Tue. Dec 7th, 2021

Zawgyi

ရင္သားတြဲက်ျခင္းကို တင္းရင္းေအာင္ ျပန္လည္ ျပဳျပင္ေပးႏိုင္တဲ့ အေကာင္းဆုံးနည္းလမ္း ၂မ်ိဳး

ရင္သားတြဲတာ ၊ ႏွစ္ဖက္မညီတာဟာ အိမ္ေထာင္သည္ ၊ ကေလးအေမေတြမွျဖစ္ေလ့ရွိတာမဟုတ္ပါဘူး ။

ေနထိုင္စားေသာက္ပုံမွားယြင္းမႈေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္ ။ ဒီလို ရင္သားတြဲက်မႈအတြက္ ထိေရာက္တဲ့

ေလ့က်င့္ခန္းနည္းနဲ႔ အိမ္တြင္းနည္းလမ္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္ ။ ပထမဆုံး အိမ္တြင္း နည္းလမ္းေကာင္းေတြ

အမ်ားႀကီး ရွိေပမယ့္ အေကာင္းဆုံးနဲ႔ အထိေရာက္ဆုံး လူသုံးမ်ားတဲ့ နည္းလမ္းေလးကို ေျပာျပေပးပါမယ္ေနာ္ ။

လိုအပ္တဲ့ ပါဝင္ပစၥည္းကေတာ့ တစ္မ်ိဳးတည္းပါပဲ ။ အဲ့ဒါကေတာ့ သံလြင္ဆီစစ္စစ္ပဲျဖစ္ပါတယ္ ။

ပထမဦးစြာ အိပ္ရာေပၚလွဲၿပီး ေက်ာေနာက္မွာ ေခါင္းအုံးခံထားလိုက္ပါ ။ ထို႔ေနာက္ သံလြင္ဆီ အနည္းငယ္ကိုယူၿပီး

ရင္သားေပၚ ပြတ္လိုက္ပါ ။ ၿပီးလွ်င္ ရင္သားကို စက္ဝိုင္းပံစံအတိုင္း ႏွိပ္နယ္ေပးရပါမယ္ ။ ႏွိပ္တဲ့အခါ လက္ႏွစ္ဖက္စလုံးက

ရင္သား တစ္ဖက္တစ္ခ်က္ဆီမွာ ရွိေနၿပီး ၿပိဳင္ႏွိပ္ရမွာပါ ။ တစ္ဖက္ၿပီးမွ တစ္ဖက္ႏွိပ္တဲ့ ပုံစံ မဟုတ္ပါဘူး ။ စက္ဝိုင္းပုံစံအတိုင္း

၃မိနစ္မွ၅မိနစ္ခန႔္အထိ ႏွိပ္ၿပီးၿပီဆိုရင္ေတာ့ လုံေလာက္ပါၿပီ ။ ထို႔ေနာက္ ရင္သားေပၚမွာ ေပေနတဲ့ သံလြင္ဆီေတြကို အဝတ္ျဖင့္

သုတ္လိုက္လို႔ ရပါၿပီ ။ သို႔ေသာ္ သံလြင္ဆီက ရင္သားကို တင္းရင္းေစတာေၾကာင့္ အကုန္သုတ္ပစ္စရာေတာ့ မလိုပါဘူး ။

ေနာက္ထပ္ေျပာခ်င္တဲ့ နည္းလမ္းေလးကေတာ့ ေလ့က်င့္ခန္းနဲ႔ ထိန္းတဲ့ နည္းလမ္းေလးပါ။ ပထမဆုံး ပက္လက္အေနအထားအတိုင္း

လဲေလ်ာင္းလိုက္ပါ ။ ထို႔ေနာက္ ၅ေပါင္ခန႔္ေလးတဲ့ ဝိတ္တုံးကို လက္တစ္ဖက္တစ္ခ်က္စီမွာ ကိုင္ၿပီး အေပၚသို႔ ဆန႔္တန္းၿပီး ေျမႇာက္ပါ ။

ၿပီးရင္ ခႏၶာကိုယ္ေဘးဘက္သို႔ ေဝးႏိုင္သမွ်ေဝးေအာင္ ျပန္ခ်ပါ ။ ထိုအတိုင္း ေျမႇာက္လိုက္၊ခ်လိုက္ ပုံစံအတိုင္း ၁၀ႀကိမ္ ျပဳလုပ္ၿပီး

ေန႔စဥ္ ၃ခါ ျပဳလုပ္ေပးပါ။ ဒီလိုျပဳလုပ္ျခင္းအားျဖင့္ ရင္သားေအာက္ဘက္ ႂကြက္သားႏွင့္ ရင္ဘတ္အေပၚပိုင္း ၊ လက္ေမာင္းေအာက္

အနီးတဝိုက္ကို ႀကံ့ခိုင္လာေစပါတယ္ ။ေန႔စဥ္ ၁ခါလုပ္လွ်င္ ၁၀ႀကိမ္အတိုင္း ၃ခါျပဳလုပ္ေပးျခင္းျဖင့္ ၁လၾကာတဲ့အခါမွာ သိသိသာသာ

တင္းရင္းလာတာကို ျမင္ေတြ႕ရမွာပါ ။ ကဲ..အထက္မွာေဖာ္ျပခဲ့တဲ့နည္းလမ္း

၂မ်ိဳးကေတာ့ တကယ္ထိေရာက္ေစတဲ့ နည္းလမ္းေလးေတြပဲျဖစ္ပါတယ္ ။

ရင္သားႀကီးထြားဖို႔အတြက္လည္း အေထာက္အကူျပဳႏိုင္တဲ့ နည္းလမ္းေတြမို႔ ေနာင္တရစရာေတာ့ မရွိပါဘူးေနာ္…

Credit : shweinlay

Unicode

ရင်သားတွဲကျခြင်းကို တင်းရင်းအောင် ပြန်လည် ပြုပြင်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်း ၂မျိုး

ရင်သားတွဲတာ ၊ နှစ်ဖက်မညီတာဟာ အိမ်ထောင်သည် ၊ ကလေးအမေတွေမှဖြစ်လေ့ရှိတာမဟုတ်ပါဘူး ။

နေထိုင်စားသောက်ပုံမှားယွင်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒီလို ရင်သားတွဲကျမှုအတွက် ထိရောက်တဲ့

လေ့ကျင့်ခန်းနည်းနဲ့ အိမ်တွင်းနည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ် ။ ပထမဆုံး အိမ်တွင်း နည်းလမ်းကောင်းတွေ

အများကြီး ရှိပေမယ့် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လူသုံးများတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်နော် ။

လိုအပ်တဲ့ ပါဝင်ပစ္စည်းကတော့ တစ်မျိုးတည်းပါပဲ ။ အဲ့ဒါကတော့ သံလွင်ဆီစစ်စစ်ပဲဖြစ်ပါတယ် ။

ပထမဦးစွာ အိပ်ရာပေါ်လှဲပြီး ကျောနောက်မှာ ခေါင်းအုံးခံထားလိုက်ပါ ။ ထို့နောက် သံလွင်ဆီ အနည်းငယ်ကိုယူပြီး

ရင်သားပေါ် ပွတ်လိုက်ပါ ။ ပြီးလျှင် ရင်သားကို စက်ဝိုင်းပံစံအတိုင်း နှိပ်နယ်ပေးရပါမယ် ။ နှိပ်တဲ့အခါ လက်နှစ်ဖက်စလုံးက

ရင်သား တစ်ဖက်တစ်ချက်ဆီမှာ ရှိနေပြီး ပြိုင်နှိပ်ရမှာပါ ။ တစ်ဖက်ပြီးမှ တစ်ဖက်နှိပ်တဲ့ ပုံစံ မဟုတ်ပါဘူး ။ စက်ဝိုင်းပုံစံအတိုင်း

၃မိနစ်မှ၅မိနစ်ခန့်အထိ နှိပ်ပြီးပြီဆိုရင်တော့ လုံလောက်ပါပြီ ။ ထို့နောက် ရင်သားပေါ်မှာ ပေနေတဲ့ သံလွင်ဆီတွေကို အဝတ်ဖြင့်

သုတ်လိုက်လို့ ရပါပြီ ။ သို့သော် သံလွင်ဆီက ရင်သားကို တင်းရင်းစေတာကြောင့် အကုန်သုတ်ပစ်စရာတော့ မလိုပါဘူး ။

နောက်ထပ်ပြောချင်တဲ့ နည်းလမ်းလေးကတော့ လေ့ကျင့်ခန်းနဲ့ ထိန်းတဲ့ နည်းလမ်းလေးပါ။ ပထမဆုံး ပက်လက်အနေအထားအတိုင်း

လဲလျောင်းလိုက်ပါ ။ ထို့နောက် ၅ပေါင်ခန့်လေးတဲ့ ဝိတ်တုံးကို လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်ပြီး အပေါ်သို့ ဆန့်တန်းပြီး မြှောက်ပါ ။

ပြီးရင် ခန္ဓာကိုယ်ဘေးဘက်သို့ ဝေးနိုင်သမျှဝေးအောင် ပြန်ချပါ ။ ထိုအတိုင်း မြှောက်လိုက်၊ချလိုက် ပုံစံအတိုင်း ၁၀ကြိမ် ပြုလုပ်ပြီး

နေ့စဉ် ၃ခါ ပြုလုပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ရင်သားအောက်ဘက် ကြွက်သားနှင့် ရင်ဘတ်အပေါ်ပိုင်း ၊ လက်မောင်းအောက်

အနီးတဝိုက်ကို ကြံ့ခိုင်လာစေပါတယ် ။နေ့စဉ် ၁ခါလုပ်လျှင် ၁၀ကြိမ်အတိုင်း ၃ခါပြုလုပ်ပေးခြင်းဖြင့် ၁လကြာတဲ့အခါမှာ သိသိသာသာ

တင်းရင်းလာတာကို မြင်တွေ့ရမှာပါ ။ ကဲ..အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်း

၂မျိုးကတော့ တကယ်ထိရောက်စေတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ် ။

ရင်သားကြီးထွားဖို့အတွက်လည်း အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေမို့ နောင်တရစရာတော့ မရှိပါဘူးနော်…

Credit : shweinlay