“စက်ရေတွင်းတူးမည် ဆိုပါက မှတ်သားရန်”

Zawgyi

“စက္ေရတြင္းတူးမည္ ဆိုပါက မွတ္သားရန္”

စက္ေရတြင္းတူးက မွတ္ထားၾက

စက္ေရတြင္းတူရာ၌ ေရ-ရွိ, မရွိ၊ ေရ-နည္း,ေရမ်ား ခန႔္မွန္း သိရွိႏိုင္ပုံေလးကို ဗဟုသုတ အေနျဖင့္ မွ်ေဝေပးပါမည္။

ေရ-ရွိ/မရွိ

၁။ အ႐ြက္အၿမဲတမ္း ရွိေနတတ္ေသာ အုန္းႏွဲပင္၊ မယ္ဇလီပင္၊ ျမက္ စသည့္ အပင္မ်ား စိုစိုေျပေျပ လန္းလန္းဆန္း ရွိေနပါက

ထိုေနရာတြင္ ေရရွိသည္ဟု မွတ္ယူႏိုင္၍ ေဖာ္ျပပါလကၡဏာမ်ားႏွင့္ ဆန႔္က်င္ေနပါက ေရ-မရွိဟု ခန႔္မွန္း သိႏိုင္ပါသည္။

ေရခ်ိဳ/ ေရငန္

၂။ အနီးအနားတြင္ရွိေသာ သစ္ပင္တို႔သည္ အပင္အမ်ိဳးအစားျခင္းတူပါလ်က္ အျခားေနရာရွိ သစ္ပင္မွ အ႐ြက္တို႔ထက္

အနာအဆာမ်ား၍ အစိုဓာတ္ေျခာက္ခန္းလ်င္ ေရငန္ဟု ခန႔္မွန္းႏိုင္ၿပီး၊ သစ္ပင္မွ သစ္႐ြက္မ်ား စိုေျပစိန္းလန္းေနပါက ေရခ်ိဳ-ဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။

ေရတိမ္/ ေရနက္

၃။ အနီးအနားတြင္ရွိေသာ သစ္ပင္တို႔သည္ အပင္ခ်င္းတူပါလ်က္ အဆစ္တိုေနသည္ကို ေတြ႕ရပါက ေရတိမ္-ေရနီးသည္ဟု ခန႔္မွန္း သိရွိႏိုင္ပါသည္။

သစ္ပင္မွ အဆစ္ရွည္ေနပါက ေရနက္- ေရေဝးေသာ သေဘာဟု ခန႔္မွန္းသိရွိႏိုင္၏။

ေက်ာက္ေဆာင္- ရွိ/ မရွိ

၄။ အနီးအနားတဝိုက္ရွိ သစ္ပင္ႀကီး၊ သစ္ပင္ငယ္ တို႔သည္ ႀကဳံလွီ,ပုက်စ္၍ တြန႔္လိမ္, ေကြ႕ေကာက္ေနပါက ေအာက္၌ေက်ာက္ေဆာင္ရွိေၾကာင္း ခန႔္မွန္း သိရွိႏိုင္ပါသည္။

သစ္ပင္ႀကီး,သစ္ပင္ငယ္မ်ား ေျဖာင့္တန္း အေနထားေတြ႕ရပါက ေက်ာက္ေဆာင္မရွိဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။

ေရခ်ိဳ/ေရငန္

၅။ ေရတြင္းတူးမည့္ေနရာရွိ သစ္ပင္တို႔သည္ တစ္ျခမ္းက အနာဆာကင္း၍ တစ္ျခမ္းက ေခ်ာေမြ႕ေနလ်င္ ေရငန္-ေရခ်ိဳ တစ္ျခမ္းစီ ေရာစပ္ေနေသာ

ေနရာဟု ခန႔္မွန္းသိရွိႏိုင္သည္။ (တနည္းစမ္းသပ္ပုံမွာ) ခ်ိဳး(ဂ်ိဳး)ကပ္ေနေသာ ထမင္းအိုးကို စေလာင္းဖုံးဖြင့္လ်က္ ေျမႀကီးကို တြင္းတူးၿပီး

ေျမတြင္းထဲတြင္ အိုးကို တစ္ညသိပ္ပါ၊ ေနာက္တစ္ေန႔ အိုးကို ေဖာ္ၾကည့္ေသာအခါ ထမင္းအိုးဖင္မွ ခ်ိဳး(ဂ်ိဳး)သည္ ေရႏူး၍ကြာက်ေနလ်င္

ေရတိမ္- ေရနည္းသည္ ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး အနည္းငယ္သာ စို၍ ခ်ိဳး(ဂ်ိဳး) ကြာမက်လ်င္က ေရေဝး- ေရနက္သည္ဟု ခန႔္မွန္သိႏိုင္ပါသည္။

ထမင္းခ်ိဳး(ဂ်ိဳး)ကို စားၾကည့္ပါက ငန္ေနလ်င္ ေရငန္ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး ခ်ိဳေနပါက ေရခ်ိဳဟု ခန႔္မွန္းသိရွိႏိုင္ပါ။

OP-MiMiTu

Unicode

“စက်ရေတွင်းတူးမည် ဆိုပါက မှတ်သားရန်”

စက်ရေတွင်းတူးက မှတ်ထားကြ

စက်ရေတွင်းတူရာ၌ ရေ-ရှိ, မရှိ၊ ရေ-နည်း,ရေများ ခန့်မှန်း သိရှိနိုင်ပုံလေးကို ဗဟုသုတ အနေဖြင့် မျှဝေပေးပါမည်။

ရေ-ရှိ/မရှိ

၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့် အပင်များ စိုစိုပြေပြေ လန်းလန်းဆန်း ရှိနေပါက

ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေ-မရှိဟု ခန့်မှန်း သိနိုင်ပါသည်။

ရေချို/ ရေငန်

၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်းတူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက်

အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊ သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချို-ဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေတိမ်/ ရေနက်

၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကို တွေ့ရပါက ရေတိမ်-ရေနီးသည်ဟု ခန့်မှန်း သိရှိနိုင်ပါသည်။

သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်- ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။

ကျောက်ဆောင်- ရှိ/ မရှိ

၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ် တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်, ကွေ့ကောက်နေပါက အောက်၌ကျောက်ဆောင်ရှိကြောင်း ခန့်မှန်း သိရှိနိုင်ပါသည်။

သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်း အနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေချို/ရေငန်

၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည် တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းက ချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီ ရောစပ်နေသော

နေရာဟု ခန့်မှန်းသိရှိနိုင်သည်။ (တနည်းစမ်းသပ်ပုံမှာ) ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး

မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ၊ နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည် ရေနူး၍ကွာကျနေလျင်

ရေတိမ်- ရေနည်းသည် ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး) ကွာမကျလျင်က ရေဝေး- ရေနက်သည်ဟု ခန့်မှန်သိနိုင်ပါသည်။

ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင် ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

OP-MiMiTu