Zawgyi

တကၠစီငွားစီးမိတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ကိုယ္ေတြ႕ျဖစ္ရပ္

က်မ ဒီေန႔ ေန႔ခင္း ေျမာက္ဥကၠလာကေန လွည္းတန္းသြားေတာ့ တကၠစီငွားစီးသြားတယ္။

က်မက ေဖ့စဖုတ္ ၾကည့္ေနက်လူဆိုေတာ့ တကၠစီကို ေသခ်ာေ႐ြးၿပီးငွားရတယ္။

ကားထဲမွာလူပိုပါသလား။ အဲကြန္းဖြင့္ထားသလားၾကည့္ရတယ္။ ေဆးခပ္မွာေၾကာက္လို႔။

အဲဒါနဲ႔ ကားငွားတာ ေတာ္ေတာ္ၾကာသြားတယ္။

ေနာက္ဆုံး တကၠစီတစ္စီးက်ေတာ့မွ ကားသမားပုံစံကလည္း ႐ိုးသားတဲ့ပုံေပၚတယ္။ အဲကြန္းလည္းဖြင့္မထားဘူး။ လူပိုလည္းမပါဘူး။ ပိုစိတ္ခ်ရေအာင္ ထပ္ေမးလိုက္ေသးတယ္။

လူထပ္တင္မွာလား။ လမ္းမွာ အဲကြန္းဖြင့္မွာလား ဆိုေတာ့ လူထပ္မတင္ပါဘူး တဲ့။

အဲကြန္းကလည္း ပ်က္ေနတာ တဲ့။ ဖြင့္ခ်င္ရင္ေတာင္ဖြင့္လို႔မရဘူးတဲ့။

အဲဒီ့အခ်ိန္မွာပဲ သတိရလို႔ ထပ္ေမးၾကည့္လိုက္တယ္။

ကားေမာင္းေနတုန္း ဖုန္းမကိုင္ရဘူး။( ဘာညာဗီဒီယိုကားေတြ ဖုန္းနဲ႔ဖြင့္ျပတာ ေဖ့စဖုတ္ထဲဖတ္ဖူးတယ္ေလ) တစ္ေထာင္ပိုေပးမယ္

ဆိုေတာ့ သူက ထူးဆန္းသလိုတစ္ခ်က္ၾကည့္ၿပီး ဘာလို႔လဲတဲ့။ က်မက ဘာမွျပန္မေျပာေတာ့ သူက ေကာင္းၿပီေလ တဲ့။

အဲဒါနဲ႔ ကားေနာက္ခန္းထဲ ဝင္ထိုင္လိုက္တယ္။ ဒီလိုနဲ႔ ကားစထြက္လာေရာ။

လမ္းမွာ ကားသမားက ေရသန႔္ဘူးကို ေကာက္ကိုင္လိုက္တယ္။ အထဲမွာ အရည္မဲမဲေတြ တစ္ဝက္ေလာက္ရွိတယ္။ ဒါေပမယ့္က်မက သိၿပီးသား။

က်မက ေဖ့စဖုတ္ ၾကည့္တယ္ေလ။

အဲဒီ့ အရည္မဲမဲေတြက ကြမ္းတံေတြးေတြမွန္း သိၿပီးသား။ ေအးေဆးပဲ။ မလန႔္ဘူး။

ဒီကားသမား အျပင္ကို ကြမ္းတံေတြးမေထြးဘူး။ စည္းကမ္းရွိသားပဲလို႔ေတာင္ သူ႔ကိုအမွတ္ေပးလိုက္ေသးတယ္။

က်မစိတ္ထဲကလည္း ေဖ့စဖုတ္ထဲမွာ ဖတ္ရတဲ့ တကၠစီသမားျပႆနာေတြကို ႀကိတ္ရယ္မိတယ္။

ငါ့လို မိန္းကေလးတိုင္းပါးနပ္ရင္ေကာင္းမွာပဲ ဆိုၿပီးေတာ့ေပါ့။

က်မက ကားေသေသခ်ာခ်ာေ႐ြးငွားေတာ့ ေအးေဆးပဲေလ

ဒီလိုနဲ႔ ကားက ရွစ္မိုင္လမ္းဆုံေရာက္လာေတာ့ လွည္းတန္းသြားဖို႔ ျပည္လမ္းေပၚတက္လိုက္ေရာ။

အဲဒီ့အခ်ိန္ကစၿပီး ကားသမားက ေနာက္ၾကည့္မွန္ထဲကေန ခဏ ခဏ က်မကိုၾကည့္တာသတိထားမိတယ္။

က်မလည္း နည္းနည္းမသကၤာ ျဖစ္လာတာနဲ႔ ေနာက္ၾကည့္မွန္ထဲကပဲ သူ႔ကို ေသေသခ်ာခ်ာ ျပန္အကဲခတ္ေနရတယ္။

က်မ နည္းနည္းေတာ့ ေၾကာက္လာၿပီ။ ကားသမားမ်က္ႏွာက ပိုပိုပ်က္လာတယ္။ ခဏ ခဏလည္း က်မကို မွန္ထဲကေနၾကည့္တယ္။

က်မကလည္း မွန္ထဲကိုပဲ မ်က္ႏွာထားခပ္တင္းတင္းနဲ႔စိုက္ၾကည့္ေနလိုက္တယ္။ သူ နည္းနည္းမ်ားရွိန္မလားလို႔။ စိတ္ထဲကေတာ့ အေတာ္လန႔္လာၿပီ။

အဲဒီအခ်ိန္မွာပဲ ကားသမားက ဟြန္းကို အရွည္ႀကီး ဆြဲတီးလိုက္တယ္။ ကားေရွ႕မွာလည္း ဘာမွ ဟြန္းတီးစရာ အေျခအေနမရွိဘူး။

ဟြန္းသံနဲ႔ မေရွးမေႏွာင္းမွာပဲ အနံ႔ႀကီးတစ္ခု ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား က်မ ရႉလိုက္ရတယ္။ ခ်က္ခ်င္းပဲ က်မ ေခါင္းေတြမူးေနာက္လာတယ္။

ဒါေတာင္ ကားမွန္ေတြအကုန္ဖြင့္ထားတာေနာ္ က်မ လိပ္ျပာလြင့္မတတ္ေၾကာက္သြားတယ္။

အသံကုန္ေအာ္တယ္။ ကားရပ္ခိုင္းတယ္။ အဲဒီ့လူက ခ်က္ခ်င္းရပ္မေပးဘူး။

က်မ အာေခါင္ျခစ္ၿပီး ထပ္ေအာ္တယ္။ အခါခါေအာ္ေတာ့မွရပ္ေပးတယ္။

ကားရပ္ၿပီးၿပီးခ်င္း က်မ အျမန္ေျပးဆင္းတာပဲ။ ဖိနပ္ေတာင္ ကားေပၚက်န္ခဲ့တယ္။

ေအာက္ေရာက္တာနဲ႔ အဲဒီ့ကားလည္းခ်က္ခ်င္းေမာင္းေျပးတာပဲ။

က်မလည္း ကားနံပါတ္မွတ္ဖို႔ေတာင္သတိမရဘူး။ က်မစိတ္ထဲမွာ လူထူတဲ့ေနရာကိုအျမန္သြားဖို႔ပဲ သိေတာ့တယ္။

ကားဟြန္းတီးလိုက္တာနဲ႔ မူးေမ့ေစတတ္တဲ့ေဆးေငြ႕လႊတ္ေပးတဲ့ နည္းပညာမ်ိဳးကို တကၠစီသမားေတြသုံးကုန္ပါၿပီ။

ကားမွန္ေတြဖြင့္ထားလည္း စိတ္မခ်ရေတာ့ပါဘူး။ လူမ်ားမ်ားသိေအာင္ ရွယ္ေပးၾကပါ။

ျမန္မာ မိန္းကေလးေတြရဲ႕ဘဝဟာ ေန႔ခင္းေၾကာင္ေတာင္မွာေတာင္ လုံၿခဳံမႈမရွိေတာ့ပါဘူး။

တကၠစီေမာင္းသာမားရဲ႕ေျဖရွင္းခ်က္ ဆက္ဖတ္ပါ က်ေနာ္က တကၠစီေမာင္းပါတယ္။

ဒီေန႔ႀကဳံခဲ့တာေလး ေရးျပခ်င္လို႔ပါ။

က်ေနာ္အိမ္မွာ ေန႔လည္စာ ထမင္းစားၿပီးျပန္ထြက္လာေတာ့က်ေနာ့္ကားကို ေျမာက္ဥကၠလာကေန လွည္းတန္းသြားဖို႔တဲ့ …

မိန္းကေလးတစ္ေယာက္ ငွားတယ္။ ခရီးသည္ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲကြန္းဖြင့္တာႀကိဳက္တယ္။

သူကေတာ့ အဲကြန္းမဖြင့္တာပိုႀကိဳက္တယ္တဲ့။ က်ေနာ္ကေတာ့ အဲကြန္းမဖြင့္ေလ ဆီကုန္တာပိုသက္သာေလဆိုေတာ့

အဲကြန္းပ်က္ေနတယ္ပါ ေျပာလိုက္တယ္။ ေအးေရာ။ သူ႔ၾကည့္ရတာ ခ်မ္းတတ္လို႔နဲ႔တူပါတယ္

လူပိုလည္းထပ္မတင္နဲ႔တဲ့။ က်ေနာ္ကလည္းမတင္ပါဘူးေျပာလိုက္တာေပါ့။

ထူးဆန္းတာက ကားေမာင္းရင္း ဖုန္းမသုံးနဲ႔ဆိုတာပဲ။ တစ္ေထာင္ပိုေပးမယ္တဲ့။ ဘာလို႔လဲေမးေတာ့လည္းျပန္မေျဖဘူး။

ကဲ …. တစ္ေထာင္ပိုရလည္း မနည္းဘူးဆိုၿပီး ဖုန္းမသုံးပါဘူးေျပာလိုက္ရတယ္။

တစ္လမ္းလုံး ယာဥ္ေၾကာပိတ္တာကလြဲၿပီး ဘာျပႆနာမွမတက္ဘူး။

ရွစ္မိုင္မီးပြိဳင့္လည္းေရာက္ေရာ ျပႆနာတက္ေရာခင္ဗ်။

အိမ္က က်ေနာ္စားလာတဲ့ဟင္းက ခ်ဥ္ေပါင္႐ြက္ခ်ဥ္ရည္ရယ္ ဆူးပုတ္႐ြက္နဲ႔ပဲႀကီးဟင္းရယ္ ဒညင္းသီးနဲ႔ ငါးပိရည္ရယ္။

အဲဒီ့မွာ ဒုကၡစေတာ့တာပဲ။ ရွစ္မိုင္လမ္းဆုံေရာက္ေတာ့ ေလလည္ခ်င္လာေရာ။

က်ေနာ္ ေအာင့္ထားတယ္။ စားထားတဲ့အစာကိုၾကည့္လိုက္တာနဲ႔ အနံ႔က ျပင္းမွာ က်ိန္းေသသိေနတာကိုး။

ႏွစ္ေယာက္တည္းပါတဲ့ကားေပၚမွာ က်ေနာ့္လက္ခ်က္မွန္း သူက်ိန္းေသသိမွာကိုးဗ်။

အဲဒါနဲ႔ က်ေနာ္ေအာင့္ထားတယ္။ ဘက္မွန္ထဲကေနသူ႔ကို ၾကည့္လိုက္ေတာ့ က်ေနာ္ကို မ်က္ေမွာင္ႀကီးက်ဳံ႕ၿပီးစိုက္ၾကည့္ေနသဗ်။

အဲဒါနဲ႔ က်ေနာ္လည္း သူသတိမထားမိတဲ့အခ်ိန္ အသံမျမည္ေအာင္ ႀကိတ္လႊတ္လိုက္မယ္ဆိုၿပီး ဘက္မွန္ထဲကေနၾကည့္တာ

သူကလည္း က်ေနာ့္ကို မေက်နပ္တဲ့ မ်က္ႏွာေပးႀကီးနဲ႔ ေတာက္ေလွ်ာက္စိုက္ၾကည့္ေနသဗ်။

အဲဒါနဲ႔ …. ေနာက္ဆုံး မေအာင့္ထားႏိုင္ေတာ့တဲ့အဆုံး

(ေအာင့္ထားေတာ့ အီးေငြ႕ပမာဏကလည္းပိုပိုမ်ားလာၿပီ) ေပါက္ရေတာ့မယ္။

ေအာင့္ၿပီးမွေပါက္ရတာဆိုေတာ့ အသံအက်ယ္ႀကီး ျမည္မွာလည္း ကိုယ့္ဖာသာသိေနတယ္။

အဲဒါနဲ႔ ႐ုတ္တရက္ အႀကံေပၚလာတဲ့အတိုင္း ကားဟြန္းကို အရွည္ႀကီးတီးၿပီး အီးေပါက္ထည့္လိုက္တယ္။

အီးသံကိုဟြန္းသံဖုံးသြားတာေပါ့ေလ။ ပိုင္တယ္ကြာဆိုၿပီး ကိုယ့္ကိုယ္ကိုကိုယ္ ေက်နပ္ေနတာ။

ဒါေပမယ့္ ….ပဲႀကီးဟင္းရယ္ ဆူးပုတ္႐ြက္ရယ္ ခ်ဥ္ေပါင္ဟင္းရယ္ ဒညင္းသီးရယ္ ငါးပိရည္ရယ္

အားလုံးေပါင္းၿပီးထြက္လာတဲ့ ရနံ႔က အီးေပါက္လိုက္တဲ့ ကာယကံရွင္ က်ေနာ္ေတာင္ ရႉမိေတာ့မူးသြားတယ္ဗ်ာ။ ဒီေလာက္အနံ႔ဆိုးတဲ့အီးမ်ိဳး တစ္ခါမွ မရႉဖူးဘူး။

သြားပါၿပီ …… ဆိုၿပီး ေတြးေနတုန္း ေနာက္က ေကာင္မေလးက ႐ုတ္တရက္ ” အား ” ဆိုၿပီး အက်ယ္ႀကီးထေအာ္တယ္။

ကားရပ္ေပးဆိုၿပီးေတာ့လည္း ထေအာ္တယ္။ က်ေနာ္လည္း ႐ုတ္တရက္ဆိုေတာ့ ေၾကာင္ေနတာနဲ႔ ကားမရပ္ေပးမိဘူး။

ေကာင္မေလးက အခါခါ အာေခါင္ျခစ္ေအာ္ေတာ့မွ က်ေနာ္ကားထိုးရပ္လိုက္ရတယ္

ရပ္လိုက္တာနဲ႔ ေကာင္မေလးက ေအာ္ၿပီး ဝုန္းခနဲ ဆင္းေျပးတယ္။

က်ေနာ္လည္း ရွက္လြန္းတာနဲ႔ သူဆင္းၿပီးၿပီးခ်င္း ကားကို အျမန္ေမာင္းထြက္ခဲ့တယ္။

ရွက္လိုက္တာဗ်ာ။

ကိုယ့္အီးနံ႔ေၾကာင့္ ခရီးသည္တစ္ေယာက္ ေအာ္ၿပီး ဆင္းေျပးရတယ္ဆိုတာ တစ္သက္နဲ႔တစ္ကိုယ္ တစ္ခါမွၾကားေတာင္မၾကားဖူးပါဘူး။

ရွက္လိုက္တာ ……

Unicode

တက္ကစီငှားစီးမိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်တွေ့ဖြစ်ရပ်

ကျမ ဒီနေ့ နေ့ခင်း မြောက်ဥက္ကလာကနေ လှည်းတန်းသွားတော့ တက္ကစီငှားစီးသွားတယ်။

ကျမက ဖေ့စဖုတ် ကြည့်နေကျလူဆိုတော့ တက္ကစီကို သေချာရွေးပြီးငှားရတယ်။

ကားထဲမှာလူပိုပါသလား။ အဲကွန်းဖွင့်ထားသလားကြည့်ရတယ်။ ဆေးခပ်မှာကြောက်လို့။

အဲဒါနဲ့ ကားငှားတာ တော်တော်ကြာသွားတယ်။

နောက်ဆုံး တက္ကစီတစ်စီးကျတော့မှ ကားသမားပုံစံကလည်း ရိုးသားတဲ့ပုံပေါ်တယ်။ အဲကွန်းလည်းဖွင့်မထားဘူး။ လူပိုလည်းမပါဘူး။ ပိုစိတ်ချရအောင် ထပ်မေးလိုက်သေးတယ်။

လူထပ်တင်မှာလား။ လမ်းမှာ အဲကွန်းဖွင့်မှာလား ဆိုတော့ လူထပ်မတင်ပါဘူး တဲ့။

အဲကွန်းကလည်း ပျက်နေတာ တဲ့။ ဖွင့်ချင်ရင်တောင်ဖွင့်လို့မရဘူးတဲ့။

အဲဒီ့အချိန်မှာပဲ သတိရလို့ ထပ်မေးကြည့်လိုက်တယ်။

ကားမောင်းနေတုန်း ဖုန်းမကိုင်ရဘူး။( ဘာညာဗီဒီယိုကားတွေ ဖုန်းနဲ့ဖွင့်ပြတာ ဖေ့စဖုတ်ထဲဖတ်ဖူးတယ်လေ) တစ်ထောင်ပိုပေးမယ်

ဆိုတော့ သူက ထူးဆန်းသလိုတစ်ချက်ကြည့်ပြီး ဘာလို့လဲတဲ့။ ကျမက ဘာမှပြန်မပြောတော့ သူက ကောင်းပြီလေ တဲ့။

အဲဒါနဲ့ ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်တယ်။ ဒီလိုနဲ့ ကားစထွက်လာရော။

လမ်းမှာ ကားသမားက ရေသန့်ဘူးကို ကောက်ကိုင်လိုက်တယ်။ အထဲမှာ အရည်မဲမဲတွေ တစ်ဝက်လောက်ရှိတယ်။ ဒါပေမယ့်ကျမက သိပြီးသား။

ကျမက ဖေ့စဖုတ် ကြည့်တယ်လေ။

အဲဒီ့ အရည်မဲမဲတွေက ကွမ်းတံတွေးတွေမှန်း သိပြီးသား။ အေးဆေးပဲ။ မလန့်ဘူး။

ဒီကားသမား အပြင်ကို ကွမ်းတံတွေးမထွေးဘူး။ စည်းကမ်းရှိသားပဲလို့တောင် သူ့ကိုအမှတ်ပေးလိုက်သေးတယ်။

ကျမစိတ်ထဲကလည်း ဖေ့စဖုတ်ထဲမှာ ဖတ်ရတဲ့ တက္ကစီသမားပြဿနာတွေကို ကြိတ်ရယ်မိတယ်။

ငါ့လို မိန်းကလေးတိုင်းပါးနပ်ရင်ကောင်းမှာပဲ ဆိုပြီးတော့ပေါ့။

ကျမက ကားသေသေချာချာရွေးငှားတော့ အေးဆေးပဲလေ

ဒီလိုနဲ့ ကားက ရှစ်မိုင်လမ်းဆုံရောက်လာတော့ လှည်းတန်းသွားဖို့ ပြည်လမ်းပေါ်တက်လိုက်ရော။

အဲဒီ့အချိန်ကစပြီး ကားသမားက နောက်ကြည့်မှန်ထဲကနေ ခဏ ခဏ ကျမကိုကြည့်တာသတိထားမိတယ်။

ကျမလည်း နည်းနည်းမသင်္ကာ ဖြစ်လာတာနဲ့ နောက်ကြည့်မှန်ထဲကပဲ သူ့ကို သေသေချာချာ ပြန်အကဲခတ်နေရတယ်။

ကျမ နည်းနည်းတော့ ကြောက်လာပြီ။ ကားသမားမျက်နှာက ပိုပိုပျက်လာတယ်။ ခဏ ခဏလည်း ကျမကို မှန်ထဲကနေကြည့်တယ်။

ကျမကလည်း မှန်ထဲကိုပဲ မျက်နှာထားခပ်တင်းတင်းနဲ့စိုက်ကြည့်နေလိုက်တယ်။ သူ နည်းနည်းများရှိန်မလားလို့။ စိတ်ထဲကတော့ အတော်လန့်လာပြီ။

အဲဒီအချိန်မှာပဲ ကားသမားက ဟွန်းကို အရှည်ကြီး ဆွဲတီးလိုက်တယ်။ ကားရှေ့မှာလည်း ဘာမှ ဟွန်းတီးစရာ အခြေအနေမရှိဘူး။

ဟွန်းသံနဲ့ မရှေးမနှောင်းမှာပဲ အနံ့ကြီးတစ်ခု တော်တော်ဆိုးဆိုးရွားရွား ကျမ ရှူလိုက်ရတယ်။ ချက်ချင်းပဲ ကျမ ခေါင်းတွေမူးနောက်လာတယ်။

ဒါတောင် ကားမှန်တွေအကုန်ဖွင့်ထားတာနော် ကျမ လိပ်ပြာလွင့်မတတ်ကြောက်သွားတယ်။

အသံကုန်အော်တယ်။ ကားရပ်ခိုင်းတယ်။ အဲဒီ့လူက ချက်ချင်းရပ်မပေးဘူး။

ကျမ အာခေါင်ခြစ်ပြီး ထပ်အော်တယ်။ အခါခါအော်တော့မှရပ်ပေးတယ်။

ကားရပ်ပြီးပြီးချင်း ကျမ အမြန်ပြေးဆင်းတာပဲ။ ဖိနပ်တောင် ကားပေါ်ကျန်ခဲ့တယ်။

အောက်ရောက်တာနဲ့ အဲဒီ့ကားလည်းချက်ချင်းမောင်းပြေးတာပဲ။

ကျမလည်း ကားနံပါတ်မှတ်ဖို့တောင်သတိမရဘူး။ ကျမစိတ်ထဲမှာ လူထူတဲ့နေရာကိုအမြန်သွားဖို့ပဲ သိတော့တယ်။

ကားဟွန်းတီးလိုက်တာနဲ့ မူးမေ့စေတတ်တဲ့ဆေးငွေ့လွှတ်ပေးတဲ့ နည်းပညာမျိုးကို တက္ကစီသမားတွေသုံးကုန်ပါပြီ။

ကားမှန်တွေဖွင့်ထားလည်း စိတ်မချရတော့ပါဘူး။ လူများများသိအောင် ရှယ်ပေးကြပါ။

မြန်မာ မိန်းကလေးတွေရဲ့ဘဝဟာ နေ့ခင်းကြောင်တောင်မှာတောင် လုံခြုံမှုမရှိတော့ပါဘူး။

တက္ကစီမောင်းသာမားရဲ့ဖြေရှင်းချက် ဆက်ဖတ်ပါ ကျနော်က တက္ကစီမောင်းပါတယ်။

ဒီနေ့ကြုံခဲ့တာလေး ရေးပြချင်လို့ပါ။

ကျနော်အိမ်မှာ နေ့လည်စာ ထမင်းစားပြီးပြန်ထွက်လာတော့ကျနော့်ကားကို မြောက်ဥက္ကလာကနေ လှည်းတန်းသွားဖို့တဲ့ …

မိန်းကလေးတစ်ယောက် ငှားတယ်။ ခရီးသည်တော်တော်များများကတော့ အဲကွန်းဖွင့်တာကြိုက်တယ်။

သူကတော့ အဲကွန်းမဖွင့်တာပိုကြိုက်တယ်တဲ့။ ကျနော်ကတော့ အဲကွန်းမဖွင့်လေ ဆီကုန်တာပိုသက်သာလေဆိုတော့

အဲကွန်းပျက်နေတယ်ပါ ပြောလိုက်တယ်။ အေးရော။ သူ့ကြည့်ရတာ ချမ်းတတ်လို့နဲ့တူပါတယ်

လူပိုလည်းထပ်မတင်နဲ့တဲ့။ ကျနော်ကလည်းမတင်ပါဘူးပြောလိုက်တာပေါ့။

ထူးဆန်းတာက ကားမောင်းရင်း ဖုန်းမသုံးနဲ့ဆိုတာပဲ။ တစ်ထောင်ပိုပေးမယ်တဲ့။ ဘာလို့လဲမေးတော့လည်းပြန်မဖြေဘူး။

ကဲ …. တစ်ထောင်ပိုရလည်း မနည်းဘူးဆိုပြီး ဖုန်းမသုံးပါဘူးပြောလိုက်ရတယ်။

တစ်လမ်းလုံး ယာဉ်ကြောပိတ်တာကလွဲပြီး ဘာပြဿနာမှမတက်ဘူး။

ရှစ်မိုင်မီးပွိုင့်လည်းရောက်ရော ပြဿနာတက်ရောခင်ဗျ။

အိမ်က ကျနော်စားလာတဲ့ဟင်းက ချဉ်ပေါင်ရွက်ချဉ်ရည်ရယ် ဆူးပုတ်ရွက်နဲ့ပဲကြီးဟင်းရယ် ဒညင်းသီးနဲ့ ငါးပိရည်ရယ်။

အဲဒီ့မှာ ဒုက္ခစတော့တာပဲ။ ရှစ်မိုင်လမ်းဆုံရောက်တော့ လေလည်ချင်လာရော။

ကျနော် အောင့်ထားတယ်။ စားထားတဲ့အစာကိုကြည့်လိုက်တာနဲ့ အနံ့က ပြင်းမှာ ကျိန်းသေသိနေတာကိုး။

နှစ်ယောက်တည်းပါတဲ့ကားပေါ်မှာ ကျနော့်လက်ချက်မှန်း သူကျိန်းသေသိမှာကိုးဗျ။

အဲဒါနဲ့ ကျနော်အောင့်ထားတယ်။ ဘက်မှန်ထဲကနေသူ့ကို ကြည့်လိုက်တော့ ကျနော်ကို မျက်မှောင်ကြီးကျုံ့ပြီးစိုက်ကြည့်နေသဗျ။

အဲဒါနဲ့ ကျနော်လည်း သူသတိမထားမိတဲ့အချိန် အသံမမြည်အောင် ကြိတ်လွှတ်လိုက်မယ်ဆိုပြီး ဘက်မှန်ထဲကနေကြည့်တာ

သူကလည်း ကျနော့်ကို မကျေနပ်တဲ့ မျက်နှာပေးကြီးနဲ့ တောက်လျှောက်စိုက်ကြည့်နေသဗျ။

အဲဒါနဲ့ …. နောက်ဆုံး မအောင့်ထားနိုင်တော့တဲ့အဆုံး

(အောင့်ထားတော့ အီးငွေ့ပမာဏကလည်းပိုပိုများလာပြီ) ပေါက်ရတော့မယ်။

အောင့်ပြီးမှပေါက်ရတာဆိုတော့ အသံအကျယ်ကြီး မြည်မှာလည်း ကိုယ့်ဖာသာသိနေတယ်။

အဲဒါနဲ့ ရုတ်တရက် အကြံပေါ်လာတဲ့အတိုင်း ကားဟွန်းကို အရှည်ကြီးတီးပြီး အီးပေါက်ထည့်လိုက်တယ်။

အီးသံကိုဟွန်းသံဖုံးသွားတာပေါ့လေ။ ပိုင်တယ်ကွာဆိုပြီး ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်နေတာ။

ဒါပေမယ့် ….ပဲကြီးဟင်းရယ် ဆူးပုတ်ရွက်ရယ် ချဉ်ပေါင်ဟင်းရယ် ဒညင်းသီးရယ် ငါးပိရည်ရယ်

အားလုံးပေါင်းပြီးထွက်လာတဲ့ ရနံ့က အီးပေါက်လိုက်တဲ့ ကာယကံရှင် ကျနော်တောင် ရှူမိတော့မူးသွားတယ်ဗျာ။ ဒီလောက်အနံ့ဆိုးတဲ့အီးမျိုး တစ်ခါမှ မရှူဖူးဘူး။

သွားပါပြီ …… ဆိုပြီး တွေးနေတုန်း နောက်က ကောင်မလေးက ရုတ်တရက် ” အား ” ဆိုပြီး အကျယ်ကြီးထအော်တယ်။

ကားရပ်ပေးဆိုပြီးတော့လည်း ထအော်တယ်။ ကျနော်လည်း ရုတ်တရက်ဆိုတော့ ကြောင်နေတာနဲ့ ကားမရပ်ပေးမိဘူး။

ကောင်မလေးက အခါခါ အာခေါင်ခြစ်အော်တော့မှ ကျနော်ကားထိုးရပ်လိုက်ရတယ်

ရပ်လိုက်တာနဲ့ ကောင်မလေးက အော်ပြီး ဝုန်းခနဲ ဆင်းပြေးတယ်။

ကျနော်လည်း ရှက်လွန်းတာနဲ့ သူဆင်းပြီးပြီးချင်း ကားကို အမြန်မောင်းထွက်ခဲ့တယ်။

ရှက်လိုက်တာဗျာ။

ကိုယ့်အီးနံ့ကြောင့် ခရီးသည်တစ်ယောက် အော်ပြီး ဆင်းပြေးရတယ်ဆိုတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှကြားတောင်မကြားဖူးပါဘူး။

ရှက်လိုက်တာ ……