Mon. Nov 29th, 2021

Zawgyi

စက္ဘီးမယ္ေဟာင္း အရည္အခ်င္းကို မၾကည့္ပဲ သူမရဲ႕အတိတ္ကို ၾကည့္ခဲ့လို႔ ေပါက္ကြဲေနတဲ့အေၾကာင္း

Belgium ႏိုင္ငံရဲ႕ အမ်ိဳးသမီး စက္ဘီးစီးခ်န္ပီယံေဟာင္းတစ္ေယာက္ျဖစ္တဲ့ Tara Gins ဟာ တစ္ခ်ိန္တုန္းက စက္ဘီးစီးအားကစားေလာကမွာ နာမည္ႀကီး

ခ်န္ပီယံတစ္ေယာက္ပါပဲ။ Tara ဟာ စက္ဘီးေလာကမွာ နာမည္ႀကီး႐ုံမက လွပေက်ာ့ရွင္းတဲ့ သူမရဲ႕ ခႏၶာကိုယ္အလွတရားေၾကာင့္လည္း ပုရိသေတြၾကားမွာ

နာမည္ႀကီးသူတစ္ေယာက္ပါ။ အခုလည္း Tara ဟာ နာမည္ႀကီး စက္ဘီးအဖြဲ႕တစ္ဖြဲ႕ရဲ႕ လုပ္ရပ္ေၾကာင့္ သူမအေနနဲ႔ အႀကီး အက်ယ္ မေက်မနပ္

ျဖစ္ေနေၾကာင္း news.com.au ၀က္ဘ္ဆိုဒ္က ေဖာ္ျပသြားခဲ့ပါတယ္။ စက္ဘီးစီးေလာကမွာ ပေရာက္ဖက္ရွင္နယ္ စက္ ဘီးမယ္အျဖစ္ အႏွစ္ေပါင္းမ်ားစြာ

က်င္လည္ခဲ့တဲ့ Tara ဟာ ၂၀၁၈ ခုႏွစ္မွာ ကစားမားဘဝကေန အနားယူခဲ့ပါတယ္။ ဒီလို အနားယူခဲ့တဲ့ေနာက္မွာေတာ့ အသက္ ၃၀ ရွိၿပီျဖစ္တဲ့

Tara ဟာ Playboy မဂၢဇင္းမွာ အေဖာ္အခြၽတ္ဓာတ္ပုံေတြ႐ိုက္ခဲ့ပါတယ္။ အဲဒီလိုမ်ိဳး အေဖာ္အခြၽတ္ပုံေတြ ႐ိုက္ခဲ့တဲ့အတြက္ေၾကာင့္လည္း ပုရိသေတြၾကားမွာ

နာမည္ႀကီးခဲ့ပါေသးတယ္။ အခုလည္း Tara ဟာ စက္ဘီးစီးေလာကထဲ ျပန္ဝင္ေရာက္ဖို႔အတြက္ နာမည္ႀကီး စက္ဘီးအဖြဲ႕တစ္ခုမွာ နည္းျပေနရာဝင္ေလွ်ာက္ခဲ့ပါတယ္။

ဒါေပမယ့္ အဆိုပါ အဖြဲ႕မွ တာဝန္ရွိသူေတြဟာ Tara တစ္ေယာက္ အရင္တုန္းက ႐ိုက္ခဲ့တဲ့ အေဖာ္အခြၽတ္ပုံေတြေၾကာင့္ သူမကို အလုပ္ခန္႔ဖို႔ ျငင္းဆန္ခဲ့ပါတယ္။

အဲဒီအဖြဲ႕ရဲ႕ နာမည္ကိုေတာ့ ထုတ္မေျပာခ်င္ပါဘူး။ ဒါေပမယ့္ ကြၽန္မကို အဲဒီလိုမ်ိဳး ဆက္ဆံခဲ့တဲ့အေၾကာင္းကိုေတာ့ ထုတ္ေျပာခ်င္ပါတယ္။

အဲဒီလို ဓာတ္ပုံေတြ ႐ိုက္ခဲ့တာနဲ႔ပဲ ကြၽန္မက ဒီစက္ဘီးစီေလာက္ထဲကို ျပန္မဝင္ရေတာ့ဘူးလား။ ကြၽန္မအဲဒီလိုဓာတ္ပုံေတြ ႐ိုက္လိုက္လို႔ ဘယ္သူေတြမ်ား

ထိခိုက္နစ္နာခဲ့လဲဆိုတာကို သိခ်င္ပါတယ္။သူတို႔ ကအရည္အခ်င္းကို မၾကည့္ပဲ ကြၽန္မရဲ႕ အတိတ္ကို လာထိခိုက္ၿပီး ေထာက္ျပခဲ့လို႔ ေဒါသအရမ္းထြက္ရပါတယ္။

ဘာပဲျဖစ္ျဖစ္ စက္ဘီးစီးေလာကထဲကို ကြၽန္မနည္းကြၽန္မဟန္နဲ႔ ျပန္ဝင္ႏိုင္ေအာင္ ႀကိဳးစားသြားမွာပါ”လို႔Tara က သူမရဲ႕ Instagram ပို႔စ္မွာ ေဖာ္ျပခဲ့ပါတယ္။ c r d

Unicode

စက်ဘီးမယ်ဟောင်း အရည်အချင်းကို မကြည့်ပဲ သူမရဲ့အတိတ်ကို ကြည့်ခဲ့လို့ ပေါက်ကွဲနေတဲ့အကြောင်း

Belgium နိုင်ငံရဲ့ အမျိုးသမီး စက်ဘီးစီးချန်ပီယံဟောင်းတစ်ယောက်ဖြစ်တဲ့ Tara Gins ဟာ တစ်ချိန်တုန်းက စက်ဘီးစီးအားကစားလောကမှာ နာမည်ကြီး

ချန်ပီယံတစ်ယောက်ပါပဲ။ Tara ဟာ စက်ဘီးလောကမှာ နာမည်ကြီးရုံမက လှပကျော့ရှင်းတဲ့ သူမရဲ့ ခန္ဓာကိုယ်အလှတရားကြောင့်လည်း ပုရိသတွေကြားမှာ

နာမည်ကြီးသူတစ်ယောက်ပါ။ အခုလည်း Tara ဟာ နာမည်ကြီး စက်ဘီးအဖွဲ့တစ်ဖွဲ့ရဲ့ လုပ်ရပ်ကြောင့် သူမအနေနဲ့ အကြီး အကျယ် မကျေမနပ်

ဖြစ်နေကြောင်း news.com.au ၀က်ဘ်ဆိုဒ်က ဖော်ပြသွားခဲ့ပါတယ်။ စက်ဘီးစီးလောကမှာ ပရောက်ဖက်ရှင်နယ် စက် ဘီးမယ်အဖြစ် အနှစ်ပေါင်းများစွာ

ကျင်လည်ခဲ့တဲ့ Tara ဟာ ၂၀၁၈ ခုနှစ်မှာ ကစားမားဘဝကနေ အနားယူခဲ့ပါတယ်။ ဒီလို အနားယူခဲ့တဲ့နောက်မှာတော့ အသက် ၃၀ ရှိပြီဖြစ်တဲ့

Tara ဟာ Playboy မဂ္ဂဇင်းမှာ အဖော်အချွတ်ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။ အဲဒီလိုမျိုး အဖော်အချွတ်ပုံတွေ ရိုက်ခဲ့တဲ့အတွက်ကြောင့်လည်း ပုရိသတွေကြားမှာ

နာမည်ကြီးခဲ့ပါသေးတယ်။ အခုလည်း Tara ဟာ စက်ဘီးစီးလောကထဲ ပြန်ဝင်ရောက်ဖို့အတွက် နာမည်ကြီး စက်ဘီးအဖွဲ့တစ်ခုမှာ နည်းပြနေရာဝင်လျှောက်ခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတွေဟာ Tara တစ်ယောက် အရင်တုန်းက ရိုက်ခဲ့တဲ့ အဖော်အချွတ်ပုံတွေကြောင့် သူမကို အလုပ်ခန့်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဲဒီအဖွဲ့ရဲ့ နာမည်ကိုတော့ ထုတ်မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်မကို အဲဒီလိုမျိုး ဆက်ဆံခဲ့တဲ့အကြောင်းကိုတော့ ထုတ်ပြောချင်ပါတယ်။

အဲဒီလို ဓာတ်ပုံတွေ ရိုက်ခဲ့တာနဲ့ပဲ ကျွန်မက ဒီစက်ဘီးစီလောက်ထဲကို ပြန်မဝင်ရတော့ဘူးလား။ ကျွန်မအဲဒီလိုဓာတ်ပုံတွေ ရိုက်လိုက်လို့ ဘယ်သူတွေများ

ထိခိုက်နစ်နာခဲ့လဲဆိုတာကို သိချင်ပါတယ်။သူတို့ ကအရည်အချင်းကို မကြည့်ပဲ ကျွန်မရဲ့ အတိတ်ကို လာထိခိုက်ပြီး ထောက်ပြခဲ့လို့ ဒေါသအရမ်းထွက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် စက်ဘီးစီးလောကထဲကို ကျွန်မနည်းကျွန်မဟန်နဲ့ ပြန်ဝင်နိုင်အောင် ကြိုးစားသွားမှာပါ”လို့Tara က သူမရဲ့ Instagram ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။ c r d