Zawgyi

ျမန္မာႏိုင္ငံသားမ်ား၏ Civil Disobedience Movement ကို လာမည့္ (၂၀၂၀) တြင္ ေပးမည့္ ႏိုဘယ္ဆု

အတြက္ အဆိုတင္သြင္းထားေၾကာင္း ေနာ္ေဝႏိုင္ငံအေျခစိုက္NRK သတင္းဌာနက ေဖာ္ျပထားသည္။NRK သတင္း၏ အဆိုအရ ေနာ္ေဝႏိုင္ငံ ေအာ္စလို

တကၠသိုလ္မွ လူမႈသိပၸံ ပါေမာကၡ (၆) ဦးက လာမည့္ (၂၀၂၂) ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးတြင္ ထည့္သြင္းေ႐ြးခ်ယ္စဥ္းစား

ေပးရန္ အဆိုတင္သြင္းထားျခင္းျဖစ္သည္။ ယခုသတင္းကို ေနာ္ေဝအေျခစိုက္ သတင္းဌာန NRK တစ္ခု

တည္းကသာ တင္ထားသည္ကို ေတြ႕ရေသးၿပီး က်န္ ကမာၻ႔မီဒီ ယာမ်ားတြင္ေတာ့ ေရးသားေဖာ္ျပမႈမ်ား မရွိေသးပါ။

ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံတြင္ Civil Disobedience Movement ကို စတင္ေဖာ္ေဆာင္ခဲ့သူမွာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေရးလမ္းစဥ္ကို

စတင္က်င့္သုံးခဲ့သူ မဟတၱမၼ ဂႏၵီျဖစ္ၿပီး (၁၉၃၀) ခုႏွစ္တြင္ ၿဗိတိသွ်အစိုးရကို ဆန္႔က်င္၍ ဆားခ်က္ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။

ႏိုဘယ္ဆုက လူပုဂၢိဳလ္ေတြကို ေပးသလို အဖြဲ႕အစည္းေတြကို လည္း ေပးခဲ့ဖူးပါတယ္။ ဥပမာ (၁၉၉၉) ခုႏွစ္တုန္းကဆိုရင္

နယ္စည္းမျခား ဆရာဝန္မ်ားအဖြဲ႕ (MSF), (၂၀၂၀) တုန္းကဆိုရင္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) တို႔ကို ေပးခဲ့ဖူးပါ

တယ္။ တျခား UN အဖြဲ႕ေတြနဲ႔ IAEA လို အဖြဲ႕ေတြကိုလည္းေပးခဲ့ဖူးပါတယ္။ဒါေပမယ့္ လႈပ္ရွားမႈ (Movement) ကို ႏိုဘယ္ဆု

ေပးခဲ့ဖူးတဲ့မွတ္တမ္းေတာ့ က်ေနာ္ (လတ္တေလာ) ေလ့လာၾကည့္မိသေလာက္ မေတြ႕မိေသးပါ။ အေမရိကနဲ႔ ကမာၻတလႊားမွာ

နာမည္ႀကီးခဲ့တဲ့ Black Lives Matterလႈပ္ရွားမႈကို ယခုႏွစ္ ဇန္နဝါရီလတုန္းက ႏိုဘယ္ဆုအတြက္ အမည္စာရင္းတင္သြင္းခဲ့တာမ်ိဳးေတာ့ ရွိပါတယ္။

Credit

Unicode

မြန်မာနိုင်ငံသားများ၏ Civil Disobedience Movement ကို လာမည့် (၂၀၂၀) တွင် ပေးမည့် နိုဘယ်ဆု

အတွက် အဆိုတင်သွင်းထားကြောင်း နော်ဝေနိုင်ငံအခြေစိုက်NRK သတင်းဌာနက ဖော်ပြထားသည်။NRK သတင်း၏ အဆိုအရ နော်ဝေနိုင်ငံ အော်စလို

တက္ကသိုလ်မှ လူမှုသိပ္ပံ ပါမောက္ခ (၆) ဦးက လာမည့် (၂၀၂၂) နိုဘယ်ဆုရွေးချယ်ရေးတွင် ထည့်သွင်းရွေးချယ်စဉ်းစား

ပေးရန် အဆိုတင်သွင်းထားခြင်းဖြစ်သည်။ ယခုသတင်းကို နော်ဝေအခြေစိုက် သတင်းဌာန NRK တစ်ခု

တည်းကသာ တင်ထားသည်ကို တွေ့ရသေးပြီး ကျန် ကမ္ဘာ့မီဒီ ယာများတွင်တော့ ရေးသားဖော်ပြမှုများ မရှိသေးပါ။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် Civil Disobedience Movement ကို စတင်ဖော်ဆောင်ခဲ့သူမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရေးလမ်းစဉ်ကို

စတင်ကျင့်သုံးခဲ့သူ မဟတ္တမ္မ ဂန္ဒီဖြစ်ပြီး (၁၉၃၀) ခုနှစ်တွင် ဗြိတိသျှအစိုးရကို ဆန့်ကျင်၍ ဆားချက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

နိုဘယ်ဆုက လူပုဂ္ဂိုလ်တွေကို ပေးသလို အဖွဲ့အစည်းတွေကို လည်း ပေးခဲ့ဖူးပါတယ်။ ဥပမာ (၁၉၉၉) ခုနှစ်တုန်းကဆိုရင်

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF), (၂၀၂၀) တုန်းကဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ကို ပေးခဲ့ဖူးပါ

တယ်။ တခြား UN အဖွဲ့တွေနဲ့ IAEA လို အဖွဲ့တွေကိုလည်းပေးခဲ့ဖူးပါတယ်။ဒါပေမယ့် လှုပ်ရှားမှု (Movement) ကို နိုဘယ်ဆု

ပေးခဲ့ဖူးတဲ့မှတ်တမ်းတော့ ကျနော် (လတ်တလော) လေ့လာကြည့်မိသလောက် မတွေ့မိသေးပါ။ အမေရိကနဲ့ ကမ္ဘာတလွှားမှာ

နာမည်ကြီးခဲ့တဲ့ Black Lives Matterလှုပ်ရှားမှုကို ယခုနှစ် ဇန်နဝါရီလတုန်းက နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခဲ့တာမျိုးတော့ ရှိပါတယ်။

Credit