Zawgyi

အသက္ငယ္ငယ္ေလးနဲ႔ တိုင္းျပည္အတြက္အနစ္နာခံရင္း အက်ဥ္းက်ခံေနရတဲ့ ေမတိုးခိုင္ဟာ ဒီေန႔မွာ အသက္ (၂၆) ႏွစ္ျပည့္ခဲ့ပါၿပီ။

အၫြန႔္တလူလူနဲ႔ တက္လမ္းေတြအမ်ားႀကီးရွိေနတဲ့ သူမအတြက္ေတာ့ ခုလိုအက်ဥ္းက်ခံေနရတာ တကယ္ကိုစိတ္မေကာင္းစရာပါပဲ။

အေဒၚျဖစ္သူ အူဝဲလည္း ထိန္းသိမ္းခံခဲ့ရၿပီး တူဝရီးႏွစ္ေယာက္လုံး အက်ဥ္းက်ခံေနရတာပဲျဖစ္ပါတယ္။

အသက္ငယ္ေပမယ့္ အႏုပညာအရည္အေသြး မနိမ့္သလို သတၱိလည္းမနည္းခဲ့တဲ့ ေမတိုးခိုင္ကို သူမရဲ႕ပရိသတ္ေတြက

ျပန္လည္လြတ္ေျမာက္လာေစဖို႔ အတြက္ အၿမဲတမ္းသတိတရနဲ႔ ဆုေတာင္းေပးေနခဲ့ပါတယ္။

ပြဲေတြအတူတူတက္ၿပီး ရင္းႏွီးခဲ့ၾကတဲ့ စံထိပ္ထားဦးဟာလည္း အမတစ္ေယာက္လိုခ်စ္ရတဲ့ ေမတိုးခိုင္ရဲ႕ ေမြးေန႔မွာ ႏွစ္ေယာက္အတူ

႐ိုက္ထားတဲ့ အမွတ္တရပုံေလးနဲ႔ ” Happy Birthday to my bravest sister ” ဆိုၿပီး ေမြးေန႔ဆုေတာင္းေပးခဲ့ပါတယ္။

ပရိသတ္ေတြအတြက္လည္း တကယ့္ကို ရဲရင့္တဲ့အႏုပညာရွင္ တစ္ေယာက္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အမွတ္တရေမြးေန႔ေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္မျဖတ္သန္းႏိုင္ဘဲ အခုလိုခ်ဳပ္ေႏွာင္ခံထားရတဲ့အတြက္ေတာ့ အားလုံးက စိတ္မေကာင္းျဖစ္ေနခဲ့ၾကပါတယ္။

အေဒၚျဖစ္သူ အူဝဲကိုထိန္းသိမ္းၿပီး သိပ္မၾကာခင္မွာပဲ သူမလည္းထပ္မံဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

အေနအစားဆင္းရဲတဲ့ေနရာမွာ ဖူးတစ္ေယာက္အဆင္မွေျပပါ့မလားလို႔ သူမရဲ႕ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ျပည္သူနဲ႔တစ္သားတည္းရပ္တည္ခဲ့တဲ့ဖူးဖူးေလး အျမန္ဆုံး ျပန္လည္လြတ္ေျမာက္ၿပီး အရင္ထက္ပိုတဲ့ အႏုပညာအလုပ္ေတြ

အမ်ားႀကီးလုပ္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးပါတယ္။

Credit

Unicode

အသက်ငယ်ငယ်လေးနဲ့ တိုင်းပြည်အတွက်အနစ်နာခံရင်း အကျဉ်းကျခံနေရတဲ့ မေတိုးခိုင်ဟာ ဒီနေ့မှာ အသက် (၂၆) နှစ်ပြည့်ခဲ့ပါပြီ။

အညွန့်တလူလူနဲ့ တက်လမ်းတွေအများကြီးရှိနေတဲ့ သူမအတွက်တော့ ခုလိုအကျဉ်းကျခံနေရတာ တကယ်ကိုစိတ်မကောင်းစရာပါပဲ။

အဒေါ်ဖြစ်သူ အူဝဲလည်း ထိန်းသိမ်းခံခဲ့ရပြီး တူဝရီးနှစ်ယောက်လုံး အကျဉ်းကျခံနေရတာပဲဖြစ်ပါတယ်။

အသက်ငယ်ပေမယ့် အနုပညာအရည်အသွေး မနိမ့်သလို သတ္တိလည်းမနည်းခဲ့တဲ့ မေတိုးခိုင်ကို သူမရဲ့ပရိသတ်တွေက

ပြန်လည်လွတ်မြောက်လာစေဖို့ အတွက် အမြဲတမ်းသတိတရနဲ့ ဆုတောင်းပေးနေခဲ့ပါတယ်။

ပွဲတွေအတူတူတက်ပြီး ရင်းနှီးခဲ့ကြတဲ့ စံထိပ်ထားဦးဟာလည်း အမတစ်ယောက်လိုချစ်ရတဲ့ မေတိုးခိုင်ရဲ့ မွေးနေ့မှာ နှစ်ယောက်အတူ

ရိုက်ထားတဲ့ အမှတ်တရပုံလေးနဲ့ ” Happy Birthday to my bravest sister ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

ပရိသတ်တွေအတွက်လည်း တကယ့်ကို ရဲရင့်တဲ့အနုပညာရှင် တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အမှတ်တရမွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင်မဖြတ်သန်းနိုင်ဘဲ အခုလိုချုပ်နှောင်ခံထားရတဲ့အတွက်တော့ အားလုံးက စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

အဒေါ်ဖြစ်သူ အူဝဲကိုထိန်းသိမ်းပြီး သိပ်မကြာခင်မှာပဲ သူမလည်းထပ်မံဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အနေအစားဆင်းရဲတဲ့နေရာမှာ ဖူးတစ်ယောက်အဆင်မှပြေပါ့မလားလို့ သူမရဲ့ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ဖူးဖူးလေး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပြီး အရင်ထက်ပိုတဲ့ အနုပညာအလုပ်တွေ

အများကြီးလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Credit