Zawgyi

ျမန္မာႏိုင္ငံ ေနာက္ဆုံး မင္းဆက္ျဖစ္တဲ့ သီေပါမင္းနဲ႔ မိဖုရား စုဖုရားလတ္တို႔

နန္းတက္ အခမ္းအနားေတြမွာ ဝတ္ဆင္ေလ့ရွိတဲ့

ဒုရင္ေတာ္ႏွင့္ မဟာလတာ ဝတ္စုံေတာ္ကို ေနာက္ႏွစ္ေပါင္း ၁၀၀ နီးပါးခန႔္ ျပသထားႏိုင္ရန္ ၾကာရွည္ခံေအာင္ ထိန္းသိမ္းေပးမယ့္

အထည္အလိပ္ေတြကို မူလလက္ရာမပ်က္ ျပဳျပင္ထိန္းသိမ္းသူပညာရွင္…

ျမန္မာႏိုင္ငံ ေနာက္ဆုံး မင္းဆက္ျဖစ္တဲ့ သီေပါမင္းနဲ႔ မိဖုရား စုဖုရားလတ္တို႔ နန္းတက္အခမ္းအနားေတြမွာ ဝတ္ဆင္ေလ့ရွိတဲ့

ဒုရင္ေတာ္ႏွင့္ မဟာလတာ ဝတ္စုံေတာ္ကိုေနာက္ႏွစ္ေပါင္း ၁၀၀ နီးပါးခန႔္ ျပသထားႏိုင္ရန္ ၾကာရွည္ခံေအာင္ ထိန္းသိမ္းေပးမယ့္

အထည္အလိပ္ေတြကို မူလလက္ရာမပ်က္ ျပဳျပင္ထိန္းသိမ္းသူပညာရွင္ လိုအပ္လာၿပီလို႔အမ်ိဳးသားျပတိုက္ရွိ ျပတိုက္ပညာရွင္ ေဒၚႏုျမဇံ က ေျပာပါတယ္။

ေ႐ႊခ်ည္ေငြခ်ည္ အစစ္၊ ပတၱျမား၊ အဖိုးတန္ ေက်ာက္မ်ား၊ ကတၱီပါႏွင့္ ႀကိမ္ျဖင့္ ခ်ဳပ္လုပ္ထားတဲ့သီေပါမင္းဝတ္႐ုံ (ဒုရင္ေတာ္)ႏွင့္

ေ႐ႊခ်ည္ေငြခ်ည္အစစ္၊ ကတၱီပါ၊ ႀကိမ္ႏွင့္ တန္ဖိုးနည္းေက်ာက္မ်ားျဖင့္ စီျခယ္ခ်ဳပ္လုပ္ထားတဲ့ စုဖုရားလတ္ဝတ္႐ုံ (မဟာလတာ)

တို႔ကိုအမ်ိဳးသားျပတိုက္ ေျမညီထပ္၊ ရတနာပုံ ေခတ္ျပခန္းထဲမွာ ျပသထားပါတယ္။

နန္းသိမ္းပြဲနဲ႔ ကန္ေတာ့ခံခ်ိန္ (ဝါဝင္၊ ဝါထြက္ႏွင့္ ႏွစ္သစ္ကူးေန႔) ေတြမွာပဲ ဝတ္ဆင္ေလ့ရွိတဲ့ထိုဝတ္႐ုံရဲ႕ သက္တမ္းဟာ ႏွစ္ေပါင္း ၁၃၀ ေက်ာ္ခန႔္ ရွိပါၿပီ။

ေရွးေဟာင္း တန္ဖိုးႀကီးမားၿပီး အစားထိုးမရတဲ့ ထိုဝတ္႐ုံဟာ ႏွစ္သက္တမ္း ၾကာျမင့္တဲ့အေလ်ာက္ႀကံ့ခိုင္မႈ အားနည္းေနတာေၾကာင့္

ေဆြးျမည့္ေနၿပီး ထိလိုက္တာနဲ႔ ပ်က္က်ေတာ့မယ့္အေနအထားမွာ ရွိေနပါတယ္။

“အဝတ္အထည္ကို ထိန္းသိမ္းရာမွာ အလြန္အႏုစိတ္ လုပ္ရပါတယ္။ တျခားပစၥည္းေတြလိုဓာတုေဆးအသုံးျပဳၿပီး ထိန္းသိမ္းလို႔ မရပါဘူး။

ဝတ္႐ုံေတြကို ေရွးမူမပ်က္ေအာင္ ျပဳျပင္ထိန္းသိမ္းႏိုင္မယ့္ လုပ္နည္းလုပ္ဟန္နဲ႔ ကိရိယာတန္ဆာပလာ လိုအပ္ခ်က္ေတြ ရွိပါတယ္။

ကြၽန္မတို႔ဆီမွာ အထည္အလိပ္ ေရွးေဟာင္းလက္ရာမပ်က္ ျပဳျပင္ထိန္းသိမ္းေပးမယ့္သီးသန႔္ပညာရွင္ မရွိပါဘူး” လို႔ ေဒၚႏုျမဇံ က ေျပာပါတယ္။

သီေပါမင္း ပါေတာ္မူၿပီးေနာက္ ဒုရင္ေတာ္ ႏွင့္ မဟာလတာအပါအဝင္ မင္းခန္းေတာ္ ပစၥည္းမ်ားနဲ႔ေ႐ႊ၊ ေငြ

လက္ဝတ္ရတနာေတြကို ၿဗိတိသွ်တို႔ သိမ္းသြားၿပီး အဂၤလန္ရွိ ဗစ္တိုးရီးယားႏွင့္အဲလ္ဘတ္ျပတိုက္မွာ သိမ္းဆည္းထားခဲ့ပါတယ္။

၁၉၆၄ ခုႏွစ္မွာ သမၼတေဟာင္း ဦးေနဝင္းရဲ႕ ေတာင္းဆိုမႈေၾကာင့္ ဝတ္႐ုံနဲ႔ ေ႐ႊထည္ပစၥည္းအခ်ိဳ႕ျပန္လည္ ရရွိခဲ့ပါတယ္။

အဲဒီအခ်ိန္က အမ်ိဳးသားျပတိုက္ကို ဂ်ဳဗလီေဟာမွာ ဖြင့္ရတဲ့အတြက္ေၾကာင့္ေနရာအခက္အခဲေၾကာင့္ အဲဒီပစၥည္းေတြကို မျပသႏိုင္ေသးပါဘူး။

၁၉၇၀ ျပည့္ႏွစ္ ျပတိုက္ကို ပန္းဆိုးတန္းလမ္းရွိ အေဆာက္အအုံကို ေျပာင္းေ႐ႊ႕ေတာ့မွစတင္ျပသႏိုင္ခဲ့ပါတယ္။

“ပန္းဆိုးတန္းလမ္းက အေဆာက္အအုံမွာတုန္းကေတာ့ သီေပါမင္းနဲ႔ စုဖုရားလတ္ ဝတ္႐ုံကေကာင္းေနေသးေတာ့ ျပင္ဖို႔လိုတယ္လို႔ သတိမထားမိေသးဘူး။

ျပတိုက္က ျပည္လမ္းကိုေျပာင္းလာေတာ့မွ ဝတ္႐ုံရဲ႕ အေျခအေနကို သတိထားမိလာတယ္။ နဂိုအတိုင္းျပန္ျဖစ္ေအာင္

ထိန္းသိမ္းႏိုင္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့တယ္။ ဂ်ပန္လူမ်ိဳး အထည္အလိပ္ေတြကို ေရွးမူမပ်က္ထိန္းသိမ္းေပးတဲ့ ပညာရွင္တစ္ေယာက္

ေခၚဖူးေပမယ့္ သူက ဝတ္႐ုံကို လုံးဝ ျပင္လို႔မရေတာ့ဘူးလို႔ ေျပာသြားဖူးတယ္” လို႔ သူက ေျပာပါတယ္။

၂၀၁၃ ခုႏွစ္မွာ ေနာက္ထပ္ ဂ်ပန္လူမ်ိဳး ပညာရွင္တစ္ေယာက္ ေရာက္လာခဲ့ပါတယ္။

လက္ေတြ႕မွာသူလည္း ဝတ္႐ုံကို နဂိုအတိုင္း ေရွးမူမပ်က္ မထိန္းသိမ္းႏိုင္ေပမယ့္ ဝတ္႐ုံထည့္ထားတဲ့ မွန္ဗီ႐ိုကိုေလမဝင္ေအာင္နဲ႔

ဝတ္႐ုံေပၚက ဖုန္ေတြကို သန႔္စင္ေအာင္ လုပ္ေပးသြားခဲ့တယ္လို႔ ေျပာပါတယ္။

“ဂ်ပန္ပညာရွင္ေတြလည္း ဒါကို မထိန္းသိမ္းႏိုင္ခဲ့ပါဘူး။ ဂ်ပန္ကီမိုႏိုက ႐ိုးရွင္းတယ္။

ျမန္မာဘုရင္ရဲ႕ နန္းတက္ဝတ္စုံက ေ႐ႊနဲ႔ အဖိုးတန္ေက်ာက္ (inorganic)နဲ႔ ကတၱီပါနဲ႔ ႀကိမ္(organic)တို႔ ေပါင္းစပ္ထားတဲ့အတြက္

ျပင္ဖို႔ရန္ အေတာ္ေလး ရႈပ္ေထြးပါတယ္။ အစားထိုးမရတဲ့အျပင္ ေရွးေဟာင္းတန္ဖိုး မေလ်ာ့ေအာင္ ျပဳျပင္ထိန္းသိမ္းဖို႔

အေတာ္ေလး လက္ဝင္ၿပီးျပႆနာရွိတယ္” လို႔ သူက ေျပာပါတယ္။ အဲဒီေခတ္က သီေပါမင္းနဲ႔ စုဖုရားလတ္တို႔အတြက္ တစ္စုံတည္းသာ

ခ်ဳပ္ခဲ့တယ္လို႔ ယူဆရတဲ့ဒီဝတ္႐ုံဟာ နဂိုမူလအတိုင္း ႀကံ့ခိုင္မႈ ရွိလာေအာင္နဲ႔ ၾကာရွည္ခံေအာင္ အခ်ိန္မီျပဳျပင္မေပးႏိုင္ခဲ့ရင္

ေနာင္ႏွစ္မ်ားစြာမွာ ျပတိုက္မွာ ျမင္ရပါေတာ့မလားလို႔ စိုးရိမ္စရာ ျဖစ္လာပါၿပီ။

“သီေပါရဲ႕ ေတာ္ဝင္နန္းတက္ဝတ္စုံကို ေရွးမူမပ်က္ တကယ္ ျပဳျပင္ထိန္းသိမ္းႏိုင္တဲ့ ပညာရွင္ေတြအေမရိကန္ႏိုင္ငံ Asian Art Museum မွာ ကြၽန္မ ေတြ႕ခဲ့ပါတယ္။

ပညာရွင္ေတြက ဝတ္စုံထဲမွာပါဝင္တဲ့ ခ်ည္မွ်င္ေတြနဲ႔ အျခားပစၥည္းေတြကို မိုက္ခ႐ိုစကုပ္နဲ႔ အေသးစိတ္ ၾကည့္တယ္။

အဲဒါနဲ႔၉၉ ဒသမ ၉ ရာခိုင္ႏႈန္းတူတဲ့ ပစၥည္းေတြကို လေပါင္းမ်ားစြာ အခ်ိန္ယူၿပီး စုေဆာင္းၾကတယ္။

ၿပီးေတာ့ ဝတ္စုံရဲ႕ ေပါက္ၿပဲေနတဲ့ေနရာမွာ သူတို႔ စုေဆာင္းထားတဲ့ ပစၥည္းေတြသုံးၿပီးဖာေထးျပဳျပင္တယ္။

သူတို႔မွာ ကိရိယာတန္ဆာပလာေတြ စုံတယ္။ အရမ္းေဈးႀကီးတဲ့ ပစၥည္းေတြဝယ္ျခမ္းၿပီး ေရွးမူလက္ရာမပ်က္ ထိန္းသိမ္းမႈေတြ

လုပ္ႏိုင္တယ္”လို႔ သူက ေျပာပါတယ္။ သူ႔အေနနဲ႔ အမ်ိဳးသားျပတိုက္မွာ ရွိတဲ့ ဝတ္႐ုံေတာ္ႀကီးကို လာေရာက္ထိန္းသိမ္းေပးဖို႔ကမ္းလွမ္းခဲ့ၿပီး

ပညာရွင္ေတြကိုယ္တိုင္ကလည္း လာေရာက္စစ္ေဆး ျပဳျပင္ေပးဖို႔ဆႏၵရွိၾကတယ္လို႔ သူက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က ဒီဝတ္႐ုံ ျမန္ျမန္ပ်က္စီး မသြားေအာင္ အလင္းေရာင္အား မမ်ားတဲ့ ေနရာမွာထားတယ္။ အစိုဓာတ္ကို ထိန္းတယ္။

ဒါေပမဲ့ ဒီဝတ္႐ုံႀကီး ေနာင္အႏွစ္ ၁၀၀ ထိ ခံေအာင္ထိန္းသိမ္းဖို႔အတြက္ ကြၽန္ေတာ္တို႔မွာရွိတဲ့ ပညာရွင္ေတြနဲ႔ လုပ္ဖို႔ မလြယ္တဲ့အတြက္အထည္အလိပ္နဲ႔ ပတ္သက္ရင္ ႏိုင္နင္းတဲ့

အေမရိကန္ႏိုင္ငံကို အကူအညီေတာင္းတာေတြဆက္လုပ္သြားဦးမွာပါ” လို႔ အမ်ိဳးသားျပတိုက္ရဲ႕ ဒါ႐ိုက္တာ ဦးေငြထြန္းျမင့္ က ေျပာပါတယ္။

“ဝတ္႐ုံကို ျပင္လိုက္မယ္ဆိုရင္ ေနာက္ႏွစ္ ၁၀၀ ေလာက္ ေအးေအးေဆးေဆး ျပထားႏိုင္ပါတယ္။မျပင္ဘဲထားမယ္ဆို

ေနာက္ ၁၀ ႏွစ္၊ ႏွစ္၂၀ ေလာက္ေတာင္ စိတ္မခ်ရဘူး” လို႔ ေဒၚႏုျမဇံက ေျပာပါတယ္။Credit – Myanmar Time

Unicode

မြန်မာနိုင်ငံ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီပေါမင်းနဲ့ မိဖုရား စုဖုရားလတ်တို့

နန်းတက် အခမ်းအနားတွေမှာ ဝတ်ဆင်လေ့ရှိတဲ့

ဒုရင်တော်နှင့် မဟာလတာ ဝတ်စုံတော်ကို နောက်နှစ်ပေါင်း ၁၀၀ နီးပါးခန့် ပြသထားနိုင်ရန် ကြာရှည်ခံအောင် ထိန်းသိမ်းပေးမယ့်

အထည်အလိပ်တွေကို မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းသူပညာရှင်…

မြန်မာနိုင်ငံ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီပေါမင်းနဲ့ မိဖုရား စုဖုရားလတ်တို့ နန်းတက်အခမ်းအနားတွေမှာ ဝတ်ဆင်လေ့ရှိတဲ့

ဒုရင်တော်နှင့် မဟာလတာ ဝတ်စုံတော်ကိုနောက်နှစ်ပေါင်း ၁၀၀ နီးပါးခန့် ပြသထားနိုင်ရန် ကြာရှည်ခံအောင် ထိန်းသိမ်းပေးမယ့်

အထည်အလိပ်တွေကို မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းသူပညာရှင် လိုအပ်လာပြီလို့အမျိုးသားပြတိုက်ရှိ ပြတိုက်ပညာရှင် ဒေါ်နုမြဇံ က ပြောပါတယ်။

ရွှေချည်ငွေချည် အစစ်၊ ပတ္တမြား၊ အဖိုးတန် ကျောက်များ၊ ကတ္တီပါနှင့် ကြိမ်ဖြင့် ချုပ်လုပ်ထားတဲ့သီပေါမင်းဝတ်ရုံ (ဒုရင်တော်)နှင့်

ရွှေချည်ငွေချည်အစစ်၊ ကတ္တီပါ၊ ကြိမ်နှင့် တန်ဖိုးနည်းကျောက်များဖြင့် စီခြယ်ချုပ်လုပ်ထားတဲ့ စုဖုရားလတ်ဝတ်ရုံ (မဟာလတာ)

တို့ကိုအမျိုးသားပြတိုက် မြေညီထပ်၊ ရတနာပုံ ခေတ်ပြခန်းထဲမှာ ပြသထားပါတယ်။

နန်းသိမ်းပွဲနဲ့ ကန်တော့ခံချိန် (ဝါဝင်၊ ဝါထွက်နှင့် နှစ်သစ်ကူးနေ့) တွေမှာပဲ ဝတ်ဆင်လေ့ရှိတဲ့ထိုဝတ်ရုံရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၃၀ ကျော်ခန့် ရှိပါပြီ။

ရှေးဟောင်း တန်ဖိုးကြီးမားပြီး အစားထိုးမရတဲ့ ထိုဝတ်ရုံဟာ နှစ်သက်တမ်း ကြာမြင့်တဲ့အလျောက်ကြံ့ခိုင်မှု အားနည်းနေတာကြောင့်

ဆွေးမြည့်နေပြီး ထိလိုက်တာနဲ့ ပျက်ကျတော့မယ့်အနေအထားမှာ ရှိနေပါတယ်။

“အဝတ်အထည်ကို ထိန်းသိမ်းရာမှာ အလွန်အနုစိတ် လုပ်ရပါတယ်။ တခြားပစ္စည်းတွေလိုဓာတုဆေးအသုံးပြုပြီး ထိန်းသိမ်းလို့ မရပါဘူး။

ဝတ်ရုံတွေကို ရှေးမူမပျက်အောင် ပြုပြင်ထိန်းသိမ်းနိုင်မယ့် လုပ်နည်းလုပ်ဟန်နဲ့ ကိရိယာတန်ဆာပလာ လိုအပ်ချက်တွေ ရှိပါတယ်။

ကျွန်မတို့ဆီမှာ အထည်အလိပ် ရှေးဟောင်းလက်ရာမပျက် ပြုပြင်ထိန်းသိမ်းပေးမယ့်သီးသန့်ပညာရှင် မရှိပါဘူး” လို့ ဒေါ်နုမြဇံ က ပြောပါတယ်။

သီပေါမင်း ပါတော်မူပြီးနောက် ဒုရင်တော် နှင့် မဟာလတာအပါအဝင် မင်းခန်းတော် ပစ္စည်းများနဲ့ရွှေ၊ ငွေ

လက်ဝတ်ရတနာတွေကို ဗြိတိသျှတို့ သိမ်းသွားပြီး အင်္ဂလန်ရှိ ဗစ်တိုးရီးယားနှင့်အဲလ်ဘတ်ပြတိုက်မှာ သိမ်းဆည်းထားခဲ့ပါတယ်။

၁၉၆၄ ခုနှစ်မှာ သမ္မတဟောင်း ဦးနေဝင်းရဲ့ တောင်းဆိုမှုကြောင့် ဝတ်ရုံနဲ့ ရွှေထည်ပစ္စည်းအချို့ပြန်လည် ရရှိခဲ့ပါတယ်။

အဲဒီအချိန်က အမျိုးသားပြတိုက်ကို ဂျုဗလီဟောမှာ ဖွင့်ရတဲ့အတွက်ကြောင့်နေရာအခက်အခဲကြောင့် အဲဒီပစ္စည်းတွေကို မပြသနိုင်သေးပါဘူး။

၁၉၇၀ ပြည့်နှစ် ပြတိုက်ကို ပန်းဆိုးတန်းလမ်းရှိ အဆောက်အအုံကို ပြောင်းရွှေ့တော့မှစတင်ပြသနိုင်ခဲ့ပါတယ်။

“ပန်းဆိုးတန်းလမ်းက အဆောက်အအုံမှာတုန်းကတော့ သီပေါမင်းနဲ့ စုဖုရားလတ် ဝတ်ရုံကကောင်းနေသေးတော့ ပြင်ဖို့လိုတယ်လို့ သတိမထားမိသေးဘူး။

ပြတိုက်က ပြည်လမ်းကိုပြောင်းလာတော့မှ ဝတ်ရုံရဲ့ အခြေအနေကို သတိထားမိလာတယ်။ နဂိုအတိုင်းပြန်ဖြစ်အောင်

ထိန်းသိမ်းနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ဂျပန်လူမျိုး အထည်အလိပ်တွေကို ရှေးမူမပျက်ထိန်းသိမ်းပေးတဲ့ ပညာရှင်တစ်ယောက်

ခေါ်ဖူးပေမယ့် သူက ဝတ်ရုံကို လုံးဝ ပြင်လို့မရတော့ဘူးလို့ ပြောသွားဖူးတယ်” လို့ သူက ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ နောက်ထပ် ဂျပန်လူမျိုး ပညာရှင်တစ်ယောက် ရောက်လာခဲ့ပါတယ်။

လက်တွေ့မှာသူလည်း ဝတ်ရုံကို နဂိုအတိုင်း ရှေးမူမပျက် မထိန်းသိမ်းနိုင်ပေမယ့် ဝတ်ရုံထည့်ထားတဲ့ မှန်ဗီရိုကိုလေမဝင်အောင်နဲ့

ဝတ်ရုံပေါ်က ဖုန်တွေကို သန့်စင်အောင် လုပ်ပေးသွားခဲ့တယ်လို့ ပြောပါတယ်။

“ဂျပန်ပညာရှင်တွေလည်း ဒါကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ဂျပန်ကီမိုနိုက ရိုးရှင်းတယ်။

မြန်မာဘုရင်ရဲ့ နန်းတက်ဝတ်စုံက ရွှေနဲ့ အဖိုးတန်ကျောက် (inorganic)နဲ့ ကတ္တီပါနဲ့ ကြိမ်(organic)တို့ ပေါင်းစပ်ထားတဲ့အတွက်

ပြင်ဖို့ရန် အတော်လေး ရှုပ်ထွေးပါတယ်။ အစားထိုးမရတဲ့အပြင် ရှေးဟောင်းတန်ဖိုး မလျော့အောင် ပြုပြင်ထိန်းသိမ်းဖို့

အတော်လေး လက်ဝင်ပြီးပြဿနာရှိတယ်” လို့ သူက ပြောပါတယ်။ အဲဒီခေတ်က သီပေါမင်းနဲ့ စုဖုရားလတ်တို့အတွက် တစ်စုံတည်းသာ

ချုပ်ခဲ့တယ်လို့ ယူဆရတဲ့ဒီဝတ်ရုံဟာ နဂိုမူလအတိုင်း ကြံ့ခိုင်မှု ရှိလာအောင်နဲ့ ကြာရှည်ခံအောင် အချိန်မီပြုပြင်မပေးနိုင်ခဲ့ရင်

နောင်နှစ်များစွာမှာ ပြတိုက်မှာ မြင်ရပါတော့မလားလို့ စိုးရိမ်စရာ ဖြစ်လာပါပြီ။

“သီပေါရဲ့ တော်ဝင်နန်းတက်ဝတ်စုံကို ရှေးမူမပျက် တကယ် ပြုပြင်ထိန်းသိမ်းနိုင်တဲ့ ပညာရှင်တွေအမေရိကန်နိုင်ငံ Asian Art Museum မှာ ကျွန်မ တွေ့ခဲ့ပါတယ်။

ပညာရှင်တွေက ဝတ်စုံထဲမှာပါဝင်တဲ့ ချည်မျှင်တွေနဲ့ အခြားပစ္စည်းတွေကို မိုက်ခရိုစကုပ်နဲ့ အသေးစိတ် ကြည့်တယ်။

အဲဒါနဲ့၉၉ ဒသမ ၉ ရာခိုင်နှုန်းတူတဲ့ ပစ္စည်းတွေကို လပေါင်းများစွာ အချိန်ယူပြီး စုဆောင်းကြတယ်။

ပြီးတော့ ဝတ်စုံရဲ့ ပေါက်ပြဲနေတဲ့နေရာမှာ သူတို့ စုဆောင်းထားတဲ့ ပစ္စည်းတွေသုံးပြီးဖာထေးပြုပြင်တယ်။

သူတို့မှာ ကိရိယာတန်ဆာပလာတွေ စုံတယ်။ အရမ်းဈေးကြီးတဲ့ ပစ္စည်းတွေဝယ်ခြမ်းပြီး ရှေးမူလက်ရာမပျက် ထိန်းသိမ်းမှုတွေ

လုပ်နိုင်တယ်”လို့ သူက ပြောပါတယ်။ သူ့အနေနဲ့ အမျိုးသားပြတိုက်မှာ ရှိတဲ့ ဝတ်ရုံတော်ကြီးကို လာရောက်ထိန်းသိမ်းပေးဖို့ကမ်းလှမ်းခဲ့ပြီး

ပညာရှင်တွေကိုယ်တိုင်ကလည်း လာရောက်စစ်ဆေး ပြုပြင်ပေးဖို့ဆန္ဒရှိကြတယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့က ဒီဝတ်ရုံ မြန်မြန်ပျက်စီး မသွားအောင် အလင်းရောင်အား မများတဲ့ နေရာမှာထားတယ်။ အစိုဓာတ်ကို ထိန်းတယ်။

ဒါပေမဲ့ ဒီဝတ်ရုံကြီး နောင်အနှစ် ၁၀၀ ထိ ခံအောင်ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ ပညာရှင်တွေနဲ့ လုပ်ဖို့ မလွယ်တဲ့အတွက်အထည်အလိပ်နဲ့ ပတ်သက်ရင် နိုင်နင်းတဲ့

အမေရိကန်နိုင်ငံကို အကူအညီတောင်းတာတွေဆက်လုပ်သွားဦးမှာပါ” လို့ အမျိုးသားပြတိုက်ရဲ့ ဒါရိုက်တာ ဦးငွေထွန်းမြင့် က ပြောပါတယ်။

“ဝတ်ရုံကို ပြင်လိုက်မယ်ဆိုရင် နောက်နှစ် ၁၀၀ လောက် အေးအေးဆေးဆေး ပြထားနိုင်ပါတယ်။မပြင်ဘဲထားမယ်ဆို

နောက် ၁၀ နှစ်၊ နှစ်၂၀ လောက်တောင် စိတ်မချရဘူး” လို့ ဒေါ်နုမြဇံက ပြောပါတယ်။Credit – Myanmar Time