Zawgyi

အာဏာသိမ္းစစ္ေကာင္စီကို ေထာက္ခံသည့္ ဇနီးျဖစ္သူ အလယ္တန္းျပေက်ာင္းဆရာမ ေဒၚသိမ့္သိမ့္မ်ိဳးကို ဇနီးအျဖစ္မွ

တရားဝင္စြန႔္လႊတ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးဝၿမိဳ႕နယ္၊ ဂဇက္႐ြာမွ ဦးေအာင္ကိုျမင့္က ေၾကညာလိုက္သည္။

ကေလးဝၿမိဳ႕နယ္၊ ဆည္ႀကီး႐ြာအုပ္စု၊ ကင္း႐ြာေန ဦးစံေအာင္၊ ေဒၚစိန္ေဌး တို႔၏ သမီးျဖစ္သူ အ.လ.က ေက်ာင္းႀကီးမွ အလယ္တန္းျပဆရာမ

ေဒၚသိမ့္သိမ့္မ်ိဳးသည္ စစ္ကြၽန္ပညာေရးကို ေထာက္ခံအားေပးလ်က္ ရွိေသာေၾကာင့္ ဆက္လက္၍ ဇနီးမယားအျဖစ္

မေပါင္းသင္းႏိုင္ေၾကာင္း၊ မိဘေဆြမ်ိဳးမ်ား၏ ဖိအားေပးအၾကပ္ကိုင္မႈ ကိုယ္တိုင္ဆႏၵျပင္းျပမႈတို႔ ေပါင္း၍ အာဏာသိမ္းစစ္ေကာင္စီအား

ေထာက္ခံခဲ့သူျဖစ္ေၾကာင္း ဦးေအာင္ကိုျမင့္က သူ၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။

“အမ်ိဳးမ်ိဳး ရွင္းျပခဲ့ပါေသာ္လည္း နားမလည္ႏိုင္ပဲ ၎ အယူအဆကိုသာ ခိုင္မာစြာ ဆုပ္ကိုင္ထားေသာေၾကာင့္

ကြၽန္ေတာ္ ေအာင္ကိုျမင့္သည္ ေဒၚသိမ့္သိမ့္မ်ိဳး အား ဇနီးမယားအျဖစ္ ဆက္လက္မေပါင္းသင္းႏိုင္ေၾကာင္း

တရားဝင္ ေၾကညာလိုက္သည္” ဟု ၎က ေရးသားအသိေပးခဲ့ျခင္းျဖစ္သည္။

Unicode

အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသည့် ဇနီးဖြစ်သူ အလယ်တန်းပြကျောင်းဆရာမ ဒေါ်သိမ့်သိမ့်မျိုးကို ဇနီးအဖြစ်မှ

တရားဝင်စွန့်လွှတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဂဇက်ရွာမှ ဦးအောင်ကိုမြင့်က ကြေညာလိုက်သည်။

ကလေးဝမြို့နယ်၊ ဆည်ကြီးရွာအုပ်စု၊ ကင်းရွာနေ ဦးစံအောင်၊ ဒေါ်စိန်ဌေး တို့၏ သမီးဖြစ်သူ အ.လ.က ကျောင်းကြီးမှ အလယ်တန်းပြဆရာမ

ဒေါ်သိမ့်သိမ့်မျိုးသည် စစ်ကျွန်ပညာရေးကို ထောက်ခံအားပေးလျက် ရှိသောကြောင့် ဆက်လက်၍ ဇနီးမယားအဖြစ်

မပေါင်းသင်းနိုင်ကြောင်း၊ မိဘဆွေမျိုးများ၏ ဖိအားပေးအကြပ်ကိုင်မှု ကိုယ်တိုင်ဆန္ဒပြင်းပြမှုတို့ ပေါင်း၍ အာဏာသိမ်းစစ်ကောင်စီအား

ထောက်ခံခဲ့သူဖြစ်ကြောင်း ဦးအောင်ကိုမြင့်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

“အမျိုးမျိုး ရှင်းပြခဲ့ပါသော်လည်း နားမလည်နိုင်ပဲ ၎င်း အယူအဆကိုသာ ခိုင်မာစွာ ဆုပ်ကိုင်ထားသောကြောင့်

ကျွန်တော် အောင်ကိုမြင့်သည် ဒေါ်သိမ့်သိမ့်မျိုး အား ဇနီးမယားအဖြစ် ဆက်လက်မပေါင်းသင်းနိုင်ကြောင်း

တရားဝင် ကြေညာလိုက်သည်” ဟု ၎င်းက ရေးသားအသိပေးခဲ့ခြင်းဖြစ်သည်။