဆုံးခရီးတောင် လိုက်ပါပို့ဆောင်ခွင့်မရခဲ့တဲ့ ဒါရိုက်တာ ဏကြီး..

တိုင်းပြည်အကျပ်အတည်းကာလရောက်နေတဲ့အချိန်မှာ ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာ (၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ပါတယ်။

ရပ်တည်ချက်ပြတ်သားသူတွေဖြစ်တာကြောင့် ဘယ်နေရာပဲရောက်ရောက် ပြည်သူတွေနဲ့တစ်သားတည်းရှိနေခဲ့ပြီး ရင်ထဲကဆန္ဒတွေကို

ရသလောက်ထုတ်ဖော်နေဆဲပါပဲ။ ဒီနေ့မှာတော့ ပိုင်ဖြိုးသုရဲ့မိခင်ဟာ ဒါရိုက်တာဏကြီးရဲ့မိခင်ဆုံးပါးသွားပြီဆိုတဲ့စိတ်မကောင်းစရာ

သတင်းတစ်ခုကို သားနဲ့သမီးကိုရော ပရိသတ်တွေကိုပါ အသိပေးပြောကြားခဲ့ပါတယ်။ ဒါရိုက်တာဏကြီးဟာ မိခင်ဖြစ်သူနဲ့မတွေ့ရတာ (၃) လ

ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုဆိုရင်တော့ ဘ ယ်တော့မှပြန်မဆုံနိုင်တော့တဲ့ သံသရာခရီးကို မိခင်ကထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

သားဖြစ်သူအနားမှာမရှိပေမယ့် ခမည်းခမက်ဖြစ်သူ ပိုင်ဖြိုးသုရဲ့မိခင်က စောင့်ရှောက်ပေးထားခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာတောင်သားဖြစ်သူနဲ့

မတွေ့လိုက်ရတဲ့မိခင်တစ်ယောက်ရဲ့ခံစားချက်နဲ့ မိခင်ရဲ့နောက်ဆုံးအချိန်ကို အနားမှာမရှိပေးနိုင်လိုက်တဲ့ သားတစ်ယောက်ရဲ့ခံစားချက်ကတော့ တကယ်ကိုဖြည်မဆည်နိုင်အောင်ပါပဲ။

ဆုံးပါးသွားတဲ့ အန်တီဒေါ်တင်တင်နွယ်လည်း ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ ခမည်းခမက်ဖြစ်သူနဲ့ သားမက်ဖြစ်သူအတွက်

စိတ်မကောင်းရတဲ့အကြောင်းကို ” (၂၀၂၁) ခုနှစ်ကတော့ မျှော်လင့်မထားတဲ့ဝမ်းနည်းစရာ‌အဖြစ်အပျက်တွေနဲ့ပြည့်‌နှက်နေပါတယ်။ ( မေလ ၈ရက်) ညက

ကျမရဲ့ခမည်းခမက် သားကိုဏကြီးရဲ့ကျေးဇူးရှင်မိခင်ကြီး အစ်မဒေါ်တင်တင်နွယ် ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပါတယ်။ သနားစရာကောင်းတဲ့သားအမိ

မတွေ့ကြရတာ (၃) လရှိခဲ့ပြီ းအခုတော့တစ်သက်တာပြန်မတွေ့နိုင်တော့တဲ့သံသရာခရီးရှည်ကြီးကိုအစ်မကြီးထွက်ခွာသွားခဲ့ပါပြီ။ သားတို့သမီးတို့အနေနဲ့ မိခင် /

ယောက္ခမရဲ့ နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်နိုင်ခွင့်မရှိတဲ့အတွက်ယူကြုံးမရဖြစ်မိပါတယ်။ သားရေ ဝဋ်ကြွေးရှိခဲ့ရင်လည်းဒီမျှနဲ့ကြေပါစေ။

အစ်မရေ စိတ်ဖြောင့်‌ဖြောင့်နဲ့ မြင့်မြတ်တဲ့ဘုံမှာ စံမြန်းပါတော့နော်။ ” ဆိုပြီး ပိုင်ဖြိုးသုရဲ့မိခင်က လူမှုကွန်ယက်မှာ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

crd