Zawgyi
အမေရိကန်စစ်တပ်
Czech Republic စစ်တပ်
ပိုလန်စစ်တပ်
ဗြိတိန်စစ်တပ်
ပါကစ္စတန် စစ်တပ်
အစ္စရေးစစ်တပ်
ဂရိစစ်တပ်
သြစတေးသျစစ်တပ်
ရုရှားစစ်တပ်
ရိုမေးနီးယားစစ်တပ်
Unicode
အမျိုးသမီးတွေ စစ်တပ်မှာ စစ်မှုထမ်း လာခဲ့တာဟာ နှစ်ပေါင်း ၄၀၀ လောက်ကြာခဲ့ပါပြီ ။စစ်ပွဲထဲမှာ အမျိုးသားတွေနဲ့ရင်ပေါင်တန်းပြီး
တိုက်ခိုက်ခဲ့အမျိုးသမီးတွေအပြင် ရာထူးအမျိုးမျိုးနဲ့တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သမီးတွေစစ်တပ်ထဲမှာရှိနေကြပါတယ် ။
အခုဖော်ပြမယ့်စာရင်းကတော့ ကမ္ဘာပေါ်မှာ အချောဆုံး အမျိုးသမီး စစ်သည်တွေရှိတဲ့ စစ်တပ်တွေပဲဖြစ်တယ် ။သူတို့ဟာ
တကယ်ကိုချောတယ်ဆိုတာ သင်မြင်ရမှာပါ ။ကျွန်တော့်အမြင်မှာတော့ သူတို့ဟာ မယ်စင်္ကြာဝဠာဆုတောင်ရနိုင်လောက်အောင်
ချောတယ်ဆိုပေမယ့်လည်းနိုင်ငံကိုကာကွယ်ဖို့အတွက်စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေကြတဲ့အမျိုးသမီးတွေပဲဖြစ်ပါတယ် ။
အခု ကမ္ဘာတစ်ဝှမ်းက ချောမောလှပတဲ့ အမျိုးသမီးစစ်သည်တွေကို တစ်ချက်လောက် ရှုစားလိုက်ရအောင် .. ။
အမေရိကန်စစ်တပ်
အမေရိကန် စစ်တပ်ဟာ ကျွန်တော်တို့စာရင်းရဲ့ နံပတ် ၁၀ မှာရှိ နေပါတယ် ။တော်လှန်ရေးတိုက်ပွဲတွေတင်မကဘူး
အခြားတိုက်ပွဲများမှာပါအမျိုးသားတွေနဲ့ရင်ပေါင်တန်းပြီးတိုက်ခိုက်ခဲ့ကြတဲ့အမျိုးသမီးတွေဖြစ်တယ်။
၂၀၁၂ ခုနှစ်မှာ အမေရိကန် စစ်တပ်ရဲ့ ၁၄ ရာခိုင်နှုန်းဟာ အမျိုးသမီးစစ်သည်တွေဖြစ်ကြတယ် ။အမျိုးသမီးပေါင်း ၁၆၅ ၀၀၀
လောက် စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေကြပြီး ၃၅၀၀၀ လောက်တော့အရာရှိတွေပဲဖြစ်ပါတယ် ။
Czech Republic စစ်တပ်
ချက် စစ်တပ်ဟာ နှစ်ကာလအတန်ကြာအောင် အမျိုးသမီးတွေကို စစ်မှု ထမ်းခွင့်မပေးခဲ့ပါဘူး ။ဒုတိယကမ္ဘာစစ်အပြီးမှာတော့
ဆေးဘက်အကူ ဖုန်းအော်ပရေတာတွေနဲ့ လေကြောင်းဆန့်ကျင်ရေးအပိုင်းတွေမှာ အမျိုးသမီးတွေတာဝန်ပေးအပ်ခဲ့တယ် ။
ချက်စစ်တပ်ဟာ ဆိုဗီယက်စစ်တပ် လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးတော့ အခုချိန်မှာတော့ သူတို့ဟာချက်
စစ်တပ်အနေနဲ့သီးသန့်ရပ်တည်ခဲ့ပြီပဲဖြစ်တယ် ။ပြိးတော့ လေတပ်မှာလည်း အမျိုးသမီးတွေကို တာဝန်ပေးအပ်ခဲ့ပြီဖြစ်ပါတယ် ။
ပိုလန်စစ်တပ်
နံပတ် ၈ ကတော့ ပိုလန်ပါပဲ…အမျိုးသမီးပေါင်း ၂၅၀၀လောက်တာဝန် ထမ်းဆောင်နေကြပြီးတော့ အမျိုးသားတွေနဲ့တန်းတူအခွင့်
အရေးပေးထားပါတယ် ။ပိုလန် ကြည်းတပ် ရေတပ် လေတပ်နဲ့ အထူးစစ်တပ်တွေမှာလည်း အမျိုးသမီးတွေကို တာဝန်ထမ်းဆောင်ခွင့်ပေးထားပါတယ် ။
ဗြိတိန်စစ်တပ်
နံပတ် ၇ နေရာမှာရှိနေတာကတော့ ဗြိတိန်စစ်တပ်ပါပဲ ။၁၉၉၀ ခုနှစ်မှာ ဗြိတိန်စစ်တပ်မှာ အမျိုးသမီးတွေကို တာဝန်ထမ်းဆောင်ခွင့်
ပေးခဲ့တာဖြစ်ပြီးတော့ ။ကြည်းတပ်မှ တိုက်ခိုက်ရေးတပ်ရင်း ၊တော်ဝင်ရေတပ်နဲ့ တော်ဝင်လေတပ် တို့မှာတော့ တာဝန်ထမ်းဆောင်ခွင့်မရှိပါဘူး ။
ပါကစ္စတန် စစ်တပ်
ပါကစ္စတန်အမျိုးသမီးစစ်သည်တွေဟာလည်း ချောမောလှပလွန်းတဲ့ လက်နက်ကိုင် စစ်သည်တွေဖြစ်ပါတယ် ။
ပါကစ္စတန်ဟာ အမျိုးသမီးတွေ စစ်တပ်မှာတာဝန်ထမ်းဆောင်ခွင့်ရှိတဲ့တစ်ခုထဲသော အစ္စလာန်နိုင်ငံလည်းဖြစ်တယ် ။၁၉၄၇ ခုနှစ်မှာ
စတင်ပြီးတော့အမျိုးသမီးတွေကို တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့ပြီး အခုချိန်မှာတော့ အမျိုးသမီး စစ်သည်အတော်များများရှိနေပါပြီ ။
၂၀၀၆ ခုနှစ်မှာတော့ လေတပ်ရဲ့ပထမဆုံးအမျိုးသမီးလေယာဉ်မှူးကိုခန့်ထားခဲ့ပြီး စနိုက်ပါ ၊ ဗုံးကြဲလေယာဉ်မယ် တွေနဲ့ စစ်လက်နက်ကြီး
တွေပစ်ခတ်ဖို့အတွက် စတင်လျော့ကျင့်ပေးခဲ့ပါတယ် ။ပါကစ္စတန်ရေတပ်ကအမျိုးသမီးစစ်သည်တွေကတော့ တိုက်ခိုက်ရေးမှာ ပါဝင်ခွင့်မရှိပါဘူး ။
အစ္စရေးစစ်တပ်
အစ္စရေးနိုင်ငံကတော့အမျိုးသမီးတွေကိုပါရှေ့တန်းမှာပါဝင်ခွင့်ပြုတဲ့နိုင်ငံပါပဲ ။အသက် ၁၈ နှစ်ပြည့်တဲ့သူတိုင်းဟာ စစ်တပ်ထဲမှာ
တာဝန်ထမ်းဆောင်ရတယ် ။IDF စစ်တပ်ရဲ့ ၃၁ ရာခိုင်နှုန်းဟာအမျိုးသမီးတွေဖြစ်ကြပြီးတော့ ဗြိတိန်စစ်တပ်ထက် ၃
ဆပိုများပါတယ် ။ဒါပေမယ့် လူများလို့ချောမောတဲ့ သူများနေတာတော့မဟုတ်ဘူး ။
ဂရိစစ်တပ်
နံပတ် ၄ နေရာမှာရှိနေတာကတော့ ဂရိစစ်တပ်ပါပဲ ။၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ အမျိုးသားအားလုံးဟာ စစ်တပ်မှာ
ကိုးလတိတိတာဝန်ထမ်းဆောင်ရပါတယ် ။အမျိုးသမီးတွေကတော့ မဖြစ်မနေတာဝန်ထမ်းဆောင်ရတာမျိုးမရှိပေမယ့်
အမျိုးသားတွေကတော့ စစ်မှုမထမ်းမနေရဖြစ်ပါတယ် ။
သြစတေးသျစစ်တပ်
နံပတ် ၃ နေရာမှာရှိနေတာကတော့ သြစတေးသျ စစ်တပ်ပါပဲ ။ ၁၉၈၉ ခုနှစ်ကစပြီးတော့ သြစတေးသျစစ်တပ်မှာအမျိုးသမီးတွေကို
တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့တာပဲဖြစ်တယ် ။၁၉၄၁-၄၂ မှာတော့ သြစတေးသျတော်ဝင်ရေတပ် ၊ သြစတေးသျကြည်းတပ် နဲ့
သြစတေးသျတော်ဝင်လေတပ်တို့မှာ အမျိုးသမီး တွေကိုအထောက်အပံ့တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့တယ် ။
၁၉၇၀ နဲ့ ၈၀ ပြည့်နှစ်မှာတော့ အမျိုးသမီးတွေကို သြစတေးသျကာကွယ်ရေးစစ်တပ် ADF မှာတာဝန်ထမ်းဆောင်ခွင့်
ပေးခဲ့ပြီးတော့ တိုက်ပွဲတွေမှာပါဝင်ဆင်နွဲခွင့်ပြုခဲ့တယ် ။
ရုရှားစစ်တပ်
ရုရှားနိုင်ငံဟာ ချောမောလှပတဲ့အမျိုးသမီးတွေ သွယ်လျတဲ့ခန္ဓာကိုယ် နဲ့ အံ့သြစရာကောင်းတဲ့ဝိညာဉ်ရှိတဲ့အမျိုးသမီးတွေ ရှိတဲ့နေရာပဲဖြစ်တယ် ။
ရုရှားစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အမျိုးသမီးတွေကတော့ ကမ္ဘာ့အလှဆုံးအမျိုးသမီးစစ်သည်စာရင်းမှာ နံပတ် ၂
ချိတ်ထားတဲ့ သူတွေပဲဖြစ်ပါတယ် ။Great Patriotic စစ်ပွဲအပါအဝင် ရုရှားသမိုင်းတစ်လျောက်မှာ
တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့ကြတဲ့ စစ်သမီးတွေပဲဖြစ်ပါတယ် ။
ရိုမေးနီးယားစစ်တပ်
ဒီ အရှေ့ဥရောပ နိုင်ငံကတော့ နံပတ် ၁ နေရာမှာရှိနေပါတယ် ။ ကမ္ဘာ့အလှဆုံး စစ်သမီးတွေကို မြင်ချင်ရင်တော့
ရိုမေးနီးယားစစ်တပ်ကလွဲပြီးတခြားနေရာကိုသွားမရှာပါနဲ့ ။ရိုမေးနီးယား စစ်တပ်ဟာ ကမ္ဘာ့ထိပ်တန်း စစ်လက်နက်ရှိတဲ့
စစ်တပ်တစ်ခုဖြစ်ချင်မှဖြစ်မယ်…ဒါပေမယ့် စစ်သည်တွေရဲ့နှလုံးသား ကိုအရည်ပျော်သွားစေမယ့်လက်နက်တွေရှိနေတာတော့
အသေအချာပါပဲ…ဒါကတော့ ချောမောလှပလွန်းတဲ့ စစ်သမီးတွေပေါ့ ။