“လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိရင် ကိုယ့်အမည်နဲ့ ပုံစံ (၇) ရအောင် ပြုလုပ်နည်း”

Zawgyi

လယ္ယာေျမကို အရပ္စာခ်ဳပ္နဲ႔ ဝယ္ထားမိလို႔ ကိုယ့္အမည္နဲ႔ ပုံစံ ၇ ရေအာင္ ဘယ္လိုလုပ္ရမလဲ

လယ္ယာေျမကို အရပ္စာခ်ဳပ္နဲ႔ ဝယ္ထားမိလို႔ ကိုယ့္အမည္နဲ႔ ပုံစံ ၇ ရေအာင္ ဘယ္လိုလုပ္ရမလဲ၊ ပုံစံ ၇ ထုတ္မရဘူးလို႔လဲ ေျပာေနပါတယ္။ ဘယ္လိုလုပ္ရမလဲ လို႔ ေမးလာပါတယ္။

👉 ဒါနဲ႔ပတ္သက္လို႔ ေျမျပင္လက္ရွိ အေျခအေနေပၚမူတည္ၿပီး ကြဲျပားႏိုင္ပါတယ္။

၁။ ၂၀၁၂ မတိုင္မီ ဝယ္ယူထားၿပီး စိုက္ပ်ိဳးေရးအတြက္သာ သုံးေနတဲ့ေျမ။

၂။ ၂၀၁၂ ေနာက္ပိုင္းမွ ဝယ္ယူထားၿပီး စိုက္ပ်ိဳးေရးအတြက္ပဲ သုံးေနတဲ့ေျမ။

၃။ ဘယ္အခ်ိန္ကပဲ ဝယ္ဝယ္၊ ဝယ္ယူထားတဲ့ေျမကို စိုက္ပ်ိဳးေရးအတြက္ သုံးေနတာ မဟုတ္ပဲ အျခားနည္းသုံးေနတဲ့ေျမ (အိမ္ ၊ အေဆာက္အဦး စသည္ျဖင့္သုံး)

👉 နံပတ္ (၁) နဲ႔ နံပတ္ (၂) လိုကိစၥမ်ိဳးမွာ ပုံစံ ၇ မရေသးတဲ့လယ္ယာေျမ၊ တနည္းအားျဖင့္ ပုံစံ ၇ မေလွ်ာက္ထားရေသးတဲ့ လယ္ယာေျမကို ဝယ္ယူထားတဲ့သူေတြ အေနနဲ႔ သိရွိရမွာက…

(က) ဝယ္ထားတဲ့ေျမဟာ လယ္ယာေျမအျဖစ္ သတ္မွတ္ထားတဲ့ ေျမအမ်ိဳးအစားႏွင့္ ထိုေျမကို ကြင္းတိုင္းတာ ေျမပုံထုတ္ၿပီးတဲ့ေျမ ျဖစ္ေနဖို႔လိုပါတယ္။

ဆိုလိုတာက ​ဝယ္ယူထားတဲ့ေျမက လယ္ယာေျမ အမ်ိဳးအစား ျဖစ္ရမယ္၊ အျခားေသာ ေျမ႐ိုင္း စားက်က္ေျမ စသည္ျဖင့္ မဟုတ္ရဘူး။

ေျမစာရင္းဌာနမွာ ေျမပုံ ေျမတိုင္းလုပ္ၿပီးရွိေနတဲ့ ေျမမွတ္တမ္းရွိရပါမယ္။

(ခ) ထိုေျမကို လက္ေရာက္ လႊဲေျပာင္းရယူထားၿပီး လက္ရွိလက္ငုတ္အျဖစ္ လုပ္ကိုင္ေနသူ ျဖစ္ရပါမယ္။ ဝယ္ၿပီးထဲက ေျမကိုလက္ေရာက္ယူၿပီးတဲ့ေျမ၊ လက္ရွိလည္းစိုက္ပ်ိဳးေနသူ ျဖစ္ရမယ္။

👉 ဒီႏွစ္ခ်က္ ျပည့္စုံမွသာ လယ္ယာေျမဥပေဒ ပုဒ္မ ၆၊ (က)(၁ နဲ႔ ၂) ပါ ျပဌာန္းခ်က္အရ လက္ရွိလုပ္ကိုင္ေနသူအျဖစ္ ေလွ်ာက္ထားခြင့္ ရရွိမွာျဖစ္ပါတယ္။

၂၀၁၂ မတိုင္မီ ဝယ္ယူထားၿပီး စိုက္ပ်ိဳးေရးအတြက္သာ သုံးေနတဲ့ေျမဆိုရင္ေတာ့ ေလ်ာက္ရတာ ပိုလြယ္ကူႏိုင္ပါတယ္။

ဥပေဒမွာဆိုထားတာက “ပုဒ္မ ၆။ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕သည္ ဤဥပေဒအာဏာတည္သည့္ေန႔ရက္တြင္ တည္ရွိေနေသာ လယ္ယာေျမမ်ားႏွင့္

စပ္လ်ဥ္း၍ ေအာက္ပါ လူပုဂၢိဳလ္ သို႔မဟုတ္ အဖြဲ႕အစည္းအား သက္ဆိုင္ရာ ခ႐ိုင္လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕၏ သေဘာတူ ညီခ်က္ျဖင့္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးတြင္

သတ္မွတ္ခ်က္မ်ားႏွင့္အညီ မွတ္ပုံတင္ေၾကး ေပးေဆာင္ေစ၍ မွတ္ပုံတင္ၿပီးလယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ထုတ္ေပးရမည္-

(က) လူပုဂၢိဳလ္ျဖစ္ပါက-

(၁) လယ္ယာေျမကို အသုံးျပဳခြင့္ရရွိထားေသာ ထိုအိမ္ေထာင္စုသည္ေတာင္သူ လယ္သမား အိမ္ေထာင္သားစု သို႔မဟုတ္ အိမ္ေထာင္သားစုဝင္ ျဖစ္ရမည္။

(၂) လယ္ယာေျမကို အသုံးျပဳခြင့္ရရွိထားေသာ ထိုအိမ္ေထာင္သားစုအႀကီးအကဲ သို႔မဟုတ္ ထိုအိမ္ေထာင္သားစုတြင္ ပါဝင္သူတစ္ဦး သို႔မဟုတ္

အုပ္ထိန္းသူသည္ ဤဥပေဒ ျပ႒ာန္းအတည္မျပဳမီ တည္ဆဲေျမယာ ဥပေဒမ်ားႏွင့္အညီ တရားဝင္လက္ရွိ လက္ငုတ္ လုပ္ကိုင္ေနသူ ျဖစ္ရမည္။”

လို႔ ဆိုထားပါတယ္။ ၂၀၁၂ ဥပေဒ ျပဌာန္းၿပီးမွ ဝယ္ယူခဲ့ရင္လည္း လက္ရွိလက္ငုတ္ ​လုပ္ေနသူ၊ ေျမအျငင္းပြားမေနသူ၊ ကန္႔ကြက္လႊာေခၚခ်ိန္မွာ

ကန္႔ကြက္ျခင္းမရွိသူဆိုရင္ လုပ္ပိုင္ခြင့္ ရႏိုင္ပါတယ္။

👉 ကာယကံရွင္အေနနဲ႔ ရပ္ေက်း လယ္စီထံမွ ပုံစံ (၁) ေတာင္းခံ ျဖည့္သြင္းၿပီး ရပ္ေက်းလယ္စီမွတဆင့္ ၿမိဳ႕နယ္ဦးစီးဌာနသို႔ ေလွ်ာက္ထားႏိုင္ပါတယ္။

ေျမေပၚအမွန္ လုပ္ကိုင္ေနသူျဖစ္ေၾကာင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးႏွင့္ လယ္နီးခ်င္း သက္ေသ ၂ ဦးရဲ႕ ေထာက္ခံခ်က္ ပါရွိရပါမယ္။

👉 ဒီလို ေလွ်ာက္ထားမႈကို ရပ္ေက်း လယ္စီနဲ႔ ေျမစာရင္းဌာနမွ ကန႔္ကြက္လႊာေခၚယူျခင္း စိစစ္ျခင္းမ်ား ေဆာင္႐ြက္ၿပီးရင္ အမႈတြဲကို လုပ္ပိုင္ခြင့္ေပးဖို႔

သင့္မသင့္ သေဘာထားမွတ္ခ်က္ႏွင့္အတူ ၿမိဳ႕နယ္လယ္စီကို တင္ျပေပးပါမည္။ ၿမိဳ႕နယ္လယ္စီမွာ ဆက္လက္စိစစ္ၿပီး သေဘာထားမွတ္ခ်က္ႏွင့္အတူ

ခ႐ိုင္လယ္စီသို႔ တင္ျပပါမည္။ ခ႐ိုင္လယ္စီက အမႈတြဲလက္ခံ ရရွိတဲ့အခါ ထပ္မံ စိစစ္ၿပီး ေလွ်ာက္ထားမႈကို ခြင့္ျပဳေၾကာင္း သို႔မဟုတ္ ျငင္းပါယ္ေၾကာင္း

ဆုံးျဖတ္ၿပီး ၿမိဳ႕နယ္ေျမစာရင္း ဌာနသို႔ အေၾကာင္းၾကားပါမယ္။

👉 ၿမိဳ႕နယ္ေျမစာရင္းဌာနက ခ႐ိုင္လယ္စီမွ လုပ္ပိုင္ခြင့္ျပဳေၾကာင္း အေၾကာင္းၾကားစာ ရရွိရင္ ေလွ်ာက္ထားသူကို မွတ္ပုံတင္ေၾကး ၅၀ဝိ ေပးသြင္းျခင္း၊

မွတ္ပုံတင္စာရင္း ပုံစံ ၅ တြင္ မွတ္တမ္းတင္ျခင္းမ်ား ေဆာင္႐ြက္ၿပီး ၿမိဳ႕နယ္လယ္စီသို႔ တင္ျပ၍ လယ္ယာေျမ လုပ္ပိုင္ ခြင့္ျပဳလက္မွတ္ ပုံစံ ၇ ထုတ္ေပးမွာ ျဖစ္ပါတယ္။

ဒီလိုနည္းနဲ႔ နံပတ္ (၁) အခ်က္နဲ႔ နံပတ္ (၂) အခ်က္ပါ လယ္ယာေျမကို လုပ္ပိုင္ခြင့္ ပုံစံ ၇ ရႏိုင္ပါမယ္။

👉 နံပတ္ ၃ အခ်က္ပါ ဝယ္ယူထားတဲ့ေျမ

က လယ္ယာေျမအမ်ိဳးအစားေတာ့ ျဖစ္တယ္၊ ေျမကို စိုက္ပ်ိဳးေရးအတြက္ သုံးေနတာ မဟုတ္ပဲ အျခားနည္းသုံး (အိမ္ ၊ အေဆာက္အဦး စသည္ျဖင့္သုံး) ေနတယ္

ဆိုရင္ေတာ့ ပုံစံ ၇ ရမွာ၊ ထုတ္ေပးမွာ မဟုတ္ပါဘူး။ ဒီေျမက လယ္ယာေျမေတာ့ ဟုတ္တယ္ သို႔ေသာ္ စိုက္ပ်ိဳးေရးအတြက္ မသုံးဘူး ဆိုတာမ်ိဳး ျဖစ္ေနတာပါ။

ဒီလိုအေျခအေနမွာေတာ့ လယ္ယာ​ေျမ လုပ္ပိုင္ခြင့္ ပုံစံ ၇ ေလ်ာက္ထားျခင္းထက္ လယ္ယာေျမကို အျခားနည္းသုံးစြဲခြင့္ လယ ၃၀ ေလ်ာက္ထားျခင္းကိုသာ

တိုက္႐ိုက္တင္ျပသင့္ပါတယ္။ လယ္ယာေျမ နည္းဥပေဒအရ အျခားနည္းသုံးစြဲခြင့္ျပဳရာမွာ ပုံစံ ၇ မရခဲ့ရင္ ဘာေၾကာင့္ မရခဲ့သလဲဆိုတာကို သက္ဆိုင္ရာက စီစစ္ၾကပါတယ္။

လက္ရွိေျမအသုံးခ်ထားမႈ အေျခအေန၊ အျခားနည္းသုံးမႈ၊ ဘယ္အခ်ိန္ထဲက သုံးေနတာ စသည္ျဖင့္ စစ္ေဆးေတြ႕ရွိရင္ အျခားနည္းသုံးဖို႔ လယ-၃၀ ခြင့္ျပဳႏိုင္ပါတယ္။

အေသးစိတ္ ေလ်ာက္ထားနည္းကိုယ္ေတာ့ဆက္လွ်က္တင္ျပပါအုန္းမယ္ေနာ္

ခ်စ္တဲ့ D ThinZar

Unicode

လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိလို့ ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လိုလုပ်ရမလဲ

လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိလို့ ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လိုလုပ်ရမလဲ၊ ပုံစံ ၇ ထုတ်မရဘူးလို့လဲ ပြောနေပါတယ်။ ဘယ်လိုလုပ်ရမလဲ လို့ မေးလာပါတယ်။

👉 ဒါနဲ့ပတ်သက်လို့ မြေပြင်လက်ရှိ အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

၁။ ၂၀၁၂ မတိုင်မီ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်သာ သုံးနေတဲ့မြေ။

၂။ ၂၀၁၂ နောက်ပိုင်းမှ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်ပဲ သုံးနေတဲ့မြေ။

၃။ ဘယ်အချိန်ကပဲ ဝယ်ဝယ်၊ ဝယ်ယူထားတဲ့မြေကို စိုက်ပျိုးရေးအတွက် သုံးနေတာ မဟုတ်ပဲ အခြားနည်းသုံးနေတဲ့မြေ (အိမ် ၊ အဆောက်အဦး စသည်ဖြင့်သုံး)

👉 နံပတ် (၁) နဲ့ နံပတ် (၂) လိုကိစ္စမျိုးမှာ ပုံစံ ၇ မရသေးတဲ့လယ်ယာမြေ၊ တနည်းအားဖြင့် ပုံစံ ၇ မလျှောက်ထားရသေးတဲ့ လယ်ယာမြေကို ဝယ်ယူထားတဲ့သူတွေ အနေနဲ့ သိရှိရမှာက…

(က) ဝယ်ထားတဲ့မြေဟာ လယ်ယာမြေအဖြစ် သတ်မှတ်ထားတဲ့ မြေအမျိုးအစားနှင့် ထိုမြေကို ကွင်းတိုင်းတာ မြေပုံထုတ်ပြီးတဲ့မြေ ဖြစ်နေဖို့လိုပါတယ်။

ဆိုလိုတာက ​ဝယ်ယူထားတဲ့မြေက လယ်ယာမြေ အမျိုးအစား ဖြစ်ရမယ်၊ အခြားသော မြေရိုင်း စားကျက်မြေ စသည်ဖြင့် မဟုတ်ရဘူး။

မြေစာရင်းဌာနမှာ မြေပုံ မြေတိုင်းလုပ်ပြီးရှိနေတဲ့ မြေမှတ်တမ်းရှိရပါမယ်။

(ခ) ထိုမြေကို လက်ရောက် လွှဲပြောင်းရယူထားပြီး လက်ရှိလက်ငုတ်အဖြစ် လုပ်ကိုင်နေသူ ဖြစ်ရပါမယ်။ ဝယ်ပြီးထဲက မြေကိုလက်ရောက်ယူပြီးတဲ့မြေ၊ လက်ရှိလည်းစိုက်ပျိုးနေသူ ဖြစ်ရမယ်။

👉 ဒီနှစ်ချက် ပြည့်စုံမှသာ လယ်ယာမြေဥပဒေ ပုဒ်မ ၆၊ (က)(၁ နဲ့ ၂) ပါ ပြဌာန်းချက်အရ လက်ရှိလုပ်ကိုင်နေသူအဖြစ် လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။

၂၀၁၂ မတိုင်မီ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်သာ သုံးနေတဲ့မြေဆိုရင်တော့ လျောက်ရတာ ပိုလွယ်ကူနိုင်ပါတယ်။

ဥပဒေမှာဆိုထားတာက “ပုဒ်မ ၆။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေအာဏာတည်သည့်နေ့ရက်တွင် တည်ရှိနေသော လယ်ယာမြေများနှင့်

စပ်လျဉ်း၍ အောက်ပါ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား သက်ဆိုင်ရာ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူ ညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင်

သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်စေ၍ မှတ်ပုံတင်ပြီးလယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးရမည်-

(က) လူပုဂ္ဂိုလ်ဖြစ်ပါက-

(၁) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စုသည်တောင်သူ လယ်သမား အိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။

(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစုအကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ်

အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာ ဥပဒေများနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ် လုပ်ကိုင်နေသူ ဖြစ်ရမည်။”

လို့ ဆိုထားပါတယ်။ ၂၀၁၂ ဥပဒေ ပြဌာန်းပြီးမှ ဝယ်ယူခဲ့ရင်လည်း လက်ရှိလက်ငုတ် ​လုပ်နေသူ၊ မြေအငြင်းပွားမနေသူ၊ ကန့်ကွက်လွှာခေါ်ချိန်မှာ

ကန့်ကွက်ခြင်းမရှိသူဆိုရင် လုပ်ပိုင်ခွင့် ရနိုင်ပါတယ်။

👉 ကာယကံရှင်အနေနဲ့ ရပ်ကျေး လယ်စီထံမှ ပုံစံ (၁) တောင်းခံ ဖြည့်သွင်းပြီး ရပ်ကျေးလယ်စီမှတဆင့် မြို့နယ်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါတယ်။

မြေပေါ်အမှန် လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်း သက်သေ ၂ ဦးရဲ့ ထောက်ခံချက် ပါရှိရပါမယ်။

👉 ဒီလို လျှောက်ထားမှုကို ရပ်ကျေး လယ်စီနဲ့ မြေစာရင်းဌာနမှ ကန့်ကွက်လွှာခေါ်ယူခြင်း စိစစ်ခြင်းများ ဆောင်ရွက်ပြီးရင် အမှုတွဲကို လုပ်ပိုင်ခွင့်ပေးဖို့

သင့်မသင့် သဘောထားမှတ်ချက်နှင့်အတူ မြို့နယ်လယ်စီကို တင်ပြပေးပါမည်။ မြို့နယ်လယ်စီမှာ ဆက်လက်စိစစ်ပြီး သဘောထားမှတ်ချက်နှင့်အတူ

ခရိုင်လယ်စီသို့ တင်ပြပါမည်။ ခရိုင်လယ်စီက အမှုတွဲလက်ခံ ရရှိတဲ့အခါ ထပ်မံ စိစစ်ပြီး လျှောက်ထားမှုကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပါယ်ကြောင်း

ဆုံးဖြတ်ပြီး မြို့နယ်မြေစာရင်း ဌာနသို့ အကြောင်းကြားပါမယ်။

👉 မြို့နယ်မြေစာရင်းဌာနက ခရိုင်လယ်စီမှ လုပ်ပိုင်ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိရင် လျှောက်ထားသူကို မှတ်ပုံတင်ကြေး ၅၀ဝိ ပေးသွင်းခြင်း၊

မှတ်ပုံတင်စာရင်း ပုံစံ ၅ တွင် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး မြို့နယ်လယ်စီသို့ တင်ပြ၍ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ ၇ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ နံပတ် (၁) အချက်နဲ့ နံပတ် (၂) အချက်ပါ လယ်ယာမြေကို လုပ်ပိုင်ခွင့် ပုံစံ ၇ ရနိုင်ပါမယ်။

👉 နံပတ် ၃ အချက်ပါ ဝယ်ယူထားတဲ့မြေ

က လယ်ယာမြေအမျိုးအစားတော့ ဖြစ်တယ်၊ မြေကို စိုက်ပျိုးရေးအတွက် သုံးနေတာ မဟုတ်ပဲ အခြားနည်းသုံး (အိမ် ၊ အဆောက်အဦး စသည်ဖြင့်သုံး) နေတယ်

ဆိုရင်တော့ ပုံစံ ၇ ရမှာ၊ ထုတ်ပေးမှာ မဟုတ်ပါဘူး။ ဒီမြေက လယ်ယာမြေတော့ ဟုတ်တယ် သို့သော် စိုက်ပျိုးရေးအတွက် မသုံးဘူး ဆိုတာမျိုး ဖြစ်နေတာပါ။

ဒီလိုအခြေအနေမှာတော့ လယ်ယာ​မြေ လုပ်ပိုင်ခွင့် ပုံစံ ၇ လျောက်ထားခြင်းထက် လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် လယ ၃၀ လျောက်ထားခြင်းကိုသာ

တိုက်ရိုက်တင်ပြသင့်ပါတယ်။ လယ်ယာမြေ နည်းဥပဒေအရ အခြားနည်းသုံးစွဲခွင့်ပြုရာမှာ ပုံစံ ၇ မရခဲ့ရင် ဘာကြောင့် မရခဲ့သလဲဆိုတာကို သက်ဆိုင်ရာက စီစစ်ကြပါတယ်။

လက်ရှိမြေအသုံးချထားမှု အခြေအနေ၊ အခြားနည်းသုံးမှု၊ ဘယ်အချိန်ထဲက သုံးနေတာ စသည်ဖြင့် စစ်ဆေးတွေ့ရှိရင် အခြားနည်းသုံးဖို့ လယ-၃၀ ခွင့်ပြုနိုင်ပါတယ်။

အသေးစိတ် လျောက်ထားနည်းကိုယ်တော့ဆက်လျှက်တင်ပြပါအုန်းမယ်နော်

ချစ်တဲ့ D ThinZar