Zawgyi

တကယ့္စစ္မွန္တဲ့ ေမတၱာဆိုတာ ေႏွာင္ႀကိဳးေတြမပါဘူး

ကိုယ္က သူ႔ကိုခ်စ္တယ္ဆိုၿပီးေတာ့ အက်ိဳးရွိေအာင္ လုပ္ၿပီးေတာ့

သူ႔ဆီက တစ္စုံတစ္ခု ျပန္ရဖို႔အေရးကို လုံး၀ ေမွ်ာ္လင့္ခ်က္မထားဘူး။

တခ်ိဳ႕ကေတာ့လည္း သူတစ္ပါးအတြက္ အနစ္နာခံပါတယ္

ဆိုၿပီးေတာ့ သူတပါးရဲ႕ဘဝကို အပိုင္စီးထားတာေတြ ရွိတယ္။

သတိထားၾကည့္ရင္ ေတြ႕လိမ့္မယ္။ ” ငါ နင္တို႔အတြက္ အနစ္နာခံရတာ၊

နင္တို႔ကို ကယ္တင္ထားရတာ၊ နင္တို႔အတြက္ အနစ္နာခံထားရတာမို႔လို႔

ငါေျပာတဲ့စကားကို နင္တို႔ တေသြမတိမ္းလိုက္နာရမယ္။

နင္တို႔ဉာဏ္နဲ႔နင္တို႔ မစဥ္းစားနဲ႔ေတာ့၊ ငါေျပာတာ၊ ငါလုပ္ေပးတာကို လက္ခံလိုက္၊

ေခါင္းၿငိမ့္လိုက္၊ ငါက ေကာင္းတယ္ဆိုရင္ ေကာင္းတယ္လို႔ပဲ ယူဆေတာ့၊

ငါက မေကာင္းဘူးဆိုရင္ မေကာင္းဘူးလို႔ဘဲ ယူဆလိုက္ေတာ့။

ငါက နင္တို႔ကို ကယ္တင္ထားရသည့္အတြက္ေၾကာင့္

နင္တို႔ဘဝနဲ႔ ပတ္သက္ၿပီး အစစအရာရာ ဆုံးျဖတ္ပိုင္ခြင့္ရွိတယ္။” လို႔ သေဘာထားမိတတ္တယ္။

တခ်ိဳ႕ ဒီလိုသေဘာထားမိတာေတြ ရွိတယ္ေနာ္။

ဒီလိုေျပာတတ္တာေတြလည္း အမ်ားႀကီး ၾကားဖူးပါတယ္။

ဒီလိုေျပာတယ္ဆိုရင္ တကယ့္ေမတၱာ မဟုတ္ေတာ့ဘူး။

တကယ္စစ္မွန္တဲ့ ေမတၱာ၊ ေႏွာင္ႀကိဳးမဲ့ေမတၱာမ်ိဳးဟာ လြတ္လပ္ေနတယ္။

လြတ္လပ္မႈကိုလည္း ေပးတယ္။

ေမတၱာေပးတာမွာ တစ္ခုခု ေႏွာင္ႀကိဳးပါေနရင္

သူ႔ဆီက တစ္ခုခုေမွ်ာ္လင့္ေနရင္ ကိုယ္က ေမွ်ာ္လင့္ေနရတာနဲ႔ကိုပဲ မလြတ္လပ္ေတာ့ဘူး။

ငါေမွ်ာ္လင့္တာ သူ႔ဆီက ရပါ့မလား၊ ဘယ္ေတာ့ရမလဲ၊ မရရင္ ဘယ္လို လုပ္ရပါ့မလဲ၊

ေတြးေနရတယ္၊ မလြတ္လပ္ေတာ့ဘူး။ ငါ ဘာမွ မေမွ်ာ္လင့္ပါဘူး။

ငါတတ္ႏိုင္တာ လုပ္ေပးလိုက္ၿပီးၿပီ၊ ၿပီးၿပီ။ ဒါပဲ။ လြတ္လပ္သြားတယ္ေနာ္။

ရတဲ့လူကလည္းပဲ သူ႔ဆီက ငါ အကူအညီယူထားတယ္၊ ရထားတယ္။

သူက ငါ့ကို ေမတၱာ အင္မတန္ႀကီးမားလြန္းလို႔ ငါ့ကို အကူအညီေတြ အမ်ားႀကီးေပးတယ္၊

ငါသူ႔ကို ေက်းဇူးျပန္ဆပ္ရဦးမွာပဲ၊ သူကေတာ့ တစ္ခုခု ျပန္ေမွ်ာ္လင့္ဦးမွာပဲဆိုတဲ့

စိတ္ကေလး သူ႔မွာရွိေနရင္ ျမင္တိုင္း ျမင္တိုင္း အေႂကြးရွင္ကို ျပန္ျမင္ရတဲ့လူလို ျဖစ္ေနတယ္။

အေႂကြးမဆပ္ေသးဘူးလားလို႔ ေမးတာကို ခံရသလို ျဖစ္ေနတယ္။ ခံရသိပ္ခက္တယ္ေနာ္။

ဒါေၾကာင့္ တကယ္ခ်စ္ရင္ နင္ ငါ့ေက်းဇူးကို မသိပါဘူးလို႔ မေျပာပါနဲ႔။ နင္တို႔ ေက်းဇူးကန္းတယ္လို႔ မေျပာလိုက္ပါနဲ႔။

ဘာေၾကာင့္တုန္းဆိုေတာ့ ဒီလိုေျပာလိုက္ရင္ အဓိပၸာယ္က ေႏွာင္ႀကိဳးပါေနတယ္၊

လြတ္လပ္တဲ့ ေမတၱာ မဟုတ္ေတာ့ဘူး။ ေပးႏိုင္ရင္ လြတ္လြတ္ကြၽတ္ကြၽတ္ပဲ ေပးလိုက္ပါ။

ဒီလို မေပးႏိုင္ရင္လည္း မေပးႏိုင္မွန္း သိလိုက္ပါ။ အျပစ္မတင္ပါနဲ႔။ ဒါဟာ အတင္းႀကီး ျဖစ္ေအာင္ လုပ္လို႔ရတာ မဟုတ္ဘူး။

ေမတၱာဆိုတာ ငါ ေမတၱာစစ္ထားမယ္ဆိုတာနဲ႔လည္း ျဖစ္မသြားဘူး။

အင္မတန္အသိဉာဏ္ႀကီးမွ အၿမဲတမ္း ကိုယ့္စိတ္ကို သိေန၊ ၾကည့္ေနမွ ျဖစ္လာတယ္။

ဆရာေတာ္ဦးေဇာတိက (မဟာၿမိဳင္ေတာရ)

Unicode

တကယ့်စစ်မှန်တဲ့ မေတ္တာဆိုတာ နှောင်ကြိုးတွေမပါဘူး

ကိုယ်က သူ့ကိုချစ်တယ်ဆိုပြီးတော့ အကျိုးရှိအောင် လုပ်ပြီးတော့

သူ့ဆီက တစ်စုံတစ်ခု ပြန်ရဖို့အရေးကို လုံး၀ မျှော်လင့်ချက်မထားဘူး။

တချို့ကတော့လည်း သူတစ်ပါးအတွက် အနစ်နာခံပါတယ်

ဆိုပြီးတော့ သူတပါးရဲ့ဘဝကို အပိုင်စီးထားတာတွေ ရှိတယ်။

သတိထားကြည့်ရင် တွေ့လိမ့်မယ်။ ” ငါ နင်တို့အတွက် အနစ်နာခံရတာ၊

နင်တို့ကို ကယ်တင်ထားရတာ၊ နင်တို့အတွက် အနစ်နာခံထားရတာမို့လို့

ငါပြောတဲ့စကားကို နင်တို့ တသွေမတိမ်းလိုက်နာရမယ်။

နင်တို့ဉာဏ်နဲ့နင်တို့ မစဉ်းစားနဲ့တော့၊ ငါပြောတာ၊ ငါလုပ်ပေးတာကို လက်ခံလိုက်၊

ခေါင်းငြိမ့်လိုက်၊ ငါက ကောင်းတယ်ဆိုရင် ကောင်းတယ်လို့ပဲ ယူဆတော့၊

ငါက မကောင်းဘူးဆိုရင် မကောင်းဘူးလို့ဘဲ ယူဆလိုက်တော့။

ငါက နင်တို့ကို ကယ်တင်ထားရသည့်အတွက်ကြောင့်

နင်တို့ဘဝနဲ့ ပတ်သက်ပြီး အစစအရာရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။” လို့ သဘောထားမိတတ်တယ်။

တချို့ ဒီလိုသဘောထားမိတာတွေ ရှိတယ်နော်။

ဒီလိုပြောတတ်တာတွေလည်း အများကြီး ကြားဖူးပါတယ်။

ဒီလိုပြောတယ်ဆိုရင် တကယ့်မေတ္တာ မဟုတ်တော့ဘူး။

တကယ်စစ်မှန်တဲ့ မေတ္တာ၊ နှောင်ကြိုးမဲ့မေတ္တာမျိုးဟာ လွတ်လပ်နေတယ်။

လွတ်လပ်မှုကိုလည်း ပေးတယ်။

မေတ္တာပေးတာမှာ တစ်ခုခု နှောင်ကြိုးပါနေရင်

သူ့ဆီက တစ်ခုခုမျှော်လင့်နေရင် ကိုယ်က မျှော်လင့်နေရတာနဲ့ကိုပဲ မလွတ်လပ်တော့ဘူး။

ငါမျှော်လင့်တာ သူ့ဆီက ရပါ့မလား၊ ဘယ်တော့ရမလဲ၊ မရရင် ဘယ်လို လုပ်ရပါ့မလဲ၊

တွေးနေရတယ်၊ မလွတ်လပ်တော့ဘူး။ ငါ ဘာမှ မမျှော်လင့်ပါဘူး။

ငါတတ်နိုင်တာ လုပ်ပေးလိုက်ပြီးပြီ၊ ပြီးပြီ။ ဒါပဲ။ လွတ်လပ်သွားတယ်နော်။

ရတဲ့လူကလည်းပဲ သူ့ဆီက ငါ အကူအညီယူထားတယ်၊ ရထားတယ်။

သူက ငါ့ကို မေတ္တာ အင်မတန်ကြီးမားလွန်းလို့ ငါ့ကို အကူအညီတွေ အများကြီးပေးတယ်၊

ငါသူ့ကို ကျေးဇူးပြန်ဆပ်ရဦးမှာပဲ၊ သူကတော့ တစ်ခုခု ပြန်မျှော်လင့်ဦးမှာပဲဆိုတဲ့

စိတ်ကလေး သူ့မှာရှိနေရင် မြင်တိုင်း မြင်တိုင်း အကြွေးရှင်ကို ပြန်မြင်ရတဲ့လူလို ဖြစ်နေတယ်။

အကြွေးမဆပ်သေးဘူးလားလို့ မေးတာကို ခံရသလို ဖြစ်နေတယ်။ ခံရသိပ်ခက်တယ်နော်။

ဒါကြောင့် တကယ်ချစ်ရင် နင် ငါ့ကျေးဇူးကို မသိပါဘူးလို့ မပြောပါနဲ့။ နင်တို့ ကျေးဇူးကန်းတယ်လို့ မပြောလိုက်ပါနဲ့။

ဘာကြောင့်တုန်းဆိုတော့ ဒီလိုပြောလိုက်ရင် အဓိပ္ပာယ်က နှောင်ကြိုးပါနေတယ်၊

လွတ်လပ်တဲ့ မေတ္တာ မဟုတ်တော့ဘူး။ ပေးနိုင်ရင် လွတ်လွတ်ကျွတ်ကျွတ်ပဲ ပေးလိုက်ပါ။

ဒီလို မပေးနိုင်ရင်လည်း မပေးနိုင်မှန်း သိလိုက်ပါ။ အပြစ်မတင်ပါနဲ့။ ဒါဟာ အတင်းကြီး ဖြစ်အောင် လုပ်လို့ရတာ မဟုတ်ဘူး။

မေတ္တာဆိုတာ ငါ မေတ္တာစစ်ထားမယ်ဆိုတာနဲ့လည်း ဖြစ်မသွားဘူး။

အင်မတန်အသိဉာဏ်ကြီးမှ အမြဲတမ်း ကိုယ့်စိတ်ကို သိနေ၊ ကြည့်နေမှ ဖြစ်လာတယ်။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)