Zawgyi

စားၿပီးတိုင္းလိုလို လႊင့္ပစ္တတ္တဲ့ ဒူးရင္းသီးေစ့ကို စားသုံးေပးမယ္ဆိုရင္အင္အားျပည့္ဝေစတယ္။ဒူးရင္းသီးေစ့မွ ကစီဓာတ္ ပါဝင္ေနပါတယ္။

ကစီဓာတ္က ေန႔စဥ္ စားသုံးမႈမွာ လိုအပ္တဲ့ အာဟာရ တစ္မ်ိဳးပါ။ အင္အားျဖစ္ေပၚေစဖို႔ အဓိက ပံ့ပိုးေပးေနတဲ့ အာဟာရဓာတ္ တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

ကစီဓာတ္ ျပည့္ဝတာက အဆာခံႏိုင္ေစသလို ခႏၶာကိုယ္ကိုလည္း အင္အားျပည့္ေစႏိုင္ပါတယ္။ ကစီဓာတ္က အမ်ားႀကီးစားရင္

အဆီတက္ေစႏိုင္တာေၾကာင့္ အတိုင္းအခ်င့္ေလးနဲ႔ စားဖို႔ေတာ့ သတိေပးပါရေစ။ ကယ္လ္လိုရီ ပါဝင္မႈမ်ားတာေၾကာင့္

ဝိတ္ခ်ေနသူေတြ အေနနဲ႔ အမ်ားႀကီး မစားဖို႔ သတိေပးပါရေစ။

*အစာေျခစနစ္ က်န္းမာေစတယ္

ဒူးရင္းေစ့က ေစးကပ္ကပ္ႏိုင္ေပမယ့္ အမွ်င္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အစာေျခစနစ္ကို က်န္းမာေစၿပီး

အူေတြကို လႈပ္ရွားမႈ ေကာင္းေစပါတယ္။ ဝမ္းမွန္ေစၿပီး အူေတြကို က်န္းမာေစသလို အူအတြင္းက အက်ိဳးျပဳ ဘက္တီးရီးယားေလးေတြကိုလည္း

က်န္းမာေစပါတယ္။အစာေျခစနစ္ က်န္းမာၿပီး ဝမ္းမွန္ေစဖို႔ဆိုရင္ ဒူးရင္းသီးေစ့ စားေပးလို႔ရပါတယ္။

*သန္က်ေစပါတယ္

ဒူးရင္းေစ့က သဘာဝ သန္က်ေဆး တစ္မ်ိဳးပါ။ ဝမ္းမွန္ေစဖို႔အျပင္ သန္က်ေစဖို႔လည္း ဒူးရင္းသီးေစ့ကို စားေပးလို႔ရပါတယ္။

*ကိုယ္ခံအား ေကာင္းေစတယ္

ဒူးရင္းသီးေစ့မွာ ကိုယ္ခံအားကို အားျဖည့္ေပးႏိုင္တဲ့ ဇင့္ ဓာတ္ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအားစနစ္ကို အေကာင္းဆုံး အားျဖည့္ေပးပါတယ္။

ဖ်ားနာမႈကို ကင္းေစၿပီး အနာက်က္ျမန္ေစဖို႔နဲ႔ ဆဲလ္ေတြ က်န္းမာေစဖို႔လည္း အားျဖည့္ေပးပါေသးတယ္။

ဇီဝကမၼျဖစ္စဥ္ကို ေကာင္းမြန္ေစတာေၾကာင့္ က်န္းမာတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ႏိုင္ေစမွာ အေသအခ်ာပါ။

*ႏွလုံးက်န္းမာေစတယ္

ဒူးရင္းေစ့မွာ အက်ိဳးျပဳ အဆီေတြ ပါဝင္ေနတာေၾကာင့္ ေသြးတြင္းက အဆီေတြကို က်ေစၿပီး ေသြးေၾကာက်ဥ္းတာ ကင္းေစလို႔ ႏွလုံး

က်န္းမာေစပါတယ္။ ေသြးတိုး ကင္းသလို အသည္းအဆီဖုံးတာမ်ိဳး မျဖစ္ေစဖို႔လည္း ကာကြယ္ေပးပါေသးတယ္။ ဒူးရင္းသီး

အသားက အဆီထက္၊ အေစ့က အဆီက က်န္းမာေရးကို အမ်ားႀကီး အေထာက္အကူျပဳေပးႏိုင္ပါတယ္။

*ေသြးတြင္းကိုလက္စထေရာကို က်ဆင္းေစတယ္

ဒူးရင္းေစ့မွာ အက်ိဳးျပဳ အဆီပါဝင္ေနတာေၾကာင့္ ေသြးတြင္းက အက်ိဳးျပဳ ကိုလက္စထေရာ ပမာဏကို ျမင့္တက္ေစၿပီး အက်ိဳးမျပဳ

ကိုလက္စထေရာပမာဏဏကို က်ဆင္းေစပါတယ္။ ဒါေၾကာင့္ ေသြးတြင္းကိုလက္စထေရာမ်ားၿပီး ေနာက္ဆက္တြဲ

က်န္းမာေရး ျပႆနာေတြ ကင္းေစဖို႔ ဒူးရင္းေစ့ကို စားေပးလို႔ရပါတယ္။

*အ႐ိုးနဲ႔ သြားေတြကို က်န္းမာေစတယ္

ဒူးရင္းေစ့မွာ ကယ္လ္ဆီယမ္ နဲ႔ phosphorus ပါဝင္ေနတာေၾကာင့္ အ႐ိုးနဲ႔ သြားေတြကို ႀကံ့ခိုင္ေစပါတယ္။ အ႐ိုးပါးတာ၊

အ႐ိုးပြတာေတြ မျဖစ္ေစဖို႔လည္း အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္ပါတယ္။ Credit: Kumudra News

Unicode

စားပြီးတိုင်းလိုလို လွှင့်ပစ်တတ်တဲ့ ဒူးရင်းသီးစေ့ကို စားသုံးပေးမယ်ဆိုရင်အင်အားပြည့်ဝစေတယ်။ဒူးရင်းသီးစေ့မှ ကစီဓာတ် ပါဝင်နေပါတယ်။

ကစီဓာတ်က နေ့စဉ် စားသုံးမှုမှာ လိုအပ်တဲ့ အာဟာရ တစ်မျိုးပါ။ အင်အားဖြစ်ပေါ်စေဖို့ အဓိက ပံ့ပိုးပေးနေတဲ့ အာဟာရဓာတ် တစ်မျိုးလည်း ဖြစ်ပါတယ်။

ကစီဓာတ် ပြည့်ဝတာက အဆာခံနိုင်စေသလို ခန္ဓာကိုယ်ကိုလည်း အင်အားပြည့်စေနိုင်ပါတယ်။ ကစီဓာတ်က အများကြီးစားရင်

အဆီတက်စေနိုင်တာကြောင့် အတိုင်းအချင့်လေးနဲ့ စားဖို့တော့ သတိပေးပါရစေ။ ကယ်လ်လိုရီ ပါဝင်မှုများတာကြောင့်

ဝိတ်ချနေသူတွေ အနေနဲ့ အများကြီး မစားဖို့ သတိပေးပါရစေ။

*အစာခြေစနစ် ကျန်းမာစေတယ်

ဒူးရင်းစေ့က စေးကပ်ကပ်နိုင်ပေမယ့် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး

အူတွေကို လှုပ်ရှားမှု ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အူတွေကို ကျန်းမာစေသလို အူအတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း

ကျန်းမာစေပါတယ်။အစာခြေစနစ် ကျန်းမာပြီး ဝမ်းမှန်စေဖို့ဆိုရင် ဒူးရင်းသီးစေ့ စားပေးလို့ရပါတယ်။

*သန်ကျစေပါတယ်

ဒူးရင်းစေ့က သဘာဝ သန်ကျဆေး တစ်မျိုးပါ။ ဝမ်းမှန်စေဖို့အပြင် သန်ကျစေဖို့လည်း ဒူးရင်းသီးစေ့ကို စားပေးလို့ရပါတယ်။

*ကိုယ်ခံအား ကောင်းစေတယ်

ဒူးရင်းသီးစေ့မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဇင့် ဓာတ်ပါဝင်နေတာကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဖျားနာမှုကို ကင်းစေပြီး အနာကျက်မြန်စေဖို့နဲ့ ဆဲလ်တွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါသေးတယ်။

ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာကြောင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။

*နှလုံးကျန်းမာစေတယ်

ဒူးရင်းစေ့မှာ အကျိုးပြု အဆီတွေ ပါဝင်နေတာကြောင့် သွေးတွင်းက အဆီတွေကို ကျစေပြီး သွေးကြောကျဉ်းတာ ကင်းစေလို့ နှလုံး

ကျန်းမာစေပါတယ်။ သွေးတိုး ကင်းသလို အသည်းအဆီဖုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါသေးတယ်။ ဒူးရင်းသီး

အသားက အဆီထက်၊ အစေ့က အဆီက ကျန်းမာရေးကို အများကြီး အထောက်အကူပြုပေးနိုင်ပါတယ်။

*သွေးတွင်းကိုလက်စထရောကို ကျဆင်းစေတယ်

ဒူးရင်းစေ့မှာ အကျိုးပြု အဆီပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး အကျိုးမပြု

ကိုလက်စထရောပမာဏဏကို ကျဆင်းစေပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောများပြီး နောက်ဆက်တွဲ

ကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့ ဒူးရင်းစေ့ကို စားပေးလို့ရပါတယ်။

*အရိုးနဲ့ သွားတွေကို ကျန်းမာစေတယ်

ဒူးရင်းစေ့မှာ ကယ်လ်ဆီယမ် နဲ့ phosphorus ပါဝင်နေတာကြောင့် အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပါတယ်။ အရိုးပါးတာ၊

အရိုးပွတာတွေ မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ Credit: Kumudra News