Zawgyi
Unicode
ထောင်ကျနေတဲ့ ဖခင်ကို နေ့တိုင်း ဆွမ်းခံရှာကျွေးတဲ့ ကိုရင်
လေးရဲ့ ကြေကွဲဖွယ်မြင်ကွင်းလေးပါ။ မိခင်နို့ဖိုးဆိုတာ ဆပ်လို့မ
ကုန်လို့ ဆိုကြသလို ဖခင်ချွေးဖိုးဆိုတာလည်း ဆပ်လို့ မနိုင်ပါဘူး။
ဒီဖြစ်ရပ်လေးကတော့ အသက်ငယ်ရွယ်သူဖြစ်ပေမဲ့ မိမိရဲ့ ဖခင်
အပေါ်မှာ ကျေးဇူးသိတတ်တဲ့ သားဖြစ်သူ ကိုရင်လေးရဲ့ ချီးကျူး
လေးစားစရာဖြစ်ရပ်လေးပါပဲ။ ကြေကွဲဖို့လည်း ကောင်းလှပါ
တယ်။ အဲ့ဒါကတော့ ထိုင်းနိုင်ငံက ကိုရင်လေးဟာ ထောင်ကျနေတဲ့
သူ့ရဲ့ ဖခင်ဖြစ်သူကို ဆွမ်းခံလို့ရတဲ့ ခဲဖွယ် ဘောဇဉ်တွေနဲ့ နေ့
တိုင်းကျွေးမွေးနေတာပဲ ဖြစ်ပါတယ်။ ဘယ်နေရာရောက်ရောက်
မိဘဟာ မိဘလို့ မြင်ပြီး ပြုစုစောင့်ရှောက်တဲ့ ကိုရင်လေးရဲ့
လုပ်ရပ်ဟာ အတုယူစရာဖြစ်သလို မြင်ရသူအဖို့လည်း ဝမ်းနည်းကြေကွဲစရာဖြစ်ခဲ့ရတာပါ။
ပရိသတ်ကြီးတို့လည်း မိမိတို့ရဲ့ မိဘတွေကို တတ်နိုင်သလောက်
ပြုစုစောင့်ရှောက်ကြပါလို့ တိုက်တွန်းပါရစေနော်။ မိဘကျေးဇူး
ဆိုတာ ကြီးမားလှပါတယ်။ ကိုရင်လေးနဲ့ ဖခင်ဖြစ်သူတို့လည်း အ
မြန်ဆုံးအတူတကွ ဆုံစည်းနေထိုင်ရပါစေလို့ ဆုတောင်း ပေးခဲ့ကြပါအုံးနော်။