Zawgyi

ျပည္သူမ်ားက သူတို႔ စုေဆာင္းထားတဲ့ ပိုက္ဆံေတြကို လုံၿခဳံစိတ္ခ်ရတဲ့ ဘဏ္မ်ားတြင္သာ အပ္ႏွံေလ့ရွိၾကတာျဖစ္ပါတယ္။

သို႔ေသာ္လည္း ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ ျပည္သူမ်ားကေရွ႕ဆက္ျဖစ္လာမယ့္

အနာဂတ္ေတြကို ႀကိဳတင္မမွန္းဆႏိုင္ေတာ့႐ုံသာမကဘဲ ဘဏ္မ်ားကိုလည္း ယုံၾကည္မႈနည္းပါးလာၿပီး

သူတို႔ရဲ႕ ပိုက္ဆံမ်ားကို လက္ဝယ္သိမ္းဆည္းထားခ်င္တာေၾကာင့္ အခုလို မနက္အေစာႀကီးထကာ ဘဏ္ေရွ႕မ်ားတြင္

ပင္ပင္ပန္းပန္း ေစာင့္ဆိုင္းထုတ္ယူေနၾကရတာ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ျပည္သူမ်ားမွCurfew အခ်ိန္ထက္ေစာကာ

တန္းစီၾကတာေၾကာင့္ ဖမ္းဆီးခံရတာမ်ိဳးလည္း ရွိခဲ့ၾကတာ ျဖစ္ပါတယ္။ အခုေနာက္ပိုင္း ကုမၸဏီေတာ္ေတာ္မ်ားမ်ားကလည္း

လစာမ်ားကို ေငြသားျဖင့္ တိုက္႐ိုက္မေပးေတာ့ဘဲ Mobile Banking မ်ားျဖင့္သာ လႊဲေပးၾကေတာ့တာ ျဖစ္တာေၾကာင့္ အခုလို

ဘဏ္ေတြေရွ႕မွာ အခ်ိန္အၾကာႀကီး ေစာင့္ဆိုင္းၿပီး ေငြထုတ္ရတာ အေတာ္ေလးကို စိတ္ပင္ပန္း လူပင္ပန္း ျဖစ္ေနၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာေငြအခ်င္းခ်င္း လဲလွယ္ေပးတဲ့ အျပင္ေဈးကြက္ကလည္း မ်ားစြာ ျမင့္တက္ေနတာေၾကာင့္ ျမန္မာေငြေဈးဟာ

သိသိသာသာ က်ဆင္းေနတာ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ ကုမၸဏီမ်ားက ဘဏ္မ်ားတြင္ Token ေစာင့္ဆိုင္းဖို႔အတြက္ လစာသတ္မွတ္ၿပီး

ဝန္ထမ္းမ်ား ေခၚယူေနၾကတာကိုလည္း လူမႈကြန္ယက္မ်ားတြင္ ျမင္ေတြ႕ ၾကရမွာပါ။ဒီအေျခအေနကေတာ့ လက္ရွိျပည္သူေတြ

ေန႔စဥ္ရက္ဆက္ ႀကဳံေတြ႕ေနရတဲ့ ျပသနာျဖစ္ၿပီး အခုခ်ိန္ထိေတာ့ထိန္းခ်ဳပ္ႏိုင္မယ့္ နည္းလမ္း မရွိေသးပါဘူး။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း Make-up artist ေမဦးရဲ႕Facebook အေကာင့္တြင္ ေန႔စဥ္ရက္ဆက္ ဘဏ္ေတြေရွ႕မွာ

ေငြထုတ္ဖို႔အခ်ိန္အၾကာႀကီး တန္းစီေစာင့္ဆိုင္းေနရတဲ့ျပည္သူေတြအား သတိေပးစကားတစ္ခြန္း ေျပာျပလာတာ ျဖစ္ပါတယ္။

” အႏွစ္ႏွစ္အလလ ပင္္ပင္ပန္ပန္းရွာေဖြထားတဲ့ကိုယ္ပိုင္တဲ့ေငြေတြကို ကိုယ့္သေဘာနဲ႔လုံၿခဳံမယ္လို႔ထင္တဲ့ bank ဆိုတဲ့ေနရာမွာ

စိတ္ခ်စြာယုံၾကည္စြာအပ္ႏွံခဲ့ၾကတယ္။ အခုေတာ့ မယုံၾကည္ရတဲ့အေျခအေနမို႔ ကိုယ္သေဘာနဲ႔ပဲကိုယ္ပိုင္ေငြကိုျပန္ထုတ္ဖို႔လုပ္

ေတာ့ရခ်င္သေလာက္လိုသေလာက္ထုတ္ခြင့္မရေတာ့ဘူး။ကိုယ့္ေငြကိုယ္ျပန္ထုတ္တာေတာင္ဒီေလာက္ပင္ပန္းဆင္းရဲၿပီးဒုကၡေရာက္ေနရရင္

ဒီအာဏာ႐ူးေတြေအာက္မွာတျခားလူ႔အခြင့္ေရးေတြအလုပ္အကိုင္ေတြဘာတစ္ခုမွရဖို႔ မရွိဘူးဆိုတာ

ျပည္သူေတြပိုသေဘာေပါက္ၾကပါ။ ဒါ့ေၾကာင့္ ဒီအာဏာ႐ူးေတြကိုအျမစ္ျပဳတ္ေအာင္ ရတဲ့နည္းနဲ႔ဝိုင္းၿပီးေတာ္လွန္ၾကပါ 💪🏻” လို႔

ေရးသားေဝမွ်လာတာ ျဖစ္ပါတယ္။ ျပည္သူေတြတစ္ခ်ိဳ႕ကလည္း ေမဦးရဲ႕ ပို႔စ္ေအာက္တြင္ ဘဏ္ေတြမွာ ေစာင့္ဆိုင္းရင္း ႀကဳံေတြ႕ေနၾကတဲ့

သူတို႔ရဲ႕ အခက္အခဲေတြကို ေျပာျပထားၾကပါေသးတယ္။ ဒီလိုအခက္အခဲေတြကို ေနာင္လာေနာင္သားေတြ

မႀကဳံေတြ႕ရေစရန္ အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ အားလုံးပူးေပါင္းပါဝင္ေပးၾကပါလို႔ တိုက္တြန္းလိုက္ပါရေစေနာ္။

Unicode

ပြည်သူများက သူတို့ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို လုံခြုံစိတ်ချရတဲ့ ဘဏ်များတွင်သာ အပ်နှံလေ့ရှိကြတာဖြစ်ပါတယ်။

သို့သော်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပြည်သူများကရှေ့ဆက်ဖြစ်လာမယ့်

အနာဂတ်တွေကို ကြိုတင်မမှန်းဆနိုင်တော့ရုံသာမကဘဲ ဘဏ်များကိုလည်း ယုံကြည်မှုနည်းပါးလာပြီး

သူတို့ရဲ့ ပိုက်ဆံများကို လက်ဝယ်သိမ်းဆည်းထားချင်တာကြောင့် အခုလို မနက်အစောကြီးထကာ ဘဏ်ရှေ့များတွင်

ပင်ပင်ပန်းပန်း စောင့်ဆိုင်းထုတ်ယူနေကြရတာ ဖြစ်ပါတယ်။ တစ်ချို့ပြည်သူများမှCurfew အချိန်ထက်စောကာ

တန်းစီကြတာကြောင့် ဖမ်းဆီးခံရတာမျိုးလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ကုမ္ပဏီတော်တော်များများကလည်း

လစာများကို ငွေသားဖြင့် တိုက်ရိုက်မပေးတော့ဘဲ Mobile Banking များဖြင့်သာ လွှဲပေးကြတော့တာ ဖြစ်တာကြောင့် အခုလို

ဘဏ်တွေရှေ့မှာ အချိန်အကြာကြီး စောင့်ဆိုင်းပြီး ငွေထုတ်ရတာ အတော်လေးကို စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာငွေအချင်းချင်း လဲလှယ်ပေးတဲ့ အပြင်ဈေးကွက်ကလည်း များစွာ မြင့်တက်နေတာကြောင့် မြန်မာငွေဈေးဟာ

သိသိသာသာ ကျဆင်းနေတာ ဖြစ်ပါတယ်။ တစ်ချို့ ကုမ္ပဏီများက ဘဏ်များတွင် Token စောင့်ဆိုင်းဖို့အတွက် လစာသတ်မှတ်ပြီး

ဝန်ထမ်းများ ခေါ်ယူနေကြတာကိုလည်း လူမှုကွန်ယက်များတွင် မြင်တွေ့ ကြရမှာပါ။ဒီအခြေအနေကတော့ လက်ရှိပြည်သူတွေ

နေ့စဉ်ရက်ဆက် ကြုံတွေ့နေရတဲ့ ပြသနာဖြစ်ပြီး အခုချိန်ထိတော့ထိန်းချုပ်နိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း Make-up artist မေဦးရဲ့Facebook အကောင့်တွင် နေ့စဉ်ရက်ဆက် ဘဏ်တွေရှေ့မှာ

ငွေထုတ်ဖို့အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းနေရတဲ့ပြည်သူတွေအား သတိပေးစကားတစ်ခွန်း ပြောပြလာတာ ဖြစ်ပါတယ်။

” အနှစ်နှစ်အလလ ပင််ပင်ပန်ပန်းရှာဖွေထားတဲ့ကိုယ်ပိုင်တဲ့ငွေတွေကို ကိုယ့်သဘောနဲ့လုံခြုံမယ်လို့ထင်တဲ့ bank ဆိုတဲ့နေရာမှာ

စိတ်ချစွာယုံကြည်စွာအပ်နှံခဲ့ကြတယ်။ အခုတော့ မယုံကြည်ရတဲ့အခြေအနေမို့ ကိုယ်သဘောနဲ့ပဲကိုယ်ပိုင်ငွေကိုပြန်ထုတ်ဖို့လုပ်

တော့ရချင်သလောက်လိုသလောက်ထုတ်ခွင့်မရတော့ဘူး။ကိုယ့်ငွေကိုယ်ပြန်ထုတ်တာတောင်ဒီလောက်ပင်ပန်းဆင်းရဲပြီးဒုက္ခရောက်နေရရင်

ဒီအာဏာရူးတွေအောက်မှာတခြားလူ့အခွင့်ရေးတွေအလုပ်အကိုင်တွေဘာတစ်ခုမှရဖို့ မရှိဘူးဆိုတာ

ပြည်သူတွေပိုသဘောပေါက်ကြပါ။ ဒါ့ကြောင့် ဒီအာဏာရူးတွေကိုအမြစ်ပြုတ်အောင် ရတဲ့နည်းနဲ့ဝိုင်းပြီးတော်လှန်ကြပါ 💪🏻” လို့

ရေးသားဝေမျှလာတာ ဖြစ်ပါတယ်။ ပြည်သူတွေတစ်ချို့ကလည်း မေဦးရဲ့ ပို့စ်အောက်တွင် ဘဏ်တွေမှာ စောင့်ဆိုင်းရင်း ကြုံတွေ့နေကြတဲ့

သူတို့ရဲ့ အခက်အခဲတွေကို ပြောပြထားကြပါသေးတယ်။ ဒီလိုအခက်အခဲတွေကို နောင်လာနောင်သားတွေ

မကြုံတွေ့ရစေရန် အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် အားလုံးပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။