Zawgyi

တယ္လီေနာက သန္း ၇၀၀ ေက်ာ္ အရႈံးေပၚတာမဟုတ္ဘူး။

Write off လုပ္ပလိုက္တာ။ သာမာန္လူ နားလည္ေအာင္ေျပ

ာရရင္ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံထားသမွ် ဟာေတြ

အကုန္လုံးကို ဆုံးၿပီလို စာရင္း အရင္ထည့္လိုက္တာ။ တကယ္

ဆုံးတာမဟုတ္ဘူး။ စာရင္းကိုင္မွာ Going Concern

concept ဆိုတာရွိတယ္။ ပစၥည္းေတြကို ေနာက္ႏွစ္ေတြ

မွာ ဆက္သုံးလို႔ရအုံးမယ္။ ဝန္ထမ္း သင္ၾကားေရးကုန္က်စရိတ္

မွာ ဝန္ထမ္းေတြကို ေနာက္ႏွစ္ေတြ ဆက္သုံးလို႔ရအုံးမယ္။

ေၾကာ္ျငာ ကုန္က်စရိတ္ေတြမွာ အဲ့က ျပန္ရမယ့္ ေဖါက္သည္

သစ္ေတြရဲ႕ ဝင္ေငြေတြရွိမယ္ စသျဖင့္ ကုန္က်ထားတာေတြကို

ေနာက္ႏွစ္ေတြမွာ ျပန္ရမယ္လို႔တြက္ထားတာ။ အလြယ္ဆုံး

ေျပာရရင္ မုန္႔ဟင္းခါးဆိုင္ဖြင့္ဖို႔အတြက္ ပုဂံ အခ်ပ္ (၂၀) ဝယ္

ထားရင္ အဲ့ပန္းကန္မ်ားသည္ ႏွစ္ေပါင္းမ်ားစြာသုံးႏိုင္သည္။ အဲ့

ပန္းကန္မ်ားသုံးၿပီး ပိုက္ဆံရွာႏိုင္သည္ဆိုတဲ့ အေတြးပဲ။

အဲ့ဒါအတြက္ Depreciation လိုမ်ိဳး တန္ဖိုးေလ်ာ့ေလ်ာ့ၿပီး

တြက္တာေတြ၊ Asset လို ပိုင္ဆိုင္မႈေတြကို စာရင္းထဲမွာ

ထည့္ျပရတာေတြ အဆင့္ဆင့္ရွိတယ္။ အခုက စာရင္းထဲမွာ

ပန္းကန္ဖိုးကစလို႔ ရွိသမွ် ပစၥည္းဖိုးေတြ မျမင္ႏိုင္တဲ့

ရင္းႏွီးျမဳပ္ႏွံမႈေတြ အကုန္လုံးကို သုညလို႔ သတ္မွတ္

ၿပီး Write off လုပ္လိုက္တာ။ Going concern

concept အရ ဆက္မသြားေတာ့ဘူးလို႔ ယူဆထားလိုက္တာ။

ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံထားတဲ့ ပိုက္ဆံမ်ားကို ဆုံးၿပီ

လို႔သတ္မွတ္လိုက္တာ။ (အားလုံးကို write off လုပ္တယ္

လို႔ေတာ့ယူဆတယ္၊ အားလုံးလား တစိတ္တပိုင္းလား ေသခ်ာမ

သိ) အဲ့ဒါဟာ ျမန္မာႏိုင္ငံက Telenor ႐ုပ္သိမ္းသြားဖို႔ မဟုတ္

ဘူး။ တယ္လီေနာကဒ္ေတြ ရပ္လိုက္ဖို႔မဟုတ္ဘူး။ အခုလို

write off လုပ္လိုက္ၿပီး အားလုံးအရႈံးျပၿပီးသားျဖစ္လို႔

ျမန္မာႏိုင္ငံရဲ႕ တယ္လီေနာလုပ္ငန္းစဥ္မ်ား ဘာျဖစ္ျဖစ္ ဂ႐ုစိုက္ စရာမလိုေတာ့ဘူး။

ေျပာရရင္ တယ္လီေနာဟာ ျမန္မာႏိုင္ငံမွာ အလုပ္လုပ္ရတာ

လြတ္လပ္သြားမယ္။ Decision ခ်တဲ့ေနရာမွာ အရႈံး

ကို ငဲ့ေနစရာ မလိုေတာ့ဘူး။ ကုန္ကုန္ ေျပာရရင္ စစ္အၾကမ္းဖက္

အဖြဲ႕ကို ကလန္တိုက္ၿပီး အင္တာနက္ေတြ ျပန္ဖြင့္ျခင္းကစလို႔

NUG ကိုကူညီလို႔ ျမန္မာႏိုင္ငံက ကန္ထုတ္ခံလိုက္ရရင္ေတာင္

ေနာက္ထပ္စာရင္းမွာ ဘာအရႈံးမွ ျပမွာမဟုတ္ေတာ့

ဘူး။ ဘာအတြက္ Write off လုပ္လိုက္တယ္ဆိုတာ ေသခ်ာ

မသိေပမယ့္ အေတာ္ၾကမ္းတဲ့ ေ႐ႊ႕ကြက္ဆိုတာေတာ့ ေသခ်ာ တယ္။

အခု သုံးလပတ္မွာျပတဲ့ တယ္လီေနာ ပင္မကုမၸဏီရဲ႕

အရႈံးစာရင္းႀကီးက မိုးထိုးသြားတာကိုး။ စေတာ့ရွယ္ယာ

ေဈးနဲ႔ ေျပာရမယ္ဆို မတရားထိုးဆင္းသြားမယ့္အကြက္ႀကီး၊

ကုမၸဏီအတြက္ အေတာ္ထိခိုက္မယ့္အကြက္။ ဘာပဲျဖစ္ျဖစ္

တယ္လီေနာကေတာ့ ျမန္မာႏိုင္ငံအေရးမွာ တတ္ႏိုင္သေလာက္

႐ုန္းေပးခဲ့တဲ့ ကုမၸဏီျဖစ္လို႔ ေက်းဇူးအထူးတင္ရမယ့္ကုမၸဏီပဲ။

Tracking ကစလို႔ စစ္အၾကမ္းဖက္အဖြဲ႕ဆီ ဘာမွ မေပါက္

ၾကားေအာင္ လုပ္ေပးထားႏိုင္ဆဲပဲ။ ဆက္ၿပီး အင္တိုက္အားတိုက္ အားေပးရမွာပဲ။

Credit: Kyaw Kyaw Sai

Unicode

တယ်လီနောက သန်း ၇၀၀ ကျော် အရှုံးပေါ်တာမဟုတ်ဘူး။

Write off လုပ်ပလိုက်တာ။ သာမာန်လူ နားလည်အောင်ပြေ

ာရရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားသမျှ ဟာတွေ

အကုန်လုံးကို ဆုံးပြီလို စာရင်း အရင်ထည့်လိုက်တာ။ တကယ်

ဆုံးတာမဟုတ်ဘူး။ စာရင်းကိုင်မှာ Going Concern

concept ဆိုတာရှိတယ်။ ပစ္စည်းတွေကို နောက်နှစ်တွေ

မှာ ဆက်သုံးလို့ရအုံးမယ်။ ဝန်ထမ်း သင်ကြားရေးကုန်ကျစရိတ်

မှာ ဝန်ထမ်းတွေကို နောက်နှစ်တွေ ဆက်သုံးလို့ရအုံးမယ်။

ကြော်ငြာ ကုန်ကျစရိတ်တွေမှာ အဲ့က ပြန်ရမယ့် ဖေါက်သည်

သစ်တွေရဲ့ ဝင်ငွေတွေရှိမယ် စသဖြင့် ကုန်ကျထားတာတွေကို

နောက်နှစ်တွေမှာ ပြန်ရမယ်လို့တွက်ထားတာ။ အလွယ်ဆုံး

ပြောရရင် မုန့်ဟင်းခါးဆိုင်ဖွင့်ဖို့အတွက် ပုဂံ အချပ် (၂၀) ဝယ်

ထားရင် အဲ့ပန်းကန်များသည် နှစ်ပေါင်းများစွာသုံးနိုင်သည်။ အဲ့

ပန်းကန်များသုံးပြီး ပိုက်ဆံရှာနိုင်သည်ဆိုတဲ့ အတွေးပဲ။

အဲ့ဒါအတွက် Depreciation လိုမျိုး တန်ဖိုးလျော့လျော့ပြီး

တွက်တာတွေ၊ Asset လို ပိုင်ဆိုင်မှုတွေကို စာရင်းထဲမှာ

ထည့်ပြရတာတွေ အဆင့်ဆင့်ရှိတယ်။ အခုက စာရင်းထဲမှာ

ပန်းကန်ဖိုးကစလို့ ရှိသမျှ ပစ္စည်းဖိုးတွေ မမြင်နိုင်တဲ့

ရင်းနှီးမြုပ်နှံမှုတွေ အကုန်လုံးကို သုညလို့ သတ်မှတ်

ပြီး Write off လုပ်လိုက်တာ။ Going concern

concept အရ ဆက်မသွားတော့ဘူးလို့ ယူဆထားလိုက်တာ။

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ ပိုက်ဆံများကို ဆုံးပြီ

လို့သတ်မှတ်လိုက်တာ။ (အားလုံးကို write off လုပ်တယ်

လို့တော့ယူဆတယ်၊ အားလုံးလား တစိတ်တပိုင်းလား သေချာမ

သိ) အဲ့ဒါဟာ မြန်မာနိုင်ငံက Telenor ရုပ်သိမ်းသွားဖို့ မဟုတ်

ဘူး။ တယ်လီနောကဒ်တွေ ရပ်လိုက်ဖို့မဟုတ်ဘူး။ အခုလို

write off လုပ်လိုက်ပြီး အားလုံးအရှုံးပြပြီးသားဖြစ်လို့

မြန်မာနိုင်ငံရဲ့ တယ်လီနောလုပ်ငန်းစဉ်များ ဘာဖြစ်ဖြစ် ဂရုစိုက် စရာမလိုတော့ဘူး။

ပြောရရင် တယ်လီနောဟာ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရတာ

လွတ်လပ်သွားမယ်။ Decision ချတဲ့နေရာမှာ အရှုံး

ကို ငဲ့နေစရာ မလိုတော့ဘူး။ ကုန်ကုန် ပြောရရင် စစ်အကြမ်းဖက်

အဖွဲ့ကို ကလန်တိုက်ပြီး အင်တာနက်တွေ ပြန်ဖွင့်ခြင်းကစလို့

NUG ကိုကူညီလို့ မြန်မာနိုင်ငံက ကန်ထုတ်ခံလိုက်ရရင်တောင်

နောက်ထပ်စာရင်းမှာ ဘာအရှုံးမှ ပြမှာမဟုတ်တော့

ဘူး။ ဘာအတွက် Write off လုပ်လိုက်တယ်ဆိုတာ သေချာ

မသိပေမယ့် အတော်ကြမ်းတဲ့ ရွှေ့ကွက်ဆိုတာတော့ သေချာတယ်။

အခု သုံးလပတ်မှာပြတဲ့ တယ်လီနော ပင်မကုမ္ပဏီရဲ့

အရှုံးစာရင်းကြီးက မိုးထိုးသွားတာကိုး။ စတော့ရှယ်ယာ

ဈေးနဲ့ ပြောရမယ်ဆို မတရားထိုးဆင်းသွားမယ့်အကွက်ကြီး၊

ကုမ္ပဏီအတွက် အတော်ထိခိုက်မယ့်အကွက်။ ဘာပဲဖြစ်ဖြစ်

တယ်လီနောကတော့ မြန်မာနိုင်ငံအရေးမှာ တတ်နိုင်သလောက်

ရုန်းပေးခဲ့တဲ့ ကုမ္ပဏီဖြစ်လို့ ကျေးဇူးအထူးတင်ရမယ့်ကုမ္ပဏီပဲ။

Tracking ကစလို့ စစ်အကြမ်းဖက်အဖွဲ့ဆီ ဘာမှ မပေါက်

ကြားအောင် လုပ်ပေးထားနိုင်ဆဲပဲ။ ဆက်ပြီး အင်တိုက်အားတိုက် အားပေးရမှာပဲ။

Credit: Kyaw Kyaw Sai