Zawgyi

လူငယ္ေတြကေတာ့ တိုင္းျပည္ရဲ႕အနာဂတ္အတြက္ အဆုံးအစြန္အထိ ပါဝင္ လႈပ္ရွားဖို႔ကို ဝန္မေလးၾကတဲ့သူေတြပဲ ျဖစ္ပါတယ္ ။ လူငယ္ေတြက ျပည္သူေတြကို

ဦးစီးဦးေဆာင္ျပဳႏိုင္စြမ္းရွိသလို အေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ၿပီး ကာကြယ္ေပးဖို႔အတြက္လည္း အၿမဲအသင့္ရွိေနၾကတာ ျဖစ္ပါတယ္ ။ လူငယ္ေတြဦးေဆာင္တဲ့

သပိတ္ေၾကာင္းေတြ ကေတာ့ ေန႔တိုင္းလိုလို လမ္းေပၚမွာရွိေနတတ္ၿပီး သူတို႔က လူထုလႈပ္ရွားမႈေတြကို မပ်က္မကြက္ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္ ။

လူငယ္ေတြသာမက “Gen Alpha” လို႔ေခၚတဲ့ တိုင္းျပည္ရဲ႕အနာဂတ္ မ်ိဳးဆက္သစ္ေလးေတြ လည္း လူထု လႈပ္ရွားမႈပြဲေတြမွာ တက္တက္ႂကြႂကြ ပါဝင္ေနၾကတာျဖစ္ပါတယ္။

Gen Alpha ေလးေတြကေတာ့ ျပည္သူေတြ စိတ္ခြန္အားျဖစ္ေစဖို႔အတြက္ တစ္ေထာင့္တစ္ေနရာကေန သူတို႔တတ္စြမ္းသေလာက္ ႀကိဳးစား ပါဝင္ေပးေနၾကတာလည္း

ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္ကဆိုရင္လည္း ယင္းမာပင္ၿမိဳ႕နယ္မွာရွိတဲ့ ကေလးေတြက ေက်ာင္းဝတ္စုံေလးေတြကိုယ္စီ ဝတ္ဆင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

သူတို႔ကေတာ့ “ကြၽန္ပညာေရး စနစ္ အလိုမရွိ” ဆိုၿပီး ေရးသားထားတဲ့ စာ႐ြက္ေတြ ကို ကိုင္ေဆာင္ၿပီး လမ္းတစ္ေလွ်ာက္ လွည့္လည္ေႂကြးေၾကာ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

အ႐ြယ္ေလးေတြနဲ႔မလိုက္ေအာင္ ရဲရင့္ၾကၿပီး အားမာန္အျပည့္နဲ႔ လူထုလႈပ္ရွားမႈျပဳလုပ္ေနတဲ့ ဒီကေလးေတြကို ျပည္သူေတြကပါ ခ်ီးက်ဴးခဲ့ရတာပဲ ျဖစ္ပါတယ္ ။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ၿမိဳ႕နယ္၊ ဘိန္းႏြယ္ေခ်ာင္႐ြာက Gen Alpha ေလးေတြရဲ႕ဆႏၵထုတ္ေဖာ္ပြဲပုံရိပ္ေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit-Original Uploader

Unicode

လူငယ်တွေကတော့ တိုင်းပြည်ရဲ့အနာဂတ်အတွက် အဆုံးအစွန်အထိ ပါဝင် လှုပ်ရှားဖို့ကို ဝန်မလေးကြတဲ့သူတွေပဲ ဖြစ်ပါတယ် ။ လူငယ်တွေက ပြည်သူတွေကို

ဦးစီးဦးဆောင်ပြုနိုင်စွမ်းရှိသလို အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးဖို့အတွက်လည်း အမြဲအသင့်ရှိနေကြတာ ဖြစ်ပါတယ် ။ လူငယ်တွေဦးဆောင်တဲ့

သပိတ်ကြောင်းတွေ ကတော့ နေ့တိုင်းလိုလို လမ်းပေါ်မှာရှိနေတတ်ပြီး သူတို့က လူထုလှုပ်ရှားမှုတွေကို မပျက်မကွက် ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။

လူငယ်တွေသာမက “Gen Alpha” လို့ခေါ်တဲ့ တိုင်းပြည်ရဲ့အနာဂတ် မျိုးဆက်သစ်လေးတွေ လည်း လူထု လှုပ်ရှားမှုပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာဖြစ်ပါတယ်။

Gen Alpha လေးတွေကတော့ ပြည်သူတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက် တစ်ထောင့်တစ်နေရာကနေ သူတို့တတ်စွမ်းသလောက် ကြိုးစား ပါဝင်ပေးနေကြတာလည်း

ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း ယင်းမာပင်မြို့နယ်မှာရှိတဲ့ ကလေးတွေက ကျောင်းဝတ်စုံလေးတွေကိုယ်စီ ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။

သူတို့ကတော့ “ကျွန်ပညာရေး စနစ် အလိုမရှိ” ဆိုပြီး ရေးသားထားတဲ့ စာရွက်တွေ ကို ကိုင်ဆောင်ပြီး လမ်းတစ်လျှောက် လှည့်လည်ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ် ။

အရွယ်လေးတွေနဲ့မလိုက်အောင် ရဲရင့်ကြပြီး အားမာန်အပြည့်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ဒီကလေးတွေကို ပြည်သူတွေကပါ ချီးကျူးခဲ့ရတာပဲ ဖြစ်ပါတယ် ။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘိန်းနွယ်ချောင်ရွာက Gen Alpha လေးတွေရဲ့ဆန္ဒထုတ်ဖော်ပွဲပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader