ဆံတော်ရှင် သမိုင်းဝင်ဖလေးဘုရား နှင့် ငလျှင်သမိုင်း

Zawgyi

ဖေလးဘုရား (ေခၚ) ဆံေတာ္ရွင္ က်ိဳက္မတ္ေကာ္ေစတီေတာ္ျမတ္သည္ ပဲခူးတိုင္း ၊ ကဝၿမိဳ႕ အေရွ႕ဘက္ ၃ မိုင္ ၅ ဖာလုံအကြာ ၊

အုန္းႏွဲ-ကဝကား လမ္းေျမာက္ဘက္ ၆ ဖာလုံအကြာ ဖေလး႐ြာဦး၌ အပူေဇာ္ခံလ်က္ ရွိပါသည္။ ကဝၿမိဳ႕နယ္ ကဝလြင္ျပင္တြင္

တစ္႐ြာမွ တစ္႐ြာ ကူးေနစဥ္ ထုံးသကၤန္း ေဖြးေဖြးႏွင့္ ေစတီေတာ္ႀကီးတစ္ဆူကိုဖူးျမင္ရေသာအခါ လက္အုပ္ခ်ီမိုးရွိခိုးမိေသာ္လည္း

က်ိဳက္မတ္ေကာ္ ေစတီေတာ္မွန္း မသိခဲ့ေၾကာင္း ကြၽန္ေတာ္ ဝန္ခံပါသည္။ ေစတီမွာ ပဲခူးမွ ေ႐ႊေမာေဓာ ေစတီေတာ္ေလာက္

ေရွးမက်ေတာင္ အလြန္ေရွးက်ပုံ ရသည္။ ထိုအနီးနားမွ ဇြဲသဘုံၿမိဳ႕ေဟာင္းပင္ ထိုေစတီေတာ္ ေနာက္မွ တည္ခဲ့ပုံရသည္။

ဇြဲသဘုံၿမိဳ႕သည္ ရာဇာဓိရာဇ္ ေခတ္၌ပင္ အေတာ္စည္ကားေသးသည္။ ယခုေတာ့ ၿမိဳ႕အရာပင္ တိမ္ေကာေနေပၿပီ။

ဤေနရာ၌ သမိုင္းကို ေျပာလိုသည္ မဟုတ္ပါ။ ဖေလးေစတီေတာ္၏ သက္ေတာ္ ၾကာရင့္သည္ကိုသာ ဆိုလိုရင္း ျဖစ္သည္။

ေစတီေဟာင္းမ်ားကို ထပ္ကာ ထပ္ကာ ငုံကာ တည္ထား ေသာေၾကာင့္ ယခုအခါ ေ႐ႊေမာေဓါ ေစတီေတာ္နီးပါး ျမင့္သည္။

ဆံေတာ္ရွင္ က်ိဳက္မတ္ေကာ္ေစတီႀကီးသည္ ဉာဏ္ေတာ္ အေတာင္ ၂၁၀ (၃၁၅ ေပ) ျမင့္သည္။

ဆံေတာ္ရွင္က်ိဳက္မတ္ေကာ္ေစတီေတာ္ႀကီး၏ သမိုင္းကို ျပန္လည္ေဖာ္ထုတ္လွ်င္ မဟာသကၠရာဇ္ ၁၁ဝ ခုႏွစ္တြင္ ျမတ္စြာ

ဘုရားႏွင့္ ရဟႏၲာ ၅ဝဝ သုဝဏၰဘူမိတိုင္း သထုံျပည္သို႔ ေဒသစာရီ ႂကြရာက္လာျခင္းကို အေျခခံရ မည္ ျဖစ္ပါသည္။

ျမတ္စြာဘုရား ႂကြေရာက္ေတာ္မူေသာအခါ ရာ မညတိုင္းေတာေတာင္ထဲတြင္ မွီတင္းေနထိုင္ေသာ ရေသ့မ်ား ဈာန္

အဘိဉာဥ္ျဖင့္လာေရာက္ဖူးေျမာ္ ၾကပါသည္။ ရေသ့ေျခာက္ပါးစီ သုံးစုခြဲ၍ လာေရာက္ပူေဇာ္ေသာ အခါ ျမတ္စြာဘုရားက

ရေသ့ တစ္ပါးလွ်င္ ဆံေတာ္တစ္ဆူစီ ခ်ီး ျမႇင့္ခဲ့ပါသည္။ ထိုရေသ့မ်ားသည္ မိမိတို႔ ေနထိုင္ေသာ ေတာေတာင္တြင္

ဆံေတာ္မ်ားဌာပနာ၍ဆံေတာ္ ရွင္ေစတီမ်ားတည္ထား ပူေဇာ္ၾကရာ က်ိဳက္မတ္ေကာ္ေစတီေတာ္လည္း ပါဝင္ေၾကာင္းသိရပါသည္။

ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ ေသာအခါသဘာဝေဘးရန္ေၾကာင့္ ဆံေတာ္ရွင္ေစတီမ်ားၿပိဳက်ပ်က္စီး သြားခဲ့ၿပီး မြန္ဘုရင္၊ ဗမာဘုရင္မ်ားက

ျပန္လည္တည္ထားခဲ့ျခင္း ျဖစ္ပါသည္။ က်ိဳက္မတ္ေကာ္ေစ တီေတာ္သည္လည္း လူမသိသူမ သိဘဲ ေတာေတာင္ထဲတြင္ တိမ္ျမဳပ္

ေပ်ာက္ကြယ္ေနရာ သာသနာႏွစ္ ၂၃၆ ခုႏွစ္အထိ ႏွစ္ေပါင္း ၂ဝဝ ေက်ာ္ၾကာျမင့္ခဲ့သည္ဟု သမိုင္း ဆရာတို႔က ဖြင့္ဆိုခဲ့ပါသည္။

သီရိဓမၼာေသာကမင္းႀကီးလက္ထက္ သာသနာျပဳရဟႏၲာမ်ား ေစလႊတ္ ေသာအခါ အရွင္ေသာဏႏွင့္အရွင္ ဥတၱရမေထရ္ကို

ရာမညတိုင္းသို႔ ႂကြလာၿပီး က်ိဳက္မတ္ေကာ္ေစတီ ေတာ္အပါအဝင္ဆံေတာ္ရွင္ေက်ာက္ ေစတီခုႏွစ္ဆူကို ရွာေဖြေဖာ္ ထုတ္ ေပးခဲ့ပါသည္။

ထိုအခါ သထုံျပည့္ ရွင္စူဠသီရိမာေသာကမင္းကေတာ ၿခဳံမ်ားရွင္းလင္းၿပီး အသစ္တစ္ဖန္ ျပန္လည္ တည္ ထားေၾကာင္း သိရပါသည္။

ရဟႏၲာႏွစ္ပါးက ျမတ္စြာဘုရား၏ ေပ်ာက္ဆုံးေနေသာ အသြားေတာ္(၃၃)ဆူကို ျပန္လည္ ရွာ ေဖြ ၿပီး တစ္ဆူခြဲေပးသျဖင့္

က်ိဳက္မတ္ေကာ္ေစတီေတာ္တြင္ ထည့္ သြင္းဌာပနာခဲ့ပါသည္။ ထို႔ေၾကာင့္ က်ိဳက္မတ္ေတာ္ေစတီေတာ္ တြင္ ျမတ္စြာဘုရား၏

ဆံေတာ္ႏွင့္ သြား ေတာ္ဌာပနာႏိုင္ခဲ့ၿပီး တန္ခိုးအ လြန္ႀကီးျခင္းျဖစ္ပါသည္။ ေစတီေတာ္ကို ၃၀မီတာ (၁၀၀ေပ)ခန႔္ ျမင့္ေသာ ေတာင္ေျမာက္

တန္းေနသည့္ ဖေလးေတာင္တန္းေလး အေပၚ၌ တည္ထားသည္။ ဤေနရာ၌ ထိုေတာင္တန္းေလး ျဖစ္လာပုံကို အနည္း ေျပာခ်င္သည္။

ဖေလး႐ြာ၊ ဖေလးေစတီေတာ္ကို ေကာင္းကင္မွ ဖူးေတြ႕ရပုံ ျမန္မာျပည္၏ ငလ်င္ဘူမိေဗဒ၌ ထင္ရွားေသာ စစ္ကိုင္းျပတ္ေ႐ြ႕ရွိသည္။

ထိုျပတ္ေ႐ြ႕တစ္ေလ်ာက္ ေျမထုခ်ပ္ႀကီးမ်ား ေတာင္ေျမာက္ ေ႐ြ႕ေသာအခါ ထိစပ္ရာ မ်က္ႏွာျပင္ရွိ ေက်ာက္စိုင္မ်ားကို

ဖိညစ္၍သြားတတ္သလို ဆြဲဆန႔္၍လည္း သြားသည္။ ထိုအခါ ဖိညစ္ခံရသည့္ေနရာ မ်ားသည္ ေတာင္ကုန္းငယ္မ်ား

အတန္းလိုက္ ျဖစ္က်န္သကဲ့သို႔ ဆြဲဆန႔္ခံရသည့္ ေနရာမ်ား၌လည္း ခ်ိဳင့္ဝွမ္းမ်ား ျဖစ္က်န္ရစ္သည္။ ဖေလးေတာင္သည္

ထိုနည္းႏွင့္ ျဖစ္လာေသာ ေတာင္ကုန္း pressure ridge ျဖစ္သည္။ ပဲခူးၿမိဳ႕ေျမာက္ဖက္ ဘုရားႀကီးၿမိဳ႕အနား၌ ေ႐ႊဒန္းအင္း ဆိုတာရွိသည္။

ထိုအင္းသည္ ဆြဲဆန႔္ခံရေသာ sag pond အမ်ိဳးအစား ျဖစ္သည္။ ဆိုလိုသည္မွာ ဖေလးေစတီသည္ စစ္ကိုင္း ျပတ္ေ႐ြ႕အေပၚမွ ေစတီ ျဖစ္သည္။

ထိုေၾကာင့္ ငလ်င္လႈပ္သျဖင့္ မၾကာခဏ ၿပိဳက်သည္။ သို႔ေသာ္ ၿပိဳက်သည့္ အခါတိုင္း ျပန္ျပင္ႏိုင္သည္ မဟုတ္ေပ။ ၿမိဳ႕ႀကီး ျပႀကီး

ေစတီေတာ္ မဟုတ္သျဖင့္ ပ်က္၍ အေတာ္ႀကီး ၾကာမွ ျပင္ႏိုင္ၾကသည္။ ျပင္ၿပီးေနာက္ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳရျပန္သည္။

ျမန္မာႏွစ္ ၁၂၉၂ (၁၉၃၀)က ငလ်င္ႀကီး လႈပ္သျဖင့္ အေပၚပိုင္းမ်ား ပ်က္ခဲ့ေသာ ေစတီေတာ္ကို ျပထားသည္။ ၁၂၉၂ငလ်င္ဒဏ္ေၾကာင့္

ပ်က္သြားေသာ ဖေလးေစတီေတာ္ ဖေလးေစတီေတာ္သည္ ငလ်င္ဒဏ္ကို အႀကိမ္မ်ားစြာ ခံရပုံရသည္။ ေရွးမွတ္တမ္း အခ်ိဳ႕၌ ျပထားသည္မွာ

ခရစ္ႏွစ္ ၉၅၆၊ ၁၃၈၉၊ ၁၅၆၇၊ ၁၇၆၈ ႏွင့္ ၁၈၃၀ မ်ား၌လည္း ငလ်င္ေၾကာင့္ ပ်က္စီး ဆိုသည္။ ၁၉၃၀ ပဲခူးငလ်င္ႀကီး လႈပ္စဥ္က

ဗဟိုခ်က္ကို ျပရာ၌ ဤဖေလး ေစတီေတာ္ တည္ရာ ေတာင္ကုန္းငယ္တစ္ဝိုက္ကို ျပသည္။ ေနာက္ပိုင္း ေလ့လာခ်က္မ်ား အရလည္း ျဖစ္ႏိုင္သည္။

ဖေလးေတာင္ကုန္းမွ အျခားေသာ ျပတ္ေ႐ြ႕ငယ္တစ္ခု တာဝဖက္သို႔ ျဖာထြက္သြားသည္ကို ေတြ႕ထားၿပီး ထိုျဖာထြက္ေသာ

အပိုင္းကလည္း (ငလ်င္ႀကီး လႈပ္သည့္ အေထာက္အထား မေတြ႕ရေသးသည့္တိုင္) စစ္ကိုင္းျပတ္ေ႐ြ႕ကဲ့သို႔ပင္ အေ႐ြ႕ရွိသည္။

စစ္ကိုင္းျပတ္ေ႐ြ႕၏ ပဲခူးအဆစ္ပိုင္း၌ ဖေလးေတာင္သည္ အလယ္၌ရွိသည္။ ေျမာက္ဖက္ ဘုရားႀကီးၿမိဳ႕ေဟာင္း အနီးမွ ေတာင္ဖက္

ပင္လယ္ဝထိ ၁၁၀ ကီလိုမီတာ ရွည္သည္။ ထိုမွ် ရွည္ေသာ ျပတ္ေ႐ြ႕သည္ ငလ်င္ပမာဏ ၇.ဝႏွင့္ အထက္ လႈပ္ေလ့ ရွိသည္။

ေျဖာင့္တန္းေနေသာ စစ္ကိုင္းျပတ္ေ႐ြ႕ႏွင့္ ဤ ဖေလးေတာင္ကို ၾကည့္မိတိုင္း ငလ်င္ႀကီးႏွင့္ ဆက္စပ္မိၿမဲ ျဖစ္သည္။

သဘာဝေဘးရန္ ေလာကဓံ အမ်ိဳးမ်ိဳးကို ႀကဳံေတြ႕ခဲ့သည့္ က်ိဳက္မတ္ေကာ္ေစတီေတာ္အား ယခုအခ်ိန္တြင္ ဖူးေတြ႕ရသည္အတိုင္း

အသစ္တစ္ဖန္တည္ထား ကိုး ကြယ္ႏိုင္ရန္ တည္ေဆာက္ျပဳျပင္ ခဲ့သူ သာသနာျပဳဆရာေတာ္မွာ ပဲခူး(၁ဝ)မိုင္ကုန္းမွ

ပတၱျမားဆရာေတာ္ ဘဒၵႏၲသုႏၵရျဖစ္ပါသည္။ က်ိဳက္မတ္ေကာ္ ေစတီ ေတာ္၏ ထူးျခားခ်က္မွာ ပန္းတင္ ခုံေပၚတြင္

ရဟႏၲာ ၅ဝဝ ေစတီ ေတာ္ႀကီးကို ဝိုင္းပတ္၍ဆြမ္းခံႂကြ ေနပုံ ထုလုပ္ထားျခင္းျဖစ္ၿပီးရဟႏၲာ ပုံေတာ္မ်ားလက္ရာအလြန္ေျမာက္သျဖင့္

တကယ့္ ရဟႏၲာအရွင္ျမတ္ မ်ားဆြမ္းခံႂကြေနသည့္ဟုပင္ ထင္မိပါသည္။ ကြၽန္ေတာ္သည္ ျမန္မာ ႏိုင္ငံတစ္ဝန္းရွိ ဘုရားပုထိုးေစတီမ်ားကို

ေရာက္ဖူးေသာ္လည္းဤမွ် မ်ားျပားေသာ ရဟႏၲာ မ်ား ဆြမ္းခံႂကြနပုံကိုမေတြ႕ဖူးပါ။ သုဝဏၰဘူမိ သထုံျပည္သို႔ ျမတ္စြာဘုရားႏွင့္

ရဟႏၲာမ်ား ဆြမ္းခံႂကြလာပုံကို ထုဆစ္ ထားျခင္း ျဖစ္သျဖင့္ ဘုရား ဒါယကာအလႉရွင္မ်ား စိတ္ကူး ေကာင္းပုံႏွင့္ သဒၶါတရားထက္သန္ ပုံကို ေလးစားမိပါသည္။

ဆံေတာ္ရွင္ က်ိဳက္မတ္ ေကာ္ေစတီေတာ္ႀကီးသည္ ျမန္မာႏိုင္ငံတြင္ ဉာဏ္ေတာ္စတုတၳအ ျမင့္ဆုံးႏွင့္ ထီးေတာ္ ဒုတိယအႀကီး ဆုံးျဖစ္ေၾကာင္း၊

က်ိဳက္မတ္ေကာ္ ေစတီေတာ္အနီး ေတာအုပ္ထဲမွ ဆင္ျဖဴေတာ္ ရရွိဖူးေၾကာင္းလည္း ဆရာခ်စ္စံဝင္း၏ ေျပာၾကားခ်က္အရသိရပါသည္။

တပို႔တြဲလျပည့္တြင္ က်င္းပေသာ က်ိဳတ္မတ္ေကာ္ဘုရားပြဲ သို႔ ေဒသခံမ်ားႏွင့္ အတူလွည္းျဖင့္ သြားႏိုင္လ်င္ ေရွးေခတ္မြန္လူမ်ိဳး မ်ား၏

ဘာသာေရး ကိုင္းရႈိင္းမႈႏွင့္ အလႉဒါနထက္သန္မႈတို႔ကိုပိုမို နား လည္လာလိမ့္မည္ဟုထင္မိပါသည္။

ပဲခူးတိုင္းေဒသႀကီး ကဝၿမိဳ႕နယ္ ဆံေတာ္ရွင္ က်ိဳက္မတ္ေကာ္ေစတီေတာ္ – ဘသန္းတင္ဖေလးဘုရား- မြန္သမိုင္း၊ ငလ်င္သမိုင္း

Unicode

ဖလေးဘုရား (ခေါ်) ဆံတော်ရှင် ကျိုက်မတ်ကော်စေတီတော်မြတ်သည် ပဲခူးတိုင်း ၊ ကဝမြို့ အရှေ့ဘက် ၃ မိုင် ၅ ဖာလုံအကွာ ၊

အုန်းနှဲ-ကဝကား လမ်းမြောက်ဘက် ၆ ဖာလုံအကွာ ဖလေးရွာဦး၌ အပူဇော်ခံလျက် ရှိပါသည်။ ကဝမြို့နယ် ကဝလွင်ပြင်တွင်

တစ်ရွာမှ တစ်ရွာ ကူးနေစဉ် ထုံးသင်္ကန်း ဖွေးဖွေးနှင့် စေတီတော်ကြီးတစ်ဆူကိုဖူးမြင်ရသောအခါ လက်အုပ်ချီမိုးရှိခိုးမိသော်လည်း

ကျိုက်မတ်ကော် စေတီတော်မှန်း မသိခဲ့ကြောင်း ကျွန်တော် ဝန်ခံပါသည်။ စေတီမှာ ပဲခူးမှ ရွှေမောဓော စေတီတော်လောက်

ရှေးမကျတောင် အလွန်ရှေးကျပုံ ရသည်။ ထိုအနီးနားမှ ဇွဲသဘုံမြို့ဟောင်းပင် ထိုစေတီတော် နောက်မှ တည်ခဲ့ပုံရသည်။

ဇွဲသဘုံမြို့သည် ရာဇာဓိရာဇ် ခေတ်၌ပင် အတော်စည်ကားသေးသည်။ ယခုတော့ မြို့အရာပင် တိမ်ကောနေပေပြီ။

ဤနေရာ၌ သမိုင်းကို ပြောလိုသည် မဟုတ်ပါ။ ဖလေးစေတီတော်၏ သက်တော် ကြာရင့်သည်ကိုသာ ဆိုလိုရင်း ဖြစ်သည်။

စေတီဟောင်းများကို ထပ်ကာ ထပ်ကာ ငုံကာ တည်ထား သောကြောင့် ယခုအခါ ရွှေမောဓေါ စေတီတော်နီးပါး မြင့်သည်။

ဆံတော်ရှင် ကျိုက်မတ်ကော်စေတီကြီးသည် ဉာဏ်တော် အတောင် ၂၁၀ (၃၁၅ ပေ) မြင့်သည်။

ဆံတော်ရှင်ကျိုက်မတ်ကော်စေတီတော်ကြီး၏ သမိုင်းကို ပြန်လည်ဖော်ထုတ်လျှင် မဟာသက္ကရာဇ် ၁၁ဝ ခုနှစ်တွင် မြတ်စွာ

ဘုရားနှင့် ရဟန္တာ ၅ဝဝ သုဝဏ္ဏဘူမိတိုင်း သထုံပြည်သို့ ဒေသစာရီ ကြွရာက်လာခြင်းကို အခြေခံရ မည် ဖြစ်ပါသည်။

မြတ်စွာဘုရား ကြွရောက်တော်မူသောအခါ ရာ မညတိုင်းတောတောင်ထဲတွင် မှီတင်းနေထိုင်သော ရသေ့များ ဈာန်

အဘိဉာဉ်ဖြင့်လာရောက်ဖူးမြော် ကြပါသည်။ ရသေ့ခြောက်ပါးစီ သုံးစုခွဲ၍ လာရောက်ပူဇော်သော အခါ မြတ်စွာဘုရားက

ရသေ့ တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ချီး မြှင့်ခဲ့ပါသည်။ ထိုရသေ့များသည် မိမိတို့ နေထိုင်သော တောတောင်တွင်

ဆံတော်များဌာပနာ၍ဆံတော် ရှင်စေတီများတည်ထား ပူဇော်ကြရာ ကျိုက်မတ်ကော်စေတီတော်လည်း ပါဝင်ကြောင်းသိရပါသည်။

နှစ်ပေါင်းများစွာ ကြာမြင့် သောအခါသဘာဝဘေးရန်ကြောင့် ဆံတော်ရှင်စေတီများပြိုကျပျက်စီး သွားခဲ့ပြီး မွန်ဘုရင်၊ ဗမာဘုရင်များက

ပြန်လည်တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ ကျိုက်မတ်ကော်စေ တီတော်သည်လည်း လူမသိသူမ သိဘဲ တောတောင်ထဲတွင် တိမ်မြုပ်

ပျောက်ကွယ်နေရာ သာသနာနှစ် ၂၃၆ ခုနှစ်အထိ နှစ်ပေါင်း ၂ဝဝ ကျော်ကြာမြင့်ခဲ့သည်ဟု သမိုင်း ဆရာတို့က ဖွင့်ဆိုခဲ့ပါသည်။

သီရိဓမ္မာသောကမင်းကြီးလက်ထက် သာသနာပြုရဟန္တာများ စေလွှတ် သောအခါ အရှင်သောဏနှင့်အရှင် ဥတ္တရမထေရ်ကို

ရာမညတိုင်းသို့ ကြွလာပြီး ကျိုက်မတ်ကော်စေတီ တော်အပါအဝင်ဆံတော်ရှင်ကျောက် စေတီခုနှစ်ဆူကို ရှာဖွေဖော် ထုတ် ပေးခဲ့ပါသည်။

ထိုအခါ သထုံပြည့် ရှင်စူဠသီရိမာသောကမင်းကတော ခြုံများရှင်းလင်းပြီး အသစ်တစ်ဖန် ပြန်လည် တည် ထားကြောင်း သိရပါသည်။

ရဟန္တာနှစ်ပါးက မြတ်စွာဘုရား၏ ပျောက်ဆုံးနေသော အသွားတော်(၃၃)ဆူကို ပြန်လည် ရှာ ဖွေ ပြီး တစ်ဆူခွဲပေးသဖြင့်

ကျိုက်မတ်ကော်စေတီတော်တွင် ထည့် သွင်းဌာပနာခဲ့ပါသည်။ ထို့ကြောင့် ကျိုက်မတ်တော်စေတီတော် တွင် မြတ်စွာဘုရား၏

ဆံတော်နှင့် သွား တော်ဌာပနာနိုင်ခဲ့ပြီး တန်ခိုးအ လွန်ကြီးခြင်းဖြစ်ပါသည်။ စေတီတော်ကို ၃၀မီတာ (၁၀၀ပေ)ခန့် မြင့်သော တောင်မြောက်

တန်းနေသည့် ဖလေးတောင်တန်းလေး အပေါ်၌ တည်ထားသည်။ ဤနေရာ၌ ထိုတောင်တန်းလေး ဖြစ်လာပုံကို အနည်း ပြောချင်သည်။

ဖလေးရွာ၊ ဖလေးစေတီတော်ကို ကောင်းကင်မှ ဖူးတွေ့ရပုံ မြန်မာပြည်၏ ငလျင်ဘူမိဗေဒ၌ ထင်ရှားသော စစ်ကိုင်းပြတ်ရွေ့ရှိသည်။

ထိုပြတ်ရွေ့တစ်လျောက် မြေထုချပ်ကြီးများ တောင်မြောက် ရွေ့သောအခါ ထိစပ်ရာ မျက်နှာပြင်ရှိ ကျောက်စိုင်များကို

ဖိညစ်၍သွားတတ်သလို ဆွဲဆန့်၍လည်း သွားသည်။ ထိုအခါ ဖိညစ်ခံရသည့်နေရာ များသည် တောင်ကုန်းငယ်များ

အတန်းလိုက် ဖြစ်ကျန်သကဲ့သို့ ဆွဲဆန့်ခံရသည့် နေရာများ၌လည်း ချိုင့်ဝှမ်းများ ဖြစ်ကျန်ရစ်သည်။ ဖလေးတောင်သည်

ထိုနည်းနှင့် ဖြစ်လာသော တောင်ကုန်း pressure ridge ဖြစ်သည်။ ပဲခူးမြို့မြောက်ဖက် ဘုရားကြီးမြို့အနား၌ ရွှေဒန်းအင်း ဆိုတာရှိသည်။

ထိုအင်းသည် ဆွဲဆန့်ခံရသော sag pond အမျိုးအစား ဖြစ်သည်။ ဆိုလိုသည်မှာ ဖလေးစေတီသည် စစ်ကိုင်း ပြတ်ရွေ့အပေါ်မှ စေတီ ဖြစ်သည်။

ထိုကြောင့် ငလျင်လှုပ်သဖြင့် မကြာခဏ ပြိုကျသည်။ သို့သော် ပြိုကျသည့် အခါတိုင်း ပြန်ပြင်နိုင်သည် မဟုတ်ပေ။ မြို့ကြီး ပြကြီး

စေတီတော် မဟုတ်သဖြင့် ပျက်၍ အတော်ကြီး ကြာမှ ပြင်နိုင်ကြသည်။ ပြင်ပြီးနောက် ငလျင်ဒဏ်ကြောင့် ပြိုရပြန်သည်။

မြန်မာနှစ် ၁၂၉၂ (၁၉၃၀)က ငလျင်ကြီး လှုပ်သဖြင့် အပေါ်ပိုင်းများ ပျက်ခဲ့သော စေတီတော်ကို ပြထားသည်။ ၁၂၉၂ငလျင်ဒဏ်ကြောင့်

ပျက်သွားသော ဖလေးစေတီတော် ဖလေးစေတီတော်သည် ငလျင်ဒဏ်ကို အကြိမ်များစွာ ခံရပုံရသည်။ ရှေးမှတ်တမ်း အချို့၌ ပြထားသည်မှာ

ခရစ်နှစ် ၉၅၆၊ ၁၃၈၉၊ ၁၅၆၇၊ ၁၇၆၈ နှင့် ၁၈၃၀ များ၌လည်း ငလျင်ကြောင့် ပျက်စီး ဆိုသည်။ ၁၉၃၀ ပဲခူးငလျင်ကြီး လှုပ်စဉ်က

ဗဟိုချက်ကို ပြရာ၌ ဤဖလေး စေတီတော် တည်ရာ တောင်ကုန်းငယ်တစ်ဝိုက်ကို ပြသည်။ နောက်ပိုင်း လေ့လာချက်များ အရလည်း ဖြစ်နိုင်သည်။

ဖလေးတောင်ကုန်းမှ အခြားသော ပြတ်ရွေ့ငယ်တစ်ခု တာဝဖက်သို့ ဖြာထွက်သွားသည်ကို တွေ့ထားပြီး ထိုဖြာထွက်သော

အပိုင်းကလည်း (ငလျင်ကြီး လှုပ်သည့် အထောက်အထား မတွေ့ရသေးသည့်တိုင်) စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ပင် အရွေ့ရှိသည်။

စစ်ကိုင်းပြတ်ရွေ့၏ ပဲခူးအဆစ်ပိုင်း၌ ဖလေးတောင်သည် အလယ်၌ရှိသည်။ မြောက်ဖက် ဘုရားကြီးမြို့ဟောင်း အနီးမှ တောင်ဖက်

ပင်လယ်ဝထိ ၁၁၀ ကီလိုမီတာ ရှည်သည်။ ထိုမျှ ရှည်သော ပြတ်ရွေ့သည် ငလျင်ပမာဏ ၇.ဝနှင့် အထက် လှုပ်လေ့ ရှိသည်။

ဖြောင့်တန်းနေသော စစ်ကိုင်းပြတ်ရွေ့နှင့် ဤ ဖလေးတောင်ကို ကြည့်မိတိုင်း ငလျင်ကြီးနှင့် ဆက်စပ်မိမြဲ ဖြစ်သည်။

သဘာဝဘေးရန် လောကဓံ အမျိုးမျိုးကို ကြုံတွေ့ခဲ့သည့် ကျိုက်မတ်ကော်စေတီတော်အား ယခုအချိန်တွင် ဖူးတွေ့ရသည်အတိုင်း

အသစ်တစ်ဖန်တည်ထား ကိုး ကွယ်နိုင်ရန် တည်ဆောက်ပြုပြင် ခဲ့သူ သာသနာပြုဆရာတော်မှာ ပဲခူး(၁ဝ)မိုင်ကုန်းမှ

ပတ္တမြားဆရာတော် ဘဒ္ဒန္တသုန္ဒရဖြစ်ပါသည်။ ကျိုက်မတ်ကော် စေတီ တော်၏ ထူးခြားချက်မှာ ပန်းတင် ခုံပေါ်တွင်

ရဟန္တာ ၅ဝဝ စေတီ တော်ကြီးကို ဝိုင်းပတ်၍ဆွမ်းခံကြွ နေပုံ ထုလုပ်ထားခြင်းဖြစ်ပြီးရဟန္တာ ပုံတော်များလက်ရာအလွန်မြောက်သဖြင့်

တကယ့် ရဟန္တာအရှင်မြတ် များဆွမ်းခံကြွနေသည့်ဟုပင် ထင်မိပါသည်။ ကျွန်တော်သည် မြန်မာ နိုင်ငံတစ်ဝန်းရှိ ဘုရားပုထိုးစေတီများကို

ရောက်ဖူးသော်လည်းဤမျှ များပြားသော ရဟန္တာ များ ဆွမ်းခံကြွနပုံကိုမတွေ့ဖူးပါ။ သုဝဏ္ဏဘူမိ သထုံပြည်သို့ မြတ်စွာဘုရားနှင့်

ရဟန္တာများ ဆွမ်းခံကြွလာပုံကို ထုဆစ် ထားခြင်း ဖြစ်သဖြင့် ဘုရား ဒါယကာအလှူရှင်များ စိတ်ကူး ကောင်းပုံနှင့် သဒ္ဓါတရားထက်သန် ပုံကို လေးစားမိပါသည်။

ဆံတော်ရှင် ကျိုက်မတ် ကော်စေတီတော်ကြီးသည် မြန်မာနိုင်ငံတွင် ဉာဏ်တော်စတုတ္ထအ မြင့်ဆုံးနှင့် ထီးတော် ဒုတိယအကြီး ဆုံးဖြစ်ကြောင်း၊

ကျိုက်မတ်ကော် စေတီတော်အနီး တောအုပ်ထဲမှ ဆင်ဖြူတော် ရရှိဖူးကြောင်းလည်း ဆရာချစ်စံဝင်း၏ ပြောကြားချက်အရသိရပါသည်။

တပို့တွဲလပြည့်တွင် ကျင်းပသော ကျိုတ်မတ်ကော်ဘုရားပွဲ သို့ ဒေသခံများနှင့် အတူလှည်းဖြင့် သွားနိုင်လျင် ရှေးခေတ်မွန်လူမျိုး များ၏

ဘာသာရေး ကိုင်းရှိုင်းမှုနှင့် အလှူဒါနထက်သန်မှုတို့ကိုပိုမို နား လည်လာလိမ့်မည်ဟုထင်မိပါသည်။

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ဆံတော်ရှင် ကျိုက်မတ်ကော်စေတီတော် – ဘသန်းတင် ဖလေးဘုရား- မွန်သမိုင်း၊ ငလျင်သမိုင်း