Zawgyi






လုံခြုံရေးအရ လူကိုယ်တိုင်ရော Online ကနေပါအဆက်အသွယ်ပြတ်တောက်နေခဲ့ရတဲ့သန္တာလှိုင်က ဒီကနေ့မှာတော့











Unicode

ပရိတ်သတ်ကြီးရေ….မော်ဒယ်သန္တာလှိုင်ဟာဆိုရင်အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေနဲ့အတူ

အောင်မြင်မှုတွေအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်နော်။ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ

ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်ကာ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတဲ့

သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူလူထုတဲ့အတူအမှန်

တရားဘက်ကရပ်တည်ပေးခဲ့တဲ့အတွက် သူမကို ပုဒ်မ၅၀၅(က)နဲ့တရားစွဲဖမ်းဝရမ်းထုတ်ခြင်းကိုခံရတာပဲဖြစ်ပါတယ်.။

လုံခြုံရေးအရ လူကိုယ်တိ်ုင်ရော Online ကနေပါအဆက်အသွယ်ပြတ်တောက်နေခဲ့ရတဲ့သန္တာလှိုင်က ဒီကနေ့မှာတော့

သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် အမှန်တရားဘက်ကနေ အပြည့်အဝရပ်တည်နေကြောင်း ပရိတ်သတ်ကို

အသိပေးလာခဲ့တာပဲဖြဟ်ပါတယ်။ အဲ့ဒါကတော့ “လုံခြုံရေးအရ လူကိုယ်တိုင်ရော Online ကနေပါ ကျွန်မ အဆက်အသွယ်ဖြတ်ပြီး

ရှောင်နေရပေမယ့် အမှန်တရားဖက်မှာ အပြည့်အဝရပ်တည်တဲ့ ပြည်သူလူသားတစ်ယောက်အနေနဲ့ လုပ်စရာရှိတဲ့

တာဝန်တွေတော့ မလစ်ဟင်းစေခဲ့ပါဘူး။ ဒါ့အပြင် အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေအကုန်လုံးကို တစ်ရက်မှ မမေ့ပါဘူး။

သူတို့ရင်းခဲ့တဲ့ အသက်တွေရယ် ကျွန်မတို့ရဲ့ အနာဂတ်အတွက် အချည်းအနှီးမဖြစ်ရအောင် သတင်းအမှောင်ကျနေတဲ့ ကျွန်မတို့တွေကိုယ်စား

အသံပြုပေးနေတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူမျိုး၊ နိုင်ငံသား နဲ့ ဘာသာဝင် ပေါင်းစုံကိုလဲ ကျေးဇူးတင်လို့မဆုံးပါဘူးရှင်။

ကျွန်မ မြန်မာပြည်ထဲက လုံခြုံမယ်လို့ ယုံကြည်ရတဲ့ တစ်နေရာမှာ ရှိနေပေမယ့် internet မရတဲ့ ကျွန်မကိုယ်စား

သမီးလေးက Australia ကနေ အမေ့က်ုယ်စား အလုပ်လုပ်ပြီး posts တွေတင်ပြီး အားကိုးလို့ ရနေပါပြီနော်

“ပြီးပြောကြားလာတာပဲဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးကလည်း သန္တလှိုင်တစ်ယောက် အန္တရယ်ကင်းဘေးရှင်းစေရန်အတွက်

ဆုတောင်းပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။