Zawgyi

သတို႔သမီးေတြအားလုံးဟာ သူတို႔ရဲ႕အထူးေန႔ႀကီးမွာ စိတ္ကိုတည္ၿငိမ္သြားေအာင္လုပ္ရတဲ့အထိ ျဖစ္ၾကရၿပီး မဂၤလာပြဲကိုလည္း

အဆင္ေျပေျပနဲ႔ၿပီးဆုံးေစခ်င္တတ္ၾကပါတယ္။ဒါေပမဲ့ တ႐ုတ္ႏိုင္ငံရွိ ဒီသတို႔သမီးေလာင္းကေတာ့ League of Legends ဂိမ္းက

ကစားပြဲကိုအၿပီးသတ္ႏိုင္ဖို႔အတြက္ သူမရဲ႕ကိုယ္ပိုင္မဂၤလာပြဲကိုေတာင္ တက္ေရာက္ဖို႔ျငင္းဆန္ပစ္ခဲ့ပါတယ္။အဆိုပါသတို႔သမီးဟာ

သူမရဲ႕မဂၤလာပြဲအတြက္ အရမ္းကိုေနာက္က်ေနခဲ့ၿပီး မဂၤလာပြဲဧည့္သည္ေတြထဲမွတစ္ဦးက သူမဟာ ကြန္ပ်ဴတာဆိုင္တစ္ဆိုင္မွာ

ဂိမ္းကစားေနေၾကာင္းသိရွိခဲ့ရတာေၾကာင့္ သူမရဲ႕မိဘေတြ၊အနာဂတ္ေယာကၡမႀကီးေတြနဲ႔ခင္ပြန္းျဖစ္သူတို႔က သူမအား ဂိမ္းကိုအဆုံးသတ္ၿပီး

ကြန္ပ်ဴတာဆိုင္မွထြက္ခြါဖို႔ မရမကေတာင္းပန္ေနခဲ့ေပမဲ့ သူမဟာ ေခါင္းမာမာနဲ႔ျငင္းဆန္ေနခဲ့ပါတယ္။ဗီဒီယိုထဲမွာေတာ့ သတို႔သမီးဟာ

ဂိမ္းကစားေနတုန္း အျဖဴေရာင္မဂၤလာေဆာင္ဂါ၀န္ဝတ္ဆင္ထားၿပီး ဆံပင္နဲ႔ မိတ္ကပ္လည္းလိမ္းျခယ္ျပင္ဆင္ၿပီးေနပါၿပီ။

ၿပိဳင္ဘက္ေတြနဲ႔ တင္းမာေနတဲ့ကြင္းလယ္တိုက္ပြဲမွာပါဝင္ပတ္သက္ေနတာေၾကာင့္ သူမဟာ ထိုင္ခုံမွထဖို႔ျငင္းဆန္ခဲ့ၿပီး သူမကစားပြဲၿပီးဆုံးသြားတဲ့အထိ

အခ်ိန္အနည္းငယ္ေပးဖို႔ ေတာင္းဆိုေနခဲ့ပါတယ္။” ကေလး လာ၊ ငါတို႔သြားရေတာ့မယ္ “လို႔ သတို႔သမီးရဲ႕ေယာကၡမက ေျပာေနခဲ့ၿပီး

“အခမ္းအနားမၾကာခင္စေတာ့မယ္ “လို႔ သူမရဲ႕သတို႔သားက ေဘးကေနသာ ေအာ္ဟစ္ေနခဲ့ပါၾကတယ္။သူတို႔အားလုံးက သတို႔သမီးကစားတာကို

မရပ္တန႔္ႏိုင္တာေၾကာင့္ ဖခင္ျဖစ္သူက သတို႔သားကိုပါး႐ိုက္ပစ္ၿပီး ” မင္းဘာျဖစ္ေနတာလဲ? မင္းရဲ႕ဇနီးကိုေတာင္ မင္းမထိန္းခ်ဳပ္ႏိုင္ဘူးလား

အခုခ်က္ခ်င္း သူ႔ကို ဆြဲထုတ္ “ လို႔ ေဒါသထြက္ေနတဲ့သတို႔သားဖခင္ကဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္သတို႔သားက သူ႔ရဲ႕သတို႔သမီးကိုေနာက္ဆုံး

အႀကိမ္ေတာင္းဆိုခဲ့ၿပီးေနာက္ သူနဲ႔သူရဲ႕သူငယ္ခ်င္းႏွစ္ေယာက္က သူမအားထိုင္ခုံေပၚကေနဆြဲထုတ္ၿပီး ကြန္ပ်ဴတာဆိုင္ရဲ႕အေဝးကို

ဆြဲေခၚသြားခဲ့လိုက္ၾကပါေတာ့တယ္။အဲ့ဒီအျဖစ္အပ်က္ျဖစ္ၿပီးေနာက္မွာေတာ့ သတို႔သမီးဟာ မဂၤလာပြဲကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔မက်င္းပေနႏိုင္ခဲ့ပါဘူး။

လူအခ်ိဳ႕ကလည္း သူတို႔ကလူသိမ်ားတဲ့ဗီဒီယိုျဖစ္ေစဖို႔အတြက္သာ တမင္႐ိုက္ကူးစီစဥ္ထားတယ္လို႔လည္း ထင္ေၾကးေပးထားၾကပါေသးတယ္။

ဘယ္လိုေတာင္လား သတို႔သမီးရယ္ ေယာကၡမႀကီးေတြေတာင္ လာဆြဲေခၚရေလာက္တဲ့အထိ ပါလား။

crd : Mia (Mckzone Daily)

Unicode

သတို့သမီးတွေအားလုံးဟာ သူတို့ရဲ့အထူးနေ့ကြီးမှာ စိတ်ကိုတည်ငြိမ်သွားအောင်လုပ်ရတဲ့အထိ ဖြစ်ကြရပြီး မင်္ဂလာပွဲကိုလည်း

အဆင်ပြေပြေနဲ့ပြီးဆုံးစေချင်တတ်ကြပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံရှိ ဒီသတို့သမီးလောင်းကတော့ League of Legends ဂိမ်းက

ကစားပွဲကိုအပြီးသတ်နိုင်ဖို့အတွက် သူမရဲ့ကိုယ်ပိုင်မင်္ဂလာပွဲကိုတောင် တက်ရောက်ဖို့ငြင်းဆန်ပစ်ခဲ့ပါတယ်။အဆိုပါသတို့သမီးဟာ

သူမရဲ့မင်္ဂလာပွဲအတွက် အရမ်းကိုနောက်ကျနေခဲ့ပြီး မင်္ဂလာပွဲဧည့်သည်တွေထဲမှတစ်ဦးက သူမဟာ ကွန်ပျူတာဆိုင်တစ်ဆိုင်မှာ

ဂိမ်းကစားနေကြောင်းသိရှိခဲ့ရတာကြောင့် သူမရဲ့မိဘတွေ၊အနာဂတ်ယောက္ခမကြီးတွေနဲ့ခင်ပွန်းဖြစ်သူတို့က သူမအား ဂိမ်းကိုအဆုံးသတ်ပြီး

ကွန်ပျူတာဆိုင်မှထွက်ခွါဖို့ မရမကတောင်းပန်နေခဲ့ပေမဲ့ သူမဟာ ခေါင်းမာမာနဲ့ငြင်းဆန်နေခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့ သတို့သမီးဟာ

ဂိမ်းကစားနေတုန်း အဖြူရောင်မင်္ဂလာဆောင်ဂါ၀န်ဝတ်ဆင်ထားပြီး ဆံပင်နဲ့ မိတ်ကပ်လည်းလိမ်းခြယ်ပြင်ဆင်ပြီးနေပါပြီ။

ပြိုင်ဘက်တွေနဲ့ တင်းမာနေတဲ့ကွင်းလယ်တိုက်ပွဲမှာပါဝင်ပတ်သက်နေတာကြောင့် သူမဟာ ထိုင်ခုံမှထဖို့ငြင်းဆန်ခဲ့ပြီး သူမကစားပွဲပြီးဆုံးသွားတဲ့အထိ

အချိန်အနည်းငယ်ပေးဖို့ တောင်းဆိုနေခဲ့ပါတယ်။” ကလေး လာ၊ ငါတို့သွားရတော့မယ် “လို့ သတို့သမီးရဲ့ယောက္ခမက ပြောနေခဲ့ပြီး

“အခမ်းအနားမကြာခင်စတော့မယ် “လို့ သူမရဲ့သတို့သားက ဘေးကနေသာ အော်ဟစ်နေခဲ့ပါကြတယ်။သူတို့အားလုံးက သတို့သမီးကစားတာကို

မရပ်တန့်နိုင်တာကြောင့် ဖခင်ဖြစ်သူက သတို့သားကိုပါးရိုက်ပစ်ပြီး ” မင်းဘာဖြစ်နေတာလဲ? မင်းရဲ့ဇနီးကိုတောင် မင်းမထိန်းချုပ်နိုင်ဘူးလား

အခုချက်ချင်း သူ့ကို ဆွဲထုတ် “ လို့ ဒေါသထွက်နေတဲ့သတို့သားဖခင်ကဆိုခဲ့ပါတယ်။ အဲ့ဒီနောက်သတို့သားက သူ့ရဲ့သတို့သမီးကိုနောက်ဆုံး

အကြိမ်တောင်းဆိုခဲ့ပြီးနောက် သူနဲ့သူရဲ့သူငယ်ချင်းနှစ်ယောက်က သူမအားထိုင်ခုံပေါ်ကနေဆွဲထုတ်ပြီး ကွန်ပျူတာဆိုင်ရဲ့အဝေးကို

ဆွဲခေါ်သွားခဲ့လိုက်ကြပါတော့တယ်။အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်မှာတော့ သတို့သမီးဟာ မင်္ဂလာပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့မကျင်းပနေနိုင်ခဲ့ပါဘူး။

လူအချို့ကလည်း သူတို့ကလူသိများတဲ့ဗီဒီယိုဖြစ်စေဖို့အတွက်သာ တမင်ရိုက်ကူးစီစဉ်ထားတယ်လို့လည်း ထင်ကြေးပေးထားကြပါသေးတယ်။

ဘယ်လိုတောင်လား သတို့သမီးရယ် ယောက္ခမကြီးတွေတောင် လာဆွဲခေါ်ရလောက်တဲ့အထိ ပါလား။

crd : Mia (Mckzone Daily)