Zawgyi

ေႏြဦးေတာ္လွန္ေရးဟာ ေအာင္ျမင္မႈမရမျခင္းၿပီးဆုံးမွာမဟုတ္တဲ့ တိုက္ပြဲတစ္ခုပါ။ ဒီေတာ္လွန္ေရးမွာ ပါဝင္ၾကသူအားလုံးဟာ ဆုံးခန္းတိုင္တဲ့အထိဆက္တိုက္သြားၾကဖို႔ပဲ

စိတ္အားထက္သန္ေနၾကပါတယ္။ မၿငိမ္းခ်မ္းမႈေတြကေန ၿငိမ္းခ်မ္းမႈဆီကိုေရာက္ႏိုင္ဖို႔အတြက္ ဒီတိုက္ပြဲ ေအာင္ႏိုင္မွျဖစ္မွာပါ။

ေဖေဖာ္ဝါရီနဲ႔ မတ္လမွာ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့ သပိတ္စစ္ေၾကာင္းေတြဟာ လက္ရွိမွာေတာ့ အရင္ကေလာက္ အားမေကာင္းေတာ့ပါဘူး။

အႏၲရာယ္ရွိေနတဲ့ၾကားထဲက အျပင္ကိုထြက္ၿပီး မိမိတို႔ရဲ႕ကိုယ္ပိုင္ဆႏၵကို ရဲရဲဝံ့ဝံ့ေဖာ္ထုတ္ၾကသူတိုင္းဟာ ေလးစားစရာပါ။

ေႏြဦးေတာ္လွန္ေရးစကတည္းက တက္တက္ႂကြႂကြပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ျမႏွင္းရည္လြင္ဟာ လက္ရွိအခ်ိန္ထိလည္း စိတ္အားထက္သန္ေနဆဲပါပဲ။

ပုဒ္မ (၅၀၅) (က) နဲ႔ ဖမ္းဝရမ္းထုတ္ခံရၿပီးေနာက္ ေဘးကင္းရာကိုေျပာင္းေ႐ႊ႕ေနခဲ့ေပမယ့္ သူမကို တစ္ေနရာရာမွာ ေတြ႕လိုက္တယ္ဆိုတဲ့စကားေတြေၾကာင့္ လည္း

အေတာ္ေလးစိတ္အေႏွာက္အယွက္ ျဖစ္ခဲ့ရပါတယ္။ မိသားစုေတြနဲ႔အတူမေနႏိုင္ဘဲ တိမ္းေရွာင္ေနရတဲ့ခံစားခ်က္ဟာ ကိုယ္တိုင္ျဖစ္ဖူးမွ ကိုယ္ခ်င္းစာတတ္တာမ်ိဳးပါ။

ဘယ္လိုအေျခအေနပဲ ျဖစ္ေနပါေစ မမျမကေတာ့ အဆုံးထိတိုက္ပြဲဝင္သြားမွာပါ။ ဒီေန႔မွာလည္း သူမရဲ႕လူမႈကြန္ယက္ကေနတဆင့္ ” ငါတို႔ဟာ ေကာက္႐ိုးမီးေတြလား??

ကိုယ့္ကိုယ္ကို ျပန္ေမးပါ ေသြးေရာေအးသြားၾကၿပီလား?? ကိုယ့္ကိုယ္ကိုျပန္ေမးပါ ” ဆိုၿပီး သတိေပးစကားဆိုလာခဲ့ပါတ ယ္။ အဆုံးထိတိုက္ရမယ့္တိုက္ပြဲျဖစ္တာေၾကာင့္

စိတ္ဓာတ္မက်ဖို႔နဲ႔ ေသြးမေအးဖို႔ အေရးႀကီးပါတယ္။ ေတာ္လွန္ေရးကာလဟာ သုံးလေက်ာ္လာၿပီျဖစ္ၿပီး တစ္ခ်ိဳ႕ပုံမွန္လႈပ္ရွားသြားလာသူေတြရွိလို႔

ဒီလိုေမးခြန္းထုတ္ပုံရပါတယ္။ ေတာ္လွန္ေရးႀကီးလည္းအျမန္ဆုံးေအာင္ျမင္ၿပီး မမျမလည္း ေဘးကင္းပါေစလို႔ ဆုေတာင္းေပးပါတယ္။

Unicode

နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုမရမခြင်းပြီးဆုံးမှာမဟုတ်တဲ့ တိုက်ပွဲတစ်ခုပါ။ ဒီတော်လှန်ရေးမှာ ပါဝင်ကြသူအားလုံးဟာ ဆုံးခန်းတိုင်တဲ့အထိဆက်တိုက်သွားကြဖို့ပဲ

စိတ်အားထက်သန်နေကြပါတယ်။ မငြိမ်းချမ်းမှုတွေကနေ ငြိမ်းချမ်းမှုဆီကိုရောက်နိုင်ဖို့အတွက် ဒီတိုက်ပွဲ အောင်နိုင်မှဖြစ်မှာပါ။

ဖေဖော်ဝါရီနဲ့ မတ်လမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သပိတ်စစ်ကြောင်းတွေဟာ လက်ရှိမှာတော့ အရင်ကလောက် အားမကောင်းတော့ပါဘူး။

အန္တရာယ်ရှိနေတဲ့ကြားထဲက အပြင်ကိုထွက်ပြီး မိမိတို့ရဲ့ကိုယ်ပိုင်ဆန္ဒကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ကြသူတိုင်းဟာ လေးစားစရာပါ။

နွေဦးတော်လှန်ရေးစကတည်းက တက်တက်ကြွကြွပါဝင်ခဲ့တဲ့ သရုပ်ဆောင်မြနှင်းရည်လွင်ဟာ လက်ရှိအချိန်ထိလည်း စိတ်အားထက်သန်နေဆဲပါပဲ။

ပုဒ်မ (၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဘေးကင်းရာကိုပြောင်းရွှေ့နေခဲ့ပေမယ့် သူမကို တစ်နေရာရာမှာ တွေ့လိုက်တယ်ဆိုတဲ့စကားတွေကြောင့် လည်း

အတော်လေးစိတ်အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။ မိသားစုတွေနဲ့အတူမနေနိုင်ဘဲ တိမ်းရှောင်နေရတဲ့ခံစားချက်ဟာ ကိုယ်တိုင်ဖြစ်ဖူးမှ ကိုယ်ချင်းစာတတ်တာမျိုးပါ။

ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ မမမြကတော့ အဆုံးထိတိုက်ပွဲဝင်သွားမှာပါ။ ဒီနေ့မှာလည်း သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ” ငါတို့ဟာ ကောက်ရိုးမီးတွေလား??

ကိုယ့်ကိုယ်ကို ပြန်မေးပါ သွေးရောအေးသွားကြပြီလား?? ကိုယ့်ကိုယ်ကိုပြန်မေးပါ ” ဆိုပြီး သတိပေးစကားဆိုလာခဲ့ပါတ ယ်။ အဆုံးထိတိုက်ရမယ့်တိုက်ပွဲဖြစ်တာကြောင့်

စိတ်ဓာတ်မကျဖို့နဲ့ သွေးမအေးဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးကာလဟာ သုံးလကျော်လာပြီဖြစ်ပြီး တစ်ချို့ပုံမှန်လှုပ်ရှားသွားလာသူတွေရှိလို့

ဒီလိုမေးခွန်းထုတ်ပုံရပါတယ်။ တော်လှန်ရေးကြီးလည်းအမြန်ဆုံးအောင်မြင်ပြီး မမမြလည်း ဘေးကင်းပါစေလို့ ဆုတောင်းပေးပါတယ်။