Zawgyi

ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ္ပိုင္စီးပြားေရး တစ္ခုလုပ္ေနတဲ့ ဇာဇာထက္ဟာ ကိုယ္တိုင္လည္း Online Shop လုပ္ေနသူမို႔

ေဈးသည္ေတြရဲ႕ဘဝကို အျပည့္အဝနားလည္ၿပီး လမ္းမေပၚမွာ အသီးအ႐ြက္ေတြေရာင္းေနရတဲ့ေဈးသည္ေတြဆီကေန တတ္ႏိုင္သေလာက္

ခပ္မ်ားမ်ားေလးဝယ္ခဲ့ပါတယ္။ အခုလိုအက်ပ္အတည္း ကာလေတြမွာ သူမအေနနဲ႔လည္း တတ္ႏိုင္တဲ့ဖက္က လိုအပ္သူေတြကို

အကူအညီေပးေနခဲ့တာပါ။ အက်ပ္အတည္းေတြၾကားထဲကေန႐ုန္းကန္ၿပီး လက္ရွိအေျခအေနထိ ကိုယ့္အားကိုယ္ကိုးၿပီး

ျဖစ္တည္လာခဲ့တာေၾကာင့္ သူမရဲ႕ရပ္တည္မႈအတြက္ အၿမဲတမ္း လိပ္ျပာလုံမယ့္ ရဲရဲေတာက္အမ်ိဳးသမီးတစ္ေယာက္လည္းျဖစ္ပါတယ္။

သိပ္ခ်စ္ရတဲ့မိခင္ႀကီးဆုံးပါးသြားၿပီးေနာက္ ေမာင္ႏွမေတြအေပၚမွာ အမႀကီးအမိရာ ပီသစြာနဲ႔ ေနထိုင္လာခဲ့ၿပီး Model လုပ္ငန္းကေနရ

တဲ့ဝင္ေငြေလးေတြကိုစုေဆာင္းကာ ကိုယ္ပိုင္လုပ္ငန္းအျဖစ္နဲ႔ Online Shop စတင္လုပ္ကိုင္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့

သူမကိုခ်စ္ခင္ၾကသူေတြရဲ႕ အားေပးမႈေတြေၾကာင့္ အေျခအေနတစ္ခု ထိေရာက္လာခဲ့ၿပီး ကိုယ္ပိုင္အိမ္တစ္လုံး ပိုင္ဆိုင္ႏိုင္ခဲ့သလို

အိမ္ရဲ႕အတြင္းပိုင္းကိုလည္း သူမစိတ္ႀကိဳက္ျပဳျပင္ႏိုင္ခဲ့ပါတယ္။ သူတစ္ပါးအေပၚ စိတ္ေကာင္းအၿမဲထားတာေၾကာင့္

သူမရဲ႕တန္ဖိုးႀကီးပစၥည္းေတြေပ်ာက္တိုင္း အၿမဲတမ္း ျပန္ရတတ္တဲ့အေၾကာင္း ေျပာျပခဲ့ပါေသးတယ္။

ေဈးသည္ေတြဆီကအားေပးခဲ့တဲ့ အသီးအ႐ြက္ေတြကို ” ေဈးသည္ျခင္း ကိုယ္ခ်င္းစာေသာ စိတ္ျဖင့္ ” ဆိုၿပီး အမွတ္တရပုံ႐ိုက္ကာ

လူမႈကြန္ယက္မွာေဝမွ်ခဲ့ပါတယ္။ သူမရဲ႕စိတ္ရင္းေစတနာကို သိတဲ့ပရိသတ္ေတြကေတာ့ ဇာ့ကိုအရင္ကထက္ပိုခ်စ္ၿပီး

ပိုအားေပးလာခဲ့ပါတယ္။ ဘဝကို အေကာင္းဆုံးပုံ ေဖာ္ႏိုင္ၿပီး ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ မားမားမတ္မတ္ရပ္တည္ႏိုင္တဲ့

အမ်ိဳးသမီးျဖစ္တာေၾကာင့္လည္း အခုလိုအေနအထားကိုေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

Photo Credit – Zar Htet’s FB Acc

Unicode

ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင်စီးပွားရေး တစ်ခုလုပ်နေတဲ့ ဇာဇာထက်ဟာ ကိုယ်တိုင်လည်း Online Shop လုပ်နေသူမို့

ဈေးသည်တွေရဲ့ဘဝကို အပြည့်အဝနားလည်ပြီး လမ်းမပေါ်မှာ အသီးအရွက်တွေရောင်းနေရတဲ့ဈေးသည်တွေဆီကနေ တတ်နိုင်သလောက်

ခပ်များများလေးဝယ်ခဲ့ပါတယ်။ အခုလိုအကျပ်အတည်း ကာလတွေမှာ သူမအနေနဲ့လည်း တတ်နိုင်တဲ့ဖက်က လိုအပ်သူတွေကို

အကူအညီပေးနေခဲ့တာပါ။ အကျပ်အတည်းတွေကြားထဲကနေရုန်းကန်ပြီး လက်ရှိအခြေအနေထိ ကိုယ့်အားကိုယ်ကိုးပြီး

ဖြစ်တည်လာခဲ့တာကြောင့် သူမရဲ့ရပ်တည်မှုအတွက် အမြဲတမ်း လိပ်ပြာလုံမယ့် ရဲရဲတောက်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

သိပ်ချစ်ရတဲ့မိခင်ကြီးဆုံးပါးသွားပြီးနောက် မောင်နှမတွေအပေါ်မှာ အမကြီးအမိရာ ပီသစွာနဲ့ နေထိုင်လာခဲ့ပြီး Model လုပ်ငန်းကနေရ

တဲ့ဝင်ငွေလေးတွေကိုစုဆောင်းကာ ကိုယ်ပိုင်လုပ်ငန်းအဖြစ်နဲ့ Online Shop စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့

သူမကိုချစ်ခင်ကြသူတွေရဲ့ အားပေးမှုတွေကြောင့် အခြေအနေတစ်ခု ထိရောက်လာခဲ့ပြီး ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်နိုင်ခဲ့သလို

အိမ်ရဲ့အတွင်းပိုင်းကိုလည်း သူမစိတ်ကြိုက်ပြုပြင်နိုင်ခဲ့ပါတယ်။ သူတစ်ပါးအပေါ် စိတ်ကောင်းအမြဲထားတာကြောင့်

သူမရဲ့တန်ဖိုးကြီးပစ္စည်းတွေပျောက်တိုင်း အမြဲတမ်း ပြန်ရတတ်တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

ဈေးသည်တွေဆီကအားပေးခဲ့တဲ့ အသီးအရွက်တွေကို ” ဈေးသည်ခြင်း ကိုယ်ချင်းစာသော စိတ်ဖြင့် ” ဆိုပြီး အမှတ်တရပုံရိုက်ကာ

လူမှုကွန်ယက်မှာဝေမျှခဲ့ပါတယ်။ သူမရဲ့စိတ်ရင်းစေတနာကို သိတဲ့ပရိသတ်တွေကတော့ ဇာ့ကိုအရင်ကထက်ပိုချစ်ပြီး

ပိုအားပေးလာခဲ့ပါတယ်။ ဘဝကို အကောင်းဆုံးပုံ ဖော်နိုင်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မားမားမတ်မတ်ရပ်တည်နိုင်တဲ့

အမျိုးသမီးဖြစ်တာကြောင့်လည်း အခုလိုအနေအထားကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit – Zar Htet’s FB Acc