Zawgyi

သားသမီးကို စနစ္တက် ဖ်က္စီးေနေသာမိဘမ်ား

“အေမ ဒီဟင္းနဲ႔မစားခ်င္ဘူး… ဟိုဟင္းနဲ႔စားမယ္”

အေမ့အျမင္မွာ သူ ေတာင္းဆိုတဲ့ ဟင္းနဲ႔ ေကြၽးလိုက္ရင္ နားေအးတာပဲ လို႔ ျမင္ေကာင္းျမင္ႏိုင္ပါတယ္…

ဒါေပမယ့္ ခေလးစိတ္ထဲမွာ…စားခ်င္သလို စားခြင့္ရွိတယ္… စားခ်င္သေလာက္ စားမယ္ဆိုတာမ်ိဳး…

ဘယ္အရာကိုမွ ကန႔္သတ္ (စည္းကမ္း) ထားစရာမလိုဘူး ဆိုတဲ့ ခံယူခ်က္ကေလးေတြ တျဖည္းျဖည္းနဲ႔ ဝင္လာေနတာကို…

ဒီအေမ သတိ မထားမိလိုက္ ပါဘူး… “အေမ… သားဒီေန႔ေက်ာင္းမသြားခ်င္ဘူး”

“ေအး ေအး… အေမခြင့္တိုင္ေပးမယ္” ဒီအေမ အေတြးထဲမွာ ဒီေန႔ တစ္ရက္ေက်ာင္းမသြားတာနဲ႔ ဘာမွမထူးပါဘူးလို႔ ထင္မွတ္ေနတာပါ…

တကယ္ေတာ့ ေက်ာင္းပုံမွန္ သြားရမယ္ဆိုတဲ့ စည္းကမ္းကို အလြယ္တကူ ခ်ိဳးေဖာက္ဖို႔ အားေပးကူညီလိုက္တာပါ…

ေက်ာင္းတစ္ရက္ပ်က္တာ ဘာမွမျဖစ္ေပမယ့္ ကေလးစိတ္ထဲမွာ “ငါမတက္ခ်င္လည္းရတာပဲ” ဆိုတဲ့ဘယ္အရာကိုမဆို

အလြယ္တကူ မလိုက္နာခ်င္တဲ့စိတ္က တျဖည္းျဖည္း အားေကာင္းလာတတ္ပါတယ္… ဒါကို ဒီအေမ သတိမထားမိလိုက္ ပါဘူး…

“အေမ သားဘယ္သူနဲ႔ရန္ျဖစ္လာတယ္” “ေအး… ဦးေအာင္သာျပန္ေဆာ္ခဲ့ လုံးဝ မခံခဲ့နဲ႔… ျ ဖစ္လာသမွ် အေမလိုက္ရွင္းမယ္”

ဒီအေမ အျမင္မွာ ဒီလိုျပႆနာေတြကို

ငါ့သားႏိုင္ကိုႏိုင္ရမယ္… ငါလိုက္ရွင္းမယ္ ဘာျဖစ္ျဖစ္ဆိုတာမ်ိဳး…. တကယ္ေတာ့ ကေလးဟာ ျပသနာတခုခုကို သူ႔အ႐ြယ္နဲ႔သူ မဆုံးျဖတ္ႏိုင္ေတာ့ပဲ

ကိုယ္ထိလက္ေရာက္ အရင္ျပဳမူတတ္တဲ့ စိတ္ဓာတ္မ်ိဳး… ဘာလုပ္လုပ္ ငါ့မိဘရွင္းမွာပဲဆိုတဲ့ စိတ္ဓာတ္မ်ိဳးကို တျဖည္းျဖည္း ဖန္တီးယူလာတာပါ…

ဒါကို ဒီအေမ သတိမထားမိလိုက္ ပါဘူး… ႀကီးလာရင္ တျဖည္းျဖည္း သင္ယူသြားလိမ့္မယ္ ဆိုတာ မဟုတ္ပါဘူး။

ခေလးဆိုတာ ေသြးတိုးစမ္းတတ္ပါတယ္* (ပထမအ႐ြယ္မွာ ေခ်ာ့ရပါတယ္… ဒုတိယအ႐ြယ္မွာ ေျခာက္ရပါတယ္…

တတိယအ႐ြယ္မွာ ေခ်ာ့တစ္ခါေျခာက္တစ္လွည့္ လုပ္ရပါတယ္…) ငယ္စဥ္ကတည္းက သင္ၾကားေပးလို႔ရတဲ့ ကိုယ္ပိုင္စည္းကမ္းေလးေတြ ရွိပါတယ္

သူ႔ဖိနပ္ကိုသူ စနစ္တစ္က် ခြၽတ္ခိုင္းပါ… ထမင္းစားတာကို မဖိတ္မစင္ေအာင္ စားခိုင္းပါ.. (ကိုယ္ ေႂကြးခ်င္တဲ့ အစာအဟာရကို မျဖစ္မေန ခေလးစားေအာင္ ႀကိဳးစားပါ)

သူ ကစားၿပီးသား ကစားစရာကို သူကိုယ္တိုင္ စနစ္တစ္က်သိမ္းခိုင္းပါ… (မသိမ္းရင္ ေနာက္ထပ္သူ႔ရဲ႕ဆႏၵကို လုံးဝခြင့္မျပဳပါနဲ႔)

ငယ္စဥ္ထဲက စနစ္တက် တျဖည္းျဖည္းျခင္း ျပဳစုပ်ိဳးေထာင္ရမွာ ျဖစ္ပါတယ္… …

ငယ္ငယ္ထဲက စည္းကမ္းတက်မရွိတဲ့ ခေလးဟာ ႀကီးလာရင္လည္း ဘယ္စည္းကမ္းမ်ိဳးမဆို အလြယ္တကူ မလိုက္နာဖို႔မ်ားပါတယ္…

ကေလးေတြကိုေပးရမယ့္ စစ္မွန္တဲ့ ေပ်ာ္႐ႊင္ျခင္းဆိုတာ… ပူဆာသမွ်အ႐ုပ္ေတြ ဝယ္ေပးတာမ်ိဳး… ပို႔ခိုင္းသမွ်

ကစားကြင္းေတြ အၿမဲတေစ လိုက္ပို႔တာမ်ိဳးရယ္ေတာ့ မဟုတ္ပါဘူး…

လက္ရွိရွိေနတဲ့ အေနအထားမွာ ရွိေနတဲ့ပတ္ဝန္းက်င္ ေရာက္ေနတဲ့အသက္အ႐ြယ္မွာ သူ႔ကိုယ္ပိုင္အသိတရားေလးနဲ႔

စည္းကမ္းတက်ေလး ေပ်ာ္႐ႊင္ေစရမွာျဖစ္ပါတယ္…

ကေလးအိပ္ေနလို႔ မႏႈိးခ်င္လို႔ ေက်ာင္းပ်က္တာကိုအေရးမႀကီးသလို ယူဆေနတဲ့မိဘေတြ…

တေနကုန္ ဖုန္းနဲ႔မ်က္ႏွာနဲ႔ မခြာတဲ့ ခေလးေတြကို ေျပာမရဘူးဆိုတဲ့ အေၾကာင္းျပခ်က္တခုထဲနဲ႔ ခြင့္ျပဳထားတဲ့မိဘေတြ…

ဖုန္းတစ္လုံးမွာ ငါတို႔ေတာင္မသိတာေတြ သူသိတယ္ဆိုၿပီး ဂုဏ္ယူေနတဲ့ မိဘေတြ… တစ္ေန႔ ၁၀နာရီေလာက္ စာလုပ္ခိုင္းထားၿပီး…

ႀကီးလာရင္ေတာ့ ေသခ်ာေပါက္ ပညာတတ္ျဖစ္မွာပဲလို႔ စိတ္ကူးယဥ္ေနတဲ့ မိဘေတြ…

ခေလးေလးက လူႀကီးေလာက္နီးနီး ဆဲတတ္တာကို စကားတတ္တယ္ဆိုၿပီး ဂုဏ္ယူေနၾကတဲ့ မိဘေတြ…

ခေလးေလးက ဘီယာဝိုင္း လိုက္ထိုင္ေသာက္တတ္တာကို ဆရာႀကီးကြဆိုၿပီး ႀကံဖန္ဂုဏ္ဆာေနၾကတဲ့ မိဘမ်ိဳးေတြ…

ပတ္ဝန္းက်င္မွာ အမ်ားႀကီးေတြ႕ေနရပါတယ္… ကိုယ့္ခေလး ကိုယ္ႀကိဳက္တာလုပ္ႏိုင္ပါတယ္… ကိုယ့္သားသမီး ကိုယ္ႀကိဳက္သလိုပုံသြင္းႏိုင္တယ္…

ဒါေပမယ့္ တစ္ခုေတာ့ သတိေပးခ်င္ပါတယ္

ပစ္ခ်င္သလို ပစ္ထားတဲ့မ်ိဳးေစ့… ေပါက္ခ်င္သလို ေပါက္မွာပဲဆိုတာ မေမ့ပါနဲ႔ေနာ္

( ခ်စ္ျခင္းကို ႏွစ္ျခင္းျဖင့္ အႏိုင္မယူမိပါေစႏွင့္ ) Crd:;Daw Aye Ma Ma Myo ( EFG )

Unicode

သားသမီးကို စနစ်တကျ ဖျက်စီးနေသောမိဘများ

“အမေ ဒီဟင်းနဲ့မစားချင်ဘူး… ဟိုဟင်းနဲ့စားမယ်”

အမေ့အမြင်မှာ သူ တောင်းဆိုတဲ့ ဟင်းနဲ့ ကျွေးလိုက်ရင် နားအေးတာပဲ လို့ မြင်ကောင်းမြင်နိုင်ပါတယ်…

ဒါပေမယ့် ခလေးစိတ်ထဲမှာ…စားချင်သလို စားခွင့်ရှိတယ်… စားချင်သလောက် စားမယ်ဆိုတာမျိုး…

ဘယ်အရာကိုမှ ကန့်သတ် (စည်းကမ်း) ထားစရာမလိုဘူး ဆိုတဲ့ ခံယူချက်ကလေးတွေ တဖြည်းဖြည်းနဲ့ ဝင်လာနေတာကို…

ဒီအမေ သတိ မထားမိလိုက် ပါဘူး… “အမေ… သားဒီနေ့ကျောင်းမသွားချင်ဘူး”

“အေး အေး… အမေခွင့်တိုင်ပေးမယ်” ဒီအမေ အတွေးထဲမှာ ဒီနေ့ တစ်ရက်ကျောင်းမသွားတာနဲ့ ဘာမှမထူးပါဘူးလို့ ထင်မှတ်နေတာပါ…

တကယ်တော့ ကျောင်းပုံမှန် သွားရမယ်ဆိုတဲ့ စည်းကမ်းကို အလွယ်တကူ ချိုးဖောက်ဖို့ အားပေးကူညီလိုက်တာပါ…

ကျောင်းတစ်ရက်ပျက်တာ ဘာမှမဖြစ်ပေမယ့် ကလေးစိတ်ထဲမှာ “ငါမတက်ချင်လည်းရတာပဲ” ဆိုတဲ့ဘယ်အရာကိုမဆို

အလွယ်တကူ မလိုက်နာချင်တဲ့စိတ်က တဖြည်းဖြည်း အားကောင်းလာတတ်ပါတယ်… ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး…

“အမေ သားဘယ်သူနဲ့ရန်ဖြစ်လာတယ်” “အေး… ဦးအောင်သာပြန်ဆော်ခဲ့ လုံးဝ မခံခဲ့နဲ့… ြ ဖစ်လာသမျှ အမေလိုက်ရှင်းမယ်”

ဒီအမေ အမြင်မှာ ဒီလိုပြဿနာတွေကို

ငါ့သားနိုင်ကိုနိုင်ရမယ်… ငါလိုက်ရှင်းမယ် ဘာဖြစ်ဖြစ်ဆိုတာမျိုး…. တကယ်တော့ ကလေးဟာ ပြသနာတခုခုကို သူ့အရွယ်နဲ့သူ မဆုံးဖြတ်နိုင်တော့ပဲ

ကိုယ်ထိလက်ရောက် အရင်ပြုမူတတ်တဲ့ စိတ်ဓာတ်မျိုး… ဘာလုပ်လုပ် ငါ့မိဘရှင်းမှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို တဖြည်းဖြည်း ဖန်တီးယူလာတာပါ…

ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး… ကြီးလာရင် တဖြည်းဖြည်း သင်ယူသွားလိမ့်မယ် ဆိုတာ မဟုတ်ပါဘူး။

ခလေးဆိုတာ သွေးတိုးစမ်းတတ်ပါတယ်* (ပထမအရွယ်မှာ ချော့ရပါတယ်… ဒုတိယအရွယ်မှာ ခြောက်ရပါတယ်…

တတိယအရွယ်မှာ ချော့တစ်ခါခြောက်တစ်လှည့် လုပ်ရပါတယ်…) ငယ်စဉ်ကတည်းက သင်ကြားပေးလို့ရတဲ့ ကိုယ်ပိုင်စည်းကမ်းလေးတွေ ရှိပါတယ်

သူ့ဖိနပ်ကိုသူ စနစ်တစ်ကျ ချွတ်ခိုင်းပါ… ထမင်းစားတာကို မဖိတ်မစင်အောင် စားခိုင်းပါ.. (ကိုယ် ကြွေးချင်တဲ့ အစာအဟာရကို မဖြစ်မနေ ခလေးစားအောင် ကြိုးစားပါ)

သူ ကစားပြီးသား ကစားစရာကို သူကိုယ်တိုင် စနစ်တစ်ကျသိမ်းခိုင်းပါ… (မသိမ်းရင် နောက်ထပ်သူ့ရဲ့ဆန္ဒကို လုံးဝခွင့်မပြုပါနဲ့)

ငယ်စဉ်ထဲက စနစ်တကျ တဖြည်းဖြည်းခြင်း ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်… …

ငယ်ငယ်ထဲက စည်းကမ်းတကျမရှိတဲ့ ခလေးဟာ ကြီးလာရင်လည်း ဘယ်စည်းကမ်းမျိုးမဆို အလွယ်တကူ မလိုက်နာဖို့များပါတယ်…

ကလေးတွေကိုပေးရမယ့် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ… ပူဆာသမျှအရုပ်တွေ ဝယ်ပေးတာမျိုး… ပို့ခိုင်းသမျှ

ကစားကွင်းတွေ အမြဲတစေ လိုက်ပို့တာမျိုးရယ်တော့ မဟုတ်ပါဘူး…

လက်ရှိရှိနေတဲ့ အနေအထားမှာ ရှိနေတဲ့ပတ်ဝန်းကျင် ရောက်နေတဲ့အသက်အရွယ်မှာ သူ့ကိုယ်ပိုင်အသိတရားလေးနဲ့

စည်းကမ်းတကျလေး ပျော်ရွှင်စေရမှာဖြစ်ပါတယ်…

ကလေးအိပ်နေလို့ မနှိုးချင်လို့ ကျောင်းပျက်တာကိုအရေးမကြီးသလို ယူဆနေတဲ့မိဘတွေ…

တနေကုန် ဖုန်းနဲ့မျက်နှာနဲ့ မခွာတဲ့ ခလေးတွေကို ပြောမရဘူးဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့ ခွင့်ပြုထားတဲ့မိဘတွေ…

ဖုန်းတစ်လုံးမှာ ငါတို့တောင်မသိတာတွေ သူသိတယ်ဆိုပြီး ဂုဏ်ယူနေတဲ့ မိဘတွေ… တစ်နေ့ ၁၀နာရီလောက် စာလုပ်ခိုင်းထားပြီး…

ကြီးလာရင်တော့ သေချာပေါက် ပညာတတ်ဖြစ်မှာပဲလို့ စိတ်ကူးယဉ်နေတဲ့ မိဘတွေ…

ခလေးလေးက လူကြီးလောက်နီးနီး ဆဲတတ်တာကို စကားတတ်တယ်ဆိုပြီး ဂုဏ်ယူနေကြတဲ့ မိဘတွေ…

ခလေးလေးက ဘီယာဝိုင်း လိုက်ထိုင်သောက်တတ်တာကို ဆရာကြီးကွဆိုပြီး ကြံဖန်ဂုဏ်ဆာနေကြတဲ့ မိဘမျိုးတွေ…

ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရပါတယ်… ကိုယ့်ခလေး ကိုယ်ကြိုက်တာလုပ်နိုင်ပါတယ်… ကိုယ့်သားသမီး ကိုယ်ကြိုက်သလိုပုံသွင်းနိုင်တယ်…

ဒါပေမယ့် တစ်ခုတော့ သတိပေးချင်ပါတယ်

ပစ်ချင်သလို ပစ်ထားတဲ့မျိုးစေ့… ပေါက်ချင်သလို ပေါက်မှာပဲဆိုတာ မမေ့ပါနဲ့နော်

( ချစ်ခြင်းကို နှစ်ခြင်းဖြင့် အနိုင်မယူမိပါစေနှင့် ) Crd:;Daw Aye Ma Ma Myo ( EFG )