Zawgyi

႐ႊံ႕ရည္ေသာက္ၿပီး တြင္းထဲမွာ (၃၇)နာရီၾကာ ပိတ္မိေနခဲ့တဲ့အသက္ (၇၀) အ႐ြယ္အဖိုးအိုတစ္ေယာက္

ပရိတ္သတ္ႀကီးေရ အသက္ (၇၀) အ႐ြယ္ မေလးရွားအဖိုးအိုတစ္ေယာက္ဟာ စားအုန္းဆီ စိုက္ခင္းကို သြားရင္း အနက္ (၁၃)ေပရွိတဲ့

တြင္းထဲကို က်ၿပီး (၃၇)နာရီၾကာေအာင္ တြင္းထဲမွာ ေနထိုင္ခဲ့ရပါတယ္။ အဆိုပါ အဖိုးက ၿပီးခဲ့တဲ့ (၂၃) ရက္ေန႔ နံနက္ပိုင္းက

စားအုန္းဆီ စိုက္ခင္းထဲ အသီးခူးဖို႔ သြားရင္း မေတာ္တဆ တြင္းထဲကို က်သြားခဲ့ပါတယ္။

အဆိုပါ တြင္းဟာ အနက္ (၁၃) ေပရွိၿပီး ေက်ာက္စည္ပိုင္းနဲ႔ ကာထားတဲ့ တြင္းႀကီးတစ္ခုပါ။ နံနက္ (၉) နာရီပိုင္းေလာက္မွာ

တြင္းထဲကို ျပဳတ္က်သြားတာျဖစ္ၿပီး တြင္းရဲ႕ နံရံပတ္ပတ္လည္မွာ ေရညႇိေတြတက္ေနတာေၾကာင့္ အေပၚကို ျပန္တက္ဖို႔ မျဖစ္ႏိုင္ခဲ့ပါဘူး။

ေန႔လည္ပိုင္း ထမင္းစားခ်ိန္ ျပန္မလာလို႔ မိန္းမျဖစ္သူက စိုက္ခင္းထဲ လာရွာေပမဲ့လည္း ကံမေကာင္းစြာပဲ အဖိုးကို ရွာမေတြ႕ခဲ့ပါဘူး။

စိုက္ခင္းျဖစ္တာေၾကာင့္ လူသြား လူလာနည္းပါၿပီး အကူ အညီေတာင္းဖို႔အတြက္လည္း ေတာ္ေတာ္နဲ႔ မျဖစ္ႏိုင္ခဲ့ပါဘူး။

ေနာက္ဆုံးေတာ့ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးအဖြဲ႕ေတြက ဝိုင္းဝန္း ကူညီရွာေဖြေပးခဲ့တာေၾကာင့္ (၂၄) ရက္ေန႔ ညပိုင္း (၉) နာရီနဲ႔

မိနစ္ (၄၀)မွာ ရွာေဖြေတြ႕ရွိလာခဲ့ပါတယ္။ တြင္းထဲကေန လုံလုံၿခဳံၿခဳံ ကယ္တင္ႏိုင္ခဲ့ၿပီး (၂) ရက္နီးပါးၾကာေအာင္ ပိတ္မိေနတာေၾကာင့္

ေရနဲ႔ အစာဆာေလာင္တဲ့ ဒဏ္ကိုေတာ့ ခံခဲ့ရပါတယ္။ ဒါ့ေၾကာင့္ ေရနဲ႔ ေပါင္မုန႔္ အခ်ိဳ႕ကို ေကြၽးၿပီး အနီးနားရွိ ေဆး႐ုံကို အျမန္ဆုံး ပို႔ေဆာင္ေပးခဲ့ရပါတယ္။

တြင္းထဲက်ေနတဲ့ အခ်ိန္ ေရဆာတဲ့အခါ တြင္းထဲမွာရွိတဲ့ ႐ႊံ႕ရည္ကို ေသာက္ခဲ့ရၿပီး စားစရာအတြက္ တြင္းထဲက်တဲ့ ဖားကို စားခဲ့ရပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕က အခ်ိန္မွီေရာက္လာခဲ့လို႔ ကံေကာင္းေထာက္မစြာ အသက္ရွင္ခဲ့ရပါတယ္။ တနဂၤေႏြေန႔မွ သူ႔ကို ရွာေတြ႕ခဲ့ရင္

တြင္းထဲမွာပဲ အစာေရဆာ ငတ္ျပတ္ၿပီး ေသဆုံးေနေလာက္ၿပီလို႔ အဖိုးအိုကခုလို ေျပာျပလာပါတယ္။ ဖက္႐ူအားေပးၾကတဲ့

ပရိတ္သတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ ပိုင္ဆိုင္ ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ ခင္ဗ်ာ။

Credit

Unicode

ရွှံ့ရည်သောက်ပြီး တွင်းထဲမှာ (၃၇)နာရီကြာ ပိတ်မိနေခဲ့တဲ့အသက် (၇၀) အရွယ်အဖိုးအိုတစ်ယောက်

ပရိတ်သတ်ကြီးရေ အသက် (၇၀) အရွယ် မလေးရှားအဖိုးအိုတစ်ယောက်ဟာ စားအုန်းဆီ စိုက်ခင်းကို သွားရင်း အနက် (၁၃)ပေရှိတဲ့

တွင်းထဲကို ကျပြီး (၃၇)နာရီကြာအောင် တွင်းထဲမှာ နေထိုင်ခဲ့ရပါတယ်။ အဆိုပါ အဖိုးက ပြီးခဲ့တဲ့ (၂၃) ရက်နေ့ နံနက်ပိုင်းက

စားအုန်းဆီ စိုက်ခင်းထဲ အသီးခူးဖို့ သွားရင်း မတော်တဆ တွင်းထဲကို ကျသွားခဲ့ပါတယ်။

အဆိုပါ တွင်းဟာ အနက် (၁၃) ပေရှိပြီး ကျောက်စည်ပိုင်းနဲ့ ကာထားတဲ့ တွင်းကြီးတစ်ခုပါ။ နံနက် (၉) နာရီပိုင်းလောက်မှာ

တွင်းထဲကို ပြုတ်ကျသွားတာဖြစ်ပြီး တွင်းရဲ့ နံရံပတ်ပတ်လည်မှာ ရေညှိတွေတက်နေတာကြောင့် အပေါ်ကို ပြန်တက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

နေ့လည်ပိုင်း ထမင်းစားချိန် ပြန်မလာလို့ မိန်းမဖြစ်သူက စိုက်ခင်းထဲ လာရှာပေမဲ့လည်း ကံမကောင်းစွာပဲ အဖိုးကို ရှာမတွေ့ခဲ့ပါဘူး။

စိုက်ခင်းဖြစ်တာကြောင့် လူသွား လူလာနည်းပါပြီး အကူ အညီတောင်းဖို့အတွက်လည်း တော်တော်နဲ့ မဖြစ်နိုင်ခဲ့ပါဘူး။

နောက်ဆုံးတော့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်း ကူညီရှာဖွေပေးခဲ့တာကြောင့် (၂၄) ရက်နေ့ ညပိုင်း (၉) နာရီနဲ့

မိနစ် (၄၀)မှာ ရှာဖွေတွေ့ရှိလာခဲ့ပါတယ်။ တွင်းထဲကနေ လုံလုံခြုံခြုံ ကယ်တင်နိုင်ခဲ့ပြီး (၂) ရက်နီးပါးကြာအောင် ပိတ်မိနေတာကြောင့်

ရေနဲ့ အစာဆာလောင်တဲ့ ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ရေနဲ့ ပေါင်မုန့် အချို့ကို ကျွေးပြီး အနီးနားရှိ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရပါတယ်။

တွင်းထဲကျနေတဲ့ အချိန် ရေဆာတဲ့အခါ တွင်းထဲမှာရှိတဲ့ ရွှံ့ရည်ကို သောက်ခဲ့ရပြီး စားစရာအတွက် တွင်းထဲကျတဲ့ ဖားကို စားခဲ့ရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က အချိန်မှီရောက်လာခဲ့လို့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့မှ သူ့ကို ရှာတွေ့ခဲ့ရင်

တွင်းထဲမှာပဲ အစာရေဆာ ငတ်ပြတ်ပြီး သေဆုံးနေလောက်ပြီလို့ အဖိုးအိုကခုလို ပြောပြလာပါတယ်။ ဖက်ရူအားပေးကြတဲ့

ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ခင်ဗျာ။

Credit