အမျိုးသမီးများ ကျန်းမာရေးအတွက် ညအိပ်ချိန်မှာ ဘရာဇီယာ ချွတ်အိပ်သင့်သလား ?
Zawgyi
Unicode
အမျိုးသမီးများ ကျန်းမာရေးအတွက် ညအိပ်ချိန်မှာ ဘရာဇီယာ ချွတ်အိပ်သင့်သလား ?
မိန်းကလေးအချို့က ဘရာဇီယာကို အချိန်တိုင်း၊အချိန်ပြည့် ဝတ်ထားရတာကိုပဲ သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။ ဘရာဇီယာက ရင်သား တွဲကျခြင်းနှင့် ရင်သား
ပုံမကျခြင်းတို့မှ ကာကွယ်ဖို့အတွက် အမြဲဝတ်ထားသင့်တယ် ဆိုပေမယ့်လည်း ညအိပ်တဲ့ အခါမှာတော့ မဝတ်သင့်ပါဘူးနော်။ ညအိပ်တဲ့အခါမှာ ဘရာဇီယာ
ဝတ်အိပ်ခြင်းကြောင့် ကျန်းမာရေးအတွက် ဘယ်လို ဆိုးကျိုးတွေ သက်ရောက်နိုင်လဲ ဆိုတာကို သိရှိနိုင်ဖို့အတွက် ဝေမျှပေးလိုက် ပါတယ်နော်။ ညအိပ်ချိန်မှာ
တင်းကြပ်နေတဲ့ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် သွေးလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ရင်သားကြီးထွားမှုကို နှောင့်နှေးစေပါတယ်။
ဒါ့အပြင်ဟော်မုန်းဓာတ်မညီညွတ်ခြင်းကြောင့် စိတ်ခံစားမှုအတက်အကျမြန်ခြင်းစတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်ပေါ်နိုင်တာကြောင့် ညဘက် အိပ်တဲ့အခါ
တင်းကြပ်နေတဲ့ ဘရာဇီယာဝတ်ပြီး မအိပ်သင့်ပါဘူးနော် ညဘက် ချွေးအလွန်အကျွံ ထွက်ရတဲ့အကြောင်းအရင်းကလည်း ဘရာဇီယာဝတ်အိပ်သူတွေ ကြုံတွေ့ရတဲ့
ပြဿနာတစ်ခုပါပဲ။ ချွေးထွက်လွန်းတာကြောင့် ယာယံခြင်း၊ ဓာတ်မတည့်ခြင်း စတာတွေဖြစ်ပေါ်တတ်တာကြောင့် ကျန်းမာရေးအတွက်သာမက အရေပြားရောဂါအတွက်လည်း
ဆိုးကျိုး သက်ရောက်စေနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်နော် ညအိပ်တဲ့အခါမှာ ကျောမှီပြီးအိပ်တာကြောင့် ဘရာဇီယာရဲ့ချိတ်ကလေးတွေက ကျောကိုစူးပြီး
အရာကလေးတွေ ထင်ကျန်ခဲ့ဖူးသလား။ ဒီလိုဖြစ်ခြင်းကြောင့် ကြာလာတဲ့အခါမှာ အသားများနီမြန်းလာခြင်းနဲ့ခြစ်ရာပွန်းပဲ့ရာတွေထွက်ပေါ်လာတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒ့ါအပြင် ညအိပ်တဲ့အခါမှာ သက်တောင့် သက်သာ မဖြစ်ဘဲ ကျပ်နေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ညအိပ်ရာ ဝင်တဲ့
အခါမှာ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့် သက်သာ ဖြစ်နေစေဖို့ ဘရာဇီယာကို ချွတ်ဖို့ မမေ့ပါနဲ့နော်။ ရေမြှပ်၊ ဖော့ စတာတွေ ပါဝင်ဖွဲ့စည်းထားတဲ့ဘရာဇီယာကို
ကြာရှည်စွဲမြဲစွာ ဝတ်မယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရေမြှပ်မှာ ကပ်ညှိနေတတ်တဲ့အညစ်အကြေးများ၊
ဘတ်တီးရီးယားပိုးမွှားတွေကတစ်ဆင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ညအိပ်တဲ့ အခါမှ ခန္ဓ ာကိုယ်တွင်းမှ ချွေး၊ အဆီထွက်တဲ့အခါ
ဘရာဇီယာကဘတ်တီးရီးယားများနဲ့ပေါင်းစပ်သွားပြီး မှိုရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တာကြောင့် အထူးဂရုသြင့်ပါတယ်။ Credit – shweinnlay