Zawgyi

လက္ရွိအေျခအေနမွာဆိုရင္ တခ်ိဳ႕ျပည္နယ္ေတြမွာေနထိုင္ၾကတဲ့ တိုင္းရင္းသားေတြက စစ္ေဘးဒုကၡကိုခံစားေနၾကရဆဲျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္၊ေခ်ာင္းဆာေက်း႐ြာအုပ္စု၊မန္လီ႐ြာမွာ ေမလ(၂)ရက္ေန႔က မီးရႈိ႕ခံရလို႔ အိမ္ေျခ(၄၀)ေက်ာ္

မီးေလာင္ဆုံးရႈံးသြားခဲ့တာျဖစ္ပါတယ္။ ဧၿပီလ(၆)ရက္ေန႔ကလည္း မန္လီ႐ြာမွာ ေနအိမ္(၅)အိမ္ မီးေလာင္ခဲ့ၿပီး ေမလ(၂)

ရက္ေန႔မွာေတာ့ မနက္ပိုင္း(၄)အိမ္နဲ႔ ညေနပိုင္းမွာ အိမ္(၄၀) ထပ္မံမီးေလာင္ဆုံးရႈံးခဲ့တာျဖစ္ပါတယ္။

မန္လီေက်း႐ြာမွာ အိမ္ေျခစုစုေပါင္း(၁၁၂)အိမ္ရွိၿပီး မိမိတို႔ရဲ႕ေနအိမ္ေတြကို ဆုံးရႈံးလိုက္ရတဲ့ျပည္သူေတြကေတာ့သီေပါၿမိဳ႕ေပၚရွိ

စစ္ေရွာင္စခန္းမွာ ခဏတာခိုလႈံေနထိုင္ေနရတာျဖစ္ပါတယ္။ ေနအိမ္ဆုံးရႈံးသြားရသူတစ္ဦးဆိုရင္မိတ္ေဆြတစ္ဦးကိုဖုန္းဆက္ၿပီး

“ေမာင္ေလးေရ အစ္မတို႔အိမ္လည္းမီးထဲပါသြားၿပီ အေဖက လူႀကီးဆိုေတာ့ ႐ူးမတတ္ဘဲ အစ္မ အခု႐ြာကိုေရာက္ေနတာ

ငါတို႔႐ြာေလးျပာပုံျဖစ္သြားၿပီ” ဆိုၿပီး ေၾကကြဲဝမ္းနည္းမႈေတြကို ရင္ဖြင့္ရွာတာျဖစ္ပါတယ္။ လက္ရွိေနထိုင္ေနတဲ့ စစ္ေရွာင္စခန္းကေန

သူတို႔႐ြာေလးကို ခဏလာၾကည့္ၿပီး ငိုယိုေနၾကတဲ့မိသားစုေတြအေၾကာင္းကို ငိုရင္းရႈိက္ရင္းေျပာျပခဲ့တာျဖစ္ပါတယ္။

အခုလိုမ်ိဳး ေနအိမ္ေတြမီးေလာင္ဆုံးရႈံးသြားရတာေၾကာင့္ တခ်ိဳ႕အဘြားေတြနဲ႔ အမ်ိဳးသမီးေတြခမ်ာ ေျဖသိမ့္စရာမရွိေလာက္ေအာင္

ငိုေႂကြးေနၾကတာပဲျဖစ္ပါတယ္။ ျပည္သူလူထုကလည္း အခုလိုဆုံးရႈံးသြားရတဲ့ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြကို

ကူညီေပးဖို႔အတြက္ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ကူညီၿပီးအလႉခံေပးေနၾကတာျဖစ္ပါတယ္။ ဘာပစၥည္းမွမက်န္ေတာ့ေအာင္

အကုန္လုံးျပာက်သြားခဲ့ရတဲ့ မန္လီ႐ြာက ပုံရိပ္တခ်ိဳ႕ကို ျပည္သူအမ်ားအျပားသိၿပီး ကူညီလႉဒါန္းရေအာင္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Crd

Unicode

လက်ရှိအခြေအနေမှာဆိုရင် တချို့ပြည်နယ်တွေမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေက စစ်ဘေးဒုက္ခကိုခံစားနေကြရဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ချောင်းဆာကျေးရွာအုပ်စု၊မန်လီရွာမှာ မေလ(၂)ရက်နေ့က မီးရှို့ခံရလို့ အိမ်ခြေ(၄၀)ကျော်

မီးလောင်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ ဧပြီလ(၆)ရက်နေ့ကလည်း မန်လီရွာမှာ နေအိမ်(၅)အိမ် မီးလောင်ခဲ့ပြီး မေလ(၂)

ရက်နေ့မှာတော့ မနက်ပိုင်း(၄)အိမ်နဲ့ ညနေပိုင်းမှာ အိမ်(၄၀) ထပ်မံမီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

မန်လီကျေးရွာမှာ အိမ်ခြေစုစုပေါင်း(၁၁၂)အိမ်ရှိပြီး မိမိတို့ရဲ့နေအိမ်တွေကို ဆုံးရှုံးလိုက်ရတဲ့ပြည်သူတွေကတော့သီပေါမြို့ပေါ်ရှိ

စစ်ရှောင်စခန်းမှာ ခဏတာခိုလှုံနေထိုင်နေရတာဖြစ်ပါတယ်။ နေအိမ်ဆုံးရှုံးသွားရသူတစ်ဦးဆိုရင်မိတ်ဆွေတစ်ဦးကိုဖုန်းဆက်ပြီး

“မောင်လေးရေ အစ်မတို့အိမ်လည်းမီးထဲပါသွားပြီ အဖေက လူကြီးဆိုတော့ ရူးမတတ်ဘဲ အစ်မ အခုရွာကိုရောက်နေတာ

ငါတို့ရွာလေးပြာပုံဖြစ်သွားပြီ” ဆိုပြီး ကြေကွဲဝမ်းနည်းမှုတွေကို ရင်ဖွင့်ရှာတာဖြစ်ပါတယ်။ လက်ရှိနေထိုင်နေတဲ့ စစ်ရှောင်စခန်းကနေ

သူတို့ရွာလေးကို ခဏလာကြည့်ပြီး ငိုယိုနေကြတဲ့မိသားစုတွေအကြောင်းကို ငိုရင်းရှိုက်ရင်းပြောပြခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး နေအိမ်တွေမီးလောင်ဆုံးရှုံးသွားရတာကြောင့် တချို့အဘွားတွေနဲ့ အမျိုးသမီးတွေခမျာ ဖြေသိမ့်စရာမရှိလောက်အောင်

ငိုကြွေးနေကြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုကလည်း အခုလိုဆုံးရှုံးသွားရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို

ကူညီပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကူညီပြီးအလှူခံပေးနေကြတာဖြစ်ပါတယ်။ ဘာပစ္စည်းမှမကျန်တော့အောင်

အကုန်လုံးပြာကျသွားခဲ့ရတဲ့ မန်လီရွာက ပုံရိပ်တချို့ကို ပြည်သူအများအပြားသိပြီး ကူညီလှူဒါန်းရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd