Zawgyi








(၂) ဝမ်းလျှောစေတယ်



(၃) Breakout ဖြစ်စေတယ်



(၄) ခေါင်းကိုက်စေတယ်






Unicode

လူတော်တော်များများက အုန်းဆီရဲ့ ကောင်းကျိုးကိုပဲ သိထားကြတာဖြစ်ပါတယ်။ အုန်းဆီမှာ ဆိုးကျိုးမရှိဘူးလို့တောင် မှတ်ယူထားတတ်ကြပါတယ်။

တကယ်တော့ အုန်းဆီမှာ ရှိတဲ့ ဆိုးကျိုးက အန္တရာယ်ဖြစ်စေပါတယ်။ အုန်းဆီက ကိုလက်စထရောကိုမြင့်စေနိုင်လို့ ဝိတ်တတ်လာစေပါတယ်။

အုန်းဆီရဲ့ဆိုးကျိုးက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင် ။

(၁) ဓာတ်မတည်တာတွေဖြစ်နိုင်တယ်

Sensitive ဖြစ်တတ်သူတွေအတွက် အုန်းဆီက ဓာတ်မတည်တာတွေဖြစ်လာစေတတ်ပါတယ်။ ဓာတ်မတည်တဲ့ လက္ခဏာ တွေကတော့ ယားယံလာမယ် ၊

အန်တတ်တယ် ၊ အသက်ရှုကြပ်တာတွေဖြစ်လာတတ်ပါတယ်။ မြေပဲနဲ့ ဓာတ်မတည့်တဲ့သူတော်တော်များများ အုန်းဆီနဲ့ ဓာတ်မတည့်တာများပါတယ်။

အုန်းဆီနဲ့ ဓာတ်မတည့်ဘူးဆိုရင် အုန်းဆီနဲ့လုပ်ထားတဲ့ အစားအစာတွေကိုရှောင်ပေးပါ။

(၂) ဝမ်းလျှောစေတယ်

အုန်းဆီက ဝမ်းလျှောစေနိုင်သလား။ အုန်းဆီက ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ဒီလိုတိုက်ဖျက်ပေးတာကြောင့် တခဏတော့ ဆိုးကျိုးကိုခံစားရနိုင်ပါတယ်။ ဒါကတော့ ဝမ်းလျှောစေတာပါ ။ ဝမ်းမလျှောစေဖို့အတွက် ပမာဏအနည်းငယ်သာစားပေးနိုင်ပါတယ်။

(၃) Breakout ဖြစ်စေတယ်

Breakout ဖြစ်တယ်ဆိုတာက အဆီပြန်တတ်တဲ့အသားအရေတွေမှာ အဖြစ်များပါတယ်။ အုန်းဆီမှာပါတဲ့ lauric acid က ဝက်ခြံတွေကိုတိုက်ဖျက်ပေးနိုင်ပေမယ့်

ဘက်တီးရီးယားတွေကိုလည်း ဖြစ်လာစေပါတယ်။ အုန်းဆီကို အရန်အနေနဲ့ သုံးပေးနိုင်ပါတယ်။ တခြားတွဲဖက်အနေနဲ့ လိုအပ်တဲ့အဆီတွေကို အသုံးပြုပေးနိုင်ပါတယ်။

(၄) ခေါင်းကိုက်စေတယ်

အုန်းဆီကို detox လုပ်ရာမှာ သုံးကြတဲ့အခါမှာ ခေါင်းကိုက်လာတတ်ပါတယ်။ အုန်းဆီမှာပါတဲ့ fatty acids ပါဝင်တာကြောင့် detox လုပ်ပြီးသွားရင် ခေါင်းကိုက်သွားစေတာဖြစ်ပါတယ်။

(၅) နှလုံးကို ထိခိုက်စေတယ်

Saturated fats ကိုနည်းနည်းပဲစားပေးပြီး unsaturated fats ကို များများစားပေးတာက နှလုံးရောဂါအတွက် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

လေ့လာချက်အရ အုန်းဆီမှာ မကောင်းတဲ့အဆီတွေပါတာကြောင့် အမဲဆီ နဲ့ ထောပတ်တွေထက် ပိုဆိုးစေပါတယ်။ အုန်းဆီစစ်စစ်မှာ Saturated fats (၉၂%)ပါဝင်တာကိုတွေ့ရပါတယ်။

share from :burmese.asia