Sun. Nov 28th, 2021

Zawgyi

ပိုးဟပ္က မကိုက္တတ္ပါ၊ သို႔ေသာ္

ပိုးဟပ္ေတြဟာ အျခားပိုးေကာင္ ေတြလို လူကို မကိုက္တတ္ၾကေပမဲ့ လူေတြကို တိုက္႐ိုက္ေသာ္လည္း ေကာင္း၊

မေတာ္တဆေသာ္လည္း ေကာင္း အႏၲရာယ္ျဖစ္ေစႏိုင္ပါ တယ္။ ပိုးဟပ္ေတြရဲ႕ ခႏၶာကိုယ္ အတြင္းအျပင္မွာ အဏုဇီဝပိုးမႊား

မ်ားစြာရွိေနတတ္ပါတယ္။ ထို အဏုဇီဝပိုးမႊားေတြထဲမွာ လူကို ဒုကၡမေပးတဲ့ အမ်ိဳးအစား ပါသလို၊ ေရာဂါျဖစ္ေစတဲ့ အမ်ိဳးအစားအခ်ိဳ႕ လည္း

ပါရွိေနပါတယ္။ အျဖစ္ အလြန္နည္းေသာ္လည္း အခ်ိဳ႕ေသာ ပိုးဟပ္ေတြမွာ ဆယ္လ္မြန္နယ္လားပိုး ရွိေနႏိုင္ပါတယ္။

အဓိကျပႆနာကေတာ့ ပိုးဟပ္ ေတြဟာ အိမ္အတြင္း အျပင္ အႏွံ႔ လွည့္လည္ ေလွ်ာက္သြားၿပီး အစာ ေရစာ ရွာေဖြစားေသာက္ၾကပါ တယ္။

ထိုအခါ အိမ္သာ၊ ေရခ်ိဳး ခန္း၊ မီးဖိုေခ်ာင္၊ အိမ္ၾကမ္းျပင္ ကေန ပန္းကန္ခြက္ေယာက္ေတြ အထိ လွည့္လည္ေလွ်ာက္သြား ၾကပါတယ္။

ထိုသို႔အားျဖင့္ ေရာဂါ ပိုးမႊားမ်ားကို ကြၽႏ္ုပ္တို႔ ခ်က္ျပဳတ္ စားသုံးရာမွာ အသုံးျပဳတဲ့ အိုးခြက္ ပန္းကန္ေတြအေပၚ ေရာက္ေအာင္

သယ္ေဆာင္ပ်ံ႕ႏွံ႔တတ္ပါတယ္။ ထို ေရာဂါပိုးမႊားေတြ လူ႔ခႏၶာကိုယ္ ထဲ ဝင္ေရာက္ပါက က်န္းမာေရး ျပႆနာမ်ား ျဖစ္ေပၚခံစားရႏိုင္ပါ တယ္။

ေနာက္တစ္ခုကေတာ့ ပိုးဟပ္ေတြဟာ လူေတြကို သက္ေရာက္မႈေပးႏိုင္တဲ့ အလာဂ်င္ (Allergen) အေျမာက္အျမား ထုတ္လုပ္ပါတယ္။

ထိုအလာဂ်င္ မ်ားႏွင့္ မၾကာခဏ ထိေတြ႕ပါက အခ်ိဳ႕သူေတြမွာ အခန႔္မသင့္ဘူး ဆိုရင္ ပန္းနာရင္က်ပ္ ထေစတတ္ ပါ တယ္။

ပိုးဟပ္ေတြဟာ ျခင္ေတြ၊ ယင္ေတြလိုမ်ိဳး လူသားတို႔ရဲ႕ က်န္းမာ ေရးကို တိုက္႐ိုက္အႏၲရာယ္မျဖစ္ ေစေသာ္လည္း ျဖစ္ႏိုင္လွ်င္ေတာ့ ရွင္းလင္းသုတ္သင္သင့္ပါတယ္။

Unicode

ပိုးဟပ်က မကိုက်တတ်ပါ၊ သို့သော်

ပိုးဟပ်တွေဟာ အခြားပိုးကောင် တွေလို လူကို မကိုက်တတ်ကြပေမဲ့ လူတွေကို တိုက်ရိုက်သော်လည်း ကောင်း၊

မတော်တဆသော်လည်း ကောင်း အန္တရာယ်ဖြစ်စေနိုင်ပါ တယ်။ ပိုးဟပ်တွေရဲ့ ခန္ဓာကိုယ် အတွင်းအပြင်မှာ အဏုဇီဝပိုးမွှား

များစွာရှိနေတတ်ပါတယ်။ ထို အဏုဇီဝပိုးမွှားတွေထဲမှာ လူကို ဒုက္ခမပေးတဲ့ အမျိုးအစား ပါသလို၊ ရောဂါဖြစ်စေတဲ့ အမျိုးအစားအချို့ လည်း

ပါရှိနေပါတယ်။ အဖြစ် အလွန်နည်းသော်လည်း အချို့သော ပိုးဟပ်တွေမှာ ဆယ်လ်မွန်နယ်လားပိုး ရှိနေနိုင်ပါတယ်။

အဓိကပြဿနာကတော့ ပိုးဟပ် တွေဟာ အိမ်အတွင်း အပြင် အနှံ့ လှည့်လည် လျှောက်သွားပြီး အစာ ရေစာ ရှာဖွေစားသောက်ကြပါ တယ်။

ထိုအခါ အိမ်သာ၊ ရေချိုး ခန်း၊ မီးဖိုချောင်၊ အိမ်ကြမ်းပြင် ကနေ ပန်းကန်ခွက်ယောက်တွေ အထိ လှည့်လည်လျှောက်သွား ကြပါတယ်။

ထိုသို့အားဖြင့် ရောဂါ ပိုးမွှားများကို ကျွန်ုပ်တို့ ချက်ပြုတ် စားသုံးရာမှာ အသုံးပြုတဲ့ အိုးခွက် ပန်းကန်တွေအပေါ် ရောက်အောင်

သယ်ဆောင်ပျံ့နှံ့တတ်ပါတယ်။ ထို ရောဂါပိုးမွှားတွေ လူ့ခန္ဓာကိုယ် ထဲ ဝင်ရောက်ပါက ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်ခံစားရနိုင်ပါ တယ်။

နောက်တစ်ခုကတော့ ပိုးဟပ်တွေဟာ လူတွေကို သက်ရောက်မှုပေးနိုင်တဲ့ အလာဂျင် (Allergen) အမြောက်အမြား ထုတ်လုပ်ပါတယ်။

ထိုအလာဂျင် များနှင့် မကြာခဏ ထိတွေ့ပါက အချို့သူတွေမှာ အခန့်မသင့်ဘူး ဆိုရင် ပန်းနာရင်ကျပ် ထစေတတ် ပါ တယ်။

ပိုးဟပ်တွေဟာ ခြင်တွေ၊ ယင်တွေလိုမျိုး လူသားတို့ရဲ့ ကျန်းမာ ရေးကို တိုက်ရိုက်အန္တရာယ်မဖြစ် စေသော်လည်း ဖြစ်နိုင်လျှင်တော့ ရှင်းလင်းသုတ်သင်သင့်ပါတယ်။