ဝန်ထမ်းများ CDM တွင် မပါကြောင်း ဝန်ခံချက်ပေးသူကို ရာထူးတိုးပေးမည်ဟု ညွှန်ကြား

Zawgyi

ႏိုင္ငံဝန္ထမ္းေတြအေနနဲ႔ CDM မွာ မပါဝင္ေၾကာင္း စာနဲ႔ ကတိသစၥာျပဳ၊ လက္မွတ္ေရးထိုးသူ၊ ဝန္ခံခ်က္ေပးသူကိုသာ

ရာထူးတစ္ဆင့္ျမႇင့္တိုးေပးမယ္လို႔ မတ္လ ၁၁ ရက္ေန႔ ရက္စြဲနဲ႔ စစ္ေကာင္စီလက္ေအာက္က ျပန္ၾကားေရးဝန္ႀကီးဌာန႐ုံးစာနဲ႔

အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ အစည္းအေဝး (၂/၂၀၂၁) အရ စစ္ေကာင္စီ ဥကၠ႒က

လမ္းၫႊန္မွာၾကားခဲ့တာျဖစ္ၿပီး “စာျဖင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ဦးေဆာင္ ၫႊန္ၾကားေရးမႉးတို႔၏ ေရွ႕ေမွာက္တြင္ ကတိသစၥာျပဳပါသည္ဟု

ဝန္ခံခ်က္ ေပးသူကိုသာ ရာထူးတစ္ဆင့္ျမႇင့္ တိုးျခင္းအမိန႔္ ထုတ္ေပးရန္” ျပည္ေထာင္စုဝန္ႀကီး႐ုံးက တဆင့္ ၫႊန္ၾကားခဲ့ၿပီး

ဝန္ႀကီးဌာနေတြအလိုက္ လုပ္ေဆာင္ဖို႔ ဆက္လက္ၫႊန္ၾကားခဲ့တယ္လို႔ သိရပါတယ္။ ႏိုင္ငံ့ဝန္ထမ္းေတြအေနနဲ႔ ရာထူးတိုးျမႇင့္ေရး

ေထာက္ခံတင္ျပရာမွာ ႏိုင္ငံေတာ္အေပၚ ေက်းဇူးသစၥာ ေစာင့္သိမႈရွိျခင္း၊ မိမိမ်က္ကြယ္တြင္ ယုံၾကည္စိတ္ခ်စြာ

တာဝန္ေပးႏိုင္ျခင္း ရွိမရွိဆိုတဲ့ အခ်က္ေတြကိုပါ ထည့္သြင္းစဥ္းစားစိစစ္ဖို႔ လိုတယ္လို႔လည္း လွ်ိဳ႕ဝွက္စာမွာ ပါရွိပါတယ္။

အဆိုပါ စာကို ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပန္ၾကားေရးနဲ႔ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္

ကိုယ္စားဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေက်ာ္ဇင္စိုးလက္မွတ္နဲ႔ ထုတ္ခဲ့တာလည္း ျဖစ္ပါတယ္။

ဝန္ခံစာ ေပးပို႔ႏိုင္ဖို႔ကိုလည္း ပညာေရးဝန္ထမ္းေတြထံ ၫႊန္ၾကားထားၿပီး ဝန္ခံကတိျပဳထားတဲ့ ရာထူးအလိုက္ စာရင္းဇယားေတြကို

မတ္လ ၁၅ ရက္ေန႔ ေန႔လယ္ ၂ နာရီအေရာက္ ခ႐ိုင္ခ်ဳပ္ပုံစံနဲ႔ ျပန္လည္တင္ျပရမယ္လို႔ သိရပါတယ္။ Source, burmese.dvb

Unicode

နိုင်ငံဝန်ထမ်းတွေအနေနဲ့ CDM မှာ မပါဝင်ကြောင်း စာနဲ့ ကတိသစ္စာပြု၊ လက်မှတ်ရေးထိုးသူ၊ ဝန်ခံချက်ပေးသူကိုသာ

ရာထူးတစ်ဆင့်မြှင့်တိုးပေးမယ်လို့ မတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီလက်အောက်က ပြန်ကြားရေးဝန်ကြီးဌာနရုံးစာနဲ့

အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေး (၂/၂၀၂၁) အရ စစ်ကောင်စီ ဥက္ကဋ္ဌက

လမ်းညွှန်မှာကြားခဲ့တာဖြစ်ပြီး “စာဖြင့် ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင် ညွှန်ကြားရေးမှူးတို့၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပါသည်ဟု

ဝန်ခံချက် ပေးသူကိုသာ ရာထူးတစ်ဆင့်မြှင့် တိုးခြင်းအမိန့် ထုတ်ပေးရန်” ပြည်ထောင်စုဝန်ကြီးရုံးက တဆင့် ညွှန်ကြားခဲ့ပြီး

ဝန်ကြီးဌာနတွေအလိုက် လုပ်ဆောင်ဖို့ ဆက်လက်ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ရာထူးတိုးမြှင့်ရေး

ထောက်ခံတင်ပြရာမှာ နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာ စောင့်သိမှုရှိခြင်း၊ မိမိမျက်ကွယ်တွင် ယုံကြည်စိတ်ချစွာ

တာဝန်ပေးနိုင်ခြင်း ရှိမရှိဆိုတဲ့ အချက်တွေကိုပါ ထည့်သွင်းစဉ်းစားစိစစ်ဖို့ လိုတယ်လို့လည်း လျှို့ဝှက်စာမှာ ပါရှိပါတယ်။

အဆိုပါ စာကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်

ကိုယ်စားဒုတိယညွှန်ကြားရေးမှူးချုပ် ကျော်ဇင်စိုးလက်မှတ်နဲ့ ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဝန်ခံစာ ပေးပို့နိုင်ဖို့ကိုလည်း ပညာရေးဝန်ထမ်းတွေထံ ညွှန်ကြားထားပြီး ဝန်ခံကတိပြုထားတဲ့ ရာထူးအလိုက် စာရင်းဇယားတွေကို

မတ်လ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီအရောက် ခရိုင်ချုပ်ပုံစံနဲ့ ပြန်လည်တင်ပြရမယ်လို့ သိရပါတယ်။ Source, burmese.dvb