Zawgyi

သိန္းေသာင္းခ်ီပိုင္ဆိုင္ႏိုင္ေသာ တနဂၤေႏြၿဂိဳလ္ခုံေပၚက ငါး႐ုပ္ ကြၽႏု္ပ္သည္ လကၡဏာပညာကို အသက္ ၁၃ ႏွစ္ထဲက ေလ့လာလိုက္စားခဲ့သည္

သင္ယူခဲ့ေသာ ပညာရပ္မ်ားကိုလဲ အျပင္တြင္ လက္ေတြ႕က်က်ေလ့လာသုံးသပ္ၿပီးမွ လကၡဏာဆရာေလာကသို႔ဝင္လာခဲ့တာပါ။

လကၡဏာပညာဟာ လူတစ္ေယာက္ရဲ႕ဘဝကို ၇၅% ေလာက္မီးေမာင္းထိုးျပထားသလိုပါပဲ ဒီလေတာ့လက္ဝါးျပင္ တနဂၤေႏြၿဂိဳလ္ခုံမွာရွိတဲ့ ငါး႐ုပ္နဲ႔ပတ္ သက္၍တင္ျပေပးသြားမယ္

လက္ဝါးျပင္ရဲ႕ လက္သူႂကြယ္ေအာက္ မွာ ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႔ မွား တတ္တဲ့ ငါး႐ုပ္သေကၤတတခုပါတတ္တယ္။

ေသခ်ာၾကည့္ရင္ေတာ့ကြဲပါတယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းက ေျဖာင့္မတ္တယ္။ ငါး႐ုပ္ကေတာ့အခြၽန္ အတက္ေလးေတြပါတယ္။

ငါး႐ုပ္ သေကၤတကေတာ့ လက္ဝါးမွာထင္ရွားရင္ ထင္ရွားသလို ေအာင္ျမင္ေရးလမ္း ေၾကာင္းထက္ပိုေကာင္းတတ္တယ္။

လကၡဏာၾကည့္ပရိသတ္ရဲ႕လက္ဝါးမွာ ငါး႐ုပ္သေကၤတပါလာၿပီဆိုရင္ လကၡဏာပိုင္ရွင္ဟာ ႐ုတ္တရတ္ခ်မ္းသာတဲ့ဘဝကို ေျပာင္းလဲသြားတဲ့အထိ ငါး႐ုပ္က

ေပးစြမ္းႏိုင္ပါတယ္။ တနဂၤေႏြ ၿဂိဳလ္ခုံမွာပါလာခဲ့ရင္ ေအာင္ျမင္ေရး သေကၤတလိုပဲအက်ိဳးေပးမယ္။ ထူးျခားသြားတာက အေမြေတြ

ထီေတြ ႐ုတ္တရတ္ရတာေပါက္တာထက္ လကၡဏာပိုင္ရွင္ဟာ မိမိအစြမ္းအစနဲ႔ ေအာင္ျမင္ခ်မ္းသာျခင္းကို ႐ုတ္တရက္ ရလာတတ္ပါတယ္။

ကိုယ္ပိုင္အစြမ္းအစ ကိုယ္ပိုင္လုပ္ငန္းနဲ႔ပဲ အဆင္ေျပတတ္ပါတယ္။သူမ်ားလက္ေအာက္ခံဘဝ ၾကာၾကာမေနရပါ။

အစိုးရဝန္ထမ္းဆိုလဲ အာဏာ ရာထူးထိပ္ဆုံးထိေရာက္တတ္တယ္။ အသက္အ႐ြယ္ရတာနဲ႔ပိုေအာင္ ျမင္တတ္ပါတယ္။ ေမ်ာ္လင့္မထားတဲ့ ခ်မ္းသာတဲ့ဘဝကို

႐ုတ္တရတ္ပိုင္ဆိုင္ လာရတတ္ပါတယ္။ အိုဇာတာေကာင္း၍ အသက္ႀကီးရင္ခ်မ္းခ်မ္းသာသာေနရတတ္ပါတယ္။ ငါး႐ုပ္ႀကီးရင္ႀကီးသလို အက်ိဳးေပးခံစားရမ်ားတတ္တယ္။

လကၡဏာၾကည့္ပရိသတ္ရဲ႕ လက္ဝါးတြင္ ကံေကာင္းျခင္းႏွင့္ပတ္သက္ေသာ သေကၤတမ်ားရွိသလို ကံဆိုးျခင္းႏွင့္ ပတ္သက္ေသာသေကၤတမ်ားလဲ ရွိတတ္ၾကသည္။

ကံေကာင္းျခင္းသေကၤတပါလာရင္ အက်ိဳးရွိေပမဲ့ကံဆိုးျခင္း သေကၤတပါလာရင္ မိမိအတြက္ျပင္ ဆင္ဖို႔အခ်ိန္ရေအာင္ တတ္သိနားလည္ တဲ့ဆရာေတြနဲ႔ျပထားသင့္ပါတယ္။

ဒီလေတာ့ဒီပိုစ့္နဲ႔ပဲဗဟုသုတအျဖစ္သင္ေပး လိုက္ပါတယ္။ လကၡဏာလမ္းေၾကာင္းမ်ားနဲ႔ ပါတ္သက္၍ေလ့လာစရာေတြက လိုက္မကုန္ႏိုင္ပါ။

ကြၽႏ္ုပ္အားရင္အားသလို လကၡဏာၾကည့္ပရိသတ္မ်ားကို တင္ျပေပးသြားပါမည္ လကၡဏာဆရာမင္းခန႔္ (Viber-09694506705)

Unicode

သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်က ငါးရုပ် ကျွနု်ပ်သည် လက္ခဏာပညာကို အသက် ၁၃ နှစ်ထဲက လေ့လာလိုက်စားခဲ့သည်

သင်ယူခဲ့သော ပညာရပ်များကိုလဲ အပြင်တွင် လက်တွေ့ကျကျလေ့လာသုံးသပ်ပြီးမှ လက္ခဏာဆရာလောကသို့ဝင်လာခဲ့တာပါ။

လက္ခဏာပညာဟာ လူတစ်ယောက်ရဲ့ဘဝကို ၇၅% လောက်မီးမောင်းထိုးပြထားသလိုပါပဲ ဒီလတော့လက်ဝါးပြင် တနင်္ဂနွေဂြိုလ်ခုံမှာရှိတဲ့ ငါးရုပ်နဲ့ပတ် သက်၍တင်ပြပေးသွားမယ်

လက်ဝါးပြင်ရဲ့ လက်သူကြွယ်အောက် မှာ အောင်မြင်ရေးလမ်းကြောင်းနဲ့ မှား တတ်တဲ့ ငါးရုပ်သင်္ကေတတခုပါတတ်တယ်။

သေချာကြည့်ရင်တော့ကွဲပါတယ်။ အောင်မြင်ရေးလမ်းကြောင်းက ဖြောင့်မတ်တယ်။ ငါးရုပ်ကတော့အချွန် အတက်လေးတွေပါတယ်။

ငါးရုပ် သင်္ကေတကတော့ လက်ဝါးမှာထင်ရှားရင် ထင်ရှားသလို အောင်မြင်ရေးလမ်း ကြောင်းထက်ပိုကောင်းတတ်တယ်။

လက္ခဏာကြည့်ပရိသတ်ရဲ့လက်ဝါးမှာ ငါးရုပ်သင်္ကေတပါလာပြီဆိုရင် လက္ခဏာပိုင်ရှင်ဟာ ရုတ်တရတ်ချမ်းသာတဲ့ဘဝကို ပြောင်းလဲသွားတဲ့အထိ ငါးရုပ်က

ပေးစွမ်းနိုင်ပါတယ်။ တနင်္ဂနွေ ဂြိုလ်ခုံမှာပါလာခဲ့ရင် အောင်မြင်ရေး သင်္ကေတလိုပဲအကျိုးပေးမယ်။ ထူးခြားသွားတာက အမွေတွေ

ထီတွေ ရုတ်တရတ်ရတာပေါက်တာထက် လက္ခဏာပိုင်ရှင်ဟာ မိမိအစွမ်းအစနဲ့ အောင်မြင်ချမ်းသာခြင်းကို ရုတ်တရက် ရလာတတ်ပါတယ်။

ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်လုပ်ငန်းနဲ့ပဲ အဆင်ပြေတတ်ပါတယ်။သူများလက်အောက်ခံဘဝ ကြာကြာမနေရပါ။

အစိုးရဝန်ထမ်းဆိုလဲ အာဏာ ရာထူးထိပ်ဆုံးထိရောက်တတ်တယ်။ အသက်အရွယ်ရတာနဲ့ပိုအောင် မြင်တတ်ပါတယ်။ မျော်လင့်မထားတဲ့ ချမ်းသာတဲ့ဘဝကို

ရုတ်တရတ်ပိုင်ဆိုင် လာရတတ်ပါတယ်။ အိုဇာတာကောင်း၍ အသက်ကြီးရင်ချမ်းချမ်းသာသာနေရတတ်ပါတယ်။ ငါးရုပ်ကြီးရင်ကြီးသလို အကျိုးပေးခံစားရများတတ်တယ်။

လက္ခဏာကြည့်ပရိသတ်ရဲ့ လက်ဝါးတွင် ကံကောင်းခြင်းနှင့်ပတ်သက်သော သင်္ကေတများရှိသလို ကံဆိုးခြင်းနှင့် ပတ်သက်သောသင်္ကေတများလဲ ရှိတတ်ကြသည်။

ကံကောင်းခြင်းသင်္ကေတပါလာရင် အကျိုးရှိပေမဲ့ကံဆိုးခြင်း သင်္ကေတပါလာရင် မိမိအတွက်ပြင် ဆင်ဖို့အချိန်ရအောင် တတ်သိနားလည် တဲ့ဆရာတွေနဲ့ပြထားသင့်ပါတယ်။

ဒီလတော့ဒီပိုစ့်နဲ့ပဲဗဟုသုတအဖြစ်သင်ပေး လိုက်ပါတယ်။ လက္ခဏာလမ်းကြောင်းများနဲ့ ပါတ်သက်၍လေ့လာစရာတွေက လိုက်မကုန်နိုင်ပါ။

ကျွန်ုပ်အားရင်အားသလို လက္ခဏာကြည့်ပရိသတ်များကို တင်ပြပေးသွားပါမည် လက္ခဏာဆရာမင်းခန့် (Viber-09694506705)