Zawgyi

မေပါ့ဆ သင့္သည့့္ အဝတ္အ စားေတြၾကားထဲ မွ ပ႐ုတ္လုံး ၏အႏၲရာယ္။ ပ႐ုတ္လုံး၏အႏၲရာယ္မ်ား

(ကေလးမ်ားအတြက္ အလြန္အေရးႀကီးပါသည္)

ပ႐ုတ္လုံးကို အဂၤလိိပ္လို Mothballs လို႔ေခၚၾကပါတယ္။ Moth ဆိိုတာ အလြယ္ေျပာရရင္ အဝတ္ေတြထဲမွာေနတဲ့ ပိုးေကာင္ေလးေတြပါ။

သူတို႔ရဲ႕အစာက အဝတ္မွ်င္ေတြ၊ သိုးေမႊးေတြျဖစ္လို႔ အဝတ္ေတြထဲမွာေနၿပီး ကိုက္ျဖတ္စားေသာက္ၾကပါတယ္။

အဲဒီ ပိုးမႊားေတြေသေအာင္၊ ေျပးေအာင္သုံးၾကလို႔ Mothballs လို႔ေခၚတာပါ။ ပ႐ုုတ္လုံးမွာ အဓိိကပါဝင္ပစၥည္းက Naphthalene

မို႔လို႔ Naphthalene balls လိို႔လဲေခၚပါတယ္။ တစ္ခ်ိဳ႕ပ႐ုတ္လုံးမွာေတာ့ Paradichlorobenzene

ပါပါတယ္္။ Naphthalene နဲ႔ Paradichlorobenzene ေတြဟာ ပိိုးမႊားသတ္ေဆး Insecticide or Pesticides ေတြ ျဖစ္ပါတယ္။

ပိုးမႊားသတ္ေဆးေတြ ျဖစ္တဲ့အတြက္ စနစ္တက် မသုံးတတ္ရင္၊ မသုံးသင့္တဲ့ေနရာေတြမွာ မသိလို႔ သုံးမိရင္ အႏၲရာယ္ရွိတာမို႔

ဒီ Post ကိုေရးလိုက္တာပါ။ ပ႐ုတ္လုံးက အေငြ႕ပ်ံၿပီးထြက္လာတဲ့ အေငြ႕ေတြက ပိုးမႊားေတြကို ေသေစတာပါ။

စနစ္တက်သုံးနည္းကေတာ့ ပိုးမႊားရွိတဲ့အဝတ္ေတြ သိုးေမႊးထည္ေတြကို အလုံပိတ္အိတ္ သို႔မဟုတ္ ေလလုံတဲ့ပလပ္စတစ္ဗူးထဲမွာ

ပ႐ုတ္လုံးနဲ႔အတူ ထည့္ပိတ္ထားရင္ ထြက္လာတဲ့အေငြ႕ေတြ စုမိလာၿပီး ပိုးမႊားေတြ ေသသြားပါတယ္။

ၿပီးရင္ေတာ့ အဝတ္ေတြကို ျပန္ေလွ်ာ္ ဒါမွမဟုတ္ အနံ႔ေပ်ာက္ေအာင္ ေနလွန္းၿပီးမွ ျပန္ဝတ္သင့္ပါတယ္။ တစ္ခ်ိဳ႕က

ပ႐ုတ္လုံးနံ႔ရေနတဲ့ အဝတ္အစားေတြကို ပ႐ုတ္လုံးနံ႔ေလး သင္းေနတယ္ဆိုၿပီး သေဘာေတာင္ က်တတ္ပါတယ္။

တကယ္ေတာ့ ပ႐ုတ္လုံးနံ႔ရေနတယ္ဆိုတာ ပ႐ုတ္လုံးကထြက္လာတဲ့ အဆိပ္ေငြ႕ Toxic gas ေတြ က်န္ေနေသးတဲ့သေဘာပါ။

အထူးသျဖင့္ ကေလးအဝတ္အစားေတြဆိုရင္ ျပန္ေလွ်ာ္ၿပီးမွ ဝတ္ေပးသင့္ပါတယ္။ တစ္ခ်ိဳ႕က ပ႐ုတ္လုံးကို တျခားေနရာေတြမွာလဲ

သုံးၾကပါတယ္။ ႂကြက္ေျပးေအာင္၊ ပိုးဟတ္မလာေအာင္၊ တစ္ျခားအေကာင္ပေလာင္ မလာေအာင္၊ အပင္ကိုရွဥ့္မကိုက္ေအာင္ စသည္ျဖင့္ေပါ့။

တကယ္ေတာ့ ပ႐ုတ္လုံးကို အဲဒီရည္႐ြယ္ခ်က္ေတြနဲ႔ မသုံးသင့္ပါဘူး။ရည္႐ြယ္တာက ပိုးမႊားေကာင္ေတြကို ျဖစ္ေပမယ့္

လူနဲ႔ အိမ္ေမြးတိရစာၦန္ေတြကိုပိုၿပီး ထိခိုက္ေစတတ္တယ္လို႔ ဆိုထားပါတယ္။ ပ႐ုတ္လုံးကို open air မွာ ဒီအတိုင္းထားရင္

ပ႐ုတ္လုံးက အေငြ႕ (တကယ္္ေတာ့ အဆိိပ္ေငြ႕)ကိို အခ်ိိန္ၾကာၾကာရႉတဲ့အခါ က်န္းမာေရးကို ထိခိိုက္လာႏိုင္ပါတယ္။

တစ္ခ်ိဳ႕ကလဲ ပ႐ုတ္လုံးနံ႔ကို ႀကိဳက္လို႔ အၿမဲရႉေနတာေတာင္ ရွိပါတယ္။ ၾကာလာရင္ ေခါင္းကိုက္တာ၊ ပ်ိဳ႕တာ အန္တာ၊ ဝမ္းေလွ်ာတာ၊

မ်က္လုံးနဲ႔ ႏွာေခါင္း စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ ကေန အသည္း နဲ႔ ေက်ာက္ကပ္ကို ပ်က္စီးေစတာအထိ ျဖစ္ႏိုင္ပါတယ္။

Para dichlorobenzene ကလဲ ကင္ဆာျဖစ္ေစႏိုင္တဲ့ျဒပ္ေပါင္း (Carcinogenic) ျဖစ္ပါတယ္။ အေရးအႀကီးဆုံးက ပ႐ုတ္လုံးဟာ

ေမြးရာပါ G 6 P D အင္ဇိုင္းခ်ိဳ႕တဲ့တဲ့သူေတြနဲ႔ လုံးဝမတဲ့တာပါ။ ျမန္မာျပည္မွာ G6PD အင္ဇိုင္းခ်ိဳ႕တဲ့တဲ့ ဦးေရက လူ ၁၀၀ မွာ ၉

ေယာက္ေလာက္ ရွိပါတယ္။ ေမြးကင္းစကေလးေတြမွာ G6PD အင္ဇိုင္းခ်ိဳ႕တဲ့မႈေၾကာင့္္ အသားဝါတဲ့ကေလး ေတာ္ေတာ္မ်ားပါတယ္။

အထူးသျဖင့္ ပ႐ုတ္လုံးက G6PD အင္ဇိုင္းခ်ိဳ႕တဲ့ တဲ့ကေလးေတြရဲ႕ေသြးနီဥေတြကို ၿပိဳကြဲေစတဲ့အတြက္ အခ်ိန္တိုအတြင္း

ေသြးထဲမွာအဝါဓာတ္ေတြ တအားတက္လာၿပီး ဦးေႏွာက္ထိခိုက္ပ်က္စီးသြားတာ၊ အသက္ေသဆုံးတာေတြ ျဖစ္ေစပါတယ္။

ေမြးကင္းစကေလးေတြ အဝါဓာတ္အရမ္းမ်ားလို႔ ဦးေႏွာက္မထိခိုက္ရေအာင္ ေသြးလဲၿပီးကုရတဲ့ ကေလးေတာ္ေတာ္မ်ားမ်ားမွာ G6PD

အင္ဇိုင္းခ်ိဳ႕တဲ့တာ ေတြ႕ရပါတယ္။ တစ္ခ်ိဳ႕ဆို ကေလးအႏွီးေတြကို ပ႐ုတ္လုံးနဲ႔ သိမ္း႐ုံတင္မက ပ႐ုတ္လုံးအမႈန႔္ကို ျဖဴးၿပီး

မီးပူပါတိုက္လိုက္ေသးတယ္ ဆိုပါတယ္။ အဲဒီအႏွီးေတြနဲ႔ ကေလးကိုထုပ္လိုက္တဲ့အခါ ေမြးစကေလးရဲ႕ေသြးနီဥေတြ ကြဲသြားၿပီး

အဝါဓာတ္တက္လာတာ တအားျမန္တဲ့အတြက္ ေဆး႐ုံေရာက္လာတဲ့အခ်ိန္မွာ ဦးေႏွာက္ထိခိုက္ၿပီးသား ျဖစ္ေနတာလဲ မၾကာခဏေတြ႕ရပါတယ္။

ပ႐ုတ္လုံးေတြကို ပိုးဟတ္တို႔၊ ႂကြက္တို႔ မလာေအာင္ ဟိုနား ဒီနားထားတဲ့အခါ ကေလးငယ္ေတြက ပူရွိန္းသၾကားလုံးအမွတ္နဲ႔

ေကာက္စားတတ္ပါတယ္။ တစ္ခ်ိဳ႕အိမ္ေမြးတိရစာၦန္ေလးေတြကလဲ စားမိတတ္ပါတယ္။ ပ႐ုတ္လုံးမွာပါတာက ပိုးသတ္ေဆးတစ္မ်ိဳးဘဲမို႔

ကေလးေတြ အထူးသျဖင္္ G6PD အင္ဇိုင္းခ်ိဳ႕တဲ့ တဲ့ကေလးအငယ္ေလးေတြဆို ပ႐ုတ္လုံးတစ္လုံးစားမိရင္ေတာင္ အသက္အႏၲရာယ္ရွိႏိုင္ပါတယ္။

ပ႐ုတ္လုံး ၅ လုံးစားမိတဲ့ ကေလးတစ္ေယာက္ဆိုရင္ ေဆး႐ုံမွာအသက္ရွင္ေအာင္ အစြမ္းကုန္ႀကိဳးစားကုသေပးၾကေပမယ့္

အသက္ေသဆုံးသြားဘူးပါတယ္။ ဒါေၾကာင့္္ ပ႐ုတ္လုံးသုံးေတာ့မယ္ဆိိုရင္ ဒီအခ်က္ေလးေတြ သိိထားၿပီးမွ စနစ္တက်သုံးၾကဘို႔၊

ပ႐ုတ္လုံးကို ကေလးေတြ အလြယ္တကူ မေတြ႕ႏိုင္တဲ့ေနရာမွာ ေသခ်ာသိမ္းဆည္းဘို႔ နဲ႔ ေမြးကင္းစကေလးေတြမွာ G6PD

အင္ဇိုင္းခ်ိဳ႕တဲ့ေရာဂါပါႏိုင္လို႔ ကေလးအတြက္ အႏွီး၊ အဝတ္အစား၊ ေစာင္ေတြတင္မက ကေလးကို ခ်ီပိုးျပဳစုၾကမယ့္

လူႀကီးေတြရဲ႕ အဝတ္အစားေတြပါ ပ႐ုတ္လုံးနဲ႔ မသိမ္းၾကဘို႔၊ သုံးခဲ့ရင္လဲ ေသခ်ာျပန္ေလ်ာ္ၾကဘို႔၊ ပ႐ုတ္လုံးအနံ႔ဟာလဲ

ရႉသင့္တဲ့အေမႊးနံ႔မဟုတ္လို႔ အေမႊးနံ႔အေနနဲ႔ မသုံးၾကဘို႔ ေျပာခ်င္ပါတယ္။

Child Health Myanmar

Unicode

မပေါ့ဆ သင့်သည့့် အဝတ်အ စားတွေကြားထဲ မှ ပရုတ်လုံး ၏အန္တရာယ်။ ပရုတ်လုံး၏အန္တရာယ်များ

(ကလေးများအတွက် အလွန်အရေးကြီးပါသည်)

ပရုတ်လုံးကို အင်္ဂလိိပ်လို Mothballs လို့ခေါ်ကြပါတယ်။ Moth ဆိိုတာ အလွယ်ပြောရရင် အဝတ်တွေထဲမှာနေတဲ့ ပိုးကောင်လေးတွေပါ။

သူတို့ရဲ့အစာက အဝတ်မျှင်တွေ၊ သိုးမွှေးတွေဖြစ်လို့ အဝတ်တွေထဲမှာနေပြီး ကိုက်ဖြတ်စားသောက်ကြပါတယ်။

အဲဒီ ပိုးမွှားတွေသေအောင်၊ ပြေးအောင်သုံးကြလို့ Mothballs လို့ခေါ်တာပါ။ ပရုုတ်လုံးမှာ အဓိိကပါဝင်ပစ္စည်းက Naphthalene

မို့လို့ Naphthalene balls လိို့လဲခေါ်ပါတယ်။ တစ်ချို့ပရုတ်လုံးမှာတော့ Paradichlorobenzene

ပါပါတယ််။ Naphthalene နဲ့ Paradichlorobenzene တွေဟာ ပိိုးမွှားသတ်ဆေး Insecticide or Pesticides တွေ ဖြစ်ပါတယ်။

ပိုးမွှားသတ်ဆေးတွေ ဖြစ်တဲ့အတွက် စနစ်တကျ မသုံးတတ်ရင်၊ မသုံးသင့်တဲ့နေရာတွေမှာ မသိလို့ သုံးမိရင် အန္တရာယ်ရှိတာမို့

ဒီ Post ကိုရေးလိုက်တာပါ။ ပရုတ်လုံးက အငွေ့ပျံပြီးထွက်လာတဲ့ အငွေ့တွေက ပိုးမွှားတွေကို သေစေတာပါ။

စနစ်တကျသုံးနည်းကတော့ ပိုးမွှားရှိတဲ့အဝတ်တွေ သိုးမွှေးထည်တွေကို အလုံပိတ်အိတ် သို့မဟုတ် လေလုံတဲ့ပလပ်စတစ်ဗူးထဲမှာ

ပရုတ်လုံးနဲ့အတူ ထည့်ပိတ်ထားရင် ထွက်လာတဲ့အငွေ့တွေ စုမိလာပြီး ပိုးမွှားတွေ သေသွားပါတယ်။

ပြီးရင်တော့ အဝတ်တွေကို ပြန်လျှော် ဒါမှမဟုတ် အနံ့ပျောက်အောင် နေလှန်းပြီးမှ ပြန်ဝတ်သင့်ပါတယ်။ တစ်ချို့က

ပရုတ်လုံးနံ့ရနေတဲ့ အဝတ်အစားတွေကို ပရုတ်လုံးနံ့လေး သင်းနေတယ်ဆိုပြီး သဘောတောင် ကျတတ်ပါတယ်။

တကယ်တော့ ပရုတ်လုံးနံ့ရနေတယ်ဆိုတာ ပရုတ်လုံးကထွက်လာတဲ့ အဆိပ်ငွေ့ Toxic gas တွေ ကျန်နေသေးတဲ့သဘောပါ။

အထူးသဖြင့် ကလေးအဝတ်အစားတွေဆိုရင် ပြန်လျှော်ပြီးမှ ဝတ်ပေးသင့်ပါတယ်။ တစ်ချို့က ပရုတ်လုံးကို တခြားနေရာတွေမှာလဲ

သုံးကြပါတယ်။ ကြွက်ပြေးအောင်၊ ပိုးဟတ်မလာအောင်၊ တစ်ခြားအကောင်ပလောင် မလာအောင်၊ အပင်ကိုရှဉ့်မကိုက်အောင် စသည်ဖြင့်ပေါ့။

တကယ်တော့ ပရုတ်လုံးကို အဲဒီရည်ရွယ်ချက်တွေနဲ့ မသုံးသင့်ပါဘူး။ရည်ရွယ်တာက ပိုးမွှားကောင်တွေကို ဖြစ်ပေမယ့်

လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပိုပြီး ထိခိုက်စေတတ်တယ်လို့ ဆိုထားပါတယ်။ ပရုတ်လုံးကို open air မှာ ဒီအတိုင်းထားရင်

ပရုတ်လုံးက အငွေ့ (တကယ််တော့ အဆိိပ်ငွေ့)ကိို အချိိန်ကြာကြာရှူတဲ့အခါ ကျန်းမာရေးကို ထိခိိုက်လာနိုင်ပါတယ်။

တစ်ချို့ကလဲ ပရုတ်လုံးနံ့ကို ကြိုက်လို့ အမြဲရှူနေတာတောင် ရှိပါတယ်။ ကြာလာရင် ခေါင်းကိုက်တာ၊ ပျို့တာ အန်တာ၊ ဝမ်းလျှောတာ၊

မျက်လုံးနဲ့ နှာခေါင်း စပ်ဖျဉ်းဖျဉ်းဖြစ်တာ ကနေ အသည်း နဲ့ ကျောက်ကပ်ကို ပျက်စီးစေတာအထိ ဖြစ်နိုင်ပါတယ်။

Para dichlorobenzene ကလဲ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်း (Carcinogenic) ဖြစ်ပါတယ်။ အရေးအကြီးဆုံးက ပရုတ်လုံးဟာ

မွေးရာပါ G 6 P D အင်ဇိုင်းချို့တဲ့တဲ့သူတွေနဲ့ လုံးဝမတဲ့တာပါ။ မြန်မာပြည်မှာ G6PD အင်ဇိုင်းချို့တဲ့တဲ့ ဦးရေက လူ ၁၀၀ မှာ ၉

ယောက်လောက် ရှိပါတယ်။ မွေးကင်းစကလေးတွေမှာ G6PD အင်ဇိုင်းချို့တဲ့မှုကြောင့်် အသားဝါတဲ့ကလေး တော်တော်များပါတယ်။

အထူးသဖြင့် ပရုတ်လုံးက G6PD အင်ဇိုင်းချို့တဲ့ တဲ့ကလေးတွေရဲ့သွေးနီဥတွေကို ပြိုကွဲစေတဲ့အတွက် အချိန်တိုအတွင်း

သွေးထဲမှာအဝါဓာတ်တွေ တအားတက်လာပြီး ဦးနှောက်ထိခိုက်ပျက်စီးသွားတာ၊ အသက်သေဆုံးတာတွေ ဖြစ်စေပါတယ်။

မွေးကင်းစကလေးတွေ အဝါဓာတ်အရမ်းများလို့ ဦးနှောက်မထိခိုက်ရအောင် သွေးလဲပြီးကုရတဲ့ ကလေးတော်တော်များများမှာ G6PD

အင်ဇိုင်းချို့တဲ့တာ တွေ့ရပါတယ်။ တစ်ချို့ဆို ကလေးအနှီးတွေကို ပရုတ်လုံးနဲ့ သိမ်းရုံတင်မက ပရုတ်လုံးအမှုန့်ကို ဖြူးပြီး

မီးပူပါတိုက်လိုက်သေးတယ် ဆိုပါတယ်။ အဲဒီအနှီးတွေနဲ့ ကလေးကိုထုပ်လိုက်တဲ့အခါ မွေးစကလေးရဲ့သွေးနီဥတွေ ကွဲသွားပြီး

အဝါဓာတ်တက်လာတာ တအားမြန်တဲ့အတွက် ဆေးရုံရောက်လာတဲ့အချိန်မှာ ဦးနှောက်ထိခိုက်ပြီးသား ဖြစ်နေတာလဲ မကြာခဏတွေ့ရပါတယ်။

ပရုတ်လုံးတွေကို ပိုးဟတ်တို့၊ ကြွက်တို့ မလာအောင် ဟိုနား ဒီနားထားတဲ့အခါ ကလေးငယ်တွေက ပူရှိန်းသကြားလုံးအမှတ်နဲ့

ကောက်စားတတ်ပါတယ်။ တစ်ချို့အိမ်မွေးတိရစ္ဆာန်လေးတွေကလဲ စားမိတတ်ပါတယ်။ ပရုတ်လုံးမှာပါတာက ပိုးသတ်ဆေးတစ်မျိုးဘဲမို့

ကလေးတွေ အထူးသဖြင်် G6PD အင်ဇိုင်းချို့တဲ့ တဲ့ကလေးအငယ်လေးတွေဆို ပရုတ်လုံးတစ်လုံးစားမိရင်တောင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ပရုတ်လုံး ၅ လုံးစားမိတဲ့ ကလေးတစ်ယောက်ဆိုရင် ဆေးရုံမှာအသက်ရှင်အောင် အစွမ်းကုန်ကြိုးစားကုသပေးကြပေမယ့်

အသက်သေဆုံးသွားဘူးပါတယ်။ ဒါကြောင့်် ပရုတ်လုံးသုံးတော့မယ်ဆိိုရင် ဒီအချက်လေးတွေ သိိထားပြီးမှ စနစ်တကျသုံးကြဘို့၊

ပရုတ်လုံးကို ကလေးတွေ အလွယ်တကူ မတွေ့နိုင်တဲ့နေရာမှာ သေချာသိမ်းဆည်းဘို့ နဲ့ မွေးကင်းစကလေးတွေမှာ G6PD

အင်ဇိုင်းချို့တဲ့ရောဂါပါနိုင်လို့ ကလေးအတွက် အနှီး၊ အဝတ်အစား၊ စောင်တွေတင်မက ကလေးကို ချီပိုးပြုစုကြမယ့်

လူကြီးတွေရဲ့ အဝတ်အစားတွေပါ ပရုတ်လုံးနဲ့ မသိမ်းကြဘို့၊ သုံးခဲ့ရင်လဲ သေချာပြန်လျော်ကြဘို့၊ ပရုတ်လုံးအနံ့ဟာလဲ

ရှူသင့်တဲ့အမွှေးနံ့မဟုတ်လို့ အမွှေးနံ့အနေနဲ့ မသုံးကြဘို့ ပြောချင်ပါတယ်။

Child Health Myanmar