Zawgyi

သိထားသင့္တဲ့ ဝက္ၿခံ အမ်ိဳးအစားေတြနဲ႔ ကုသနည္းမ်ား

ဝက္ၿခံေတြဆိုတာကလည္းေလ။ ဒီတိုင္းေနေနရင္ အေကာင္း။ သြားစရာ၊ လာစရာရွိၿပီး။ အေရးႀကီးတဲ့

သူတစ္ေယာက္ေယာက္နဲ႔ ေတြ႕ရၿပီဆိုတာနဲ႔ ဟိုတစ္မ်ိဳး၊ ဒီတစ္မ်ိဳး လွိမ့္ထြက္လာၾကေတာ့တာပါပဲ။

တစ္ခ်ိဳ႕က်ေတာ့လည္း ႏွစ္ရွည္လမ်ား ေပါက္ေနတတ္ၾကပါတယ္။ ဘယ္လိုပဲေပါက္ေပါက္ ဝက္ၿခံေတြက အမ်ိဳးအစားအမ်ိဳးမ်ိဳးရွိၿပီး ကုသပုံခ်င္းမတူညီၾကပါဘူး။

၁။ ဆားဝက္ၿခံ

ဆားဝက္ၿခံ မွာ အမဲေစ့နဲ႔ အျဖဴေစ့ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ အဆီ၊ ဖုန္မႈန႔္၊ အညစ္အေၾကးနဲ႔ ဘက္တီးရီးယားေတြ

စုပုံလာၿပီး ေခြၽးေပါက္ပိတ္သြားတဲ့အခါမွာ ဆဲလ္သစ္ေတြ ျပန္မေမြးဖြားႏိုင္ေတာ့ဘဲ ဆားဝက္ၿခံျဖစ္လာရတာပဲ ျဖစ္ပါတယ္။

ေရေႏြးေငြ႕နဲ႔ ပုံမွန္ေပါင္းတင္ေပးမယ္။ Exfoliate ပုံမွန္လုပ္ေပးမယ္။ မိတ္ကပ္ ေန႔စဥ္ ပုံမွန္ဖ်က္ေပးမယ္။

ေခြၽးေပါက္ေတြကိုသာ ပုံမွန္ဖြင့္ေပးေနမယ္ဆိုရင္ေတာ့ ဆားဝက္ၿခံက ေပ်ာက္လြယ္ပါတယ္။

၂။ ဝက္ၿခံႀကီး

ဒါကေတာ့ အျပည္တည္တဲ့ဝက္ ၿခံမ်ိဳးပါ။ အဝါေရာင္အလုံးႀကီးေတြ ေပါက္တတ္ပါတယ္။ မေပါက္ေသးခင္ အသားမွာျခင္ကိုက္သလို အနီစက္ေလးလိုလိုအရင္ ျဖစ္ၿပီးမွ

နာေနတတ္ပါတယ္။ သူကေပါက္ၿပီးရင္လည္း အာမာ႐ြတ္နည္းနည္းက်န္လြယ္လို႔ သတိထားရပါတယ္။

ဒီလိုျဖစ္တာကေတာ့ မ်က္ႏွာကို သန႔္ရွင္းေအာင္ မထားတာရယ္ အသားစားမ်ားတာရယ္ေၾကာင့္ပဲ ျဖစ္ပါတယ္။ အဓိက အသီးအႏွံမ်ားမ်ားစားေပးၿပီး

ခႏၲာကိုယ္အတြင္း အဆိပ္အေတာက္ ကင္းေအာင္ထားမယ္။ ဝမ္းပုံမွန္သြားမယ္။ ေရဓာတ္လုံေလာက္ေအာင္ ျဖည့္ဆည္းေပးမယ္။

အဆီနဲ႔ အညစ္အေၾကးကို မကပ္ၿငိေအာင္ဂ႐ုတစိုက္ထိမ္းသိမ္းေပးမယ္ဆိုရင္ေတာ့ ေပ်ာက္ကင္းလာမွာပါ။

၃။ ဝက္ၿခံေသး

ဒီဝက္ၿခံေလးေတြကေတာ့ အျပည္လည္းမတည္၊ ညႇစ္ရလည္းမလြယ္ဘဲ နဖူးနဲ႔ ေမးေစ့လိုေနရာမ်ိဳးမွာ ေသးေသးေလးေတြ အမ်ားႀကီးရွိေနတတ္ပါတယ္။

ဒီလိုအခါမ်ိဳးက်ရင္ေတာ့ တိုနာကိုသာ ႏိုင္ႏိုင္သုံးေပးၿပီး သန႔္ရွင္းတဲ့မိတ္ကပ္ပစၥည္းေတြကိုသာ ျပန္လည္အသုံးျပဳေစခ်င္ပါတယ္။

သူလည္းဝက္ၿခံႀကီးလိုပဲ ဂ႐ုစိုက္ရမယ့္အခ်က္ေတြမ်ားၿပီး စားေသာက္ေနထိုင္ပုံေတြ ဆင္ျခင္ဖို႔ လိုပါတယ္။

Cream type ထက္ ေရဓာတ္ပါဝင္မႈမ်ားတဲ့ Sheet mask ေလးေတြကို ညတိုင္း ပုံမွန္ေသာက္ေပးၿပီး ရွင္းလင္းေပးလို႔ရပါတယ္။

Mystyle

Unicode

သိထားသင့်တဲ့ ဝက်ခြံ အမျိုးအစားတွေနဲ့ ကုသနည်းများ

ဝက်ခြံတွေဆိုတာကလည်းလေ။ ဒီတိုင်းနေနေရင် အကောင်း။ သွားစရာ၊ လာစရာရှိပြီး။ အရေးကြီးတဲ့

သူတစ်ယောက်ယောက်နဲ့ တွေ့ရပြီဆိုတာနဲ့ ဟိုတစ်မျိုး၊ ဒီတစ်မျိုး လှိမ့်ထွက်လာကြတော့တာပါပဲ။

တစ်ချို့ကျတော့လည်း နှစ်ရှည်လများ ပေါက်နေတတ်ကြပါတယ်။ ဘယ်လိုပဲပေါက်ပေါက် ဝက်ခြံတွေက အမျိုးအစားအမျိုးမျိုးရှိပြီး ကုသပုံချင်းမတူညီကြပါဘူး။

၁။ ဆားဝက်ခြံ

ဆားဝက်ခြံ မှာ အမဲစေ့နဲ့ အဖြူစေ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဆီ၊ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ

စုပုံလာပြီး ချွေးပေါက်ပိတ်သွားတဲ့အခါမှာ ဆဲလ်သစ်တွေ ပြန်မမွေးဖွားနိုင်တော့ဘဲ ဆားဝက်ခြံဖြစ်လာရတာပဲ ဖြစ်ပါတယ်။

ရေနွေးငွေ့နဲ့ ပုံမှန်ပေါင်းတင်ပေးမယ်။ Exfoliate ပုံမှန်လုပ်ပေးမယ်။ မိတ်ကပ် နေ့စဉ် ပုံမှန်ဖျက်ပေးမယ်။

ချွေးပေါက်တွေကိုသာ ပုံမှန်ဖွင့်ပေးနေမယ်ဆိုရင်တော့ ဆားဝက်ခြံက ပျောက်လွယ်ပါတယ်။

၂။ ဝက်ခြံကြီး

ဒါကတော့ အပြည်တည်တဲ့ဝက် ခြံမျိုးပါ။ အဝါရောင်အလုံးကြီးတွေ ပေါက်တတ်ပါတယ်။ မပေါက်သေးခင် အသားမှာခြင်ကိုက်သလို အနီစက်လေးလိုလိုအရင် ဖြစ်ပြီးမှ

နာနေတတ်ပါတယ်။ သူကပေါက်ပြီးရင်လည်း အာမာရွတ်နည်းနည်းကျန်လွယ်လို့ သတိထားရပါတယ်။

ဒီလိုဖြစ်တာကတော့ မျက်နှာကို သန့်ရှင်းအောင် မထားတာရယ် အသားစားများတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ အဓိက အသီးအနှံများများစားပေးပြီး

ခန္တာကိုယ်အတွင်း အဆိပ်အတောက် ကင်းအောင်ထားမယ်။ ဝမ်းပုံမှန်သွားမယ်။ ရေဓာတ်လုံလောက်အောင် ဖြည့်ဆည်းပေးမယ်။

အဆီနဲ့ အညစ်အကြေးကို မကပ်ငြိအောင်ဂရုတစိုက်ထိမ်းသိမ်းပေးမယ်ဆိုရင်တော့ ပျောက်ကင်းလာမှာပါ။

၃။ ဝက်ခြံသေး

ဒီဝက်ခြံလေးတွေကတော့ အပြည်လည်းမတည်၊ ညှစ်ရလည်းမလွယ်ဘဲ နဖူးနဲ့ မေးစေ့လိုနေရာမျိုးမှာ သေးသေးလေးတွေ အများကြီးရှိနေတတ်ပါတယ်။

ဒီလိုအခါမျိုးကျရင်တော့ တိုနာကိုသာ နိုင်နိုင်သုံးပေးပြီး သန့်ရှင်းတဲ့မိတ်ကပ်ပစ္စည်းတွေကိုသာ ပြန်လည်အသုံးပြုစေချင်ပါတယ်။

သူလည်းဝက်ခြံကြီးလိုပဲ ဂရုစိုက်ရမယ့်အချက်တွေများပြီး စားသောက်နေထိုင်ပုံတွေ ဆင်ခြင်ဖို့ လိုပါတယ်။

Cream type ထက် ရေဓာတ်ပါဝင်မှုများတဲ့ Sheet mask လေးတွေကို ညတိုင်း ပုံမှန်သောက်ပေးပြီး ရှင်းလင်းပေးလို့ရပါတယ်။

Mystyle